နာမည်ကြီး အမျိုးသားလွှတ်တော် ကိုယ်စားလှယ်လောင်းအချို့ ရွေးကောက်ပွဲ အပိုင်း (၃)

396

ပြီးမှသာ အနိုင်အရှုံးအဖြေထွက်မည်
Pearl(NP News)-ဇန်နဝါရီ ၁၈
ရွေးကောက်ပွဲ အပိုင်း (၁) နှင့် အပိုင်း (၂) ပြီးသည်အထိ အနိုင်အရှုံးအဖြေမထွက်သေးဘဲ အပိုင်း (၃)ပြီးမှသာ အနိုင်အရှုံးအဖြေထွက်မည့် နာမည်ကြီး အမျိုးသားလွှတ်တော် ကိုယ်စားလှယ် လောင်းအချို့ရှိနေကြောင်း နိုင်ငံရေး ပါတီများထံ ဆက်သွယ်မေးမြန်းထားချက်များအရ သိရသည်။
ရွေးကောက်ပွဲ ပထမပိုင်းကို ပြီးခဲ့သည့် ဒီဇင်ဘာ (၂၈)ရက်က မြို့နယ်(၁၀၂) မြို့နယ်တွင် လည်းကောင်း အပိုင်း(၂)ကို ဇန်နဝါရီ (၁၁)ရက်က မြို့နယ်(၁၀ဝ)တွင်လည်းကောင်းကျင်းပခဲ့ရာ ပြည် ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး ပါတီ USDP က ပြည်သူ့လွှတ်တော်အတွက် ကိုယ်စားလှယ်(၁၇၀) နေရာခန့်ရရှိထားပြီး၊ အမျိုးသားလွှတ်တော်အတွက် ကိုယ်စားလှယ် နေရာအချို့အနိုင်ရရှိထားကြောင်း သိရသည်။
‘‘အပိုင်း(၁) မှာ မြို့နယ်အားလုံးထဲက (၁၃) မြို့နယ်ရှုံးတယ်။ အပိုင်း (၂)မှာလည်း (၁၃) မြို့နယ်ရှုံးတယ်။ ရှုံးတယ်ဆိုတာ အဓိကကျတဲ့ပြည်သူ့ လွှတ်တော်နဲ့ အမျိုးသားလွှတ်တော်ပေါ့။ ကျန်တဲ့ တိုင်းဒေသကြီးတို့ နိုင်တာလေး တွေရှိတာပေါ့။ ပြည်သူ့လွှတ်တော်ဆိုရင် (၁၇၆)လောက်ရနေပြီ၊ အမျိုးသားလွှတ်တော်ဆိုရင် ဦးအောင်လင်း ဒွေးတို့ဆိုရင် အဖြေထွက်ပြီလို့ ပြောလို့ရတယ်။ ကော်မရှင်က Legal မထုတ်ပြန်သေးရင် ပြောလို့မရသေးဘူး။ အပိုင်း (၃) မှာနိုင်နိုင် ၊ မနိုင်နိုင် အဖြေထွက်နေတဲ့ သဘောတွေလည်းရှိတယ်။ တရားဝင်တော့ ပြော လို့မရသေးဘူးပေါ့။ အပိုင်း (၃) ပြီးမှ အဖြေထွက်မယ့် အမျိုးသားမှာဝင်ပြိုင်တဲ့လွှတ်တော်ကိုယ်စားလှယ် တွေ အကုန်လုံးနီးပါးတော့ ကျန်ဦးမယ်” ဟု USDP မှ တာဝန်ရှိသူ ဦးလှသိန်းက NP News သို့ ပြောသည်။
အလားတူ ရွေးကောက်ပွဲ ပထမပိုင်းနှင့် ဒုတိယပိုင်းအပြီး ရှမ်းနှင့်တိုင်းရင်းသားများ ဒီမိုက ရက်တစ်ပါတီ (ကျားဖြူပါတီ)အနေဖြင့် ပြည်သူ့လွှတ် တော်ကိုယ်စားလှယ် (၅) နေရာရရှိထားပြီး အမျိုးသားလွှတ်တော် ကိုယ်စားလှယ် (၂)နေရာရရှိထား ပြီဖြစ်ကြောင်း သိရသည်။
