(၆) ကြိမ်မြောက် ဂျပန်သီချင်းဆိုပြိုင်ပွဲကို မတ်လတွင် ရန်ကုန်ဂျပန်ကျောင်း၌ ကျင်းပသွားမည်

306

စော(NP News)- ဇန်နဝါရီ ၁၈
(၆) ကြိမ်မြောက် ဂျပန်သီချင်းဆိုပြိုင်ပွဲကို မြန်မာနိုင်ငံဆိုင်ရာ ဂျပန်သံရုံးက ကြီးမှူးပြီး ရန်ကုန်ဂျပန်ကျောင်း၊ ဂီတမိတ်၊ မြန်မာနိုင်ငံ ဂျပန်ပြန် ပညာသင်ဟောင်း အသင်းတို့က ပူးပေါင်းကာ မတ်လတွင် ရန်ကုန်ဂျပန်ကျောင်း၌ ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။
အဆိုပါပြိုင်ပွဲကိုယှဉ်ပြိုင်လိုသူများအနေဖြင့် မြန်မာနိုင်ငံတွင် နေထိုင်သည့် မြန်မာနိုင်ငံသား ဖြစ်ရမည့်အပြင် ယခင် ဂျပန်သီချင်းဆိုပြိုင်ပွဲများတွင် ဆုရရှိသူဖူးသူ မဖြစ်ရန်လိုအပ်ပြီး ပွဲကျင်းပမည့် နေရာသို့ ကိုယ်တိုင်လာရောက် ယှဥ်ပြိုင်နိုင်သောသူဖြစ်ရမည်ဖြစ်ကြောင်း သိရသည်။
ယှဉ်ပြိုင်ရန်အတွက် အကြိုစာရင်းပေးသွင်းခြင်းကို ဇန်နဝါရီလ ၁၆ ရက် ၃၀ရက်နေ့အထိ ဖြစ်ကာ အစောဆုံး လျှောက်ထားသူ (၁၀၀)ဦးသာ အကြိုရွေးချယ်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်ခွင့်ရမည်ဖြစ်ကြောင်း သိရသည်။
ထို့ပြင် သတ်မှတ်ထားသော ဂျပန်သီချင်းအပုဒ် (၅၀)မှ ကြိုက်နှစ်သက်ရာ သီချင်းတစ်ပုဒ်ကို နောက်ခံတေးဂီတ သို့မဟုတ် Acappella ဖြင့် သီဆိုထားသော ဗီဒီယိုကို တင်သွင်းရမည် ဖြစ်ကြောင်း သိရသည်။
ယင်း ဗီဒီယိုကို မိမိတို့၏ကိုယ်ပိုင် YouTube အကောင့်တွင် သီးသန့် Upload ပြုလုပ်ထားကာ ၎င်းဗီဒီယိုလင့်ခ်ကို ပေးပို့တင်သွင်းရမည် ဖြစ်ပြီး ပေးပို့လာသော ဗီဒီယိုလင့်ခ်ကို ပွဲကျင်းပရေး ကော်မတီက ကြည့်ရှု၍ ပဏာမစိစစ်မှုများ ပြုလုပ်သွားမည် ဖြစ်ကြောင်း သိရသည်။
ပြိုင်ပွဲတွင် နောက်ဆုံး ဆန်ခါတင်(၁၂)ဦးကသာ ဝင်ရောက် သီဆို ယှဉ်ပြိုင်ရမည်ဖြစ်ပြီး ယင်းအမည်စာရင်းကို ဖေဖော်ဝါရီ ၂၃ ရက်တွင် သံရုံး၏ တရားဝင် ၀က်ဘ်ဆိုက်နှင့် Social Media တို့မှ ထုတ်ပြန်မည် ဖြစ်ကြောင်း သိရသည်။
(၆) ကြိမ်မြောက် ဂျပန်သီချင်းဆိုပြိုင်ပွဲကို မတ်လ ၁၅ရက်၊ နံနက် ၉နာရီမှ ၁၂နာရီအထိ ရန်ကုန်ဂျပန်ကျောင်း၌ ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။

