ရုရှား၏ အသံထက် မြန်သောဒုံးကျည်ကို ပြင်သစ်သမ္မတ စိုးရိမ်မှုမြင့်တက်နေ

 367

ဂျန်ဇက် (NP News) - ဇန်နဝါရီ ၁၈

(၂၀၂၆) ခုနှစ်၏နှစ်ဦးပိုင်းကာလသည် ဥရောပစစ်ရေးအခြေအနေအတွက် အလှည့်အပြောင်း ကြီးတစ်ခုဖြစ် လာနေပြီး ဇန်နဝါရီလ (၁၅) ရက်က Istres-Le Tubé လေတပ်စခန်းမှာ ပြုလုပ်ခဲ့သည့်ပြင်သစ်စစ်ဘက်ဆိုင်ရာ တွေ့ဆုံပွဲ တွင် ပြင်သစ်သမ္မတ မက်ခရွန်က ဥရောပခေါင်းဆောင်တွေကို ရှားရှားပါးပါး ပြင်းထန်တဲ့ သတိပေးချက်တစ်ခု ထုတ် ပြန်လိုက်ကြောင်း သိရသည်။
ပြဿနာ၏အရင်းအမြစ်က ရုရှား၏ Ores- hnik (အော်ရက်ရှ်နစ်) ဟုခေါ်သည့်အသံထက် အဆများစွာမြန်သော (Hypersonic) တာလတ်ပစ် ပဲ့ထိန်းဒုံးကျည်ဖြစ်ပြီး ရုရှားက (၂၀၂၄) နိုဝင်ဘာလက Dnipro မှာ ပထမဆုံး စမ်းသပ် ပစ်ခတ်ခဲ့ပြီး နောက်၊ ယခု (၂၀၂၆) ဇန်နဝါရီလအစောပိုင်းမှာ ဒုတိယအကြိမ် ထပ်မံအသုံးပြုလာခဲ့ကြောင်း သိရသည်။
ရုရှားသည် အဆိုပါဒုံးကျည်နှင့် ယူကရိန်းနိုင်ငံ၊ Lviv မြိုရှိ လေယာဉ်ပြင်ဆင်ရေးစက်ရုံကို ပစ်ခတ်ခဲ့ပြီး အဆိုပါ စက်ရုံမှာ ဥရောပက ထောက်ပံ့ ထားသည့် F-16 နဲ့ MiG-29 တိုက်လေယာဉ်တွေကို ပြုပြင်ပေးနေသည့်အဓိကနေရာတစ်ခု ဖြစ်ကြောင်း သိရသည်။ ရုရှားသမ္မတပူတင်က အဆိုပါ ဒုံးကျည်အဖျက်စွမ်းအားကို ‘ဥက္ကာခဲတစ်ခု ကမ္ဘာမြေကို ဝင်ဆောင့်သလိုမျိုး’ လို့ တင်စားထားပြီး အသံထက် ၁၀ ဆ) ကျော် မြန်ဆန်ကာ လက်ရှိလေကြောင်းရန် ကာကွယ် ရေးစနစ်တွေက ကြားဖြတ်ပစ်ချရန် မဖြစ် နိုင်သလောက် ခက်ခဲကြောင်း သိရသည်။
အဆိုပါ ဒုံးကျည်သည် ထိပ်ဖူးအများ အပြား (MIRV) သယ်ဆောင်နိုင်ပြီး ဥရောပတိုက် တစ်ခုလုံးကို ချိန်ရွယ်နိုင် စွမ်းရှိနေရာ ပြင်သစ်သမ္မတကို စိုးရိမ်မှု မြင့်တက်စေကြောင်း သိရသည်။
သမ္မတ မက်ခရွန်က ‘ရုရှားဟာ စစ်ပွဲရဲ့ အခြေအနေကိုပြောင်းလဲနိုင်တဲ့လက်နက်တွေကို ပိုင်ဆိုင်ထားပြီး အင်အားပြနေပြီ။ ဥရောပအနေနဲ့ မဟာဗျူဟာမြောက် ချိန်ခွင်လျှာညီမျှဖို့ အချိန်တိုအတွင်း ဒီလိုလက်နက်မျိုးပိုင်ဆိုင်ဖို့ လိုအပ်တယ်’ ဟု ပြောသည်။ ပြင်သစ်သမ္မတ မျှော်လင့်ထားတာက European Long-Range Strike Approach (ELSA) ဟု ခေါ်သည့် ဥရောပ တာဝေးပစ်ဒုံးကျည် စီမံကိန်းဖြစ်ပြီး ပြင်သစ်၊ ဂျာမနီ၊ ပိုလန်၊ ဗြိတိန်၊ အီတလီ၊ ဆွီဒင်နဲ့ နယ်သာ လန်တို့ ပူးပေါင်းထားသည့် အဆိုပါ စီမံကိန်းကို အရှိန်မြှင့်တင်ရန် ပြင်သစ်သမ္မတ မက်ခရွန်က တွန်းအား ပေးနေ ခြင်းလည်းဖြစ်သည်။ အမေရိကန်၏လက်နက်အင်အားကိုပဲ မှီခိုနေမယ့်အစား ဥရောပကိုယ်ပိုင် ‘ဓားသွား’ တစ်လက်ရှိမှ သာ ရုရှားကို ဟန့်တား (Deterrence) နိုင်မည်ဟု ပြင်သစ် သမ္မတက ယုံကြည်နေသည်။
မက်ခရွန်၏မိန့်ခွန်းသည်ဥရောပ၏အိပ် မောကျနေသည့် ကာကွယ်ရေးစနစ်ကို လှုပ်နှိုး လိုက်ခြင်းဖြစ်နိုင်သလို၊ ဥရောပမြေပေါ်မှာ လက်နက် ပြိုင်ပွဲ (Arms Race) အသစ်တစ်ခု စတင်လိုက်ခြင်း လည်း ဖြစ်ဖွယ်ရှိနေသည်။

