သာပေါင်းမြို့နှင့် ကန်ကြီးထောင့်မြို့ကိုဆက်သွယ်ရန် တံတားနှစ်စင်း ထိုးပေးမည်ဟု ဗိုလ်ချုပ်မှူးကြီး ကတိပြု

 243

Pearl (NP News) - ဇန်နဝါရီ ၁၇

ဧရာဝတီတိုင်းဒေသကြီး၊ သာပေါင်းမြို့နှင့် ကန်ကြီးထောင့်မြို့ကို ဆက်သွယ်ရန် ဒေသတွင်း ကုန်သွယ်သွားလာ မှု ပိုမိုအဆင်ပြေစေရန်အတွက် တံတားနှစ်စင်းထိုးရန် ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်းသာယာရေး ကော်မရှင်ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က သာပေါင်းမြို့ ခရီးစဉ်အတွင်း ခွင့်ပြုပေးခဲ့ကြောင်း သာပေါင်းမြို့ခံ တစ်ဦးက NP News သို့ ပြောသည်။
သာပေါင်းမြို့နယ်ရှိ အရှေ့ဘက်အခြမ်းနှင့် အနောက် ဘက်ခြမ်းကို ဆက်သွယ်ပေးမည့် ငဝန်မြစ်ကူးတံတား နှင့် သာပေါင်းမြို့နယ်နှင့် ကန်ကြီးထောင့်မြို့နယ်ကို ဆက်သွယ်ပေးမည့် ဒါးက ချောင်းကူးတံတားကို တည်ဆောက်ပေးရန် အတွက် သာပေါင်းမြို့ခံများက တောင်းဆိုခဲ့တဲ့အပေါ် ခွင့်ပြုပေးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
“သာပေါင်းမြို့နယ်ရဲ့ အရှေ့ဘက်ခြမ်း အနောက်ဘက်ခြမ်း ကူးမယ့် ငဝန်တံတား။ အဲဒါကို တပ်ချုပ်ကြီးက ပေးမယ်ပေါ့။ မြို့အနာဂတ်အတွက် တအားကောင်းသွားတာပေါ့။ နောက်ပြီးတော့ ကန်ကြီးထောင့်မြို့နယ်နဲ့ သာပေါင်း မြို့နယ်ကို ကူးမယ့် တံတားလေးတစ်စင်း ဒါးက မြစ်ကူးတံ တားပေါ့။ (၂)စင်းပေးမှာပေါ့။ သာပေါင်းကနေ ဒါးကကိုဆိုရင် (၄၅) မိနစ်လောက်နဲ့ရောက်ပြီ။ နောင်တချိန်မှာ သီတာကုန်းပြင်၊ ရေနံသာလမ်းနဲ့က လမ်းရှိပြီးသား။ ကျောက်ကြမ်းခင်း ပြီးသား။ အဲဒီလမ်း ပေါက်သွားရင် ပုသိမ် - မုံရွာလမ်းဘက်ကို တိုက်ရိုက် ဆင်းလာလို့ရမယ်။ နောက်ပြီးတော့ ပုသိမ်ကို သွားစရာမလိုဘဲ ချောင်းသာကို သွားလို့ရမယ်။ တော်တော်လေးကို ဖွံ့ဖြိုးသွားမယ့် အနေအထားရှိတယ်။ တံတားနဲ့ ဆက်စပ်တဲ့လမ်းပေါ့။ ငဝန်မြစ်ကူးတံတားက ခန့်မှန်းခြေ ပေ (၁၁၀ဝ) ၊ (၁၂၀ဝ) လောက်တော့ ရှိတယ်” ဟု သာပေါင်း ဒေသခံတစ်ဦးက ပြောသည်။
လက်ရှိတွင် အဆိုပါ တံတား (၂) စင်း တည်ဆောက်ရန် မူအားဖြင့်သာ သဘောတူထားခြင်းဖြစ်ပြီး ဆောက်လုပ် ခွင့် တရားဝင်ကျပြီးမှသာ ဒီဇိုင်းနှင့် အမျိုးအစားများကို အတည်ပြုနိုင်မည်ဖြစ် ကြောင်းလည်း သိရသည်။
အဆိုပါ တံတား (၂)စင်းကို အကောင် အထည်ဖော်တည်ဆောက်နိုင်ပါကလည်း ဒေသခံများ သွားရေးလာရေး အဆင်ပြေမည်ဖြစ်သည့်အပြင် ဒေသတွင်း စီးပွားရေးလုပ်ငန်းများလည်း အဆင်ပြေလာနိုင်ကြောင်းလည်း သိရသည်။
“သာပေါင်းမြို့နယ်ဘက်က ဧရိယာ လေးက ဒါးကမြစ်နဲ့ ငဝန်မြစ်နဲ့ကြားထဲမှာ ပိတ်မိနေတဲ့ ဧရိယာလေးပေါ့။ သာပေါင်းဘက်ကို သွားရင်လည်း ငဝန်မြစ်က ခံနေတယ်။ ဒီဘက်ကို လာမယ်ဆိုလည်း ဒါးက ချောင်းက ခံနေတယ်။ အလယ်ကောင်မှာ ရေ (၂) ခုကြားပိတ်မိနေတဲ့ ဧရိယာလေး ဖြစ်တာပေါ့။ တံတားဆောက်ရင်တော့ ဒေသခံတွေကတော့ သွားရေး လာရေးအဆင်ပြေတာပေါ့။ တံတား ဆောက်ရုံနဲ့တော့ မပြီးဘူးပေါ့။ အဲဒီပေါ်မှာရှိတဲ့ လမ်းတွေလည်း ထိုက် သင့်တဲ့ အဆင့်မြှင့်တင် တည်ဆောက်မှုတွေပါ လုပ်ဖို့လိုမှာပေါ့။ လမ်းတို့ တံတားတို့ဆိုတာတော့ ဆောက်နိုင်ရင် တော့ အကျိုးရှိတာပေါ့။ နိုင်ငံတော်ရဲ့အခြေအနေအရ ဆောက်နိုင်ရင် ဆောက်သင့်တဲ့တံတားတွပါပဲ” ဟု ဆောက်လုပ်ရေး ဝန်ကြီးဌာနမှ တာဝန်ရှိသူတစ်ဦးက NP News သို့ ပြောသည်။
ငဝန်မြစ်သည် ပေ (၁၂၀ဝ) ခန့်၊ ဒါးက ချောင်းသည် ပေ (၆၀ဝ)ခန့် အကျယ်ရှိပြီး ကြားတွင် သာပေါင်းမြို့နယ်မှ ကျေးရွာပေါင်း (၃၇)ရွာထက် မနည်းရှိကြောင်း သိရသည်။

