(၂၀၂၆) နိုင်ငံရေး အခင်းအကျင်းကို FDI များ စောင့်ကြည့်နေ

 160

Pearl(NP News)-ဇန်နဝါရီ ၁၈
ပြည်တွင်း၌ လာရောက်ရင်းနှီးမြှုပ်နှံလိုသည့် နိုင်ငံခြားတိုက်ရိုက်ရင်းနှီးမြှုပ်နှံမှု (FDI) များအနေဖြင့် ရွေးကောက်ပွဲအပြီး ပြောင်းလဲလာမည့် နိုင်ငံရေးအခင်းအကျင်းများကို စောင့်ကြည့်လျက် ရှိကြောင်း လုပ်ငန်းရှင်များထံ ဆက်သွယ်မေးမြန်းထား ချက်များအရ သိရသည်။
လက်ရှိတွင် ပို့ကုန်လုပ်ငန်းရှင်များအနေဖြင့် ပို့ကုန်တင်ပို့ခြင်းမှရရှိသည့် ပို့ကုန်ရငွေပမာဏ၏ (၂၅) ရာခိုင်နှုန်းအစား (၁၅) ရာခိုင်နှုန်းကိုသာ ဗဟိုဘဏ်၏ သတ်မှတ်ချက်အတိုင်း မြန်မာကျပ်ငွေ ဖြင့်လဲလှယ်ရန် ပြင်ဆင် သတ်မှတ်ထားပြီး အဆိုပါ ပို့ကုန်ရငွေများ ကန့်သတ်ထိန်းချုပ်မှုကို ဖြေလျှော့ပေး မည်ဆိုပါက နိုင်ငံခြားရင်းနှီးမြှုပ်နှံ မှုများ ဝင်ရောက် လာနိုင်ကြောင်း သိရသည်။
“ပို့ကုန်သမားတွေရဲ့ ငွေလဲနှုန်း Zero ဖြစ်သွားရင်တော့ နိုင်ငံတော်တော်များများက လာဖို့ရှိတယ်။ Zero မဖြစ်ဘဲ လက်ရှိအနေအထားကတော့ တရုတ်တို့ဘာတို့လောက်ပဲ လာဖို့ရှိတာပေါ့။ သိပ်တော့ အထူးအခြားကြီးတော့ မလာနိုင်သေး ဘူး” ဟု ဆောက်လုပ်ရေးလုပ်ငန်းရှင်တစ်ဦးက NP News သို့ပြောသည်။
လက်ရှိတွင် ပြည်တွင်း၌ လာရောက် ရင်း နှီးမြှုပ်နှံမည့် တရုတ်လုပ်ငန်းရှင်များရှိနေပြီး အဆိုပါ ငွေလဲနှုန်းများ၊ နိုင်ငံရေး အပြောင်းလဲများကို စောင့် ကြည့်နေသည့်အခြားနိုင်ငံများမှ လုပ်ငန်းရှင်များရှိ နေကြောင်းလည်း သိရသည်။
ထို့ပြင် ရွေးကောက်ပွဲအပြီး လွှတ်တော် ခေါ်ယူပြီးချိန်၌ ပို့ကုန်ရငွေများကို ဖြေလျှော့ပေးနိုင် ကြောင်းလည်း ၎င်းက ပြောသည်။
“အဓိကက Political Stable ဖြစ်၊ မဖြစ်ဆိုတာမျိုးတွေလည်းရှိနေသေးတော့။ အဓိကကတော့ Foreign Investment ဝင်ဖို့ဆိုတာက Political Situation က ငြိမ်မှ မငြိမ်သေးတာကိုး။ မငြိမ်သေးတဲ့အခါကျတော့ Investment ကတော့ ချက်ချင်းကြီး တက်လာမှာမဟုတ်ဘူး။ လွှတ်တော်ပေါ်ပြီးတော့လည်း ချက်ချင်းတက်လာမှာတော့ မဟုတ် သေးဘူး။ နည်းနည်းချင်းတော့ ဝင်လာမယ့် သဘောရှိတယ်။ ဝုန်းခနဲဆို တက်လာစရာတော့ မရှိသေးဘူး။ ပြီးတော့ လွှတ်တော်ပေါ်လာတာနဲ့ကို ပို့ကုန်ရငွေကို ဖြေလျှော့ဖို့တော့ရှိနိုင်ပါတယ်” ဟု ၎င်းက ပြောသည်။
အလားတူ တာယာထုတ်လုပ်မှုအပါအဝင် ရော်ဘာလုပ်ငန်းကဏ္ဍ၌ လာရောက်ရင်းနှီးမြှုပ်နှံလို သည့် ဂျပန်နိုင်ငံ၊ ထိုင်းနိုင်ငံနှင့် တရုတ်နိုင်ငံတို့မှ လုပ်ငန်းရှင်များရှိနေပြီး ၎င်းတို့အနေဖြင့်လည်း နိုင်ငံရေးအပြောင်းလဲများကို စောင့်ကြည့် နေကြောင်း သိရ သည်။
“ရင်းနှီးမြှုပ်နှံမှုကတော့ ဝင်မယ့်လူကတော့ စောင့်ကြည့်နေကြတာပေါ့။ စောင့်ကြည့်နေကြ တယ်ဆိုတာ အခုတော့လည်း အခြေအနေက ကောင်းတဲ့ဘက်ကို ရောက်လာပြီဆိုတော့ သူတို့ လည်း စဉ်းစားကြမယ်လို့ထင်ပါတယ်။ တချို့ ကျတော့လည်း ဗီယက်နမ်ကို ရောက်ကုန်ကြတယ်။ ဝင်လာမယ်ဆိုရင် တာယာစက်ရုံတွေပေါ့။ အဓိကတော့ တာယာစက်ရုံတွေ ဝင်ဖို့များပါတယ်။ တရုတ်၊ ယိုးဒယားရယ်၊ ဂျပန်ရယ်ပေါ့။ (၃) ခုပေါ့နော်” ဟု ရော်ဘာလုပ်ငန်းရှင် တစ်ဦးက NP News သို့ပြောသည်။

