(၂၀၂၅) ခုနှစ် မြန်မာ့ရုပ်ရှင်ထူးချွန်ဆုများအတွက် ဇာတ်ကားစာရင်းထွက်ပြီ

450

NP News ရဲ့အနုပညာအနှစ်ချုပ်ကဏ္ဍကနေ ဒီတစ်ပတ်အတွက် “(၂၀၂၅) ခုနှစ် မြန်မာ့ရုပ်ရှင်ထူးချွန်ဆုအတွက် (၂၂)ကား စာရင်း ထွက်ရှိလာ၊ လူရွှင်တော်နေကျော်ရဲ့ကျန်းမာရေး၊ ဈေးရောင်းကောင်းမှုကြောင့် သိန်းတစ်ထောင်နဲ့လွဲ ချော်သူ” စတဲ့ အနုပညာဆက်စပ်သတင်းတွေကို ဖော်ပြပေးသွားပါမယ်။
အိဖြူ (NP News) - ဇန်နဝါရီ ၁၈
(၂၀၂၅) ခုနှစ် မြန်မာ့ရုပ်ရှင်ထူးချွန်ဆုအတွက် (၂၂)ကားစာရင်း ထွက်ရှိလာ
(၂၀၂၅) ခုနှစ်အတွက် မြန်မာ့ရုပ်ရှင်ထူးချွန်ဆု စိစစ်အကဲဖြတ်ရေးအဖွဲ့က (၂၀၂၅) ခုနှစ်အတွင်း ရုံတင်ပြသခဲ့ သော ရုပ်ရှင်ဇာတ်ကား(၇၂)ကားအနက် ဒုတိယအကြိမ် ပြန်လည်ကြည့်ရှုအကဲဖြတ်သည့် (၂၂)ကားစာရင်းကို (၂၀၂၆) ခုနှစ် ဇန်နဝါရီက ထုတ်ပြန်ကြေညာလိုက်ပါတယ်။ ဒုတိယအကြိမ် ကြည့်ရှုအကဲဖြတ်ရွေးချယ်ခံရမယ့် ရုပ်ရှင်ဇာတ်ကား (၂၂) ကား စာရင်းမှာ “မေတ္တာအမွေပုဂံမြေ၊ ရာသက်ပန်ငါ့ကောင်မလေး၊ မောင့်မိဖုရား၊ ပြုစား၊ ဖီလင်၊ ကံ့ကော်နီ၊ ဗြောသံ၊ မြေစာ၊ ဂုဏ်၊ သူတော်တစ္ဆေ၊ပဉ္စလက်မိုး၊ ပန်းမြိုင်လယ်မှဥယျာဉ်မှူး၊ နတ်ဝင်သည်၊ မြစ်လက်တက်ပေမဲ့ ရေစီးက ကြမ်းတယ်၊ ပြန်မပြောရ၊ ဆရာမ (၂) ၊ ညမင်္ဂလာ၊ မြို့ပြထဲက လမ်းမများ၊ နှင်းပွင့်စေရာ၊ အနှစ်၊ အဆိပ်၊ ဘဝကိုစားသော ကိန်းဂဏန်းများ” ဇာတ်ကားတွေပဲဖြစ်ပါတယ်။
အထက်ဖော်ပြပါ ရုပ်ရှင်ဇာတ်ကားကြီးတွေအနက် မင်းမဟာရုပ်ရှင်ထုတ်လုပ်ရေးက ထုတ်လုပ်တဲ့ ‘မြစ်လက် တက်ပေမဲ့ ရေစီးက ကြမ်းတယ်’၊ W Entertainment ကထုတ်လုပ်တဲ့ ‘နတ်ဝင်သည်’ ၊ Hein & M Production က ထုတ်လုပ်တဲ့ ‘ပန်းမြိုင်လယ်မှ ဥယျာဉ်မှူး’ ၊ Frenzo Production က ထုတ်လုပ်တဲ့ ‘ပဉ္စလက်မိုး’ ၊ ရွှေနဒီရွှေရည်က ရိုက်ကူးတဲ့ ‘ဗြောသံ’ ၊ Triple Six က