Zawgyi Version:
သာေပါင္းၿမိဳ႕ႏွင့္ ကန္ႀကီးေထာင့္ၿမိဳ႕ကိုဆက္သြယ္ရန္ တံတားႏွစ္စင္း ထိုးေပးမည္ဟု ဗိုလ္ခ်ဳပ္မႉးႀကီး ကတိျပဳ
Pearl (NP News) - ဇန္နဝါရီ ၁၇
ဧရာဝတီတိုင္းေဒသႀကီး၊ သာေပါင္းၿမိဳ႕ႏွင့္ ကန္ႀကီးေထာင့္ၿမိဳ႕ကို ဆက္သြယ္ရန္ ေဒသတြင္း ကုန္သြယ္သြားလာ မႈ ပိုမိုအဆင္ေျပေစရန္အတြက္ တံတားႏွစ္စင္းထိုးရန္ ယာယီသမၼတ ႏိုင္ငံေတာ္လုံၿခဳံေရးႏွင့္ေအးခ်မ္းသာယာေရး ေကာ္မရွင္ဥကၠ႒ ဗိုလ္ခ်ဳပ္မႉးႀကီး မင္းေအာင္လႈိင္က သာေပါင္းၿမိဳ႕ ခရီးစဥ္အတြင္း ခြင့္ျပဳေပးခဲ့ေၾကာင္း သာေပါင္းၿမိဳ႕ခံ တစ္ဦးက NP News သို႔ ေျပာသည္။
သာေပါင္းၿမိဳ႕နယ္ရွိ အေရွ႕ဘက္အျခမ္းႏွင့္ အေနာက္ ဘက္ျခမ္းကို ဆက္သြယ္ေပးမည့္ ငဝန္ျမစ္ကူးတံတား ႏွင့္ သာေပါင္းၿမိဳ႕နယ္ႏွင့္ ကန္ႀကီးေထာင့္ၿမိဳ႕နယ္ကို ဆက္သြယ္ေပးမည့္ ဒါးက ေခ်ာင္းကူးတံတားကို တည္ေဆာက္ေပးရန္ အတြက္ သာေပါင္းၿမိဳ႕ခံမ်ားက ေတာင္းဆိုခဲ့တဲ့အေပၚ ခြင့္ျပဳေပးခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။
“သာေပါင္းၿမိဳ႕နယ္ရဲ႕ အေရွ႕ဘက္ျခမ္း အေနာက္ဘက္ျခမ္း ကူးမယ့္ ငဝန္တံတား။ အဲဒါကို တပ္ခ်ဳပ္ႀကီးက ေပးမယ္ေပါ့။ ၿမိဳ႕အနာဂတ္အတြက္ တအားေကာင္းသြားတာေပါ့။ ေနာက္ၿပီးေတာ့ ကန္ႀကီးေထာင့္ၿမိဳ႕နယ္နဲ႔ သာေပါင္း ၿမိဳ႕နယ္ကို ကူးမယ့္ တံတားေလးတစ္စင္း ဒါးက ျမစ္ကူးတံ တားေပါ့။ (၂)စင္းေပးမွာေပါ့။ သာေပါင္းကေန ဒါးကကိုဆိုရင္ (၄၅) မိနစ္ေလာက္နဲ႔ေရာက္ၿပီ။ ေနာင္တခ်ိန္မွာ သီတာကုန္းျပင္၊ ေရနံသာလမ္းနဲ႔က လမ္းရွိၿပီးသား။ ေက်ာက္ၾကမ္းခင္း ၿပီးသား။ အဲဒီလမ္း ေပါက္သြားရင္ ပုသိမ္ - မုံ႐ြာလမ္းဘက္ကို တိုက္႐ိုက္ ဆင္းလာလို႔ရမယ္။ ေနာက္ၿပီးေတာ့ ပုသိမ္ကို သြားစရာမလိုဘဲ ေခ်ာင္းသာကို သြားလို႔ရမယ္။ ေတာ္ေတာ္ေလးကို ဖြံ႕ၿဖိဳးသြားမယ့္ အေနအထားရွိတယ္။ တံတားနဲ႔ ဆက္စပ္တဲ့လမ္းေပါ့။ ငဝန္ျမစ္ကူးတံတားက ခန႔္မွန္းေျခ ေပ (၁၁၀ဝ) ၊ (၁၂၀ဝ) ေလာက္ေတာ့ ရွိတယ္” ဟု သာေပါင္း ေဒသခံတစ္ဦးက ေျပာသည္။