Zawgyi Version;
႐ုရွား၏ အသံထက္ ျမန္ေသာဒုံးက်ည္ကို ျပင္သစ္သမၼတ စိုးရိမ္မႈျမင့္တက္ေန
ဂ်န္ဇက္ (NP News) - ဇန္နဝါရီ ၁၈
(၂၀၂၆) ခုႏွစ္၏ႏွစ္ဦးပိုင္းကာလသည္ ဥေရာပစစ္ေရးအေျခအေနအတြက္ အလွည့္အေျပာင္း ႀကီးတစ္ခုျဖစ္ လာေနၿပီး ဇန္နဝါရီလ (၁၅) ရက္က Istres-Le Tubé ေလတပ္စခန္းမွာ ျပဳလုပ္ခဲ့သည့္ျပင္သစ္စစ္ဘက္ဆိုင္ရာ ေတြ႕ဆုံပြဲ တြင္ ျပင္သစ္သမၼတ မက္ခ႐ြန္က ဥေရာပေခါင္းေဆာင္ေတြကို ရွားရွားပါးပါး ျပင္းထန္တဲ့ သတိေပးခ်က္တစ္ခု ထုတ္ ျပန္လိုက္ေၾကာင္း သိရသည္။
ျပႆနာ၏အရင္းအျမစ္က ႐ုရွား၏ Ores- hnik (ေအာ္ရက္ရွ္နစ္) ဟုေခၚသည့္အသံထက္ အဆမ်ားစြာျမန္ေသာ (Hypersonic) တာလတ္ပစ္ ပဲ့ထိန္းဒုံးက်ည္ျဖစ္ၿပီး ႐ုရွားက (၂၀၂၄) ႏိုဝင္ဘာလက Dnipro မွာ ပထမဆုံး စမ္းသပ္ ပစ္ခတ္ခဲ့ၿပီး ေနာက္၊ ယခု (၂၀၂၆) ဇန္နဝါရီလအေစာပိုင္းမွာ ဒုတိယအႀကိမ္ ထပ္မံအသုံးျပဳလာခဲ့ေၾကာင္း သိရသည္။
႐ုရွားသည္ အဆိုပါဒုံးက်ည္ႏွင့္ ယူကရိန္းႏိုင္ငံ၊ Lviv ၿမိဳရွိ ေလယာဥ္ျပင္ဆင္ေရးစက္႐ုံကို ပစ္ခတ္ခဲ့ၿပီး အဆိုပါ စက္႐ုံမွာ ဥေရာပက ေထာက္ပံ့ ထားသည့္ F-16 နဲ႔ MiG-29 တိုက္ေလယာဥ္ေတြကို ျပဳျပင္ေပးေနသည့္အဓိကေနရာတစ္ခု ျဖစ္ေၾကာင္း သိရသည္။ ႐ုရွားသမၼတပူတင္က အဆိုပါ ဒုံးက်ည္အဖ်က္စြမ္းအားကို ‘ဥကၠာခဲတစ္ခု ကမာၻေျမကို ဝင္ေဆာင့္သလိုမ်ိဳး’ လို႔ တင္စားထားၿပီး အသံထက္ ၁၀ ဆ) ေက်ာ္ ျမန္ဆန္ကာ လက္ရွိေလေၾကာင္းရန္ ကာကြယ္ ေရးစနစ္ေတြက ၾကားျဖတ္ပစ္ခ်ရန္ မျဖစ္ ႏိုင္သေလာက္ ခက္ခဲေၾကာင္း သိရသည္။