‘ရွေးကောက်ပွဲအပိုင်း (၂) မှာ ကျားဖြူက (၃) မြို့နယ်နိုင်တယ်။ ကွမ်းဟိန်းရယ်၊ လဲချားရယ်၊ မိုင်းကိုင်ရယ်။ နောက်တစ်ခါ မကွေးတိုင်းမှာ အမျိုးသားလွှတ်တော် (၂)ယောက်၊ တိုင်းဒေသကြီး လွှတ်တော်(၂)ယောက် စစ်ကိုင်း တိုင်းမှာ တိုင်းဒေသကြီးလွှတ်တော် (၃)ယောက်နိုင်တယ်။ အမျိုးသားအတွက်က မကွေးတိုင်းမှာ (၂)ယောက် အဖြေ ထွက်ပြီလေ။ အဖြေမထွက်သေးတာ ကျန်သေးတယ်။ ရှမ်းပြည်က မိုးနဲ၊ ကျေးသီး၊ မိုင်းရှူး၊ သီပေါ၊ ကျောက်မဲ ကျန်သေးတယ်။ မန္တလေး၊ ရန်ကုန်၊ ဧရာဝတီလည်း ကျန်တာပဲ။ ပြည်သူ့လွှတ်တော်က (၅) ဦးရသွားပြီလေ’ ဟု ကျားဖြူပါတီဥက္ကဋ္ဌ ဦးစိုင်းအိုက်ပေါင်းက ပြောသည်။
ထို့ပြင် ရွေးကောက်ပွဲ ဒုတိယပိုင်းတွင် ပြည်သူ့ပါတီမှ မကွေးတိုင်းဒေသကြီးနှင့် စစ်ကိုင်းတိုင်းဒေသကြီး လွှတ်တော်အတွက် ကိုယ်စားလှယ် နေရာအချို့နှင့် စစ်ကိုင်းတိုင်းတွင် အမျိုးသားလွှတ် တော်အတွက် (၁)နေရာ အနိုင်ရရှိထားကြောင်း သိရသည်။
‘ဒုတိယပိုင်းမှာတော့ မကွေးတိုင်းဒေသကြီး လွှတ်တော်က (၃)ယောက် အနိုင်ရရှိတယ်။ စစ်ကိုင်းတိုင်းဒေသကြီး လွှတ်တော်အတွက်(၁)ယောက်၊ စစ်ကိုင်းတိုင်းကနေပြီးတော့ အမျိုးသားလွှတ်တော်အတွက် (၁)ယောက် အနိုင်ရရှိပါ တယ်။ ကျန်တာတွေကတော့ တရားဝင်ထုတ်ပြန်တာ မရှိသေးလို့ မပြောနိုင်သေးဘူးပေါ့နော်။ PR တွေ ကျတော့ မြို့နယ်စုံမှ အဖြေထွက်မှာလေ။ အမျိုး သားအတွက်က အားလုံးပြီးမှပဲ ပြောလို့ရမယ်။ မွန် ပြည်နယ်မှာ (၁)ယောက်ရပြီ။ ဝင်ပြိုင်တဲ့ တိုင်းဒေသကြီး အားလုံးမှာတော့ လွှတ်တော် ကိုယ်စားလှယ် အနိုင်ရရှိမှု ရှိမယ်လို့ပြောလို့ရမှာပေါ့နော်။ ပြည် နယ်အနေနဲ့ဆိုရင် မွန်ပြည်နယ်ပေါ့။ ကျွန်တော်တို့ မျှော်လင့်ခဲ့တဲ့ လွှတ်တော်အခင်းအကျင်းက တစ်ပါတီတည်း လွှမ်းမိုး တဲ့ လွှတ်တော်မျိုးမဟုတ်ဘူးလေ။ သို့သော် ဒီအခြေအနေမျိုးဖြစ်လာရင် ကျွန်တော်တို့က စိုးရိမ်တာက အပြန်အလှန် စစ်ဆေး ထိန်းကျောင်း တဲ့စနစ် Check and Balance ကပျက်သွားရင် တစ်ပါတီတည်း လွှမ်းမိုးတဲ့ အကျိုးဆက်တွေ အရင် ကလည်း ကြုံခဲ့ပြီးပြီလေ။ အဲဒါကတော့ စိုးရိမ်တာ ပေါ့နော်’ ဟု ဦးကိုကိုကြီး က ပြောသည်။