Zawgyi Version:
(၆) ႀကိမ္ေျမာက္ ဂ်ပန္သီခ်င္းဆိုၿပိဳင္ပြဲကို မတ္လတြင္ ရန္ကုန္ဂ်ပန္ေက်ာင္း၌ က်င္းပသြားမည္
ေစာ(NP News)- ဇန္နဝါရီ ၁၈
(၆) ႀကိမ္ေျမာက္ ဂ်ပန္သီခ်င္းဆိုၿပိဳင္ပြဲကို ျမန္မာႏိုင္ငံဆိုင္ရာ ဂ်ပန္သံ႐ုံးက ႀကီးမႉးၿပီး ရန္ကုန္ဂ်ပန္ေက်ာင္း၊ ဂီတမိတ္၊ ျမန္မာႏိုင္ငံ ဂ်ပန္ျပန္ ပညာသင္ေဟာင္း အသင္းတို႔က ပူးေပါင္းကာ မတ္လတြင္ ရန္ကုန္ဂ်ပန္ေက်ာင္း၌ က်င္းပသြားမည္ျဖစ္ေၾကာင္း သိရသည္။
အဆိုပါၿပိဳင္ပြဲကိုယွဥ္ၿပိဳင္လိုသူမ်ားအေနျဖင့္ ျမန္မာႏိုင္ငံတြင္ ေနထိုင္သည့္ ျမန္မာႏိုင္ငံသား ျဖစ္ရမည့္အျပင္ ယခင္ ဂ်ပန္သီခ်င္းဆိုၿပိဳင္ပြဲမ်ားတြင္ ဆုရရွိသူဖူးသူ မျဖစ္ရန္လိုအပ္ၿပီး ပြဲက်င္းပမည့္ ေနရာသို႔ ကိုယ္တိုင္လာေရာက္ ယွဥ္ၿပိဳင္ႏိုင္ေသာသူျဖစ္ရမည္ျဖစ္ေၾကာင္း သိရသည္။
ယွဥ္ၿပိဳင္ရန္အတြက္ အႀကိဳစာရင္းေပးသြင္းျခင္းကို ဇန္နဝါရီလ ၁၆ ရက္ ၃၀ရက္ေန႔အထိ ျဖစ္ကာ အေစာဆုံး ေလွ်ာက္ထားသူ (၁၀၀)ဦးသာ အႀကိဳေ႐ြးခ်ယ္ပြဲတြင္ ဝင္ေရာက္ယွဥ္ၿပိဳင္ခြင့္ရမည္ျဖစ္ေၾကာင္း သိရသည္။
ထို႔ျပင္ သတ္မွတ္ထားေသာ ဂ်ပန္သီခ်င္းအပုဒ္ (၅၀)မွ ႀကိဳက္ႏွစ္သက္ရာ သီခ်င္းတစ္ပုဒ္ကို ေနာက္ခံေတးဂီတ သို႔မဟုတ္ Acappella ျဖင့္ သီဆိုထားေသာ ဗီဒီယိုကို တင္သြင္းရမည္ ျဖစ္ေၾကာင္း သိရသည္။
ယင္း ဗီဒီယိုကို မိမိတို႔၏ကိုယ္ပိုင္ YouTube အေကာင့္တြင္ သီးသန႔္ Upload ျပဳလုပ္ထားကာ ၎ဗီဒီယိုလင့္ခ္ကို ေပးပို႔တင္သြင္းရမည္ ျဖစ္ၿပီး ေပးပို႔လာေသာ ဗီဒီယိုလင့္ခ္ကို ပြဲက်င္းပေရး ေကာ္မတီက ၾကည့္ရႈ၍ ပဏာမစိစစ္မႈမ်ား ျပဳလုပ္သြားမည္ ျဖစ္ေၾကာင္း သိရသည္။
ၿပိဳင္ပြဲတြင္ ေနာက္ဆုံး ဆန္ခါတင္(၁၂)ဦးကသာ ဝင္ေရာက္ သီဆို ယွဥ္ၿပိဳင္ရမည္ျဖစ္ၿပီး ယင္းအမည္စာရင္းကို ေဖေဖာ္ဝါရီ ၂၃ ရက္တြင္ သံ႐ုံး၏ တရားဝင္ ၀က္ဘ္ဆိုက္ႏွင့္ Social Media တို႔မွ ထုတ္ျပန္မည္ ျဖစ္ေၾကာင္း သိရသည္။
(၆) ႀကိမ္ေျမာက္ ဂ်ပန္သီခ်င္းဆိုၿပိဳင္ပြဲကို မတ္လ ၁၅ရက္၊ နံနက္ ၉နာရီမွ ၁၂နာရီအထိ ရန္ကုန္ဂ်ပန္ေက်ာင္း၌ က်င္းပသြားမည္ျဖစ္ေၾကာင္း သိရသည္။