အရှေ့အလယ်ပိုင်းဒေသကို အမေရိကန်လေယာဉ်တင်သင်္ဘောတစ်စီး ဦးတည်နေဟုဆို

 667

Pika(NP News)-ဇန်နဝါရီ ၁၈
အမေရိကန်က လေယာဉ်တင်သင်္ဘောအနည်းဆုံးတစ်စီးကို အရှေ့အလယ်ပိုင်းဒေသမှာ ဖြန့်ကျက်ချထားခဲ့တယ်လို့ စစ်ဘက်သတင်းရင်းမြစ်တွေကို ကိုးကားပြီး Fox Newsသတင်းစာက ရေးသားဖော်ပြခဲ့ပါတယ်။ပြီးခဲ့တဲ့ရက်ပိုင်းတွေအတွင်း ဒေါ်နယ်ထရမ့်က အီရန်ကို ခြိမ်းခြောက်မှုတွေ ဆက်တိုက်လုပ်ဆောင်ခဲ့ပြီးနောက် ယခုလိုရေးသားဖော်ပြမှုတွေ ထွက်ပေါ်လာတာဖြစ်ပါတယ်။အီရန်နိုင်ငံမှာ ငွေကြေးတန်ဖိုးကျဆင်းလာမှုနဲ့အတူ နိုင်ငံတစ်ဝှမ်းဆန္ဒပြပွဲတွေ ပေါ်ပေါက်လာခဲ့ပြီး လုံခြုံရေးတပ်ဖွဲ့တွေနဲ့ ဆန္ဒပြသူတွေကြားမှာ ထိပ်တိုက်တွေ့ဆုံမှုတွေ ရှိခဲ့တယ်လို့လည်း သိရပါတယ်။အီရန်လုံခြုံရေးတပ်ဖွဲ့တွေက ဆန္ဒပြပွဲတွေကို ပြင်းပြင်းထန်ထန် ဖြိုခွင်းမှုကြောင့် အနည်းဆုံးလူ(၃၀၀၀)ကျော်သေဆုံးထားတယ်လို့လည်း သိရပါတယ်။ဒါပေမယ့်လည်း လုံခြုံရေးတပ်ဖွဲ့တွေနဲ့ ဆန္ဒပြသူတွေ သေဆုံးမှုရဲ့ နောက်ကွယ်မှာ အမေရိကန်နဲ့အစ္စရေးတို့ရှိနေတယ်လို့ အီရန်အစိုးရက စွပ်စွဲပြောဆိုခဲ့ပေမယ့်လည်း အမေရိကန်နဲ့အစ္စရေးတို့ကတော့ အဲ့ဒီစွပ်စွဲချက်တွေကို ငြင်းဆန်ပယ်ချခဲ့တယ်လို့ သိရပါတယ်။အရှေ့အလယ်ပိုင်းဒေသကို ဦးတည်နေတဲ့ အမေရိကန်လေယာဉ်တင်သင်္ဘောက USS Abraham Lincoln ဒါမှမဟုတ် ယခုသီတင်းပတ်အစောပိုင်းမှာ နော့ခ်ဖောခ်နဲ့ ဆန်ဒီယာဂိုတို့ကနေ ထွက်ခွါသွားခဲ့တဲ့ လေယာဉ်တင်သင်္ဘောနှစ်စီးထဲက တစ်စီးဖြစ်နိုင်တယ်လို့ Fox Newsသတင်းစာက ရေးသားဖော်ပြခဲ့ပါတယ်။လက်ရှိအချိန်အထိတော့ အရှေ့အလယ်ပိုင်းဒေသတွင်းမှာ အမေရိကန်ရဲ့ ဖျက်သင်္ဘောသုံးစီးနဲ့ တိုက်ခိုက်ရေးသင်္ဘောသုံးစီး ရှိနှင့်နေပြီးသားဖြစ်တယ်လို့ Fox Newsသတင်းစာက ဖော်ပြခဲ့ပါတယ်။