ထုတ်လုပ်တဲ့ ‘မေတ္တာအမွေပုဂံမြေ’၊ ခရေဖြူက ရိုက်ကူးထုတ်လုပ်တဲ့ ‘ကံ့ကော်နီ’ စတဲ့ ရုပ်ရှင်ဇာတ်ကားတွေက ပရိသတ်အားပေးမှု အများဆုံးနဲ့ အောင်မြင်မှုရရှိခဲ့တဲ့ ရုပ်ရှင်ဇာတ်ကားတွေဖြစ်ပြီး၊ အနုပညာရှင်တွေအတွက်လည်း အကယ်ဒမီထူးချွန်ဆုတွေ ထင်ကြေးပေးခံနေရတဲ့ဇာတ်ကားတွေ ဖြစ်ပါတယ်။ (၂၀၂၅) ခုနှစ် မြန်မာ့ရုပ်ရှင်အကယ်ဒမီထူးချွန်ဆုချီးမြှင့်ပွဲအခမ်းအနားကို လာမယ့် (၂၀၂၆) ခုနှစ်၊ ဖေဖော်ဝါရီလ၊ (၇) ရက် နေပြည်တော်မှာ ကျင်းပသွားမှာဖြစ်ပါတယ်။
ဝါရင့်လူရွှင်တော် နေကျော်ရဲ့လက်ရှိကျန်းမာရေး
ဝါရင့်လူရွှင်တော် ဟာသသရုပ်ဆောင် နေကျော်ဟာ လက်ရှိမှာ ကျန်းမာရေးအခြေအနေကြောင့် အရေးပေါ် ဆေးကုသမှုခံယူနေရပြီး၊ ကွယ်လွန်ပြီဆိုတဲ့သတင်းက သတင်းအမှားတစ်ခုသာဖြစ်ကြောင်း ၎င်းရဲ့မိသားစုအသိုင်း အဝိုင်း က ပြန်လည်ဖြေရှင်းခဲ့ပါတယ်။
လူရွှင်တော်နေကျော်က (၂၀၂၂-၂၀၂၃) ခုနှစ်ကတည်းက ကျန်းမာရေးချို့တဲ့ခဲ့ခြင်းဖြစ်ပြီး၊ ကျောက်ကပ်ရောဂါ ကို ပြင်းထန်စွာ ခံစားခဲ့ရတာပါ။ ဒါ့အပြင် ‘ဆီးချို၊ သွေးတိုး’ ရောဂါဝေဒနာကိုလည်း ခံစားနေရသူဖြစ်ပါတယ်။
ကျန်းမာရေးမကောင်းမွန်ပေမယ့်လည်း အနုပညာအလုပ်က ဝမ်းရေးအတွက် ဖြေရှင်းမှုတစ်ခုဖြစ်တာကြောင့် အနားမယူရဲခဲ့ကြောင်းကိုလည်း လွန်ခဲ့တဲ့နှစ်ပိုင်းက ရင်ဖွင့်ပြောပြခဲ့ဖူးပါတယ်။
(၂၀၂၅) ခုနှစ်၊ (၁၁) လပိုင်းက အသက်ရှုရခက်ခဲမှုကြောင့် နေအိမ်မှာ အောက်ဆီဂျင်ရှုရင်း အသက်ဆက်ခဲ့ရပြီး၊ (၁၂) လပိုင်းမှာ ချောင်းဆိုးကာ သွေးအန်မှုကြောင့် မြောက်ဒဂုံမြို့နယ် အရှေ့အနောက်ပါရမီဆေးရုံမှာ အရေးပေါ်ဆေးရုံ တင်လိုက်ရပါတယ်။
လက်ရှိမှာတော့ ကျန်းမာရေး ပြန်လည်ကောင်းမွန်လာတာကြောင့် ဆေးရုံဆင်းခွင့်ရရှိခဲ့ပေမယ့်လည်း အသက် (၇၀) ကျော်အရွယ်ဖြစ်တာမို့ ဘဝရဲ့နေဝင်ချိန်တွေကို ရင်ဆိုင်အံတုနေရပြီဖြစ်ပါတယ်။

