အမေရိကန်ဒေါ်လာ၏ အဓိကရန်သူက အမေရိကန်ကိုယ်တိုင်ဖြစ်ကြောင်း IMF အဖွဲ့ဒါရိုက်တာဟောင်း ဝေဖန်

190

Pika (NP News) - ဇန်နဝါရီ ၁၈
အမေရိကန်နိုင်ငံက အမေရိကန်ဒေါ်လာ ငွေကြေး၏ အဓိကရန်သူဖြစ်ကြောင်း ဘရာဇီးစီးပွား ရေးပညာရှင်နှင့် နိုင်ငံတကာငွေကြေးရန်ပုံငွေအဖွဲ့ (IMF)၏ အမှုဆောင်ဒါရိုက်တာဟောင်း Paulo Nogueira Batista Jr က ဝေဖန် ပြောဆိုခဲ့သည်။ အမေရိကန်က ၎င်း၏အမျိုးသားငွေကြေးဒေါ်လာကို လက်နက်အဖြစ် တွင်တွင်ကျယ်ကျယ်အသုံး ပြုလာခြင်းက အမေရိကန်ဒေါ်လာနှင့်အနောက်အုပ်စုနိုင်ငံများ၏ ကျယ်ပြန်သည့်ဘဏ္ဍာရေးစနစ်အပေါ် ယုံ ကြည်မှုများ ကိုပျက်ပြားစေကြောင်း Paulo Nogueira Batista Jr က ပြောကြားခဲ့သည်။
Paulo Nogueira Batista Jr က ‘အမေရိကန်ဒေါ်လာနဲ့ အနောက်အုပ်စုနိုင်ငံတွေက ထိန်းချုပ်ထားတဲ့ နိုင်ငံ တကာငွေပေးချေမှုစနစ်ရဲ့ အဓိက ရန်သူက အမေရိကန်ကိုယ်တိုင်ပဲဖြစ်ပါတယ်။နိုင်ငံအများအပြားက အမေရိကန် ဒေါ်လာအသုံးပြု တာကိုစွန့် လွှတ်လာတာဟာ အမေရိကန်ကဒေါ်လာကို လက်နက်တစ်ခုအဖြစ် တွင်တွင်ကျယ် ကျယ်အသုံးပြု လာလို့ပဲဖြစ်ပါတယ်’ဟုပြောဆိုခဲ့သည်။ အထင်ရှား ဆုံးကိစ္စရပ်တစ်ခုမှာ (၂၀၂၂)ခုနှစ်တွင် စတင်ဖြစ် ပွားခဲ့သော ရုရှား-ယူကရိန်းပဋိပက္ခနှင့်ပတ်သက်ပြီး အနောက်အုပ်စုနိုင်ငံများက ရုရှားအပေါ် ပိတ်ဆို့အ ရေးယူမှုများ ချမှတ်ခဲ့ကာ ၎င်းတို့၏ဘဏ်များတွင်ရှိသည့် ရုရှား၏ပြည်ပပိုင်ဆိုင်မှုများကိုသိမ်းယူရန် စီစဉ်ခဲ့သည့်ကိစ္စရပ်ဖြစ်ကြောင်း Paulo Nogueira Batista Jr က ပြောကြားခဲ့သည်။
ထို့ပြင် အနောက်အုပ်စုနိုင်ငံများက ရုရှားဘဏ်အများစုကို SWIFT စနစ်မှဖယ်ရှားခဲ့ပြီး ရုရှား ၏အဓိက ဘဏ္ဍာရေးအဖွဲ့အစည်းများအပေါ် ငွေလွှဲပြောင်းမှုများဆိုင်ရာပိတ်ဆို့မှုများကိုချမှတ်ခဲ့ကာ အမေရိကန်ဒေါ်လာ နှင့်ယူရို လွှမ်းမိုးသော အနောက်အုပ် စုဘဏ္ဍာရေးစနစ်မှ ရုရှားကိုဖယ်ထုတ်ရန် ပြင်းပြင်းထန်ထန်လုပ်ဆောင်ခဲ့ကြောင်း Paulo Nogueira Batista Jr က ဝေဖန်ပြောဆိုခဲ့သည်။