လက္ရွိတြင္ အဆိုပါ တံတား (၂) စင္း တည္ေဆာက္ရန္ မူအားျဖင့္သာ သေဘာတူထားျခင္းျဖစ္ၿပီး ေဆာက္လုပ္ ခြင့္ တရားဝင္က်ၿပီးမွသာ ဒီဇိုင္းႏွင့္ အမ်ိဳးအစားမ်ားကို အတည္ျပဳႏိုင္မည္ျဖစ္ ေၾကာင္းလည္း သိရသည္။
အဆိုပါ တံတား (၂)စင္းကို အေကာင္ အထည္ေဖာ္တည္ေဆာက္ႏိုင္ပါကလည္း ေဒသခံမ်ား သြားေရးလာေရး အဆင္ေျပမည္ျဖစ္သည့္အျပင္ ေဒသတြင္း စီးပြားေရးလုပ္ငန္းမ်ားလည္း အဆင္ေျပလာႏိုင္ေၾကာင္းလည္း သိရသည္။
“သာေပါင္းၿမိဳ႕နယ္ဘက္က ဧရိယာ ေလးက ဒါးကျမစ္နဲ႔ ငဝန္ျမစ္နဲ႔ၾကားထဲမွာ ပိတ္မိေနတဲ့ ဧရိယာေလးေပါ့။ သာေပါင္းဘက္ကို သြားရင္လည္း ငဝန္ျမစ္က ခံေနတယ္။ ဒီဘက္ကို လာမယ္ဆိုလည္း ဒါးက ေခ်ာင္းက ခံေနတယ္။ အလယ္ေကာင္မွာ ေရ (၂) ခုၾကားပိတ္မိေနတဲ့ ဧရိယာေလး ျဖစ္တာေပါ့။ တံတားေဆာက္ရင္ေတာ့ ေဒသခံေတြကေတာ့ သြားေရး လာေရးအဆင္ေျပတာေပါ့။ တံတား ေဆာက္႐ုံနဲ႔ေတာ့ မၿပီးဘူးေပါ့။ အဲဒီေပၚမွာရွိတဲ့ လမ္းေတြလည္း ထိုက္ သင့္တဲ့ အဆင့္ျမႇင့္တင္ တည္ေဆာက္မႈေတြပါ လုပ္ဖို႔လိုမွာေပါ့။ လမ္းတို႔ တံတားတို႔ဆိုတာေတာ့ ေဆာက္ႏိုင္ရင္ ေတာ့ အက်ိဳးရွိတာေပါ့။ ႏိုင္ငံေတာ္ရဲ႕အေျခအေနအရ ေဆာက္ႏိုင္ရင္ ေဆာက္သင့္တဲ့တံတားတြပါပဲ” ဟု ေဆာက္လုပ္ေရး ဝန္ႀကီးဌာနမွ တာဝန္ရွိသူတစ္ဦးက NP News သို႔ ေျပာသည္။
ငဝန္ျမစ္သည္ ေပ (၁၂၀ဝ) ခန႔္၊ ဒါးက ေခ်ာင္းသည္ ေပ (၆၀ဝ)ခန႔္ အက်ယ္ရွိၿပီး ၾကားတြင္ သာေပါင္းၿမိဳ႕နယ္မွ ေက်း႐ြာေပါင္း (၃၇)႐ြာထက္ မနည္းရွိေၾကာင္း သိရသည္။

Related news

© 2021. All rights reserved.