လက်ရှိ ရွေးကောက်ပွဲ အပိုင်း(၁)နှင့် အပိုင်း(၂)အပြီးတွင် ပြည်သူ့လွှတ်တော်အတွက် ကိုယ်စားလှယ်လောင်း နေရာအတွက် အနိုင်အရှုံး အဖြေထွက်ပြီဖြစ်ကာ အမျိုးသားလွှတ်တော်အတွက် ကိုယ်စားလှယ်အချို့အတွက် အနိုင်အရှုံး အဖြေ ထွက်ပြီ ဖြစ်သော်လည်း ဧရာဝတီတိုင်းဒေသကြီး၊ မဲဆန္ဒနယ် (၁)တွင် ဝင်ရောက် ယှဉ်ပြိုင်မည့် လူဝင်မှု ကြီးကြပ် ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၏ လက်ရှိဝန်ကြီးဖြစ်သူ USDP မှ ဦးမြင့်ကြိုင်၊ မဲဆန္ဒနယ်( ၂)ဝင်ရောက် ယှဉ်ပြိုင်မည့် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဖြစ်သူ USDP မှ ဦးချစ်ဆွေ၊ ရန်ကုန်တိုင်းဒေသကြီး၊ မဲဆန္ဒ နယ် (၂)မှ ဝင်ရောက်ယှဉ်ပြိုင်မည့် ပြည်သူ့ရှေ့ဆောင်ပါတီမှ ဦးအာကာမောင်တို့အပါအဝင် နာမည်ကြီး ကိုယ်စား လှယ်လောင်းအချို့သည် ဇန်နဝါရီ (၂၅) ရက်တွင် ကျင်းပမည်ဖြစ်သော ရွေးကောက်ပွဲ အပိုင်း (၃) ပြီးမှသာလျှင် အနိုင် အရှုံးကို သိရှိနိုင်မည်ဖြစ် သည်။
ရွေးကောက်ပွဲ တတိယပိုင်းကို လာမည့် ဇန်နဝါရီလ (၂၅)ရက်၌ (၆၃)မြို့နယ်တွင် ဆက်လက် ကျင်းပမည် ဖြစ်ရာ အပိုင်း(၃)တွင် ယှဉ်ပြိုင်ရမည့် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်လောင်း (၅၅) ဦး၊ အမျိုးသားလွှတ်တော် ကိုယ်စားလှယ်လောင်း(၇၇) ဦးတို့ရှိကြောင်း သိရသည်။
ပြည်ထောင်စု လွှတ်တော်တွင် တက်ရောက်ခွင့်ရသည့် တပ်မတော်သားလွှတ်တော် ကိုယ်စားလှယ် (၁၆၆)ဦး ရှိပြီး အပိုင်း(၂)အထိ အနိုင်ရ ပြည်ခိုင်ဖြိုးကိုယ်စားလှယ်(၁၇၀)ဦးခန့်ရရှိထား ကြောင်း သိရသည်။ ရွေးကောက်ပွဲ အပိုင်း (၃) ခုလုံး ပြီးဆုံးချိန်တွင် ပြည်ထောင်စု လွှတ်တော်တွင် တက်ရောက်နိုင်မည့် ကိုယ်စားလှယ်အရေအတွက်မှာ (၅၈၈)ဦးဖြစ်လာနိုင်ပြီး နိုင်ငံတော်သမ္မတကို တင်မြှောက်နိုင်မည့် ခိုင်လုံကိုယ်စားလှယ်အရေအတွက်မှာ (၂၉၅) ဦးဖြစ်ကြောင်း သိရသည်။