Zawgyi Version;
အေမရိကန္ေဒၚလာ၏ အဓိကရန္သူက အေမရိကန္ကိုယ္တိုင္ျဖစ္ေၾကာင္း IMF အဖြဲ႕ဒါ႐ိုက္တာေဟာင္း ေဝဖန္
Pika (NP News) - ဇန္နဝါရီ ၁၈
အေမရိကန္ႏိုင္ငံက အေမရိကန္ေဒၚလာ ေငြေၾကး၏ အဓိကရန္သူျဖစ္ေၾကာင္း ဘရာဇီးစီးပြား ေရးပညာရွင္ႏွင့္ ႏိုင္ငံတကာေငြေၾကးရန္ပုံေငြအဖြဲ႕ (IMF)၏ အမႈေဆာင္ဒါ႐ိုက္တာေဟာင္း Paulo Nogueira Batista Jr က ေဝဖန္ ေျပာဆိုခဲ့သည္။ အေမရိကန္က ၎၏အမ်ိဳးသားေငြေၾကးေဒၚလာကို လက္နက္အျဖစ္ တြင္တြင္က်ယ္က်ယ္အသုံး ျပဳလာျခင္းက အေမရိကန္ေဒၚလာႏွင့္အေနာက္အုပ္စုႏိုင္ငံမ်ား၏ က်ယ္ျပန္သည့္ဘ႑ာေရးစနစ္အေပၚ ယုံ ၾကည္မႈမ်ား ကိုပ်က္ျပားေစေၾကာင္း Paulo Nogueira Batista Jr က ေျပာၾကားခဲ့သည္။
Paulo Nogueira Batista Jr က ‘အေမရိကန္ေဒၚလာနဲ႔ အေနာက္အုပ္စုႏိုင္ငံေတြက ထိန္းခ်ဳပ္ထားတဲ့ ႏိုင္ငံ တကာေငြေပးေခ်မႈစနစ္ရဲ႕ အဓိက ရန္သူက အေမရိကန္ကိုယ္တိုင္ပဲျဖစ္ပါတယ္။ႏိုင္ငံအမ်ားအျပားက အေမရိကန္ ေဒၚလာအသုံးျပဳ တာကိုစြန႔္ လႊတ္လာတာဟာ အေမရိကန္ကေဒၚလာကို လက္နက္တစ္ခုအျဖစ္ တြင္တြင္က်ယ္ က်ယ္အသုံးျပဳ လာလို႔ပဲျဖစ္ပါတယ္’ဟုေျပာဆိုခဲ့သည္။ အထင္ရွား ဆုံးကိစၥရပ္တစ္ခုမွာ (၂၀၂၂)ခုႏွစ္တြင္ စတင္ျဖစ္ ပြားခဲ့ေသာ ႐ုရွား-ယူကရိန္းပဋိပကၡႏွင့္ပတ္သက္ၿပီး အေနာက္အုပ္စုႏိုင္ငံမ်ားက ႐ုရွားအေပၚ ပိတ္ဆို႔အ ေရးယူမႈမ်ား ခ်မွတ္ခဲ့ကာ ၎တို႔၏ဘဏ္မ်ားတြင္ရွိသည့္ ႐ုရွား၏ျပည္ပပိုင္ဆိုင္မႈမ်ားကိုသိမ္းယူရန္ စီစဥ္ခဲ့သည့္ကိစၥရပ္ျဖစ္ေၾကာင္း Paulo Nogueira Batista Jr က ေျပာၾကားခဲ့သည္။
ထို႔ျပင္ အေနာက္အုပ္စုႏိုင္ငံမ်ားက ႐ုရွားဘဏ္အမ်ားစုကို SWIFT စနစ္မွဖယ္ရွားခဲ့ၿပီး ႐ုရွား ၏အဓိက ဘ႑ာေရးအဖြဲ႕အစည္းမ်ားအေပၚ ေငြလႊဲေျပာင္းမႈမ်ားဆိုင္ရာပိတ္ဆို႔မႈမ်ားကိုခ်မွတ္ခဲ့ကာ အေမရိကန္ေဒၚလာ ႏွင့္ယူ႐ို လႊမ္းမိုးေသာ အေနာက္အုပ္ စုဘ႑ာေရးစနစ္မွ ႐ုရွားကိုဖယ္ထုတ္ရန္ ျပင္းျပင္းထန္ထန္လုပ္ေဆာင္ခဲ့ေၾကာင္း Paulo Nogueira Batista Jr က ေဝဖန္ေျပာဆိုခဲ့သည္။