ဈေးရောင်းကောင်းမှုကြောင့် ကျပ်သိန်းတစ်ထောင် ကံထူးရှင်အဖြစ်က လွဲချော်သူ
Atom Telecom ရဲ့သိန်း(၁၀ဝဝ)ကံထူးရှင်ရွေးချယ်ပွဲကို (၂၀၂၆) ခုနှစ် ဇန်နဝါရီလ (၁၁) ရက် ညနေ (၄) နာရီ က Teminal M ပရိုမိုးရှင်းဧရိယာမှာ တေးသံရှင် နီနီခင်ဇော်၊ မိစန္ဒီနဲ့ MC Zay Ya တို့နဲ့အတူ မဲဖောက်ရွေးချယ်ခဲ့ခြင်း ဖြစ်ပါတယ်။ အဲဒီပွဲမှာ သိန်းတစ်ထောင်ကံထူးရှင်အမျိုးသမီးကို မဲရွေးချယ်ရေးအဖွဲ့က ဆက်သွယ်တဲ့ ရုပ်သံဖိုင်က TikTok ပလက်ဖောင်းမှာ ပျံ့နှံ့ခဲ့ပြီး ကံထူးရှင် ဈေးသည် အမျိုးသမီးအတွက် အားမလိုအားမရဖြစ်ခဲ့ကြတာပါ။
“Atom Myanmar - ဟယ်လို ညီမလေးရေ ကျွန်တော်တို့ Atom Myanmar ကနေ ဖုန်းဆက်တာပါ၊ ဖြေ - ဆိုင် မှာ လူကျနေလို့ ကိုင်ထားဦး။ Atom Myanmar - အရေးကြီးလို့ပါ ကိုင်ထားမယ်နော်။ ခဏကိုင်ထားမယ်နော်” ဆိုပြီး ဖုန်းကို မိနစ်အတန်ကြာတဲ့အထိ ကိုင်ထားပေမယ့်၊ အဆိုပါကံထူးရှင်အမျိုးသမီးက ဖုန်းကိုဘေးချကာ ဈေးဆက်လက် ရောင်းချခဲ့ပြီး ၎င်း အသီးအရွက်ရောင်းချနေတဲ့စကားသံများကိုပင် ပွဲအခမ်းအနားရှိ ပရိသတ်အားလုံးက ကြားနေခဲ့ရပြီး၊ မဲနှိုက်ရွေး ချယ်ပေးခဲ့တဲ့အနုပညာရှင်များ၊ တင်ဆက်သူအပါအဝင် ပွဲပရိသတ်အားလုံးက ကံထူးရှင်ဘက်က ဖုန်းပြန် လည်ဖြေပေးစေလိုတဲ့ စိတ်ဆန္ဒပြင်းပြခဲ့ကြရပါတယ်။
အဆိုပါဈေးသည်အမျိုးသမီးက ဝယ်သူများနေတာကြောင့်ဆိုတဲ့ အကြောင်းပြချက်နဲ့ ဖုန်းကိုပြန်လည် ဖြေကြား ပေးဖို့ မေ့လျော့သွားခဲ့ပြီး၊ ၎င်းရဲ့အလုပ်ကိုသာ ဆက်လက်လုပ်ကိုင်ခဲ့တာဖြစ်ပါတယ်။ တတိယမြောက် ဖုန်းခေါ်ဆိုမှုမှာ လည်း ဖုန်းကိုင်ကိုင်ချင်းမှာပင် ညီမလေးက သိန်း (၁၀ဝဝ) ကံထူးရှင်ဖြစ်လို့ ဆက်သွယ်တာပါလို့ တင်ဆက်သူဇေယျက မိုက်ခရိုဖုန်းနဲ့ပါဆက်တိုက်ပြောပြခဲ့ပေမယ့် ကံထူးရှင်အမျိုးသမီးက ဂရုမပြုခဲ့ပါ။ ဒါ့အပြင် ပွဲအခမ်းအနား အစီအစဉ်ရဲ့ စည်းမျဉ်းစည်းကမ်းအရ ကံထူးရှင်တွေကို ဆက်သွယ်ရာမှာ (၃) ကြိမ်တိုင်တိုင် ဆက်သွယ်ပေမယ့်၊ အဆိုပါကံထူးရှင်ကို (၄) ကြိမ်တိုင်တိုင် ဆက်သွယ်ပေးခဲ့ပြီး၊ အဆိုပါအမျိုးသမီးက လုံးဝကို လျစ်လျူရှုခဲ့ခြင်းဖြစ်ပါတယ်။ Atom Myanmar ဘက်က (၄) ကြိမ်တိုင်တိုင် ပြန်လည်ဆက်သွယ်ခဲ့ပေမယ့် မထူးခြားခဲ့ပါ။ ဒါ့ကြောင့်လည်း ပွဲအခမ်းအနားစင်မြင့် ထက် မှာပင် MC ဇေယျက စည်းမျဉ်းဆုံးဖြတ်ချက်အရ ‘ပယ်မဲ’ အဖြစ် သတ်မှတ်ခဲ့ရပြီး၊ နောက်တစ်ဦးကို ရွေးချယ်ချီးမြှင့်ခဲ့တာပါ။
“ဘဝကို ရိုးသားကြိုးစားနေတဲ့သူတွေအတွက် ထိုက်တန်ပါတယ်။ Atom က သူဌေးကြီးများ မေတ္တာရပ်ခံပါ တယ်။ ဈေးရောင်းတဲ့အန်တီကြီးပဲ ပေးသင့်ပါတယ်ဗျာ။ အန်တီကြီးရဲ့ဖြူစင်တဲ့ကြိုးစားအား ထုတ်မှုကို အသိအမှတ်ပြု ပေးပါ။ နောက်ဆုံးအနေနဲ့ ပြောပါရစေဗျာ..အန်တီကြီးကတော့ ဈေးလာဝယ်သူကိုလျစ်လျူမရှုဘဲနဲ့ Atom Myanmar ကတော့ အန်တီကြီးအပေါ် လျစ်လျူရှုလိုက်မယ်ဆို မှားသွားမယ်ဗျာ” ဆိုတဲ့ မှတ်ချက်တစ်ခုကို ဖတ်ရှုလိုက်ရပါတယ်။ ဒီဖြစ်စဉ်မှာ အမြင်သုံးခု ထွက်ပေါ်ခဲ့ရာ “ပွဲစီစဉ်သူတွေအနေနဲ့ ကံထူးရှင်နဲ့ဖုန်းပြောထားပြီးဖြစ်တာကြောင့် အဆိုပါ အမျိုးသမီးကိုသာ သိန်း(၁၀ဝဝ)အပ်နှံပေးသင့်ကြောင်း၊ အခြားတစ်ဖက်မှာ အခမ်းအနားအတွင်း (၄) ကြိမ်တိုင်တိုင် ဖုန်းနဲ့ဆက်သွယ်ခဲ့ပေမယ့် ကံထူးသူအမျိုးသမီးက ဖုန်းကိုင်ခဲ့ပေမယ့် ဆက်သွယ်သူအပေါ် ၎င်းကိုယ်တိုင်က လျစ်လျူရှုဆက်ဆံခဲ့မှုကြောင့် သိန်း (၁၀ဝဝ) မရခြင်းက ၎င်းရဲ့ကုသိုလ်ကံသာဖြစ်ကြောင်း၊ တခြားတစ်ဖက်မှာတော့ အခမ်းအနားတင်ဆက်သူ ဇေယျရဲ့ အကြောင်းကြားပြောဆိုမှုတွေက လိုအပ်ချက်များ ရှိနေကြောင်း” အစရှိတဲ့ မှတ်ချက်စကားများစွာ ထွက်ပေါ် ခဲ့ပါတယ်။
