တစ်ပတ်အတွင်း မြန်မာ့စီးပွားရေး ဈေးကွက်သုံးသပ်ချက်

111

ပြည့်ဖြိုး (NP News)-ဇန်နဝါရီ ၁၈
ပြည်တွင်းဈေးကွက်အတွင်း၌ ရွှေဈေးနှုန်းများစံချိန်တင်မြင့်တက်နေပြီး ကမ္ဘာ့ရွှေဈေးနှုန်းအပေါ် မူတည်ကာ ပြည်တွင်းရွှေဈေးများမြင့်တက်နေခြင်း ဖြစ်သည်။ ကမ္ဘာ့ရွှေဈေးနှုန်းမှာ လက်ရှိတွင် တစ်အောင်စလျှင် (၄၅၈၉) ဒေါ်လာအထိမြင့်တက်နေပြီး ပြည်တွင်းရွှေဈေးများပါ လိုက်ပါမြင့်တက်နေခြင်းဖြစ်သည်။ ပြည်တွင်း အခေါက် ရွှေဈေးသည် ယခင်တစ်ပတ်က တစ်ကျပ်သားလျှင် (၉၄)သိန်းရှိနေရာမှ ယခု တစ်ပတ်တွင် (၉၆)သိန်း(၈)သောင်းအထိ စံချိန်တင် ဈေးများမြင့်တက်နေခြင်းဖြစ်သည်။ နိုင်ငံတကာစစ်ပွဲနှင့် နိုင်ငံရေးအခြေအနေများအရ အမေရိကန်ဒေါ် လာအစား ရွှေကို ဝယ်လိုအားမြင့်တက်နေခြင်းဖြစ်သည်။ လက်ရှိအခြေအနေအရ ကမ္ဘာ့ရွှေဈေးကျဆင်း နိုင်ခြေမရှိ သောကြောင့် ပြည်တွင်းရွှေဈေးများပါ လိုက်ပါမြင့်တက်နေမည်ဖြစ်သည်။ ပြည်တွင်း ပြည်ပ ပို့ကုန်/သွင်းကုန် လုပ်ငန်းများသည် လတ်တလော တွင် အပြောင်းအလဲဖြစ်ပေါ်လာပြီး ပို့ကုန်ရငွေ(၁၅) ရာခိုင်နှုန်းကိုသာ ဗဟိုဘဏ်သို့ ပြန်လည်ပေးသွင်းရ မည်ဖြစ်သည်။ ထိုသို့ မူဝါဒအပြောင်းအလဲများကြောင့် ပြည်တွင်းဈေးကွက်အတွင်း ငွေလဲနှုန်းများ အပြောင်း အလဲဖြစ်ပေါ်လာပြီး လတ်တလောတွင် အမေရိကန် တစ်ဒေါ်လာလျှင်(၄၀၄၅)ကျပ်အထိ ပြန်လည်မြင့် တက်လာသည်။ ပြည်တွင်းငွေလဲဈေးကွက်သည် ဆက်လက်စောင့်ကြည့်ရမည်ဖြစ်ပြီး ယခုလအတွင်း အပြောင်း အလဲများ မြန်ဆန်နေမည်ဖြစ်သည်။ သွင်းကုန်လုပ်ငန်းအများစုမှာ သွင်းကုန်လိုင်စင် ကန့်သတ်ထားခြင်းကြောင့် ကုန်စည်ပြတ်လတ်ခြင်းနှင့် ကုန် ဈေးနှုန်းမြင့်တက်ခြင်းတို့ကြုံတွေ့နေရသည်။ အခြေ ခံလူတန်းစားများအတွက် ဆေးဝါးနှင့်လူသုံးကုန်စည် များမှာ ဆက်တိုက် ကုန်ဈေးနှုန်းများမြင့်တက်နေရာ ပြည်ပသွင်းကုန်များ ဈေးကွက်အတွင်း ကုန်စည်ပြတ် တောက်မှုကြောင့်ဖြစ်ကြောင်းသိရသည်။ ရွေး ကောက်ပွဲလွန်ကာလတွင် ဈေးကွက်အပြောင်းအလဲ ရှိလာနိုင်သော်လည်း လတ်တလောတွင် ပြည်ပမှ သွင်းကုန်အများစုမှာ အခက်အခဲဆက်လက်ရင်ဆိုင် နေရမည် ဖြစ်သည်။ ပြည်တွင်းငွေကြေးဖောင်းပွမှုသည် ကမ္ဘာ့ဘဏ်၏ခန့်မှန်းချက်အရ (၂၀)ရာခိုင်နှုန်း အထက်တွင် ဆက်လက် ရပ်တည်နေမည်ဖြစ်ရာ အခြေခံကုန်ဈေးနှုန်းများ ကျဆင်းနိုင်ခြေနည်းပါးနေ သည်။ ငွေကြေးဖောင်းပွမှုသည် ပြည်တွင်း ဈေးကွက်အတွက် အဓိကစိန်ခေါ်ချက်ဖြစ်ပြီး အထွေထွေကုန် ဈေးနှုန်းမြင့်တက်ခြင်းကိုဖြစ်ပေါ်စေသည်။ (၂၀၂၁)နိုင်ငံ ရေးအပြောင်းအလဲများနောက်ပိုင်းတွင် ငွေကြေးဖောင်းပွမှု ဆက်တိုက်မြင့်တက်လာခြင်းဖြစ်ပြီး လက်ရှိတွင် ဆက်လက်မြင့်တက်နေဆဲဖြစ်သည်။ ပြည်တွင်းအခြေခံကုန်ဈေးနှုန်းများတွင် အပြောင်းအ လဲနည်းပါးသော်လည်း ကုန်စည်အများစုမှာ အရောင်း အဝယ်ကောင်းမွန်နေကြောင်းသိရသည်။ ကုန်စိမ်း ဈေးကွက်အတွင်း သီးနှံအသစ်များ ထွက်ပေါ်လာ သော်လည်း ဈေးကောင်းနေဆဲဖြစ်သည်။ လတ်တ လောတွင် ခရမ်းချဉ်သီးဈေးကောင်းရနေပြီး အခြား သီးနှံများမှာ အထိုက်အလျောက် ဈေးကောင်းရနေသည်။ အသား ငါးဈေးကွက်တွင် ပုံမှန်အရောင်း အဝယ်ကောင်းမွန် နေပြီးဈေးကောင်းရနေဆဲဖြစ်သည်။