အဆိုပါ ဒုံးက်ည္သည္ ထိပ္ဖူးအမ်ား အျပား (MIRV) သယ္ေဆာင္ႏိုင္ၿပီး ဥေရာပတိုက္ တစ္ခုလုံးကို ခ်ိန္႐ြယ္ႏိုင္ စြမ္းရွိေနရာ ျပင္သစ္သမၼတကို စိုးရိမ္မႈ ျမင့္တက္ေစေၾကာင္း သိရသည္။
သမၼတ မက္ခ႐ြန္က ‘႐ုရွားဟာ စစ္ပြဲရဲ႕ အေျခအေနကိုေျပာင္းလဲႏိုင္တဲ့လက္နက္ေတြကို ပိုင္ဆိုင္ထားၿပီး အင္အားျပေနၿပီ။ ဥေရာပအေနနဲ႔ မဟာဗ်ဴဟာေျမာက္ ခ်ိန္ခြင္လွ်ာညီမွ်ဖို႔ အခ်ိန္တိုအတြင္း ဒီလိုလက္နက္မ်ိဳးပိုင္ဆိုင္ဖို႔ လိုအပ္တယ္’ ဟု ေျပာသည္။ ျပင္သစ္သမၼတ ေမွ်ာ္လင့္ထားတာက European Long-Range Strike Approach (ELSA) ဟု ေခၚသည့္ ဥေရာပ တာေဝးပစ္ဒုံးက်ည္ စီမံကိန္းျဖစ္ၿပီး ျပင္သစ္၊ ဂ်ာမနီ၊ ပိုလန္၊ ၿဗိတိန္၊ အီတလီ၊ ဆြီဒင္နဲ႔ နယ္သာ လန္တို႔ ပူးေပါင္းထားသည့္ အဆိုပါ စီမံကိန္းကို အရွိန္ျမႇင့္တင္ရန္ ျပင္သစ္သမၼတ မက္ခ႐ြန္က တြန္းအား ေပးေန ျခင္းလည္းျဖစ္သည္။ အေမရိကန္၏လက္နက္အင္အားကိုပဲ မွီခိုေနမယ့္အစား ဥေရာပကိုယ္ပိုင္ ‘ဓားသြား’ တစ္လက္ရွိမွ သာ ႐ုရွားကို ဟန႔္တား (Deterrence) ႏိုင္မည္ဟု ျပင္သစ္ သမၼတက ယုံၾကည္ေနသည္။
မက္ခ႐ြန္၏မိန႔္ခြန္းသည္ဥေရာပ၏အိပ္ ေမာက်ေနသည့္ ကာကြယ္ေရးစနစ္ကို လႈပ္ႏႈိး လိုက္ျခင္းျဖစ္ႏိုင္သလို၊ ဥေရာပေျမေပၚမွာ လက္နက္ ၿပိဳင္ပြဲ (Arms Race) အသစ္တစ္ခု စတင္လိုက္ျခင္း လည္း ျဖစ္ဖြယ္ရွိေနသည္။

Related news

© 2021. All rights reserved.