ဂရင်းလန်းကျွန်းနှင့်ပတ်သက်ပြီး ဒိန်းမတ်နှင့်အမေရိကန်ကြား လုပ်ငန်းအဖွဲ့ ဖွဲ့စည်းရန် သဘောတူဟုဆို

 222

ဂျန်ဇက် (NP News) - ဇန်နဝါရီ ၁၇

ကမ္ဘာ့အကြီးဆုံးကျွန်းကြီးဖြစ်သည့် ဂရင်းလန်း (Greenland) ကိုဝယ်ယူရန် အမေရိကန်သမ္မတ ထရမ့်၏ဒုတိယ အကြိမ် ကြိုးပမ်းမှုသည် ရယ်စရာပြက်လုံးအဖြစ်မှ လေးနက်သည့် နိုင်ငံရေး ပြဿနာတစ်ခုဖြစ်လာခဲ့ပြီး (၂၀၂၆) ခုနှစ် ဇန်နဝါရီ (၁၅) ရက်က ဝါရှင်တန်တွင် ပြုလုပ်ခဲ့သည့်အစည်း အဝေးအပြီးတွင် အမေရိကန်နှင့်ဒိန်းမတ်အစိုးရတို့သည် ဂရင်းလန်းကျွန်း အရောင်းအဝယ်အတွက် ဆွေးနွေးရန်အဆင့်မြင့်လုပ်ငန်းအဖွဲ့ “(High-level Working Group) ဖွဲ့စည်း ရန်သဘောတူ လိုက်ကြကြောင်း သိရသည်။ အမေရိကန်က ကမ်းလှမ်းနိုင်သည့် ပမာဏသည် ဒေါ်လာ (၇၀ဝ) ဘီလျံ အထိရှိနိုင်ကြောင်း သတင်းများလည်း ထွက်နေသည်။
အဆိုပါ ဈေးသည်အမေရိကန် ကာကွယ်ရေးဘတ်ဂျက် တစ်နှစ်စာ၏ထက်ဝက်ကျော် ပမာဏဖြစ်ကြောင်း သိရသည်။ ဂရင်းလန်းကျွန်သည် အာတိတ်ဒေသ၏မဟာဗျူဟာမြောက် နေရာဖြစ်သလို၊ ရှားပါးမြေကြီးသတ္တု (Rare Earth Minerals) သိုက်များ အများအပြားရှိနေခြင်းကြောင့် တရုတ်နှင့်ရုရှားလက်ထဲ မရောက်စေရန်ကြိုတင် ‘ပိတ်ဆို့’ခြင်း ဖြစ်ကြောင်းသိရသည်။
ဒိန်းမတ်နိုင်ငံခြားရေးဝန်ကြီး Lars Løkke Rasmussen က ဝါရှင်တန် ဆွေးနွေးပွဲအပြီးတွင် အခြေခံ သဘော ထားကွဲလွဲမှုကြီး ရှိနေဆဲ ဖြစ်ကြောင်းပြောသည်။ ဒိန်းမတ်ဝန်ကြီးချုပ် Mette Frederiksen ကလည်း ‘ဂရင်းလန်းသည် ရောင်းကုန် မဟုတ်ဘူး’ဟုပြောသည်။ အိမ်ဖြူတော်ပြော ရေးဆိုခွင့်ရှိသူတွေက သမ္မတအနေနဲ့ ဂရင်းလန်းကို ပိုင်ဆိုင်ဖို့ ဆန္ဒပြင်းပြနေကြောင်းပြောသည်။
ဂရင်းလန်းသည်အရောင်းစာရင်း တင်ထားခြင်းမျိုး မဟုတ်ဘဲ ‘အင်အားပြပွဲ (Power Play) ၏ဗဟိုချက် ဖြစ်နေကြောင်း ဆိုသည်။ အမေရိ ကန် ဒေါ်လာ (၇၀ဝ) ဘီလျံဆိုတဲ့ ငွေကြေးပမာဏ သည် မက်လောက်စရာဖြစ်နေပြီး နိုင်ငံတစ်နိုင်ငံ၏ ဂုဏ်သိက္ခာနှင့် အချုပ်အခြာအာဏာကို ဝယ်ယူရန် ဖြစ်နိုင်ခြင်း ရှိ/မရှိကို စောင့်ကြည့်ရမည် ဖြစ်ကြောင်း သိရသည်။