မြင့်တက်နေသည့်ရွှေဈေးကွက်နှင့် ငွေလဲဈေးနှုန်းများ
ပြည်တွင်းရွှေဈေးကွက်သည် ကမ္ဘာ့ရွှေဈေးနှုန်း အပေါ်မူတည်ကာ ဆက်တိုက်မြင့်တက်နေပြီး စံချိန်တင်ရွှေ ဈေးနှုန်းများဖြစ်ပေါ်နေသည်။ ယခင်တစ်ပတ် အတွင်းက ရွှေတစ်အောင်စလျှင် အမေရိကန်ဒေါ်လာ (၄၄၀ဝ)ဝန်းကျင် ရှိခဲ့သော်လည်း ယခုတစ်ပတ်တွင် (၄၆၀ဝ)နီးပါးသို့မြင့်တက်လာခြင်းကြောင့် ဖြစ်သည်။ ပြည်တွင်းငွေလဲဈေးနှုန်း များလည်း ယခုတစ်ပတ်အတွင်း အနည်းငယ် ပြန်လည်မြင့်တက်နေရာ ပြည် တွင်းရွှေဈေးနှုန်းကို သက်ရောက်မှု ဖြစ်ပေါ်စေသည်။ ယခင်တစ်ပတ်က အခေါက်ရွှေ တစ်ကျပ်သားလျှင် (၉၄)သိန်းဝန်းကျင်သာရှိခဲ့သော်လည်း လက်ရှိတွင် (၉၆)သိန်းရှစ်သောင်းခန့်အထိ ဆက်တိုက်မြင့်တက် လာခြင်းဖြစ်သည်။ အမေရိကန်နိုင်ငံ၏ နိုင်ငံရေး၊ စစ် ရေးအပြောင်း အလဲများမှာ ကမ္ဘာ့ရွှေဈေးနှုန်းကို အဓိက အပြောင်းအလဲဖြစ်ပေါ်စေခြင်းဖြစ်ပြီး လက်ရှိတွင် အမေရိကန်ဒေါ်လာအစား ရွှေဝယ်လိုအား ကောင်းမွန်နေခြင်းကြောင့်ဖြစ်သည်။ နိုင်ငံတကာဈေးကွက်ကျွမ်းကျင်သူများ၏သုံးသပ်ချက်အရ ကမ္ဘာ့ရွှေဈေးမှာ ဆက်လက်ကောင်းမွန်နိုင်မည်ဖြစ်ရာ လက်ရှိပေါက် ဈေးများမှာ အပြောင်းအလဲဖြစ်ပေါ်နေဦးမည်ဖြစ် သည်။ နိုင်ငံတကာဈေးကွက်အတွင်း ရွှေဈေးနှုန်း များမှာ ဆက်လက်မြင့်တက်နိုင်ခြေရှိရာ ပြည်တွင်း ရွှေဈေးနှုန်းများ အပြောင်းအလဲဖြစ်ပေါ်နိုင်သည်။ ရွှေဈေးအတက်အကျဈေးနှုန်းများ မြန်ဆန်နိုင်သော ကြောင့် ရွှေဈေးကွက်အတွင်း ရောင်းမှားဝယ်မှားမဖြစ် စေရန် ဂရုစိုက်သင့်ကြောင်း ဝါရင့်ရွှေကုန်သည်များက ပြောသည်။ ပြည်တွင်းရွှေဈေးနှုန်းများမှာ ငွေလဲဈေးနှုန်းများနှင့် တိုက်ရိုက်သက်ဆိုင်မှုရှိနေပြီး လတ်တ လောတွင် အမေရိကန်ဒေါ်လာဈေးများ ပြန်လည်မြင့် တက်လာခြင်းကြောင့် ရွှေဈေးနှုန်းများလည်း မြင့် တက်နေခြင်းဖြစ်သည်။ လက်ရှိတွင် အမေရိကန် တစ်ဒေါ်လာလျှင် (၄၀၈၅)ကျပ်ပေါက်ဈေးရှိနေရာယခင်တစ်ပတ်ကထက် ဈေးပိုမိုမြင့်တက်လာခြင်းဖြစ် သည်။ ပို့ကုန်/သွင်း ကုန်မူဝါဒ အပြောင်းအလဲကြောင့် အမေရိကန်ဒေါ်လာဈေးများ အပြောင်းအလဲဖြစ်ပေါ် နေခြင်းဖြစ်ပြီး လာမည့် ရက်ပိုင်းအတွင်း အပြောင်းအ လဲမြန်ဆန်နေနိုင်သည်။ လက်ရှိငွေလဲဈေးနှုန်းများအ နေဖြင့် တရုတ်ငွေတစ်ယွမ်လျှင်(၅၈၀)ကျပ်၊ ထိုင်းငွေ တစ်ဘတ်လျှင်(၁၂၉)ကျပ်၊ အိန္ဒိယ ငွေတစ်ရူပီးလျှင် (၄၄)ကျပ် အသီးသီးပေါက်ဈေးရှိကြောင်းသိရသည်။ ပြည်ပမှ တင်သွင်းနေသည့် စက်သုံးဆီဈေးကွက်တွင် ဈေးနှုန်းများ အပြောင်းအလဲနည်းပါးနေပြီး ဈေးနှုန်းများလည်း ကျဆင်းနေကြောင်းသိရသည်။ စက်သုံးဆီ ဈေးမှာ နှစ်နှစ်အတွင်း အနိမ့်ဆုံးဈေးများဖြင့် ရောင်း ချနေခြင်းဖြစ်ပြီး ဗဟိုဘဏ်က လိုအပ်သောနိုင်ငံခြား ငွေများ ဆက်တိုက်ထုတ်ရောင်းပေးနေခြင်းကြောင့် ဈေးကွက်တည်ငြိမ်နေ ခြင်းဖြစ်သည်။ (၂၀၂၆) ခုနှစ် သည် နိုင်ငံရေးအပြောင်းအလဲများနှင့် စီးပွားရေးမူဝါဒ အပြောင်းအလဲများ ဆက်တိုက်ဖြစ် ပေါ်လာနိုင်ခြင်းကြောင့် ငွေလဲနှုန်းနှင့်ရွှေဈေးကွက်များကို ဆက်လက် စောင့်ကြည့်ရမည်ဖြစ်သည်။ ပြည်တွင်းရွှေ ဈေးကွက်များ နိုင်ငံတကာရွှေဈေးနှုန်းကိုမူတည်ကာ အပြောင်း အလဲဖြစ်ပေါ်နေမည်ဖြစ်ပြီး လတ်တလောတွင် ရွှေ ဈေးများမြင့်တက်နေခြင်းကြောင့် အရောင်းအဝယ် အေးနေကြောင်းသိရသည်။ လာမည့်ရက်ပိုင်းအတွင်း ရွှေဈေးနှုန်းများ ဆက်လက်မြင့်တက်နိုင်ပြီး နိုင်ငံတ ကာရွှေဈေးအပြောင်းအလဲကိုသာ အဓိကစောင့် ကြည့်ရမည်ဖြစ်သည်။
ဈေးနှုန်းများမြင့်တက်နေသည့် ပြည်ပသွင်းကုန်များ
မြန်မာနိုင်ငံသည် ပြည်ပသွင်းကုန်အများစုသုံးစွဲနေရခြင်းကြောင့် သွင်းကုန်ဈေးနှုန်းများမှာဆက် တိုက်မြင့်တက် နေဆဲဖြစ်သည်။ ပြည်ပမှာအဓိကတင် သွင်းသည့်ဆေးဝါးများမှာ ဈေးကွက်အတွင်း ဈေးနှုန်း များမြင့်တက်နေခြင်းဖြစ်ပြီး နာတာရှည်ရောဂါများအတွက် ဆေးဝါးများမှာ ဈေးမြင့်နေကြောင်းသိရသည်။ အိမ်သုံးဆေးဝါးများအပါအဝင် နိုင်ငံခြား ဆေးဝါးအများစုမှာ ဈေးကွက်အတွင်း ပစ္စည်းပြတ်လပ်မှုဖြစ်ပေါ်နေပြီး အာနိသင်တူဆေးဝါးများ ကိုသာသုံးစွဲ နေရကြောင်း အခြေခံပြည်သူများထံမှသိရသည်။
ဆေးပစ္စည်းအသင်းဝင်ကုမ္ပဏီများမှတင်ပြလာသော သွင်းကုန်လိုင်စင်များကို လစဉ်သတ်မှတ်ခွင့်ပြု ပေးသည့် ပမာဏပေါ်မူတည်ကာ တင်သွင်းသူများ တန်းတူညီမျှသည့်ပမာဏရရှိရန်အတွက် အချိုးကျခွဲ ဝေမှုဖြင့်စိစစ်ပြီး ကုန်သွယ်ရေးဦးစီးဌာနသို့ ပြန်လည် စုစည်းပေးပို့တင်ပြရကြောင်းသိရသည်။ ဈေးကွက်အတွင်း၌ ဆေးဝါးနှင့် ဆေးပစ္စည်းများ ပုံမှန်ဝယ်ယူရရှိ နိုင်စေရန် တင်သွင်းဖြန့်ဖြူးရောင်းချသည့်ကုမ္ပဏီများ၊ လက်လီ/လက်ကား ဖြန့်ဖြူး ရောင်းချနေသော အရောင်းဆိုင်များအား လိုအပ်သလို ပုံမှန်တွေ့ဆုံ ခြင်း၊ တိုက်တွန်းနှိုးဆော်စာများ အပတ်စဉ်ပေးပို့ခြင်း တို့ဖြင့် စီစဉ်ဆောင်ရွက်လျက်ရှိကြောင်းသိရသည်။
ပြည်သူ့ဆေးရုံများတွင် တက်ရောက်ကုသနေသည့် ရောဂါဝေဒနာရှင်များအတွက် သုံးစွဲရန်လိုအပ်သည့် ဆေးဝါးများ ပြတ်လပ်မှုမရှိစေရန်၊ ဆီးချို၊ သွေးတိုး၊ နှလုံး၊ ကင်ဆာ စသည့်ရောဂါများအတွက် လိုအပ်သော ကုသမှု ဆိုင်ရာဆေးဝါးများ၊ ကျောက်ကပ်ဆေးရန် လိုအပ်သောဆေးဝါး၊ ဆေးပစ္စည်းများ အစ ရှိသည့် အရေးကြီး ဆေးဝါးနှင့် ဆေးပစ္စည်းများကို ပုံမှန်တင်သွင်းဆောင်ရွက်နိုင်ရန် လိုအပ်ချက်အရ သက်ဆိုင်ရာဌာနများထံ ထောက်ခံတင်ပြပေးခြင်း၊ ဆက်သွယ်ဆောင်ရွက်ပေးခြင်းများ ပြုလုပ်လျက်ရှိ ကြောင်းသိရသည်။ မြန်မာနိုင်ငံသည် နှစ်စဉ် ဆေးဝါး တင်သွင်းမှုအနေဖြင့် အမေရိကန်ဒေါ်လာ သန်း (၄၀ဝ)မှ သန်း(၅၀ဝ)ကြားသုံးစွဲနေရခြင်းကြောင့် ပြည်ပသွင်း ကုန်လိုအပ်ချက် မြင့်တက်နေခြင်းဖြစ်သည်။ ထို့ပြင် လူသုံးကုန်ပစ္စည်းအများစုမှာလည်း ပြည်ပသွင်း