မွေးကင်းစ ကလေးငယ်တစ်ဦး၏ ရုပ်အလောင်း စွန့်ပစ်မှု ရွှေပြည်သာတွင်ဖြစ်ပွား

589

ထိုက်စံ (NP News) - ဇန်နဝါရီ ၁၇
ရန်ကုန်တိုင်းဒေသကြီး၊ ရွှေပြည်သာမြို့နယ်တွင် မွေးကင်းစ မိန်းကလေး(၁)ဦး၏ ရုပ်အလောင်းကို လူ (၂) ဦးက စွန့်ပစ်မှုဖြစ်ပွားခဲ့ကြောင်း SUPER SUNDAY လူမှုကူညီရေးအသင်းမှ တာဝန်ရှိသူတစ်ဉီးက NP News သို့ ပြောသည်။
အဆိုပါ မွေးကင်းစ ကလေးငယ်၏ ရုပ်အလောင်းကို ယနေ့ (ဇန်နဝါရီ ၁၇ ရက်)၊ နံနက်ပိုင်း (၅)နာရီခွဲ အချိန်ခန့်က ရွှေပြည်သာစက်မှုဇုန်( ၂ )လမ်းဘေးတွင် လူ (၂) ဦးက စွန့်ပစ်ခဲ့ခြင်းဖြစ်ပြီး ဖြစ်စဉ်ကို CCTV ဖြင့် မှတ်တမ်းတင်နိုင်ခဲ့ကြောင်း သိရသည်။
“တစ်ယောက်ကတော့ အမျိုးသားတော့ ကျိန်းသေတယ်။ သေချာ မသဲကွဲဘူး။ ဘာလို့လဲဆိုတော့ မနက်ပိုင်း မြူတွေ တအားကျနေတော့လေ။။ သေချာလေးသဲသဲကွဲကွဲ မတွေ့ရဘူးဗျ။ ဆောင်းတွင်းဆိုတော့လေ” ဟု ၎င်းက ဆိုသည်။
အဆိုပါ မွေးကင်းစ ကလေးငယ်ကို သေဆုံးပြီးနောက်မှသာ လာပစ်သွားခြင်းဖြစ်ကြောင်းလည်း သိရသည်။
“ပထမကတော့ ကျွန်တော်တို့ကတော့ ကလေးတစ်ယောက်လာစွန့်ပစ်တယ်ဆိုတော့ အသက်ရှင်သေးရင် သက်ဆိုင်ရာ တွေနဲ့ ချိတ်ဆက်မယ်။ ကူညီပေးမယ်ပေါ့နော် ။ ဒီကလေးကို လက်တလော ခဏ ယာယီ ထိန်းသိမ်းထားမယ်။ ပြီးရင် သက်ဆိုင်ရာတွေနဲ့ ချိတ်ဆက်ပြီးတော့ တခြားအဖွဲ့အစည်းတွေကို ပို့ဆောင်ပေးမယ် အဲဒီလိုရည်ရွယ်ချက်နဲ့ သွားတာပေါ့နော်။ ဟိုရောက်တော့မှ သေနေတဲ့ ကလေးတွေ့တာပေါ့နော်” ဟု ၎င်းက ဆိုသည်။
အဆိုပါ ကလေးငယ်မှာ မိန်းကလေးဖြစ်ပြီး ရုပ်အလောင်းကို ကနောင်လူမှုကူညီရေးအသင်းမှ အင်းစိန်ဆေးရုံပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။

Zawgyi Version:
ေမြးကင္းစ ကေလးငယ္တစ္ဦး၏ ႐ုပ္အေလာင္း စြန႔္ပစ္မႈ ေ႐ႊျပည္သာတြင္ျဖစ္ပြား
ထိုက္စံ (NP News) - ဇန္နဝါရီ ၁၇
ရန္ကုန္တိုင္းေဒသႀကီး၊ ေ႐ႊျပည္သာၿမိဳ႕နယ္တြင္ ေမြးကင္းစ မိန္းကေလး(၁)ဦး၏ ႐ုပ္အေလာင္းကို လူ (၂) ဦးက စြန႔္ပစ္မႈျဖစ္ပြားခဲ့ေၾကာင္း SUPER SUNDAY လူမႈကူညီေရးအသင္းမွ တာဝန္ရွိသူတစ္ဉီးက NP News သို႔ ေျပာသည္။
အဆိုပါ ေမြးကင္းစ ကေလးငယ္၏ ႐ုပ္အေလာင္းကို ယေန႔ (ဇန္နဝါရီ ၁၇ ရက္)၊ နံနက္ပိုင္း (၅)နာရီခြဲ အခ်ိန္ခန႔္က ေ႐ႊျပည္သာစက္မႈဇုန္( ၂ )လမ္းေဘးတြင္ လူ (၂) ဦးက စြန႔္ပစ္ခဲ့ျခင္းျဖစ္ၿပီး ျဖစ္စဥ္ကို CCTV ျဖင့္ မွတ္တမ္းတင္ႏိုင္ခဲ့ေၾကာင္း သိရသည္။
“တစ္ေယာက္ကေတာ့ အမ်ိဳးသားေတာ့ က်ိန္းေသတယ္။ ေသခ်ာ မသဲကြဲဘူး။ ဘာလို႔လဲဆိုေတာ့ မနက္ပိုင္း ျမဴေတြ တအားက်ေနေတာ့ေလ။။ ေသခ်ာေလးသဲသဲကြဲကြဲ မေတြ႕ရဘူးဗ်။ ေဆာင္းတြင္းဆိုေတာ့ေလ” ဟု ၎က ဆိုသည္။
အဆိုပါ ေမြးကင္းစ ကေလးငယ္ကို ေသဆုံးၿပီးေနာက္မွသာ လာပစ္သြားျခင္းျဖစ္ေၾကာင္းလည္း သိရသည္။
“ပထမကေတာ့ ကြၽန္ေတာ္တို႔ကေတာ့ ကေလးတစ္ေယာက္လာစြန႔္ပစ္တယ္ဆိုေတာ့ အသက္ရွင္ေသးရင္ သက္ဆိုင္ရာ ေတြနဲ႔ ခ်ိတ္ဆက္မယ္။ ကူညီေပးမယ္ေပါ့ေနာ္ ။ ဒီကေလးကို လက္တေလာ ခဏ ယာယီ ထိန္းသိမ္းထားမယ္။ ၿပီးရင္ သက္ဆိုင္ရာေတြနဲ႔ ခ်ိတ္ဆက္ၿပီးေတာ့ တျခားအဖြဲ႕အစည္းေတြကို ပို႔ေဆာင္ေပးမယ္ အဲဒီလိုရည္႐ြယ္ခ်က္နဲ႔ သြားတာေပါ့ေနာ္။ ဟိုေရာက္ေတာ့မွ ေသေနတဲ့ ကေလးေတြ႕တာေပါ့ေနာ္” ဟု ၎က ဆိုသည္။
အဆိုပါ ကေလးငယ္မွာ မိန္းကေလးျဖစ္ၿပီး ႐ုပ္အေလာင္းကို ကေနာင္လူမႈကူညီေရးအသင္းမွ အင္းစိန္ေဆး႐ုံပို႔ေဆာင္ေပးခဲ့ေၾကာင္း သိရသည္။