Zawgyi Version:
ဂရင္းလန္းကြၽန္းႏွင့္ပတ္သက္ၿပီး ဒိန္းမတ္ႏွင့္အေမရိကန္ၾကား လုပ္ငန္းအဖြဲ႕ ဖြဲ႕စည္းရန္ သေဘာတူဟုဆို
ဂ်န္ဇက္ (NP News) - ဇန္နဝါရီ ၁၇
ကမာၻ႔အႀကီးဆုံးကြၽန္းႀကီးျဖစ္သည့္ ဂရင္းလန္း (Greenland) ကိုဝယ္ယူရန္ အေမရိကန္သမၼတ ထရမ့္၏ဒုတိယ အႀကိမ္ ႀကိဳးပမ္းမႈသည္ ရယ္စရာျပက္လုံးအျဖစ္မွ ေလးနက္သည့္ ႏိုင္ငံေရး ျပႆနာတစ္ခုျဖစ္လာခဲ့ၿပီး (၂၀၂၆) ခုႏွစ္ ဇန္နဝါရီ (၁၅) ရက္က ဝါရွင္တန္တြင္ ျပဳလုပ္ခဲ့သည့္အစည္း အေဝးအၿပီးတြင္ အေမရိကန္ႏွင့္ဒိန္းမတ္အစိုးရတို႔သည္ ဂရင္းလန္းကြၽန္း အေရာင္းအဝယ္အတြက္ ေဆြးေႏြးရန္အဆင့္ျမင့္လုပ္ငန္းအဖြဲ႕ “(High-level Working Group) ဖြဲ႕စည္း ရန္သေဘာတူ လိုက္ၾကေၾကာင္း သိရသည္။ အေမရိကန္က ကမ္းလွမ္းႏိုင္သည့္ ပမာဏသည္ ေဒၚလာ (၇၀ဝ) ဘီလ်ံ အထိရွိႏိုင္ေၾကာင္း သတင္းမ်ားလည္း ထြက္ေနသည္။
အဆိုပါ ေဈးသည္အေမရိကန္ ကာကြယ္ေရးဘတ္ဂ်က္ တစ္ႏွစ္စာ၏ထက္ဝက္ေက်ာ္ ပမာဏျဖစ္ေၾကာင္း သိရသည္။ ဂရင္းလန္းကြၽန္သည္ အာတိတ္ေဒသ၏မဟာဗ်ဴဟာေျမာက္ ေနရာျဖစ္သလို၊ ရွားပါးေျမႀကီးသတၱဳ (Rare Earth Minerals) သိုက္မ်ား အမ်ားအျပားရွိေနျခင္းေၾကာင့္ တ႐ုတ္ႏွင့္႐ုရွားလက္ထဲ မေရာက္ေစရန္ႀကိဳတင္ ‘ပိတ္ဆို႔’ျခင္း ျဖစ္ေၾကာင္းသိရသည္။
ဒိန္းမတ္ႏိုင္ငံျခားေရးဝန္ႀကီး Lars Løkke Rasmussen က ဝါရွင္တန္ ေဆြးေႏြးပြဲအၿပီးတြင္ အေျခခံ သေဘာ ထားကြဲလြဲမႈႀကီး ရွိေနဆဲ ျဖစ္ေၾကာင္းေျပာသည္။ ဒိန္းမတ္ဝန္ႀကီးခ်ဳပ္ Mette Frederiksen ကလည္း ‘ဂရင္းလန္းသည္ ေရာင္းကုန္ မဟုတ္ဘူး’ဟုေျပာသည္။ အိမ္ျဖဴေတာ္ေျပာ ေရးဆိုခြင့္ရွိသူေတြက သမၼတအေနနဲ႔ ဂရင္းလန္းကို ပိုင္ဆိုင္ဖို႔ ဆႏၵျပင္းျပေနေၾကာင္းေျပာသည္။
ဂရင္းလန္းသည္အေရာင္းစာရင္း တင္ထားျခင္းမ်ိဳး မဟုတ္ဘဲ ‘အင္အားျပပြဲ (Power Play) ၏ဗဟိုခ်က္ ျဖစ္ေနေၾကာင္း ဆိုသည္။ အေမရိ ကန္ ေဒၚလာ (၇၀ဝ) ဘီလ်ံဆိုတဲ့ ေငြေၾကးပမာဏ သည္ မက္ေလာက္စရာျဖစ္ေနၿပီး ႏိုင္ငံတစ္ႏိုင္ငံ၏ ဂုဏ္သိကၡာႏွင့္ အခ်ဳပ္အျခာအာဏာကို ဝယ္ယူရန္ ျဖစ္ႏိုင္ျခင္း ရွိ/မရွိကို ေစာင့္ၾကည့္ရမည္ ျဖစ္ေၾကာင္း သိရသည္။

Related news

© 2021. All rights reserved.