ကုန်များဖြစ် သောကြောင့် လတ်တလောတွင် ကုန်ဈေးနှုန်းမြင့်တက်ခြင်းများ ကြုံတွေ့နေရကြောင်း အခြေခံပြည်သူများ ထံမှသိရသည်။ ထိုင်းနိုင်ငံနှင့်တရုတ်နိုင်ငံတို့မှ ကုန်စည်အများစုကို အခြေခံပြည်သူများသုံးစွဲနေခြင်းဖြစ်ပြီး လတ်တ လောတွင်နယ်စပ်ကုန်သွယ်ရေးလုပ်ငန်းများအားနည်းနေရာ လူသုံးကုန်ပစ္စည်းအများစုမှာ ကုန်ဈေးနှုန်းများ မြင့် တက်နေဆဲဖြစ်သည်။ အခြေခံလူသုံးကုန်အများစု ဖြစ်သော ကိုယ်တိုက်ဆပ်ပြာ၊ လျှပ်စစ်ပစ္စည်းများနှင့် ဆောက်လုပ် ရေးသုံး ကုန်စည်အများစုမှာဈေးနှုန်းများ မြင့်တက်နေကြောင်းသိရသည်။ ပြည်ပသွင်းကုန်များ ကို ဆက်လက် ထိန်းချုပ်ထားဆဲဖြစ်ရာ လာမည့်ရက် များအတွင်း ကုန်စည်ဈေးနှုန်းများ အပြောင်းအလဲ နည်းပါးနိုင် ကြောင်းသိရသည်။ လက်ရှိ ပွင့်လင်းရာသီ အတွင်း ပြည်ပသွင်းကုန်ဈေးကွက်မှာ ဆက်လက်ပြီး ဈေးနှုန်းမြင့်တက်နေမည်ဖြစ်သည်။
အခြေခံကုန်စည်များနှင့် စားသောက်ကုန်ဈေးနှုန်းများ
ရပ်ကွက်ဈေးများတွင် မုန်ညင်းဖူးတစ်ဖူး (၆၀ဝ-၇၀ဝ) ကျပ်၊ မုန်လာဥဖြူတစ်စည်း (၇၀ဝ-၁၀ဝဝ) ကျပ်၊ ဘူးသီးအသေးတစ်လုံး (၁၀ဝဝ) ကျပ်၊ နံနံပင်အစည်းကြီးတစ်စည်း (၅၀ဝ) ကျပ်၊ ခရမ်းသီး (၄)လုံး (၁၀ဝဝ)ကျပ်၊ ပြောင်းဖူးတစ်ဖူး (၅၀ဝ)ကျပ်၊ မြေပဲအစိမ်းတစ်ဘူး (၅၀ဝ-၇၀ဝ)ကျပ်၊ ပန်းပွင့်စိမ်း တစ်ပွင့် (၁၀ဝဝ)ကျပ် ဈေးများ ဖြင့်ရောင်းချနေကြသည်။ သံပရာသီးတစ်လုံး (၅၀ဝ)ကျပ်၊ သံပရိုသီးတစ်လုံး (၂၅၀)ကျပ်၊ ကိုင်းခရမ်းချဉ်သီး တစ်ဆယ်သား (၈၀ဝ)ကျပ်၊ ရိုးရိုးခရမ်းချဉ်သီးတစ်ဆယ်သား (၇၀ဝ) ကျပ်ဈေးတို့ဖြင့် ဈေးမြင့်တက်လျက်ရှိသည်။ ပူဒီနာ တစ်စည်း (၅၀ဝ)ကျပ်၊ မြင်းခွာရွက်တစ်စည်း (၂၅၀) ကျပ်၊ ရုံးပတီသီးတစ်ဆယ်သား (၆၀ဝ)ကျပ်၊ ပင်စိမ်း တစ်စည်း (၃၀ဝ)ကျပ်ဈေးတို့ဖြင့် ပုံမှန်အတိုင်း ဈေးနှုန်းတည်ငြိမ်နေသည်။ ပဲတောင့်ရှည်တစ်စည်း (၁၀ဝဝ)ကျပ်၊ ဘူးညွန့် တစ်စည်း (၁၀ဝဝ)ကျပ်၊ ဂေါ် ဖီတစ်ထုပ် (၃၀ဝဝ-၄၀ဝဝ)ကျပ်၊ ကိုက်လန်တစ်စည်း (၁၃၀ဝ) ကျပ်၊ ကင်မွန်းချဉ်တစ်စည်း (၁၀ဝဝ)ကျပ်၊ ဆလပ်ရွက်တစ်စည်း (၁၀ဝဝ)ကျပ်၊ ပန်းဂေါ်ဖီတစ်ပွင့် (၁၅၀ဝ-၂၀ဝဝ)ကျပ်ဈေးတို့ဖြင့် ဈေးပြန်မြင့်တက် နေသည်။ ကြက်သွန်ဖြူ၊ ကြက်သွန်နီများ ဈေးပြန် မြင့်တက်လာသည်။ မြစ်သားကြက်သွန်နီ တစ်ပိဿာ (၄၀ဝဝ-၄၅၀ဝ) ကျပ်၊ မုံရွာကြက်သွန်နီတစ်ပိဿာ (၃၀ဝဝ)ကျပ်ဈေးများဖြင့် ယခင်တစ်ပတ်ထက် ဈေးမြင့်တက်သည်။ ကြက်သွန်ဖြူ များလည်း ဈေးမြင့် တက်နေပြီး ဗမာ-ထူး ကြက်သွန်ဖြူတစ်ပိဿာ (၁၀ဝဝဝ-၁၃၀ဝဝ) ကျပ်ဈေးများအကြားတွင်ရှိ သည်။ ကြူကုတ်ကြက်သွန်ဖြူများက တစ်ပိဿာ (၂၀ဝဝဝ-၂၂၀ဝဝ) ကျပ်ဈေးဖြင့် ပုံမှန်အမြင့်ဈေးအ တိုင်းရှိသည်။ အာလူးဈေးများက တစ်ပိဿာ (၈၀ဝဝ-၁၀ဝဝဝ) ကျပ်ဈေးတို့ဖြင့် ပုံမှန်အမြင့်ဈေးအတိုင်းရှိသည့်အပြင် ပဲဈေးနှုန်း များလည်း ပုံမှန်အတိုင်း ပေါက်ဈေးဖြစ်ပေါ်နေကြောင်းသိရသည်။ ကုလားပဲခြမ်းတစ်ဆယ်သား (၉၀ဝ-၁၀ဝဝ)ကျပ်၊ ပဲကြီးတစ်ဆယ်သား (၁၂၀ဝ)ကျပ်၊ ပဲကြီးတစ်ဘူး (၁၅၀ဝ)ကျပ်၊ ပဲနီလေး တစ်ဆယ်သား (၁၈၀ဝ-၂၀ဝဝ)ကျပ်၊ ပဲရေပွ တစ်ဘူး(၁၅၀ဝ-၁၆၀ဝ)ကျပ် ဈေးများဖြင့် ပုံမှန်အတိုင်းရောင်းချနေကြသည်။ ကုန် ခြောက်များအနက်တွင် မန်ကျည်းသီးမှည့်တစ်ဆယ် သား (၁၃၀ဝ)ကျပ်၊ ချင်းတစ်ဆယ်သား (၁၀ဝဝ) ကျပ်ဈေးတို့ဖြင့် အမြင့်ဈေးများ တွင်ရပ်တည်နေသည်။ အသားငါးဈေးများမှာ အပြောင်းအလဲနည်း ပါးပြီး ကုန်စိမ်းသီးနှံများတွင်သာ ဈေးနှုန်း အပြောင်း အလဲဖြစ်ပေါ်နေခြင်းဖြစ်သည်။ အထက်ပါ ကုန်စည်ဈေးနှုန်းများမှာ ရန်ကုန်အခြေစိုက်ဈေးကွက်အတွင်း မှကောက်ယူ ထားသည့်ဈေးနှုန်းများဖြစ်ပြီး ဒေသအလိုက် ကွာခြားချက်များရှိနိုင်သည်။ အခြေခံမီးဖိုချောင် သုံးကုန်စည်များသည် ပွင့်လင်းရာသီအတွင်း ဈေးနှုန်းအတက်အကျနည်းပါးနိုင်သော်လည်း လက်ရှိတွင် ဈေးနှုန်းအမြင့်ပိုင်းတွင်ဆက် လက်ရပ်တည် နေမည်ဖြစ်သည်။

Zawgyi Version:
တစ္ပတ္အတြင္း ျမန္မာ့စီးပြားေရး ေဈးကြက္သုံးသပ္ခ်က္
ျပည့္ၿဖိဳး (NP News)-ဇန္နဝါရီ ၁၈
ျပည္တြင္းေဈးကြက္အတြင္း၌ ေ႐ႊေဈးႏႈန္းမ်ားစံခ်ိန္တင္ျမင့္တက္ေနၿပီး ကမာၻ႔ေ႐ႊေဈးႏႈန္းအေပၚ မူတည္ကာ ျပည္တြင္းေ႐ႊေဈးမ်ားျမင့္တက္ေနျခင္း ျဖစ္သည္။ ကမာၻ႔ေ႐ႊေဈးႏႈန္းမွာ လက္ရွိတြင္ တစ္ေအာင္စလွ်င္ (၄၅၈၉) ေဒၚလာအထိျမင့္တက္ေနၿပီး ျပည္တြင္းေ႐ႊေဈးမ်ားပါ လိုက္ပါျမင့္တက္ေနျခင္းျဖစ္သည္။ ျပည္တြင္း အေခါက္ ေ႐ႊေဈးသည္ ယခင္တစ္ပတ္က တစ္က်ပ္သားလွ်င္ (၉၄)သိန္းရွိေနရာမွ ယခု တစ္ပတ္တြင္ (၉၆)သိန္း(၈)ေသာင္းအထိ စံခ်ိန္တင္ ေဈးမ်ားျမင့္တက္ေနျခင္းျဖစ္သည္။ ႏိုင္ငံတကာစစ္ပြဲႏွင့္ ႏိုင္ငံေရးအေျခအေနမ်ားအရ အေမရိကန္ေဒၚ လာအစား ေ႐ႊကို ဝယ္လိုအားျမင့္တက္ေနျခင္းျဖစ္သည္။ လက္ရွိအေျခအေနအရ ကမာၻ႔ေ႐ႊေဈးက်ဆင္း ႏိုင္ေျခမရွိ ေသာေၾကာင့္ ျပည္တြင္းေ႐ႊေဈးမ်ားပါ လိုက္ပါျမင့္တက္ေနမည္ျဖစ္သည္။ ျပည္တြင္း ျပည္ပ ပို႔ကုန္/သြင္းကုန္ လုပ္ငန္းမ်ားသည္ လတ္တေလာ တြင္ အေျပာင္းအလဲျဖစ္ေပၚလာၿပီး ပို႔ကုန္ရေငြ(၁၅) ရာခိုင္ႏႈန္းကိုသာ ဗဟိုဘဏ္သို႔ ျပန္လည္ေပးသြင္းရ မည္ျဖစ္သည္။ ထိုသို႔ မူဝါဒအေျပာင္းအလဲမ်ားေၾကာင့္ ျပည္တြင္းေဈးကြက္အတြင္း ေငြလဲႏႈန္းမ်ား အေျပာင္း အလဲျဖစ္ေပၚလာၿပီး လတ္တေလာတြင္ အေမရိကန္ တစ္ေဒၚလာလွ်င္(၄၀၄၅)က်ပ္အထိ ျပန္လည္ျမင့္ တက္လာသည္။ ျပည္တြင္းေငြလဲေဈးကြက္သည္ ဆက္လက္ေစာင့္ၾကည့္ရမည္ျဖစ္ၿပီး ယခုလအတြင္း အေျပာင္း အလဲမ်ား ျမန္ဆန္ေနမည္ျဖစ္သည္။ သြင္းကုန္လုပ္ငန္းအမ်ားစုမွာ သြင္းကုန္လိုင္စင္ ကန႔္သတ္ထားျခင္းေၾကာင့္ ကုန္စည္ျပတ္လတ္ျခင္းႏွင့္ ကုန္ ေဈးႏႈန္းျမင့္တက္ျခင္းတို႔ႀကဳံေတြ႕ေနရသည္။ အေျခ ခံလူတန္းစားမ်ားအတြက္ ေဆးဝါးႏွင့္လူသုံးကုန္စည္ မ်ားမွာ ဆက္တိုက္ ကုန္ေဈးႏႈန္းမ်ားျမင့္တက္ေနရာ ျပည္ပသြင္းကုန္မ်ား ေဈးကြက္အတြင္း ကုန္စည္ျပတ္ ေတာက္မႈေၾကာင့္ျဖစ္ေၾကာင္းသိရသည္။ ေ႐ြး ေကာက္ပြဲလြန္ကာလတြင္ ေဈးကြက္အေျပာင္းအလဲ ရွိလာႏိုင္ေသာ္လည္း လတ္တေလာတြင္ ျပည္ပမွ သြင္းကုန္အမ်ားစုမွာ အခက္အခဲဆက္လက္ရင္ဆိုင္ ေနရမည္ ျဖစ္သည္။ ျပည္တြင္းေငြေၾကးေဖာင္းပြမႈသည္ ကမာၻ႔ဘဏ္၏ခန႔္မွန္းခ်က္အရ (၂၀)ရာခိုင္ႏႈန္း အထက္တြင္ ဆက္လက္ ရပ္တည္ေနမည္ျဖစ္ရာ အေျခခံကုန္ေဈးႏႈန္းမ်ား က်ဆင္းႏိုင္ေျခနည္းပါးေန သည္။ ေငြေၾကးေဖာင္းပြမႈသည္ ျပည္တြင္း ေဈးကြက္အတြက္ အဓိကစိန္ေခၚခ်က္ျဖစ္ၿပီး အေထြေထြကုန္ ေဈးႏႈန္းျမင့္တက္ျခင္းကိုျဖစ္ေပၚေစသည္။ (၂၀၂၁)ႏိုင္ငံ ေရးအေျပာင္းအလဲမ်ားေနာက္ပိုင္းတြင္ ေငြေၾကးေဖာင္းပြမႈ ဆက္တိုက္ျမင့္တက္လာျခင္းျဖစ္ၿပီး လက္ရွိတြင္ ဆက္လက္ျမင့္တက္ေနဆဲျဖစ္သည္။ ျပည္တြင္းအေျခခံကုန္ေဈးႏႈန္းမ်ားတြင္ အေျပာင္းအ လဲနည္းပါးေသာ္လည္း ကုန္စည္အမ်ားစုမွာ အေရာင္း အဝယ္ေကာင္းမြန္ေနေၾကာင္းသိရသည္။ ကုန္စိမ္း ေဈးကြက္အတြင္း သီးႏွံအသစ္မ်ား ထြက္ေပၚလာ ေသာ္လည္း ေဈးေကာင္းေနဆဲျဖစ္သည္။ လတ္တ ေလာတြင္ ခရမ္းခ်ဥ္သီးေဈးေကာင္းရေနၿပီး အျခား သီးႏွံမ်ားမွာ အထိုက္အေလ်ာက္ ေဈးေကာင္းရေနသည္။ အသား ငါးေဈးကြက္တြင္ ပုံမွန္အေရာင္း အဝယ္ေကာင္းမြန္ ေနၿပီးေဈးေကာင္းရေနဆဲျဖစ္သည္။
ျမင့္တက္ေနသည့္ေ႐ႊေဈးကြက္ႏွင့္ ေငြလဲေဈးႏႈန္းမ်ား
ျပည္တြင္းေ႐ႊေဈးကြက္သည္ ကမာၻ႔ေ႐ႊေဈးႏႈန္း အေပၚမူတည္ကာ ဆက္တိုက္ျမင့္တက္ေနၿပီး စံခ်ိန္တင္ေ႐ႊ ေဈးႏႈန္းမ်ားျဖစ္ေပၚေနသည္။ ယခင္တစ္ပတ္ အတြင္းက ေ႐ႊတစ္ေအာင္စလွ်င္ အေမရိကန္ေဒၚလာ (၄၄၀ဝ)ဝန္းက်င္ ရွိခဲ့ေသာ္လည္း ယခုတစ္ပတ္တြင္ (၄၆၀ဝ)နီးပါးသို႔ျမင့္တက္လာျခင္းေၾကာင့္ ျဖစ္သည္။ ျပည္တြင္းေငြလဲေဈးႏႈန္း မ်ားလည္း ယခုတစ္ပတ္အတြင္း အနည္းငယ္ ျပန္လည္ျမင့္တက္ေနရာ ျပည္ တြင္းေ႐ႊေဈးႏႈန္းကို သက္ေရာက္မႈ ျဖစ္ေပၚေစသည္။ ယခင္တစ္ပတ္က အေခါက္ေ႐ႊ တစ္က်ပ္သားလွ်င္ (၉၄)သိန္းဝန္းက်င္သာရွိခဲ့ေသာ္လည္း လက္ရွိတြင္ (၉၆)သိန္းရွစ္ေသာင္းခန႔္အထိ ဆက္တိုက္ျမင့္တက္ လာျခင္းျဖစ္သည္။ အေမရိကန္ႏိုင္ငံ၏ ႏိုင္ငံေရး၊ စစ္ ေရးအေျပာင္း အလဲမ်ားမွာ ကမာၻ႔ေ႐ႊေဈးႏႈန္းကို အဓိက အေျပာင္းအလဲျဖစ္ေပၚေစျခင္းျဖစ္ၿပီး လက္ရွိတြင္ အေမရိကန္ေဒၚလာအစား ေ႐ႊဝယ္လိုအား ေကာင္းမြန္ေနျခင္းေၾကာင့္ျဖစ္သည္။ ႏိုင္ငံတကာေဈးကြက္ကြၽမ္းက်င္သူမ်ား၏သုံးသပ္ခ်က္အရ ကမာၻ႔ေ႐ႊေဈးမွာ ဆက္လက္ေကာင္းမြန္ႏိုင္မည္ျဖစ္ရာ လက္ရွိေပါက္ ေဈးမ်ားမွာ အေျပာင္းအလဲျဖစ္ေပၚေနဦးမည္ျဖစ္ သည္။ ႏိုင္ငံတကာေဈးကြက္အတြင္း ေ႐ႊေဈးႏႈန္း မ်ားမွာ ဆက္လက္ျမင့္တက္ႏိုင္ေျခရွိရာ ျပည္တြင္း ေ႐ႊေဈးႏႈန္းမ်ား အေျပာင္းအလဲျဖစ္ေပၚႏိုင္သည္။ ေ႐ႊေဈးအတက္အက်ေဈးႏႈန္းမ်ား ျမန္ဆန္ႏိုင္ေသာ ေၾကာင့္ ေ႐ႊေဈးကြက္အတြင္း ေရာင္းမွားဝယ္မွားမျဖစ္ ေစရန္ ဂ႐ုစိုက္သင့္ေၾကာင္း ဝါရင့္ေ႐ႊကုန္သည္မ်ားက ေျပာသည္။ ျပည္တြင္းေ႐ႊေဈးႏႈန္းမ်ားမွာ ေငြလဲေဈးႏႈန္းမ်ားႏွင့္ တိုက္႐ိုက္သက္ဆိုင္မႈရွိေနၿပီး လတ္တ ေလာတြင္ အေမရိကန္ေဒၚလာေဈးမ်ား ျပန္လည္ျမင့္ တက္လာျခင္းေၾကာင့္ ေ႐ႊေဈးႏႈန္းမ်ားလည္း ျမင့္ တက္ေနျခင္းျဖစ္သည္။ လက္ရွိတြင္ အေမရိကန္ တစ္ေဒၚလာလွ်င္ (၄၀၈၅)က်ပ္ေပါက္ေဈးရွိေနရာယခင္တစ္ပတ္ကထက္ ေဈးပိုမိုျမင့္တက္လာျခင္းျဖစ္ သည္။ ပို႔ကုန္/သြင္း