ထိုင်းနိုင်ငံသို့အခွန်လွတ်ဖြင့်ပြောင်းတင်ပို့မှုဖေဖေါ်ဝါရီတစ်ရက်တွင်ပြန်လည်စတင်မည်

 95

ကိုဖြိုး(NP News)ဇန်နဝါရီ ၁၈
မြန်မာနိုင်ငံမှထိုင်းနိုင်ငံသို့ အခွန်ကင်းလွတ်ခွင့်ဖြင့် ပြောင်းသီးနှံများတင်ပို့မှုကို ဖေဖေါ်ဝါရီလ(၁)ရက်နေ့ တွင်ပြန်လည်စတင်မည်ဖြစ်ကြောင်း မြန်မာနိုင်ငံပြောင်းလုပ်ငန်းရှင်များ အသင်းထံမှသိရသည်။
ပြောင်း ကို နှစ်စဉ်အာဆီယံနိုင်ငံများ၏ သဘောတူညီချက်အရဖေဖော်ဝါရီ (၁) ရက်မှ သြဂုတ် (၃၁) ရက် အထိမြန်မာနိုင်ငံကထွက်ရှိသော ပြောင်းများကို ထိုင်းနိုင်ငံသို့ အကောက်ခွန်ကင်းလွတ်ခွင့်ဖြင့် တင်ပို့နေခြင်းဖြစ်သည်။
ထိုင်းနိုင်ငံသို့ပြောင်းတင်ပို့ရာတွင်ရန်ကုန်ဆိပ်ကမ်းမှဘန်ကော်ဆိပ်ကမ်းများသို့လည်းကောင်း၊ ကော့သောင်း-ရနှောင်းလမ်းကြောင်းမှလည်းကောင်း၊တာချီလိတ်လမ်းကြောင်းမှလည်းကောင်း တင်ပို့နေခြင်းဖြစ်ပြီး ယခင်တင်ပို့ခဲ့သည့်မြဝတီလမ်းကြောင်းမှာ လက်ရှိအချိန်တွင်အသုံးမပြုတော့ကြောင်း ပြောင်းကုန်သည်များထံမှသိရသည်။
ပြောင်းဈေးနှုန်းကိုမှု ထိုင်းဘက်မှစတင်ဝယ်ယူသည့်အချိန်မှသာအတိအကျသိရမည်ဖြစ်ကြောင်း နှင့်လက်ရှိတွင် ပြည်တွင်းပေါက်ဈေးအပြောင်းအလဲမရှိကြောင်းသိရသည်။
၂၀၂၅ခုနှစ်ကလည်း ထိုင်းနိုင်ငံသို့ပြောင်းတန်ချိန် (၁ဒသမ၈)သန်းခန့်တင်ပို့နိုင်ခဲ့ပြီး၊ယခု၂၀၂၆ခုနှစ်တွင်လည်း ယခင်နှစ်က တန်ချိန်ပမာဏအတိုင်းတင်ပို့နိုင်ရန် စီစဥ်ထားကြောင်းသိရသည်။
မြန်မာပြောင်းကို ထိုင်းနိုင်ငံနှင့်ဖိလစ်ပိုင်နိုင်ငံများသို့အဓိကတင်ပို့နေခြင်းဖြစ်ပြီးယခင်ကဗီယက်နမ်နိုင်ငံသို့ လည်းတင်ပို့မှုများရှိခဲ့ကြောင်းသိရသည်။

Zawgyi Version:
ထိုင္းႏိုင္ငံသို႔အခြန္လြတ္ျဖင့္ေျပာင္းတင္ပို႔မႈေဖေဖၚဝါရီတစ္ရက္တြင္ျပန္လည္စတင္မည္
ကိုၿဖိဳး(NP News)ဇန္နဝါရီ ၁၈
ျမန္မာႏိုင္ငံမွထိုင္းႏိုင္ငံသို႔ အခြန္ကင္းလြတ္ခြင့္ျဖင့္ ေျပာင္းသီးႏွံမ်ားတင္ပို႔မႈကို ေဖေဖၚဝါရီလ(၁)ရက္ေန႔ တြင္ျပန္လည္စတင္မည္ျဖစ္ေၾကာင္း ျမန္မာႏိုင္ငံေျပာင္းလုပ္ငန္းရွင္မ်ား အသင္းထံမွသိရသည္။
ေျပာင္း ကို ႏွစ္စဥ္အာဆီယံႏိုင္ငံမ်ား၏ သေဘာတူညီခ်က္အရေဖေဖာ္ဝါရီ (၁) ရက္မွ ၾသဂုတ္ (၃၁) ရက္ အထိျမန္မာႏိုင္ငံကထြက္ရွိေသာ ေျပာင္းမ်ားကို ထိုင္းႏိုင္ငံသို႔ အေကာက္ခြန္ကင္းလြတ္ခြင့္ျဖင့္ တင္ပို႔ေနျခင္းျဖစ္သည္။
ထိုင္းႏိုင္ငံသို႔ေျပာင္းတင္ပို႔ရာတြင္ရန္ကုန္ဆိပ္ကမ္းမွဘန္ေကာ္ဆိပ္ကမ္းမ်ားသို႔လည္းေကာင္း၊ ေကာ့ေသာင္း-ရေႏွာင္းလမ္းေၾကာင္းမွလည္းေကာင္း၊တာခ်ီလိတ္လမ္းေၾကာင္းမွလည္းေကာင္း တင္ပို႔ေနျခင္းျဖစ္ၿပီး ယခင္တင္ပို႔ခဲ့သည့္ျမဝတီလမ္းေၾကာင္းမွာ လက္ရွိအခ်ိန္တြင္အသုံးမျပဳေတာ့ေၾကာင္း ေျပာင္းကုန္သည္မ်ားထံမွသိရသည္။
ေျပာင္းေဈးႏႈန္းကိုမႈ ထိုင္းဘက္မွစတင္ဝယ္ယူသည့္အခ်ိန္မွသာအတိအက်သိရမည္ျဖစ္ေၾကာင္း ႏွင့္လက္ရွိတြင္ ျပည္တြင္းေပါက္ေဈးအေျပာင္းအလဲမရွိေၾကာင္းသိရသည္။
၂၀၂၅ခုႏွစ္ကလည္း ထိုင္းႏိုင္ငံသို႔ေျပာင္းတန္ခ်ိန္ (၁ဒသမ၈)သန္းခန႔္တင္ပို႔ႏိုင္ခဲ့ၿပီး၊ယခု၂၀၂၆ခုႏွစ္တြင္လည္း ယခင္ႏွစ္က တန္ခ်ိန္ပမာဏအတိုင္းတင္ပို႔ႏိုင္ရန္ စီစဥ္ထားေၾကာင္းသိရသည္။
ျမန္မာေျပာင္းကို ထိုင္းႏိုင္ငံႏွင့္ဖိလစ္ပိုင္ႏိုင္ငံမ်ားသို႔အဓိကတင္ပို႔ေနျခင္းျဖစ္ၿပီးယခင္ကဗီယက္နမ္ႏိုင္ငံသို႔ လည္းတင္ပို႔မႈမ်ားရွိခဲ့ေၾကာင္းသိရသည္။

Related news

© 2021. All rights reserved.