Zawgyi Version:
အေရွ႕အလယ္ပိုင္းေဒသကို အေမရိကန္ေလယာဥ္တင္သေဘၤာတစ္စီး ဦးတည္ေနဟုဆို
Pika(NP News)-ဇန္နဝါရီ ၁၈
အေမရိကန္က ေလယာဥ္တင္သေဘၤာအနည္းဆုံးတစ္စီးကို အေရွ႕အလယ္ပိုင္းေဒသမွာ ျဖန႔္က်က္ခ်ထားခဲ့တယ္လို႔ စစ္ဘက္သတင္းရင္းျမစ္ေတြကို ကိုးကားၿပီး Fox Newsသတင္းစာက ေရးသားေဖာ္ျပခဲ့ပါတယ္။ၿပီးခဲ့တဲ့ရက္ပိုင္းေတြအတြင္း ေဒၚနယ္ထရမ့္က အီရန္ကို ၿခိမ္းေျခာက္မႈေတြ ဆက္တိုက္လုပ္ေဆာင္ခဲ့ၿပီးေနာက္ ယခုလိုေရးသားေဖာ္ျပမႈေတြ ထြက္ေပၚလာတာျဖစ္ပါတယ္။အီရန္ႏိုင္ငံမွာ ေငြေၾကးတန္ဖိုးက်ဆင္းလာမႈနဲ႔အတူ ႏိုင္ငံတစ္ဝွမ္းဆႏၵျပပြဲေတြ ေပၚေပါက္လာခဲ့ၿပီး လုံၿခဳံေရးတပ္ဖြဲ႕ေတြနဲ႔ ဆႏၵျပသူေတြၾကားမွာ ထိပ္တိုက္ေတြ႕ဆုံမႈေတြ ရွိခဲ့တယ္လို႔လည္း သိရပါတယ္။အီရန္လုံၿခဳံေရးတပ္ဖြဲ႕ေတြက ဆႏၵျပပြဲေတြကို ျပင္းျပင္းထန္ထန္ ၿဖိဳခြင္းမႈေၾကာင့္ အနည္းဆုံးလူ(၃၀၀၀)ေက်ာ္ေသဆုံးထားတယ္လို႔လည္း သိရပါတယ္။ဒါေပမယ့္လည္း လုံၿခဳံေရးတပ္ဖြဲ႕ေတြနဲ႔ ဆႏၵျပသူေတြ ေသဆုံးမႈရဲ႕ ေနာက္ကြယ္မွာ အေမရိကန္နဲ႔အစၥေရးတို႔ရွိေနတယ္လို႔ အီရန္အစိုးရက စြပ္စြဲေျပာဆိုခဲ့ေပမယ့္လည္း အေမရိကန္နဲ႔အစၥေရးတို႔ကေတာ့ အဲ့ဒီစြပ္စြဲခ်က္ေတြကို ျငင္းဆန္ပယ္ခ်ခဲ့တယ္လို႔ သိရပါတယ္။အေရွ႕အလယ္ပိုင္းေဒသကို ဦးတည္ေနတဲ့ အေမရိကန္ေလယာဥ္တင္သေဘၤာက USS Abraham Lincoln ဒါမွမဟုတ္ ယခုသီတင္းပတ္အေစာပိုင္းမွာ ေနာ့ခ္ေဖာခ္နဲ႔ ဆန္ဒီယာဂိုတို႔ကေန ထြက္ခြါသြားခဲ့တဲ့ ေလယာဥ္တင္သေဘၤာႏွစ္စီးထဲက တစ္စီးျဖစ္ႏိုင္တယ္လို႔ Fox Newsသတင္းစာက ေရးသားေဖာ္ျပခဲ့ပါတယ္။လက္ရွိအခ်ိန္အထိေတာ့ အေရွ႕အလယ္ပိုင္းေဒသတြင္းမွာ အေမရိကန္ရဲ႕ ဖ်က္သေဘၤာသုံးစီးနဲ႔ တိုက္ခိုက္ေရးသေဘၤာသုံးစီး ရွိႏွင့္ေနၿပီးသားျဖစ္တယ္လို႔ Fox Newsသတင္းစာက ေဖာ္ျပခဲ့ပါတယ္။

Related news

© 2021. All rights reserved.