ကုန္မူဝါဒ အေျပာင္းအလဲေၾကာင့္ အေမရိကန္ေဒၚလာေဈးမ်ား အေျပာင္းအလဲျဖစ္ေပၚ ေနျခင္းျဖစ္ၿပီး လာမည့္ ရက္ပိုင္းအတြင္း အေျပာင္းအ လဲျမန္ဆန္ေနႏိုင္သည္။ လက္ရွိေငြလဲေဈးႏႈန္းမ်ားအ ေနျဖင့္ တ႐ုတ္ေငြတစ္ယြမ္လွ်င္(၅၈၀)က်ပ္၊ ထိုင္းေငြ တစ္ဘတ္လွ်င္(၁၂၉)က်ပ္၊ အိႏၵိယ ေငြတစ္႐ူပီးလွ်င္ (၄၄)က်ပ္ အသီးသီးေပါက္ေဈးရွိေၾကာင္းသိရသည္။ ျပည္ပမွ တင္သြင္းေနသည့္ စက္သုံးဆီေဈးကြက္တြင္ ေဈးႏႈန္းမ်ား အေျပာင္းအလဲနည္းပါးေနၿပီး ေဈးႏႈန္းမ်ားလည္း က်ဆင္းေနေၾကာင္းသိရသည္။ စက္သုံးဆီ ေဈးမွာ ႏွစ္ႏွစ္အတြင္း အနိမ့္ဆုံးေဈးမ်ားျဖင့္ ေရာင္း ခ်ေနျခင္းျဖစ္ၿပီး ဗဟိုဘဏ္က လိုအပ္ေသာႏိုင္ငံျခား ေငြမ်ား ဆက္တိုက္ထုတ္ေရာင္းေပးေနျခင္းေၾကာင့္ ေဈးကြက္တည္ၿငိမ္ေန ျခင္းျဖစ္သည္။ (၂၀၂၆) ခုႏွစ္ သည္ ႏိုင္ငံေရးအေျပာင္းအလဲမ်ားႏွင့္ စီးပြားေရးမူဝါဒ အေျပာင္းအလဲမ်ား ဆက္တိုက္ျဖစ္ ေပၚလာႏိုင္ျခင္းေၾကာင့္ ေငြလဲႏႈန္းႏွင့္ေ႐ႊေဈးကြက္မ်ားကို ဆက္လက္ ေစာင့္ၾကည့္ရမည္ျဖစ္သည္။ ျပည္တြင္းေ႐ႊ ေဈးကြက္မ်ား ႏိုင္ငံတကာေ႐ႊေဈးႏႈန္းကိုမူတည္ကာ အေျပာင္း အလဲျဖစ္ေပၚေနမည္ျဖစ္ၿပီး လတ္တေလာတြင္ ေ႐ႊ ေဈးမ်ားျမင့္တက္ေနျခင္းေၾကာင့္ အေရာင္းအဝယ္ ေအးေနေၾကာင္းသိရသည္။ လာမည့္ရက္ပိုင္းအတြင္း ေ႐ႊေဈးႏႈန္းမ်ား ဆက္လက္ျမင့္တက္ႏိုင္ၿပီး ႏိုင္ငံတ ကာေ႐ႊေဈးအေျပာင္းအလဲကိုသာ အဓိကေစာင့္ ၾကည့္ရမည္ျဖစ္သည္။
ေဈးႏႈန္းမ်ားျမင့္တက္ေနသည့္ ျပည္ပသြင္းကုန္မ်ား
ျမန္မာႏိုင္ငံသည္ ျပည္ပသြင္းကုန္အမ်ားစုသုံးစြဲေနရျခင္းေၾကာင့္ သြင္းကုန္ေဈးႏႈန္းမ်ားမွာဆက္ တိုက္ျမင့္တက္ ေနဆဲျဖစ္သည္။ ျပည္ပမွာအဓိကတင္ သြင္းသည့္ေဆးဝါးမ်ားမွာ ေဈးကြက္အတြင္း ေဈးႏႈန္း မ်ားျမင့္တက္ေနျခင္းျဖစ္ၿပီး နာတာရွည္ေရာဂါမ်ားအတြက္ ေဆးဝါးမ်ားမွာ ေဈးျမင့္ေနေၾကာင္းသိရသည္။ အိမ္သုံးေဆးဝါးမ်ားအပါအဝင္ ႏိုင္ငံျခား ေဆးဝါးအမ်ားစုမွာ ေဈးကြက္အတြင္း ပစၥည္းျပတ္လပ္မႈျဖစ္ေပၚေနၿပီး အာနိသင္တူေဆးဝါးမ်ား ကိုသာသုံးစြဲ ေနရေၾကာင္း အေျခခံျပည္သူမ်ားထံမွသိရသည္။
ေဆးပစၥည္းအသင္းဝင္ကုမၸဏီမ်ားမွတင္ျပလာေသာ သြင္းကုန္လိုင္စင္မ်ားကို လစဥ္သတ္မွတ္ခြင့္ျပဳ ေပးသည့္ ပမာဏေပၚမူတည္ကာ တင္သြင္းသူမ်ား တန္းတူညီမွ်သည့္ပမာဏရရွိရန္အတြက္ အခ်ိဳးက်ခြဲ ေဝမႈျဖင့္စိစစ္ၿပီး ကုန္သြယ္ေရးဦးစီးဌာနသို႔ ျပန္လည္ စုစည္းေပးပို႔တင္ျပရေၾကာင္းသိရသည္။ ေဈးကြက္အတြင္း၌ ေဆးဝါးႏွင့္ ေဆးပစၥည္းမ်ား ပုံမွန္ဝယ္ယူရရွိ ႏိုင္ေစရန္ တင္သြင္းျဖန႔္ျဖဴးေရာင္းခ်သည့္ကုမၸဏီမ်ား၊ လက္လီ/လက္ကား ျဖန႔္ျဖဴး ေရာင္းခ်ေနေသာ အေရာင္းဆိုင္မ်ားအား လိုအပ္သလို ပုံမွန္ေတြ႕ဆုံ ျခင္း၊ တိုက္တြန္းႏႈိးေဆာ္စာမ်ား အပတ္စဥ္ေပးပို႔ျခင္း တို႔ျဖင့္ စီစဥ္ေဆာင္႐ြက္လ်က္ရွိေၾကာင္းသိရသည္။
