ကျောက်တံခါးတွင် ဖြစ်ပွားခဲ့သော လူ(၄)ဦး သေဆုံးခဲ့ရသည့်ပစ်ခတ်မှုဖြစ်စဉ်မှ ကျူးလွန်သူကို အသေဖမ်းမိ

 780

သုတကျော် (NP News) - ဇန်နဝါရီ ၁၇

ပဲခူးတိုင်းဒေသကြီး၊ ကျောက်တံခါးမြို့နယ်တွင် ရဲတပ်ဖွဲ့ဝင်လင်မယားရန်ဖြစ်နေသည့်အတွက် တပ်ဖွဲ့ဝင်(၂)ဦးက ဖြန်ဖြေရာ သေနတ်ဖြင့် ပစ်ခတ်သောကြောင့် ဖြန်ဖြေသူ (၂) ဦးနှင့် ဇနီးအပါ (၄) ဦး သေဆုံးခဲ့ရသောဖြစ်စဉ်တွင် ကျူးလွန်သူကို ဖမ်းဆီးရမိပြီဖြစ်ကြောင်း လုံခြုံရေးတပ်ဖွဲ့နှင့် နီးစပ်သူများထံက သိရသည်။
ယမန့်နေ့ (ဇန်နဝါရီလ ၁၆ ရက်)၊ နံနက် ၇ နာရီကျော်အချိန်က က ရဲတပ်သား မင်းဉာဏ်အောင်ထက် သည် ဇနီးဖြစ်သူနှင့် စကားများ ရန်ဖြစ်နေသည့်အတွက် ရဲတပ်ဖွဲ့ဝင် (၂) ဦးက သွားရောက်ဖြန်ဖြေရာ ၎င်းကိုင်ဆောင်သော BA-63 သေနတ်ဖြင့် ပစ်ခတ်ခဲ့သဖြင့် ဖြန်ဖြေသူ (၂) ဦး၊ ရဲတပ်ဖွဲ့သို့ဝင်ရောက်မည့်သူ (၁) ဦး နှင့် ပစ်ခတ်သူ ရဲတပ်သား၏ဇနီးတို့ သေဆုံးခဲ့ရခြင်းဖြစ်သည်။
ပစ်ခတ်ပြီးနောက် ရဲတပ်သား မင်းဉာဏ်အောင်ထက်သည် ၎င်းကိုင်ဆောင်သော BA-63 သေနတ်ကို ယူဆောင်သည့်အပြင် ဆိုင်ကယ်တစ်စီးကိုလည်း သေနတ်ထောက်လုယူကာ ထွက်ပြေးသွားခဲ့ခြင်း ဖြစ်သည်။
ထို့ကြောင့် ၎င်းအား ဖမ်းဆီးရမိရေး ဆောင်ရွက်ခဲ့ရာ ယနေ့ (ဇန်နဝါရီလ ၁၇ ရက်) နံနက် ၅ နာရီ အချိန် ၎င်းလုယူသွားခဲ့သော ဆိုင်ကယ်ကို ညောင်လေးပင်မြို့နယ်၊ ပိန်းဇလုပ်ရဲစခန်းမြောက်ဘက်က သရက်ခြံအတွင်း တွေ့ရပြီး ပိန်းဇလုပ်မြို့အနီးသို့ ပြန်လည်ဝင်ရောက်ကြောင်း သတင်းပေးသည့် အတွက် နံနက်ပိုင်း (၇) နာရီ (၄၅) မိနစ် အချိန်တွင် ပိန်းဇလုပ်မြို့၊ ကင်းပွန်းချုံဘုန်းကြီးကျောင်းရှေ့၌ ဖမ်းဆီးရမိကြောင်း သိရသည်။
ထို့နောက် ကျူးလွန်သူက ၎င်းယူဆောင်လာသည့် သေနတ်နှင့်ကျည်အိမ်များအား လမ်းတွင် ဝှက်ထားခဲ့ကြောင်း ပြောသဖြင့် သွားရောက်ရှာဖွေရာ ပြန်လည်တွေ့ရှိရပြီး ထိုသို့ပြသနေစဉ် ထွက်ပြေးသဖြင့် ခြောက်လှန့်ပစ်ခတ်စဉ် ဦးခေါင်းကို ကျည်ဆံထိမှန်ကာ အသေဖမ်းဆီး ရမိခဲ့ကြောင်း သိရသည်။

