တရုတ်နဲ့ဆက်ဆံရေးက ခန့်မှန်းလို့လွယ်တဲ့ဆက်ဆံရေးမျိုးဖြစ်တယ်လို့ ကနေဒါအစိုးရပြော

 136

Pika(NP News)-ဇန်နဝါရီ ၁၈

ကနေဒါနဲ့တရုတ်တို့ရဲ့ ဆက်ဆံရေးက ခန့်မှန်းလို့ရနိုင်တဲ့ ဆက်ဆံရေးတစ်ခုဖြစ်တယ်လို့ ကနေဒါဝန်ကြီးချုပ်မာ့ခ်ကာနေးက ထုတ်ဖော်ပြောဆိုခဲ့ပါတယ်။ကနေဒါ-အမေရိကန်ဆက်ဆံရေးနဲ့ တရုတ်-ကနေဒါဆက်ဆံရေးတို့ကို နှိုင်းယှဉ်မေးမြန်းခဲ့တဲ့ သတင်းထောက်တွေရဲ့ မေးခွန်းတွေကို မာ့ခ်ကာနေးက ယခုလိုတုံ့ပြန်ဖြေကြားခဲ့တာဖြစ်တယ်လို့လည်း သိရပါတယ်။ဒါ့ပြင် တရုတ်ခေါင်းဆောင်တွေနဲ့ တွေ့ဆုံမှုအတွင်း နှစ်နိုင်ငံကြားပူးပေါင်းဆောင်ရွက်မှု နယ်ပယ်တွေအပြင် ကွဲပြားချက်တွေကို ကိုင်တွယ်ဖြေရှင်းခဲ့တာကြောင့် တရုတ်နဲ့ဆက်ဆံရေးက ခန့်မှန်းလို့ရနိုင်တဲ့ ဆက်ဆံရေးတစ်ခုဖြစ်တယ်လို့ ပြောဆိုခဲ့တာဖြစ်တဲ့အကြောင်း မာ့ခ်ကားနေးက ပြောကြားခဲ့ပါတယ်။မာ့ခ်ကာနေးက”ဒီဆက်ဆံရေးက ခန့်မှန်းနိုင်ပြီး ထိရောက်တဲ့ဆက်ဆံရေးတစ်ခုဆီကို ဦးတည်စေတဲ့ ရိုးသားပြီးတစ်သမတ်တည်းရှိတဲ့ ဆက်ဆံရေးမျိုးပဲဖြစ်ပါတယ်။”လို့ပြောဆိုခဲ့ပါတယ်။ဒါပေမယ့်လည်း ကနေဒါနဲ့အမေရိကန်ရဲ့ဆက်ဆံရေးကို တရုတ်နိုင်ငံနဲ့ဆက်ဆံရေးထက် များစွာပိုမိုကျယ်ပြန့်၊နက်ရှိုင်းတဲ့ ဆက်ဆံရေးတစ်ခုအဖြစ် မာ့ခ်ကာနေးက ဖော်ပြပြောဆိုခဲ့တယ်လို့လည်း သိရပါတယ်။

Zawgyi Version:
တ႐ုတ္နဲ႔ဆက္ဆံေရးက ခန႔္မွန္းလို႔လြယ္တဲ့ဆက္ဆံေရးမ်ိဳးျဖစ္တယ္လို႔ ကေနဒါအစိုးရေျပာ
Pika(NP News)-ဇန္နဝါရီ ၁၈

ကေနဒါနဲ႔တ႐ုတ္တို႔ရဲ႕ ဆက္ဆံေရးက ခန႔္မွန္းလို႔ရႏိုင္တဲ့ ဆက္ဆံေရးတစ္ခုျဖစ္တယ္လို႔ ကေနဒါဝန္ႀကီးခ်ဳပ္မာ့ခ္ကာေနးက ထုတ္ေဖာ္ေျပာဆိုခဲ့ပါတယ္။ကေနဒါ-အေမရိကန္ဆက္ဆံေရးနဲ႔ တ႐ုတ္-ကေနဒါဆက္ဆံေရးတို႔ကို ႏႈိင္းယွဥ္ေမးျမန္းခဲ့တဲ့ သတင္းေထာက္ေတြရဲ႕ ေမးခြန္းေတြကို မာ့ခ္ကာေနးက ယခုလိုတုံ႔ျပန္ေျဖၾကားခဲ့တာျဖစ္တယ္လို႔လည္း သိရပါတယ္။ဒါ့ျပင္ တ႐ုတ္ေခါင္းေဆာင္ေတြနဲ႔ ေတြ႕ဆုံမႈအတြင္း ႏွစ္ႏိုင္ငံၾကားပူးေပါင္းေဆာင္႐ြက္မႈ နယ္ပယ္ေတြအျပင္ ကြဲျပားခ်က္ေတြကို ကိုင္တြယ္ေျဖရွင္းခဲ့တာေၾကာင့္ တ႐ုတ္နဲ႔ဆက္ဆံေရးက ခန႔္မွန္းလို႔ရႏိုင္တဲ့ ဆက္ဆံေရးတစ္ခုျဖစ္တယ္လို႔ ေျပာဆိုခဲ့တာျဖစ္တဲ့အေၾကာင္း မာ့ခ္ကားေနးက ေျပာၾကားခဲ့ပါတယ္။မာ့ခ္ကာေနးက”ဒီဆက္ဆံေရးက ခန႔္မွန္းႏိုင္ၿပီး ထိေရာက္တဲ့ဆက္ဆံေရးတစ္ခုဆီကို ဦးတည္ေစတဲ့ ႐ိုးသားၿပီးတစ္သမတ္တည္းရွိတဲ့ ဆက္ဆံေရးမ်ိဳးပဲျဖစ္ပါတယ္။”လို႔ေျပာဆိုခဲ့ပါတယ္။ဒါေပမယ့္လည္း ကေနဒါနဲ႔အေမရိကန္ရဲ႕ဆက္ဆံေရးကို တ႐ုတ္ႏိုင္ငံနဲ႔ဆက္ဆံေရးထက္ မ်ားစြာပိုမိုက်ယ္ျပန႔္၊နက္ရႈိင္းတဲ့ ဆက္ဆံေရးတစ္ခုအျဖစ္ မာ့ခ္ကာေနးက ေဖာ္ျပေျပာဆိုခဲ့တယ္လို႔လည္း သိရပါတယ္။

Related news

© 2021. All rights reserved.