Zawgyi Version:
(၂၀၂၆) ႏိုင္ငံေရး အခင္းအက်င္းကို FDI မ်ား ေစာင့္ၾကည့္ေန
Pearl(NP News)-ဇန္နဝါရီ ၁၈
ျပည္တြင္း၌ လာေရာက္ရင္းႏွီးျမႇဳပ္ႏွံလိုသည့္ ႏိုင္ငံျခားတိုက္႐ိုက္ရင္းႏွီးျမႇဳပ္ႏွံမႈ (FDI) မ်ားအေနျဖင့္ ေ႐ြးေကာက္ပြဲအၿပီး ေျပာင္းလဲလာမည့္ ႏိုင္ငံေရးအခင္းအက်င္းမ်ားကို ေစာင့္ၾကည့္လ်က္ ရွိေၾကာင္း လုပ္ငန္းရွင္မ်ားထံ ဆက္သြယ္ေမးျမန္းထား ခ်က္မ်ားအရ သိရသည္။
လက္ရွိတြင္ ပို႔ကုန္လုပ္ငန္းရွင္မ်ားအေနျဖင့္ ပို႔ကုန္တင္ပို႔ျခင္းမွရရွိသည့္ ပို႔ကုန္ရေငြပမာဏ၏ (၂၅) ရာခိုင္ႏႈန္းအစား (၁၅) ရာခိုင္ႏႈန္းကိုသာ ဗဟိုဘဏ္၏ သတ္မွတ္ခ်က္အတိုင္း ျမန္မာက်ပ္ေငြ ျဖင့္လဲလွယ္ရန္ ျပင္ဆင္ သတ္မွတ္ထားၿပီး အဆိုပါ ပို႔ကုန္ရေငြမ်ား ကန႔္သတ္ထိန္းခ်ဳပ္မႈကို ေျဖေလွ်ာ့ေပး မည္ဆိုပါက ႏိုင္ငံျခားရင္းႏွီးျမႇဳပ္ႏွံ မႈမ်ား ဝင္ေရာက္ လာႏိုင္ေၾကာင္း သိရသည္။
“ပို႔ကုန္သမားေတြရဲ႕ ေငြလဲႏႈန္း Zero ျဖစ္သြားရင္ေတာ့ ႏိုင္ငံေတာ္ေတာ္မ်ားမ်ားက လာဖို႔ရွိတယ္။ Zero မျဖစ္ဘဲ လက္ရွိအေနအထားကေတာ့ တ႐ုတ္တို႔ဘာတို႔ေလာက္ပဲ လာဖို႔ရွိတာေပါ့။ သိပ္ေတာ့ အထူးအျခားႀကီးေတာ့ မလာႏိုင္ေသး ဘူး” ဟု ေဆာက္လုပ္ေရးလုပ္ငန္းရွင္တစ္ဦးက NP News သို႔ေျပာသည္။
လက္ရွိတြင္ ျပည္တြင္း၌ လာေရာက္ ရင္း ႏွီးျမႇဳပ္ႏွံမည့္ တ႐ုတ္လုပ္ငန္းရွင္မ်ားရွိေနၿပီး အဆိုပါ ေငြလဲႏႈန္းမ်ား၊ ႏိုင္ငံေရး အေျပာင္းလဲမ်ားကို ေစာင့္ ၾကည့္ေနသည့္အျခားႏိုင္ငံမ်ားမွ လုပ္ငန္းရွင္မ်ားရွိ ေနေၾကာင္းလည္း သိရသည္။