Zawgyi Version:
ေက်ာက္တံခါးတြင္ ျဖစ္ပြားခဲ့ေသာ လူ(၄)ဦး ေသဆုံးခဲ့ရသည့္ပစ္ခတ္မႈျဖစ္စဥ္မွ က်ဴးလြန္သူကို အေသဖမ္းမိ
သုတေက်ာ္ (NP News) - ဇန္နဝါရီ ၁၇
ပဲခူးတိုင္းေဒသႀကီး၊ ေက်ာက္တံခါးၿမိဳ႕နယ္တြင္ ရဲတပ္ဖြဲ႕ဝင္လင္မယားရန္ျဖစ္ေနသည့္အတြက္ တပ္ဖြဲ႕ဝင္(၂)ဦးက ျဖန္ေျဖရာ ေသနတ္ျဖင့္ ပစ္ခတ္ေသာေၾကာင့္ ျဖန္ေျဖသူ (၂) ဦးႏွင့္ ဇနီးအပါ (၄) ဦး ေသဆုံးခဲ့ရေသာျဖစ္စဥ္တြင္ က်ဴးလြန္သူကို ဖမ္းဆီးရမိၿပီျဖစ္ေၾကာင္း လုံၿခဳံေရးတပ္ဖြဲ႕ႏွင့္ နီးစပ္သူမ်ားထံက သိရသည္။
ယမန႔္ေန႔ (ဇန္နဝါရီလ ၁၆ ရက္)၊ နံနက္ ၇ နာရီေက်ာ္အခ်ိန္က က ရဲတပ္သား မင္းဉာဏ္ေအာင္ထက္ သည္ ဇနီးျဖစ္သူႏွင့္ စကားမ်ား ရန္ျဖစ္ေနသည့္အတြက္ ရဲတပ္ဖြဲ႕ဝင္ (၂) ဦးက သြားေရာက္ျဖန္ေျဖရာ ၎ကိုင္ေဆာင္ေသာ BA-63 ေသနတ္ျဖင့္ ပစ္ခတ္ခဲ့သျဖင့္ ျဖန္ေျဖသူ (၂) ဦး၊ ရဲတပ္ဖြဲ႕သို႔ဝင္ေရာက္မည့္သူ (၁) ဦး ႏွင့္ ပစ္ခတ္သူ ရဲတပ္သား၏ဇနီးတို႔ ေသဆုံးခဲ့ရျခင္းျဖစ္သည္။
ပစ္ခတ္ၿပီးေနာက္ ရဲတပ္သား မင္းဉာဏ္ေအာင္ထက္သည္ ၎ကိုင္ေဆာင္ေသာ BA-63 ေသနတ္ကို ယူေဆာင္သည့္အျပင္ ဆိုင္ကယ္တစ္စီးကိုလည္း ေသနတ္ေထာက္လုယူကာ ထြက္ေျပးသြားခဲ့ျခင္း ျဖစ္သည္။
ထို႔ေၾကာင့္ ၎အား ဖမ္းဆီးရမိေရး ေဆာင္႐ြက္ခဲ့ရာ ယေန႔ (ဇန္နဝါရီလ ၁၇ ရက္) နံနက္ ၅ နာရီ အခ်ိန္ ၎လုယူသြားခဲ့ေသာ ဆိုင္ကယ္ကို ေညာင္ေလးပင္ၿမိဳ႕နယ္၊ ပိန္းဇလုပ္ရဲစခန္းေျမာက္ဘက္က သရက္ၿခံအတြင္း ေတြ႕ရၿပီး ပိန္းဇလုပ္ၿမိဳ႕အနီးသို႔ ျပန္လည္ဝင္ေရာက္ေၾကာင္း သတင္းေပးသည့္ အတြက္ နံနက္ပိုင္း (၇) နာရီ (၄၅) မိနစ္ အခ်ိန္တြင္ ပိန္းဇလုပ္ၿမိဳ႕၊ ကင္းပြန္းခ်ဳံဘုန္းႀကီးေက်ာင္းေရွ႕၌ ဖမ္းဆီးရမိေၾကာင္း သိရသည္။
ထို႔ေနာက္ က်ဴးလြန္သူက ၎ယူေဆာင္လာသည့္ ေသနတ္ႏွင့္က်ည္အိမ္မ်ားအား လမ္းတြင္ ဝွက္ထားခဲ့ေၾကာင္း ေျပာသျဖင့္ သြားေရာက္ရွာေဖြရာ ျပန္လည္ေတြ႕ရွိရၿပီး ထိုသို႔ျပသေနစဥ္ ထြက္ေျပးသျဖင့္ ေျခာက္လွန႔္ပစ္ခတ္စဥ္ ဦးေခါင္းကို က်ည္ဆံထိမွန္ကာ အေသဖမ္းဆီး ရမိခဲ့ေၾကာင္း သိရသည္။

Related news

© 2021. All rights reserved.