Zawgyi Version:
နာမည္ႀကီး အမ်ိဳးသားလႊတ္ေတာ္ ကိုယ္စားလွယ္ေလာင္းအခ်ိဳ႕ ေ႐ြးေကာက္ပြဲ အပိုင္း (၃)
ၿပီးမွသာ အႏိုင္အရႈံးအေျဖထြက္မည္
Pearl(NP News)-ဇန္နဝါရီ ၁၈
ေ႐ြးေကာက္ပြဲ အပိုင္း (၁) ႏွင့္ အပိုင္း (၂) ၿပီးသည္အထိ အႏိုင္အရႈံးအေျဖမထြက္ေသးဘဲ အပိုင္း (၃)ၿပီးမွသာ အႏိုင္အရႈံးအေျဖထြက္မည့္ နာမည္ႀကီး အမ်ိဳးသားလႊတ္ေတာ္ ကိုယ္စားလွယ္ ေလာင္းအခ်ိဳ႕ရွိေနေၾကာင္း ႏိုင္ငံေရး ပါတီမ်ားထံ ဆက္သြယ္ေမးျမန္းထားခ်က္မ်ားအရ သိရသည္။
ေ႐ြးေကာက္ပြဲ ပထမပိုင္းကို ၿပီးခဲ့သည့္ ဒီဇင္ဘာ (၂၈)ရက္က ၿမိဳ႕နယ္(၁၀၂) ၿမိဳ႕နယ္တြင္ လည္းေကာင္း အပိုင္း(၂)ကို ဇန္နဝါရီ (၁၁)ရက္က ၿမိဳ႕နယ္(၁၀ဝ)တြင္လည္းေကာင္းက်င္းပခဲ့ရာ ျပည္ ေထာင္စုႀကံ့ခိုင္ေရးႏွင့္ ဖြံ႕ၿဖိဳးေရး ပါတီ USDP က ျပည္သူ႔လႊတ္ေတာ္အတြက္ ကိုယ္စားလွယ္(၁၇၀) ေနရာခန႔္ရရွိထားၿပီး၊ အမ်ိဳးသားလႊတ္ေတာ္အတြက္ ကိုယ္စားလွယ္ ေနရာအခ်ိဳ႕အႏိုင္ရရွိထားေၾကာင္း သိရသည္။
‘‘အပိုင္း(၁) မွာ ၿမိဳ႕နယ္အားလုံးထဲက (၁၃) ၿမိဳ႕နယ္ရႈံးတယ္။ အပိုင္း (၂)မွာလည္း (၁၃) ၿမိဳ႕နယ္ရႈံးတယ္။ ရႈံးတယ္ဆိုတာ အဓိကက်တဲ့ျပည္သူ႔ လႊတ္ေတာ္နဲ႔ အမ်ိဳးသားလႊတ္ေတာ္ေပါ့။ က်န္တဲ့ တိုင္းေဒသႀကီးတို႔ ႏိုင္တာေလး ေတြရွိတာေပါ့။ ျပည္သူ႔လႊတ္ေတာ္ဆိုရင္ (၁၇၆)ေလာက္ရေနၿပီ၊ အမ်ိဳးသားလႊတ္ေတာ္ဆိုရင္ ဦးေအာင္လင္း ေဒြးတို႔ဆိုရင္ အေျဖထြက္ၿပီလို႔ ေျပာလို႔ရတယ္။ ေကာ္မရွင္က Legal မထုတ္ျပန္ေသးရင္ ေျပာလို႔မရေသးဘူး။ အပိုင္း (၃) မွာႏိုင္ႏိုင္ ၊ မႏိုင္ႏိုင္ အေျဖထြက္ေနတဲ့ သေဘာေတြလည္းရွိတယ္။ တရားဝင္ေတာ့ ေျပာ လို႔မရေသးဘူးေပါ့။ အပိုင္း (၃) ၿပီးမွ အေျဖထြက္မယ့္ အမ်ိဳးသားမွာဝင္ၿပိဳင္တဲ့လႊတ္ေတာ္ကိုယ္စားလွယ္ ေတြ အကုန္လုံးနီးပါးေတာ့ က်န္ဦးမယ္” ဟု USDP မွ တာဝန္ရွိသူ ဦးလွသိန္းက NP News သို႔ ေျပာသည္။
