ဒုံးကျည်များ အပါအဝင် ကာကွယ်ရေးပစ္စည်းများပူးတွဲထုတ်လုပ်ရေးကို မြှင့်တင်ရန် အမေရိကန်နှင့် ဂျပန်တို့ သဘောတူ

 52

Pika (NP News) - ဇန်နဝါရီ ၁၈

ဒုံးကျည်များအပါအဝင် ကာကွယ်ရေး ပစ္စည်းများပူးတွဲထုတ်လုပ်ရေးကို မြှင့်တင်ရန် အမေရိကန်နှင့်ဂျပန်တို့က သဘောတူညီခဲ့ကြကြောင်းသိရသည်။ ထို့ပြင် ဂျပန်ပြည်မကြီး၏ အနောက်တောင် ဘက်ရှိရေပြင်များတွင် ၎င်းတို့၏ စစ်ရေးတည်ရှိမှု များကိုတိုးချဲ့ရန် နှစ်နိုင်ငံစလုံးက ထပ်မံသဘော တူညီခဲ့ကြောင်းလည်းသိရသည်။
တရုတ်နိုင်ငံက ဂျပန်အပေါ် ဖိအားပေးမှုများ ပိုမိုအရှိန်မြှင့်လုပ်ဆောင်မှုနှင့်အတူ အမေရိကန် နှင့်ဂျပန်တို့၏ သဘောတူညီချက်အသစ်များ ထွက်ပေါ်လာခြင်းဖြစ်သည်။ ဂျပန်ကာကွယ်ရေး ဝန်ကြီး ရှင်ဂျီရိုကိုဇူမီသည် အမေရိကန် စစ်ဌာနချုပ်ပင်တဂွန်အကြီးအကဲ ပီတီဟတ်ဆတ်နှင့် ဝါရှင်တန် ဒီစီမြို့တွင် တွေ့ဆုံခဲ့ပြီးနောက် သဘောတူညီ ချက် အသစ်များ ထွက်ပေါ်လာခြင်းဖြစ်ကြောင်းသိရသည်။
ထို့ပြင် အရေးကြီးသော သတ္တုများအပါ အဝင် ထောက်ပံ့ရေးကွင်းဆက်များတွင် ပူးပေါင်း ဆောင်ရွက်မှုများကို ပိုမိုလုပ်ဆောင်ရန်လည်း အမေရိကန်နှင့် ဂျပန်တို့က သဘောတူညီခဲ့ကြောင်း သိရသည်။ တရုတ်က တရုတ်(တိုင်ပေ) ကျွန်းကို တိုက်ခိုက်မှုများ လုပ်ဆောင်ခဲ့မည်ဆိုပါက စစ်ရေး အရ ဝင်ရောက်စွက်ဖက်မှုများလုပ်ဆောင်သွားနိုင် ကြောင်း ဂျပန်ဝန်ကြီးချုပ်ဆာနေးတာကိုင်ချီက ပြီးခဲ့သည့်နှစ် နိုဝင်ဘာလတွင် အကြံပြုပြောဆိုခဲ့ပြီးနောက် တရုတ်နှင့်ဂျပန်ကြား တင်းမာမှုများ စတင်မြင့်တက် လာခဲ့ခြင်းဖြစ်သည်။
အာရှတိုက်တွင် လုံခြုံရေးပတ်ဝန်းကျင်က ပိုမိုဆိုးရွားလာသည်နှင့်အမျှ ဂျပန်-အမေရိကန် မဟာမိတ်အဖွဲ့က ခိုင်မာစွာဆက်လက်တည်ရှိသွား မည်ဆိုသည့်အချက်ကို ဆာနေးတာကိုင်ချီနှင့် ပီတီဟတ်ဆတ်တို့က အတည်ပြုခဲ့ ကြောင်း ဂျပန်ကာ ကွယ်ရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်တွင် ရေးသား ဖော်ပြထားသည်။

