မူဆယ်သို့လာရောက်မည့်သူများအနေဖြင့် အဆိုတော် ရှင်မင်းမြတ်ကဲ့သို့ မဖြစ်ရန် မြို့ခံနှင့် အတူသွားလာသင့်ကြောင်း အကြံပြု

 212

သန့်ဇင် (NP News) - ဇန်နဝါရီ ၁၇

မြန်မာ - တရုတ် နယ်စပ် ရှမ်းပြည်နယ် မြောက်ပိုင်းမှ မူဆယ်မြို့သို့လာရောက်မည့်သူများ အနေဖြင့် အဆိုတော် ရှင်မင်းမြတ်ကဲ့သို့မဖြစ်ရန် မြို့ခံနှင့်အတူ သွားလာသင့်ကြောင်း မူဆယ်မြို့ခံ သတင်းရင်းမြစ်များက NP News မှ တစ်ဆင့်အကြံပြုပြောဆိုထားသည်။
ဇန်နဝါရီ (၅)ရက်က မူဆယ်မြို့သို့ မင်္ဂလာပွဲဖျော်ဖြေရန် သွားရောက်ခဲ့သည့် အဆိုတော် ရှင်မင်းမြတ်သည် မူဆယ်မြို့သို့ရောက်ရှိပြီး ဇန်နဝါရီလ (၆)ရက်တွင် ပွဲကျင်းပမည့်နေရာသို့ ကြည့်ရှုပြင်ဆင်ရန်သွားရောက်စဉ် လူ(၄)ဦးက ပြန်ပေးဆွဲကာ အွန်လိုင်းငွေလိမ်လုပ်ငန်းတစ်ခုသို့ ပို့ဆောင် ခံခဲ့ရသည်။
ပြန်ပေးဆွဲခဲ့သူ (၄)ဦးအနက် တစ်ဦးမှာ ပြည်သူ့စစ်၊ ကျန်နှစ်ဦးမှာ ယူနန်- မြန်မာစကား ပြောနိုင်သူ၊ ကျန်တစ်ဦးမှာ ကိုးကန့်လူမျိုးဖြစ်ကြောင်း၊ ပြန်ပေးငွေ ကျပ်သိန်း(၇၀ဝဝ)တောင်းရာမှ အဆင့် ဆင့်လျှော့ရင်း ကျပ်သိန်း(၃၀ဝဝ)ပေးမှ ပြန်လွှတ် ပေးမည်ဟုခြိမ်းခြောက်ခဲ့သဖြင့် မရမက စုစည်း ပေးဆောင်ခဲ့ရကြောင်း၊ ဒဏ်ရာများလည်း ရခဲ့ကြောင်း အဆိုတော် ရှင်းမင်းမြတ် တင်ထားသည့် မြန်မာနိုင်ငံရဲတပ်ဖွဲ့သို့ တိုင်ကြားထားသည့် စာအရ သိရသည်။
အဆိုပါ အကြောင်းကို မူဆယ်မြို့ခံများ သိရှိခြင်း မရှိကြဘဲ သတင်းထွက်မှသာ သိကြရခြင်း ဖြစ်ကြောင်း ဒေသခံ တစ်ဦးက ဆိုသည်။
“အကြံပေးချင်တာကတော့ ရှင်းရှင်း လေးပဲ တစ်ဦးတည်း တစ်ယောက်တည်းမသွားနဲ့ပေါ့ နော်။ သွားပြီဆိုရင် လည်း အသိမိတ်ဆွေရှိရင်လည်း ကားဂိတ်မှာသော်လည်းကောင်း ကျွန်တော်တို့ မြို့ဝင်ဂိတ်တွေမှာ လာကြိုခိုင်းတာ သော်လည်းကောင်း ဒါမျိုးလာကြိုခိုင်းစေချင်တယ်။ သဘောက တက္ကစီနဲ့ဆိုရင်လည်း အဲဒီတက္ကစီက မူဆယ်ကို မရောက်ဘူး။ အဲဒီတက္ကစီသမားကလည်း လုပ်နိုင်တယ်။ ဥပမာ ဟိုမွန်ရပ်ကွက်ကိုခေါ်ရင် တခြားရပ် ကွက်ကို ခေါ်ရင်ခေါ်သွားမှာ။ အဲဒီလိုမျိုး ကျားဖျန့် လုပ်ငန်းအတွက်ဆိုရင် တရုတ်ဆိုရင် ယွမ်(၂) သိန်း၊ (၃)သိန်းရတယ် ပြန်ပေးဆွဲငွေက။ ရောင်းစား ပစ်လိုက်တာပေါ့။ မြန်မာကိုတော့ သိပ်ဆွဲလေ့ဆွဲ ထမရှိဘူး}}ဟု မြို့ခံတစ်ဦးက ဆိုသည်။
မူဆယ်မြို့တွင် ယင်းကဲ့သို့ ပြန်ပေးဆွဲ ခံရခြင်းသည် တုန်လှုပ်ချောက်ချားဖွယ်ကောင်း ကြောင်း အခြားသော မူဆယ်မြို့ခံတစ်ဦးက ဆိုသည်။
“မူဆယ်ပြည်သူလူထုအနေနဲ့တော့ တုန်

Related news

© 2021. All rights reserved.