ဒီတစ်ပတ်အတွက် အနုပညာကဏ္ဍကို ဒီလောက်နဲ့နားခွင့်ပြုပါ။

Zawgyi Version;
(၂၀၂၅) ခုႏွစ္ ျမန္မာ့႐ုပ္ရွင္ထူးခြၽန္ဆုမ်ားအတြက္ ဇာတ္ကားစာရင္းထြက္ၿပီ
NP News ရဲ႕အႏုပညာအႏွစ္ခ်ဳပ္က႑ကေန ဒီတစ္ပတ္အတြက္ “(၂၀၂၅) ခုႏွစ္ ျမန္မာ့႐ုပ္ရွင္ထူးခြၽန္ဆုအတြက္ (၂၂)ကား စာရင္း ထြက္ရွိလာ၊ လူ႐ႊင္ေတာ္ေနေက်ာ္ရဲ႕က်န္းမာေရး၊ ေဈးေရာင္းေကာင္းမႈေၾကာင့္ သိန္းတစ္ေထာင္နဲ႔လြဲ ေခ်ာ္သူ” စတဲ့ အႏုပညာဆက္စပ္သတင္းေတြကို ေဖာ္ျပေပးသြားပါမယ္။
အိျဖဴ (NP News) - ဇန္နဝါရီ ၁၈
(၂၀၂၅) ခုႏွစ္ ျမန္မာ့႐ုပ္ရွင္ထူးခြၽန္ဆုအတြက္ (၂၂)ကားစာရင္း ထြက္ရွိလာ
(၂၀၂၅) ခုႏွစ္အတြက္ ျမန္မာ့႐ုပ္ရွင္ထူးခြၽန္ဆု စိစစ္အကဲျဖတ္ေရးအဖြဲ႕က (၂၀၂၅) ခုႏွစ္အတြင္း ႐ုံတင္ျပသခဲ့ ေသာ ႐ုပ္ရွင္ဇာတ္ကား(၇၂)ကားအနက္ ဒုတိယအႀကိမ္ ျပန္လည္ၾကည့္ရႈအကဲျဖတ္သည့္ (၂၂)ကားစာရင္းကို (၂၀၂၆) ခုႏွစ္ ဇန္နဝါရီက ထုတ္ျပန္ေၾကညာလိုက္ပါတယ္။ ဒုတိယအႀကိမ္ ၾကည့္ရႈအကဲျဖတ္ေ႐ြးခ်ယ္ခံရမယ့္ ႐ုပ္ရွင္ဇာတ္ကား (၂၂) ကား စာရင္းမွာ “ေမတၱာအေမြပုဂံေျမ၊ ရာသက္ပန္ငါ့ေကာင္မေလး၊ ေမာင့္မိဖုရား၊ ျပဳစား၊ ဖီလင္၊ ကံ့ေကာ္နီ၊ ေျဗာသံ၊ ေျမစာ၊ ဂုဏ္၊ သူေတာ္တေစၦ၊ပၪၥလက္မိုး၊ ပန္းၿမိဳင္လယ္မွဥယ်ာဥ္မႉး၊ နတ္ဝင္သည္၊ ျမစ္လက္တက္ေပမဲ့ ေရစီးက ၾကမ္းတယ္၊ ျပန္မေျပာရ၊ ဆရာမ (၂) ၊ ညမဂၤလာ၊ ၿမိဳ႕ျပထဲက လမ္းမမ်ား၊ ႏွင္းပြင့္ေစရာ၊ အႏွစ္၊ အဆိပ္၊ ဘဝကိုစားေသာ ကိန္းဂဏန္းမ်ား” ဇာတ္ကားေတြပဲျဖစ္ပါတယ္။
အထက္ေဖာ္ျပပါ ႐ုပ္ရွင္ဇာတ္ကားႀကီးေတြအနက္ မင္းမဟာ႐ုပ္ရွင္ထုတ္လုပ္ေရးက ထုတ္လုပ္တဲ့ ‘ျမစ္လက္ တက္ေပမဲ့ ေရစီးက ၾကမ္းတယ္’၊ W Entertainment ကထုတ္လုပ္တဲ့ ‘နတ္ဝင္သည္’ ၊ Hein & M Production က ထုတ္လုပ္တဲ့ ‘ပန္းၿမိဳင္လယ္မွ ဥယ်ာဥ္မႉး’ ၊ Frenzo Production က ထုတ္လုပ္တဲ့ ‘ပၪၥလက္မိုး’ ၊ ေ႐ႊနဒီေ႐ႊရည္က ႐ိုက္ကူးတဲ့ ‘ေျဗာသံ’ ၊ Triple Six က ထုတ္လုပ္တဲ့ ‘ေမတၱာအေမြပုဂံေျမ’၊ ခေရျဖဴက ႐ိုက္ကူးထုတ္လုပ္တဲ့ ‘ကံ့ေကာ္နီ’ စတဲ့ ႐ုပ္ရွင္ဇာတ္ကားေတြက ပရိသတ္အားေပးမႈ အမ်ားဆုံးနဲ႔ ေအာင္ျမင္မႈရရွိခဲ့တဲ့ ႐ုပ္ရွင္ဇာတ္ကားေတြျဖစ္ၿပီး၊ အႏုပညာရွင္ေတြအတြက္လည္း အကယ္ဒမီထူးခြၽန္ဆုေတြ ထင္ေၾကးေပးခံေနရတဲ့ဇာတ္ကားေတြ ျဖစ္ပါတယ္။ (၂၀၂၅) ခုႏွစ္ ျမန္မာ့႐ုပ္ရွင္အကယ္ဒမီထူးခြၽန္ဆုခ်ီးျမႇင့္ပြဲအခမ္းအနားကို လာမယ့္ (၂၀၂၆) ခုႏွစ္၊ ေဖေဖာ္ဝါရီလ၊ (၇) ရက္ ေနျပည္ေတာ္မွာ က်င္းပသြားမွာျဖစ္ပါတယ္။
ဝါရင့္လူ႐ႊင္ေတာ္ ေနေက်ာ္ရဲ႕လက္ရွိက်န္းမာေရး
ဝါရင့္လူ႐ႊင္ေတာ္ ဟာသသ႐ုပ္ေဆာင္ ေနေက်ာ္ဟာ လက္ရွိမွာ က်န္းမာေရးအေျခအေနေၾကာင့္ အေရးေပၚ ေဆးကုသမႈခံယူေနရၿပီး၊ ကြယ္လြန္ၿပီဆိုတဲ့သတင္းက သတင္းအမွားတစ္ခုသာျဖစ္ေၾကာင္း ၎ရဲ႕မိသားစုအသိုင္း အဝိုင္း က ျပန္လည္ေျဖရွင္းခဲ့ပါတယ္။
လူ႐ႊင္ေတာ္ေနေက်ာ္က (၂၀၂၂-၂၀၂၃) ခုႏွစ္ကတည္းက က်န္းမာေရးခ်ိဳ႕တဲ့ခဲ့ျခင္းျဖစ္ၿပီး၊ ေက်ာက္ကပ္ေရာဂါ ကို ျပင္းထန္စြာ ခံစားခဲ့ရတာပါ။ ဒါ့အျပင္ ‘ဆီးခ်ိဳ၊ ေသြးတိုး’ ေရာဂါေဝဒနာကိုလည္း ခံစားေနရသူျဖစ္ပါတယ္။
က်န္းမာေရးမေကာင္းမြန္ေပမယ့္လည္း အႏုပညာအလုပ္က ဝမ္းေရးအတြက္ ေျဖရွင္းမႈတစ္ခုျဖစ္တာေၾကာင့္ အနားမယူရဲခဲ့ေၾကာင္းကိုလည္း လြန္ခဲ့တဲ့ႏွစ္ပိုင္းက ရင္ဖြင့္ေျပာျပခဲ့ဖူးပါတယ္။
(၂၀၂၅) ခုႏွစ္၊ (၁၁) လပိုင္းက အသက္ရႈရခက္ခဲမႈေၾကာင့္ ေနအိမ္မွာ ေအာက္ဆီဂ်င္ရႈရင္း အသက္ဆက္ခဲ့ရၿပီး၊ (၁၂) လပိုင္းမွာ ေခ်ာင္းဆိုးကာ ေသြးအန္မႈေၾကာင့္ ေျမာက္ဒဂုံၿမိဳ႕နယ္ အေရွ႕အေနာက္ပါရမီေဆး႐ုံမွာ အေရးေပၚေဆး႐ုံ တင္လိုက္ရပါတယ္။
လက္ရွိမွာေတာ့ က်န္းမာေရး ျပန္လည္ေကာင္းမြန္လာတာေၾကာင့္ ေဆး႐ုံဆင္းခြင့္ရရွိခဲ့ေပမယ့္လည္း အသက္ (၇၀) ေက်ာ္အ႐ြယ္ျဖစ္တာမို႔ ဘဝရဲ႕ေနဝင္ခ်ိန္ေတြကို ရင္ဆိုင္အံတုေနရၿပီျဖစ္ပါတယ္။