ထို႔ျပင္ ေ႐ြးေကာက္ပြဲအၿပီး လႊတ္ေတာ္ ေခၚယူၿပီးခ်ိန္၌ ပို႔ကုန္ရေငြမ်ားကို ေျဖေလွ်ာ့ေပးႏိုင္ ေၾကာင္းလည္း ၎က ေျပာသည္။
“အဓိကက Political Stable ျဖစ္၊ မျဖစ္ဆိုတာမ်ိဳးေတြလည္းရွိေနေသးေတာ့။ အဓိကကေတာ့ Foreign Investment ဝင္ဖို႔ဆိုတာက Political Situation က ၿငိမ္မွ မၿငိမ္ေသးတာကိုး။ မၿငိမ္ေသးတဲ့အခါက်ေတာ့ Investment ကေတာ့ ခ်က္ခ်င္းႀကီး တက္လာမွာမဟုတ္ဘူး။ လႊတ္ေတာ္ေပၚၿပီးေတာ့လည္း ခ်က္ခ်င္းတက္လာမွာေတာ့ မဟုတ္ ေသးဘူး။ နည္းနည္းခ်င္းေတာ့ ဝင္လာမယ့္ သေဘာရွိတယ္။ ဝုန္းခနဲဆို တက္လာစရာေတာ့ မရွိေသးဘူး။ ၿပီးေတာ့ လႊတ္ေတာ္ေပၚလာတာနဲ႔ကို ပို႔ကုန္ရေငြကို ေျဖေလွ်ာ့ဖို႔ေတာ့ရွိႏိုင္ပါတယ္” ဟု ၎က ေျပာသည္။
အလားတူ တာယာထုတ္လုပ္မႈအပါအဝင္ ေရာ္ဘာလုပ္ငန္းက႑၌ လာေရာက္ရင္းႏွီးျမႇဳပ္ႏွံလို သည့္ ဂ်ပန္ႏိုင္ငံ၊ ထိုင္းႏိုင္ငံႏွင့္ တ႐ုတ္ႏိုင္ငံတို႔မွ လုပ္ငန္းရွင္မ်ားရွိေနၿပီး ၎တို႔အေနျဖင့္လည္း ႏိုင္ငံေရးအေျပာင္းလဲမ်ားကို ေစာင့္ၾကည့္ ေနေၾကာင္း သိရ သည္။
“ရင္းႏွီးျမႇဳပ္ႏွံမႈကေတာ့ ဝင္မယ့္လူကေတာ့ ေစာင့္ၾကည့္ေနၾကတာေပါ့။ ေစာင့္ၾကည့္ေနၾက တယ္ဆိုတာ အခုေတာ့လည္း အေျခအေနက ေကာင္းတဲ့ဘက္ကို ေရာက္လာၿပီဆိုေတာ့ သူတို႔ လည္း စဥ္းစားၾကမယ္လို႔ထင္ပါတယ္။ တခ်ိဳ႕ က်ေတာ့လည္း ဗီယက္နမ္ကို ေရာက္ကုန္ၾကတယ္။ ဝင္လာမယ္ဆိုရင္ တာယာစက္႐ုံေတြေပါ့။ အဓိကေတာ့ တာယာစက္႐ုံေတြ ဝင္ဖို႔မ်ားပါတယ္။ တ႐ုတ္၊ ယိုးဒယားရယ္၊ ဂ်ပန္ရယ္ေပါ့။ (၃) ခုေပါ့ေနာ္” ဟု ေရာ္ဘာလုပ္ငန္းရွင္ တစ္ဦးက NP News သို႔ေျပာသည္။

Related news

© 2021. All rights reserved.