Zawgyi Version;
ဒုံးက်ည္မ်ား အပါအဝင္ ကာကြယ္ေရးပစၥည္းမ်ားပူးတြဲထုတ္လုပ္ေရးကို ျမႇင့္တင္ရန္ အေမရိကန္ႏွင့္ ဂ်ပန္တို႔ သေဘာတူ
Pika (NP News) - ဇန္နဝါရီ ၁၈
ဒုံးက်ည္မ်ားအပါအဝင္ ကာကြယ္ေရး ပစၥည္းမ်ားပူးတြဲထုတ္လုပ္ေရးကို ျမႇင့္တင္ရန္ အေမရိကန္ႏွင့္ဂ်ပန္တို႔က သေဘာတူညီခဲ့ၾကေၾကာင္းသိရသည္။ ထို႔ျပင္ ဂ်ပန္ျပည္မႀကီး၏ အေနာက္ေတာင္ ဘက္ရွိေရျပင္မ်ားတြင္ ၎တို႔၏ စစ္ေရးတည္ရွိမႈ မ်ားကိုတိုးခ်ဲ႕ရန္ ႏွစ္ႏိုင္ငံစလုံးက ထပ္မံသေဘာ တူညီခဲ့ေၾကာင္းလည္းသိရသည္။
တ႐ုတ္ႏိုင္ငံက ဂ်ပန္အေပၚ ဖိအားေပးမႈမ်ား ပိုမိုအရွိန္ျမႇင့္လုပ္ေဆာင္မႈႏွင့္အတူ အေမရိကန္ ႏွင့္ဂ်ပန္တို႔၏ သေဘာတူညီခ်က္အသစ္မ်ား ထြက္ေပၚလာျခင္းျဖစ္သည္။ ဂ်ပန္ကာကြယ္ေရး ဝန္ႀကီး ရွင္ဂ်ီ႐ိုကိုဇူမီသည္ အေမရိကန္ စစ္ဌာနခ်ဳပ္ပင္တဂြန္အႀကီးအကဲ ပီတီဟတ္ဆတ္ႏွင့္ ဝါရွင္တန္ ဒီစီၿမိဳ႕တြင္ ေတြ႕ဆုံခဲ့ၿပီးေနာက္ သေဘာတူညီ ခ်က္ အသစ္မ်ား ထြက္ေပၚလာျခင္းျဖစ္ေၾကာင္းသိရသည္။
ထို႔ျပင္ အေရးႀကီးေသာ သတၱဳမ်ားအပါ အဝင္ ေထာက္ပံ့ေရးကြင္းဆက္မ်ားတြင္ ပူးေပါင္း ေဆာင္႐ြက္မႈမ်ားကို ပိုမိုလုပ္ေဆာင္ရန္လည္း အေမရိကန္ႏွင့္ ဂ်ပန္တို႔က သေဘာတူညီခဲ့ေၾကာင္း သိရသည္။ တ႐ုတ္က တ႐ုတ္(တိုင္ေပ) ကြၽန္းကို တိုက္ခိုက္မႈမ်ား လုပ္ေဆာင္ခဲ့မည္ဆိုပါက စစ္ေရး အရ ဝင္ေရာက္စြက္ဖက္မႈမ်ားလုပ္ေဆာင္သြားႏိုင္ ေၾကာင္း ဂ်ပန္ဝန္ႀကီးခ်ဳပ္ဆာေနးတာကိုင္ခ်ီက ၿပီးခဲ့သည့္ႏွစ္ ႏိုဝင္ဘာလတြင္ အႀကံျပဳေျပာဆိုခဲ့ၿပီးေနာက္ တ႐ုတ္ႏွင့္ဂ်ပန္ၾကား တင္းမာမႈမ်ား စတင္ျမင့္တက္ လာခဲ့ျခင္းျဖစ္သည္။
အာရွတိုက္တြင္ လုံၿခဳံေရးပတ္ဝန္းက်င္က ပိုမိုဆိုး႐ြားလာသည္ႏွင့္အမွ် ဂ်ပန္-အေမရိကန္ မဟာမိတ္အဖြဲ႕က ခိုင္မာစြာဆက္လက္တည္ရွိသြား မည္ဆိုသည့္အခ်က္ကို ဆာေနးတာကိုင္ခ်ီႏွင့္ ပီတီဟတ္ဆတ္တို႔က အတည္ျပဳခဲ့ ေၾကာင္း ဂ်ပန္ကာ ကြယ္ေရးဝန္ႀကီးဌာန၏ ထုတ္ျပန္ခ်က္တြင္ ေရးသား ေဖာ္ျပထားသည္။

Related news

© 2021. All rights reserved.