ေဈးေရာင္းေကာင္းမႈေၾကာင့္ က်ပ္သိန္းတစ္ေထာင္ ကံထူးရွင္အျဖစ္က လြဲေခ်ာ္သူ
Atom Telecom ရဲ႕သိန္း(၁၀ဝဝ)ကံထူးရွင္ေ႐ြးခ်ယ္ပြဲကို (၂၀၂၆) ခုႏွစ္ ဇန္နဝါရီလ (၁၁) ရက္ ညေန (၄) နာရီ က Teminal M ပ႐ိုမိုးရွင္းဧရိယာမွာ ေတးသံရွင္ နီနီခင္ေဇာ္၊ မိစႏၵီနဲ႔ MC Zay Ya တို႔နဲ႔အတူ မဲေဖာက္ေ႐ြးခ်ယ္ခဲ့ျခင္း ျဖစ္ပါတယ္။ အဲဒီပြဲမွာ သိန္းတစ္ေထာင္ကံထူးရွင္အမ်ိဳးသမီးကို မဲေ႐ြးခ်ယ္ေရးအဖြဲ႕က ဆက္သြယ္တဲ့ ႐ုပ္သံဖိုင္က TikTok ပလက္ေဖာင္းမွာ ပ်ံ႕ႏွံ႔ခဲ့ၿပီး ကံထူးရွင္ ေဈးသည္ အမ်ိဳးသမီးအတြက္ အားမလိုအားမရျဖစ္ခဲ့ၾကတာပါ။
“Atom Myanmar - ဟယ္လို ညီမေလးေရ ကြၽန္ေတာ္တို႔ Atom Myanmar ကေန ဖုန္းဆက္တာပါ၊ ေျဖ - ဆိုင္ မွာ လူက်ေနလို႔ ကိုင္ထားဦး။ Atom Myanmar - အေရးႀကီးလို႔ပါ ကိုင္ထားမယ္ေနာ္။ ခဏကိုင္ထားမယ္ေနာ္” ဆိုၿပီး ဖုန္းကို မိနစ္အတန္ၾကာတဲ့အထိ ကိုင္ထားေပမယ့္၊ အဆိုပါကံထူးရွင္အမ်ိဳးသမီးက ဖုန္းကိုေဘးခ်ကာ ေဈးဆက္လက္ ေရာင္းခ်ခဲ့ၿပီး ၎ အသီးအ႐ြက္ေရာင္းခ်ေနတဲ့စကားသံမ်ားကိုပင္ ပြဲအခမ္းအနားရွိ ပရိသတ္အားလုံးက ၾကားေနခဲ့ရၿပီး၊ မဲႏႈိက္ေ႐ြး ခ်ယ္ေပးခဲ့တဲ့အႏုပညာရွင္မ်ား၊ တင္ဆက္သူအပါအဝင္ ပြဲပရိသတ္အားလုံးက ကံထူးရွင္ဘက္က ဖုန္းျပန္ လည္ေျဖေပးေစလိုတဲ့ စိတ္ဆႏၵျပင္းျပခဲ့ၾကရပါတယ္။
အဆိုပါေဈးသည္အမ်ိဳးသမီးက ဝယ္သူမ်ားေနတာေၾကာင့္ဆိုတဲ့ အေၾကာင္းျပခ်က္နဲ႔ ဖုန္းကိုျပန္လည္ ေျဖၾကား ေပးဖို႔ ေမ့ေလ်ာ့သြားခဲ့ၿပီး၊ ၎ရဲ႕အလုပ္ကိုသာ ဆက္လက္လုပ္ကိုင္ခဲ့တာျဖစ္ပါတယ္။ တတိယေျမာက္ ဖုန္းေခၚဆိုမႈမွာ လည္း ဖုန္းကိုင္ကိုင္ခ်င္းမွာပင္ ညီမေလးက သိန္း (၁၀ဝဝ) ကံထူးရွင္ျဖစ္လို႔ ဆက္သြယ္တာပါလို႔ တင္ဆက္သူေဇယ်က မိုက္ခ႐ိုဖုန္းနဲ႔ပါဆက္တိုက္ေျပာျပခဲ့ေပမယ့္ ကံထူးရွင္အမ်ိဳးသမီးက ဂ႐ုမျပဳခဲ့ပါ။ ဒါ့အျပင္ ပြဲအခမ္းအနား အစီအစဥ္ရဲ႕ စည္းမ်ဥ္းစည္းကမ္းအရ ကံထူးရွင္ေတြကို ဆက္သြယ္ရာမွာ (၃) ႀကိမ္တိုင္တိုင္ ဆက္သြယ္ေပမယ့္၊ အဆိုပါကံထူးရွင္ကို (၄) ႀကိမ္တိုင္တိုင္ ဆက္သြယ္ေပးခဲ့ၿပီး၊ အဆိုပါအမ်ိဳးသမီးက လုံးဝကို လ်စ္လ်ဴရႈခဲ့ျခင္းျဖစ္ပါတယ္။ Atom Myanmar ဘက္က (၄) ႀကိမ္တိုင္တိုင္ ျပန္လည္ဆက္သြယ္ခဲ့ေပမယ့္ မထူးျခားခဲ့ပါ။ ဒါ့ေၾကာင့္လည္း ပြဲအခမ္းအနားစင္ျမင့္ ထက္ မွာပင္ MC ေဇယ်က စည္းမ်ဥ္းဆုံးျဖတ္ခ်က္အရ ‘ပယ္မဲ’ အျဖစ္ သတ္မွတ္ခဲ့ရၿပီး၊ ေနာက္တစ္ဦးကို ေ႐ြးခ်ယ္ခ်ီးျမႇင့္ခဲ့တာပါ။
“ဘဝကို ႐ိုးသားႀကိဳးစားေနတဲ့သူေတြအတြက္ ထိုက္တန္ပါတယ္။ Atom က သူေဌးႀကီးမ်ား ေမတၱာရပ္ခံပါ တယ္။ ေဈးေရာင္းတဲ့အန္တီႀကီးပဲ ေပးသင့္ပါတယ္ဗ်ာ။ အန္တီႀကီးရဲ႕ျဖဴစင္တဲ့ႀကိဳးစားအား ထုတ္မႈကို အသိအမွတ္ျပဳ ေပးပါ။ ေနာက္ဆုံးအေနနဲ႔ ေျပာပါရေစဗ်ာ..အန္တီႀကီးကေတာ့ ေဈးလာဝယ္သူကိုလ်စ္လ်ဴမရႈဘဲနဲ႔ Atom Myanmar ကေတာ့ အန္တီႀကီးအေပၚ လ်စ္လ်ဴရႈလိုက္မယ္ဆို မွားသြားမယ္ဗ်ာ” ဆိုတဲ့ မွတ္ခ်က္တစ္ခုကို ဖတ္ရႈလိုက္ရပါတယ္။ ဒီျဖစ္စဥ္မွာ အျမင္သုံးခု ထြက္ေပၚခဲ့ရာ “ပြဲစီစဥ္သူေတြအေနနဲ႔ ကံထူးရွင္နဲ႔ဖုန္းေျပာထားၿပီးျဖစ္တာေၾကာင့္ အဆိုပါ အမ်ိဳးသမီးကိုသာ သိန္း(၁၀ဝဝ)အပ္ႏွံေပးသင့္ေၾကာင္း၊ အျခားတစ္ဖက္မွာ အခမ္းအနားအတြင္း (၄) ႀကိမ္တိုင္တိုင္ ဖုန္းနဲ႔ဆက္သြယ္ခဲ့ေပမယ့္ ကံထူးသူအမ်ိဳးသမီးက ဖုန္းကိုင္ခဲ့ေပမယ့္ ဆက္သြယ္သူအေပၚ ၎ကိုယ္တိုင္က လ်စ္လ်ဴရႈဆက္ဆံခဲ့မႈေၾကာင့္ သိန္း (၁၀ဝဝ) မရျခင္းက ၎ရဲ႕ကုသိုလ္ကံသာျဖစ္ေၾကာင္း၊ တျခားတစ္ဖက္မွာေတာ့ အခမ္းအနားတင္ဆက္သူ ေဇယ်ရဲ႕ အေၾကာင္းၾကားေျပာဆိုမႈေတြက လိုအပ္ခ်က္မ်ား ရွိေနေၾကာင္း” အစရွိတဲ့ မွတ္ခ်က္စကားမ်ားစြာ ထြက္ေပၚ ခဲ့ပါတယ္။
ဒီတစ္ပတ္အတြက္ အႏုပညာက႑ကို ဒီေလာက္နဲ႔နားခြင့္ျပဳပါ။