အလားတူ ေ႐ြးေကာက္ပြဲ ပထမပိုင္းႏွင့္ ဒုတိယပိုင္းအၿပီး ရွမ္းႏွင့္တိုင္းရင္းသားမ်ား ဒီမိုက ရက္တစ္ပါတီ (က်ားျဖဴပါတီ)အေနျဖင့္ ျပည္သူ႔လႊတ္ ေတာ္ကိုယ္စားလွယ္ (၅) ေနရာရရွိထားၿပီး အမ်ိဳးသားလႊတ္ေတာ္ ကိုယ္စားလွယ္ (၂)ေနရာရရွိထား ၿပီျဖစ္ေၾကာင္း သိရသည္။
‘ေ႐ြးေကာက္ပြဲအပိုင္း (၂) မွာ က်ားျဖဴက (၃) ၿမိဳ႕နယ္ႏိုင္တယ္။ ကြမ္းဟိန္းရယ္၊ လဲခ်ားရယ္၊ မိုင္းကိုင္ရယ္။ ေနာက္တစ္ခါ မေကြးတိုင္းမွာ အမ်ိဳးသားလႊတ္ေတာ္ (၂)ေယာက္၊ တိုင္းေဒသႀကီး လႊတ္ေတာ္(၂)ေယာက္ စစ္ကိုင္း တိုင္းမွာ တိုင္းေဒသႀကီးလႊတ္ေတာ္ (၃)ေယာက္ႏိုင္တယ္။ အမ်ိဳးသားအတြက္က မေကြးတိုင္းမွာ (၂)ေယာက္ အေျဖ ထြက္ၿပီေလ။ အေျဖမထြက္ေသးတာ က်န္ေသးတယ္။ ရွမ္းျပည္က မိုးနဲ၊ ေက်းသီး၊ မိုင္းရႉး၊ သီေပါ၊ ေက်ာက္မဲ က်န္ေသးတယ္။ မႏၲေလး၊ ရန္ကုန္၊ ဧရာဝတီလည္း က်န္တာပဲ။ ျပည္သူ႔လႊတ္ေတာ္က (၅) ဦးရသြားၿပီေလ’ ဟု က်ားျဖဴပါတီဥကၠ႒ ဦးစိုင္းအိုက္ေပါင္းက ေျပာသည္။
ထို႔ျပင္ ေ႐ြးေကာက္ပြဲ ဒုတိယပိုင္းတြင္ ျပည္သူ႔ပါတီမွ မေကြးတိုင္းေဒသႀကီးႏွင့္ စစ္ကိုင္းတိုင္းေဒသႀကီး လႊတ္ေတာ္အတြက္ ကိုယ္စားလွယ္ ေနရာအခ်ိဳ႕ႏွင့္ စစ္ကိုင္းတိုင္းတြင္ အမ်ိဳးသားလႊတ္ ေတာ္အတြက္ (၁)ေနရာ အႏိုင္ရရွိထားေၾကာင္း သိရသည္။
‘ဒုတိယပိုင္းမွာေတာ့ မေကြးတိုင္းေဒသႀကီး လႊတ္ေတာ္က (၃)ေယာက္ အႏိုင္ရရွိတယ္။ စစ္ကိုင္းတိုင္းေဒသႀကီး လႊတ္ေတာ္အတြက္(၁)ေယာက္၊ စစ္ကိုင္းတိုင္းကေနၿပီးေတာ့ အမ်ိဳးသားလႊတ္ေတာ္အတြက္ (၁)ေယာက္ အႏိုင္ရရွိပါ တယ္။ က်န္တာေတြကေတာ့ တရားဝင္ထုတ္ျပန္တာ မရွိေသးလို႔ မေျပာႏိုင္ေသးဘူးေပါ့ေနာ္။ PR ေတြ က်ေတာ့ ၿမိဳ႕နယ္စုံမွ အေျဖထြက္မွာေလ။ အမ်ိဳး သားအတြက္က အားလုံးၿပီးမွပဲ ေျပာလို႔ရမယ္။ မြန္ ျပည္နယ္မွာ (၁)ေယာက္ရၿပီ။ ဝင္ၿပိဳင္တဲ့ တိုင္းေဒသႀကီး အားလုံးမွာေတာ့ လႊတ္ေတာ္ ကိုယ္စားလွယ္ အႏိုင္ရရွိမႈ ရွိမယ္လို႔ေျပာလို႔ရမွာေပါ့ေနာ္။ ျပည္ နယ္အေနနဲ႔ဆိုရင္ မြန္ျပည္နယ္ေပါ့။ ကြၽန္ေတာ္တို႔ ေမွ်ာ္လင့္ခဲ့တဲ့ လႊတ္ေတာ္အခင္းအက်င္းက တစ္ပါတီတည္း လႊမ္းမိုး တဲ့ လႊတ္ေတာ္မ်ိဳးမဟုတ္ဘူးေလ။ သို႔ေသာ္ ဒီအေျခအေနမ်ိဳးျဖစ္လာရင္ ကြၽန္ေတာ္တို႔က စိုးရိမ္တာက အျပန္အလွန္ စစ္ေဆး ထိန္းေက်ာင္း တဲ့စနစ္ Check and Balance ကပ်က္သြားရင္ တစ္ပါတီတည္း လႊမ္းမိုးတဲ့ အက်ိဳးဆက္ေတြ အရင္ ကလည္း ႀကဳံခဲ့ၿပီးၿပီေလ။ အဲဒါကေတာ့ စိုးရိမ္တာ ေပါ့ေနာ္’ ဟု ဦးကိုကိုႀကီး က ေျပာသည္။
လက္ရွိ ေ႐ြးေကာက္ပြဲ အပိုင္း(၁)ႏွင့္ အပိုင္း(၂)အၿပီးတြင္ ျပည္သူ႔လႊတ္ေတာ္အတြက္ ကိုယ္စားလွယ္ေလာင္း ေနရာအတြက္ အႏိုင္အရႈံး အေျဖထြက္ၿပီျဖစ္ကာ အမ်ိဳးသားလႊတ္ေတာ္အတြက္ ကိုယ္စားလွယ္အခ်ိဳ႕အတြက္ အႏိုင္အရႈံး အေျဖ ထြက္ၿပီ ျဖစ္ေသာ္လည္း ဧရာဝတီတိုင္းေဒသႀကီး၊ မဲဆႏၵနယ္ (၁)တြင္ ဝင္ေရာက္ ယွဥ္ၿပိဳင္မည့္ လူဝင္မႈ ႀကီးၾကပ္ ေရးႏွင့္ျပည္သူ႔အင္အားဝန္ႀကီးဌာန၏ လက္ရွိဝန္ႀကီးျဖစ္သူ USDP မွ ဦးျမင့္ႀကိဳင္၊ မဲဆႏၵနယ္( ၂)ဝင္ေရာက္ ယွဥ္ၿပိဳင္မည့္ စီးပြားေရးႏွင့္ ကူးသန္းေရာင္းဝယ္ေရးဝန္ႀကီးျဖစ္သူ USDP မွ ဦးခ်စ္ေဆြ၊ ရန္ကုန္တိုင္းေဒသႀကီး၊ မဲဆႏၵ နယ္ (၂)မွ ဝင္ေရာက္ယွဥ္ၿပိဳင္မည့္ ျပည္သူ႔ေရွ႕ေဆာင္ပါတီမွ ဦးအာကာေမာင္တို႔အပါအဝင္ နာမည္ႀကီး ကိုယ္စား လွယ္ေလာင္းအခ်ိဳ႕သည္ ဇန္နဝါရီ (၂၅) ရက္တြင္ က်င္းပမည္ျဖစ္ေသာ ေ႐ြးေကာက္ပြဲ အပိုင္း (၃) ၿပီးမွသာလွ်င္ အႏိုင္ အရႈံးကို သိရွိႏိုင္မည္ျဖစ္ သည္။
ေ႐ြးေကာက္ပြဲ တတိယပိုင္းကို လာမည့္ ဇန္နဝါရီလ (၂၅)ရက္၌ (၆၃)ၿမိဳ႕နယ္တြင္ ဆက္လက္ က်င္းပမည္ ျဖစ္ရာ အပိုင္း(၃)တြင္ ယွဥ္ၿပိဳင္ရမည့္ ျပည္သူ႔လႊတ္ေတာ္ ကိုယ္စားလွယ္ေလာင္း (၅၅) ဦး၊ အမ်ိဳးသားလႊတ္ေတာ္ ကိုယ္စားလွယ္ေလာင္း(၇၇) ဦးတို႔ရွိေၾကာင္း သိရသည္။
ျပည္ေထာင္စု လႊတ္ေတာ္တြင္ တက္ေရာက္ခြင့္ရသည့္ တပ္မေတာ္သားလႊတ္ေတာ္ ကိုယ္စားလွယ္ (၁၆၆)ဦး ရွိၿပီး အပိုင္း(၂)အထိ အႏိုင္ရ ျပည္ခိုင္ၿဖိဳးကိုယ္စားလွယ္(၁၇၀)ဦးခန႔္ရရွိထား ေၾကာင္း သိရသည္။ ေ႐ြးေကာက္ပြဲ အပိုင္း (၃) ခုလုံး ၿပီးဆုံးခ်ိန္တြင္ ျပည္ေထာင္စု လႊတ္ေတာ္တြင္ တက္ေရာက္ႏိုင္မည့္ ကိုယ္စားလွယ္အေရအတြက္မွာ (၅၈၈)ဦးျဖစ္လာႏိုင္ၿပီး ႏိုင္ငံေတာ္သမၼတကို တင္ေျမႇာက္ႏိုင္မည့္ ခိုင္လုံကိုယ္စားလွယ္အေရအတြက္မွာ (၂၉၅) ဦးျဖစ္ေၾကာင္း သိရသည္။