ျပည္သူ႔ေဆး႐ုံမ်ားတြင္ တက္ေရာက္ကုသေနသည့္ ေရာဂါေဝဒနာရွင္မ်ားအတြက္ သုံးစြဲရန္လိုအပ္သည့္ ေဆးဝါးမ်ား ျပတ္လပ္မႈမရွိေစရန္၊ ဆီးခ်ိဳ၊ ေသြးတိုး၊ ႏွလုံး၊ ကင္ဆာ စသည့္ေရာဂါမ်ားအတြက္ လိုအပ္ေသာ ကုသမႈ ဆိုင္ရာေဆးဝါးမ်ား၊ ေက်ာက္ကပ္ေဆးရန္ လိုအပ္ေသာေဆးဝါး၊ ေဆးပစၥည္းမ်ား အစ ရွိသည့္ အေရးႀကီး ေဆးဝါးႏွင့္ ေဆးပစၥည္းမ်ားကို ပုံမွန္တင္သြင္းေဆာင္႐ြက္ႏိုင္ရန္ လိုအပ္ခ်က္အရ သက္ဆိုင္ရာဌာနမ်ားထံ ေထာက္ခံတင္ျပေပးျခင္း၊ ဆက္သြယ္ေဆာင္႐ြက္ေပးျခင္းမ်ား ျပဳလုပ္လ်က္ရွိ ေၾကာင္းသိရသည္။ ျမန္မာႏိုင္ငံသည္ ႏွစ္စဥ္ ေဆးဝါး တင္သြင္းမႈအေနျဖင့္ အေမရိကန္ေဒၚလာ သန္း (၄၀ဝ)မွ သန္း(၅၀ဝ)ၾကားသုံးစြဲေနရျခင္းေၾကာင့္ ျပည္ပသြင္း ကုန္လိုအပ္ခ်က္ ျမင့္တက္ေနျခင္းျဖစ္သည္။ ထို႔ျပင္ လူသုံးကုန္ပစၥည္းအမ်ားစုမွာလည္း ျပည္ပသြင္း ကုန္မ်ားျဖစ္ ေသာေၾကာင့္ လတ္တေလာတြင္ ကုန္ေဈးႏႈန္းျမင့္တက္ျခင္းမ်ား ႀကဳံေတြ႕ေနရေၾကာင္း အေျခခံျပည္သူမ်ား ထံမွသိရသည္။ ထိုင္းႏိုင္ငံႏွင့္တ႐ုတ္ႏိုင္ငံတို႔မွ ကုန္စည္အမ်ားစုကို အေျခခံျပည္သူမ်ားသုံးစြဲေနျခင္းျဖစ္ၿပီး လတ္တ ေလာတြင္နယ္စပ္ကုန္သြယ္ေရးလုပ္ငန္းမ်ားအားနည္းေနရာ လူသုံးကုန္ပစၥည္းအမ်ားစုမွာ ကုန္ေဈးႏႈန္းမ်ား ျမင့္ တက္ေနဆဲျဖစ္သည္။ အေျခခံလူသုံးကုန္အမ်ားစု ျဖစ္ေသာ ကိုယ္တိုက္ဆပ္ျပာ၊ လွ်ပ္စစ္ပစၥည္းမ်ားႏွင့္ ေဆာက္လုပ္ ေရးသုံး ကုန္စည္အမ်ားစုမွာေဈးႏႈန္းမ်ား ျမင့္တက္ေနေၾကာင္းသိရသည္။ ျပည္ပသြင္းကုန္မ်ား ကို ဆက္လက္ ထိန္းခ်ဳပ္ထားဆဲျဖစ္ရာ လာမည့္ရက္ မ်ားအတြင္း ကုန္စည္ေဈးႏႈန္းမ်ား အေျပာင္းအလဲ နည္းပါးႏိုင္ ေၾကာင္းသိရသည္။ လက္ရွိ ပြင့္လင္းရာသီ အတြင္း ျပည္ပသြင္းကုန္ေဈးကြက္မွာ ဆက္လက္ၿပီး ေဈးႏႈန္းျမင့္တက္ေနမည္ျဖစ္သည္။
အေျခခံကုန္စည္မ်ားႏွင့္ စားေသာက္ကုန္ေဈးႏႈန္းမ်ား
ရပ္ကြက္ေဈးမ်ားတြင္ မုန္ညင္းဖူးတစ္ဖူး (၆၀ဝ-၇၀ဝ) က်ပ္၊ မုန္လာဥျဖဴတစ္စည္း (၇၀ဝ-၁၀ဝဝ) က်ပ္၊ ဘူးသီးအေသးတစ္လုံး (၁၀ဝဝ) က်ပ္၊ နံနံပင္အစည္းႀကီးတစ္စည္း (၅၀ဝ) က်ပ္၊ ခရမ္းသီး (၄)လုံး (၁၀ဝဝ)က်ပ္၊ ေျပာင္းဖူးတစ္ဖူး (၅၀ဝ)က်ပ္၊ ေျမပဲအစိမ္းတစ္ဘူး (၅၀ဝ-၇၀ဝ)က်ပ္၊ ပန္းပြင့္စိမ္း တစ္ပြင့္ (၁၀ဝဝ)က်ပ္ ေဈးမ်ား ျဖင့္ေရာင္းခ်ေနၾကသည္။ သံပရာသီးတစ္လုံး (၅၀ဝ)က်ပ္၊ သံပ႐ိုသီးတစ္လုံး (၂၅၀)က်ပ္၊ ကိုင္းခရမ္းခ်ဥ္သီး တစ္ဆယ္သား (၈၀ဝ)က်ပ္၊ ႐ိုး႐ိုးခရမ္းခ်ဥ္သီးတစ္ဆယ္သား (၇၀ဝ) က်ပ္ေဈးတို႔ျဖင့္ ေဈးျမင့္တက္လ်က္ရွိသည္။ ပူဒီနာ တစ္စည္း (၅၀ဝ)က်ပ္၊ ျမင္းခြာ႐ြက္တစ္စည္း (၂၅၀) က်ပ္၊ ႐ုံးပတီသီးတစ္ဆယ္သား (၆၀ဝ)က်ပ္၊ ပင္စိမ္း တစ္စည္း (၃၀ဝ)က်ပ္ေဈးတို႔ျဖင့္ ပုံမွန္အတိုင္း ေဈးႏႈန္းတည္ၿငိမ္ေနသည္။ ပဲေတာင့္ရွည္တစ္စည္း (၁၀ဝဝ)က်ပ္၊ ဘူးၫြန႔္ တစ္စည္း (၁၀ဝဝ)က်ပ္၊ ေဂၚ ဖီတစ္ထုပ္ (၃၀ဝဝ-၄၀ဝဝ)က်ပ္၊ ကိုက္လန္တစ္စည္း (၁၃၀ဝ) က်ပ္၊ ကင္မြန္းခ်ဥ္တစ္စည္း (၁၀ဝဝ)က်ပ္၊ ဆလပ္႐ြက္တစ္စည္း (၁၀ဝဝ)က်ပ္၊ ပန္းေဂၚဖီတစ္ပြင့္ (၁၅၀ဝ-၂၀ဝဝ)က်ပ္ေဈးတို႔ျဖင့္ ေဈးျပန္ျမင့္တက္ ေနသည္။ ၾကက္သြန္ျဖဴ၊ ၾကက္သြန္နီမ်ား ေဈးျပန္ ျမင့္တက္လာသည္။ ျမစ္သားၾကက္သြန္နီ တစ္ပိႆာ (၄၀ဝဝ-၄၅၀ဝ) က်ပ္၊ မုံ႐ြာၾကက္သြန္နီတစ္ပိႆာ (၃၀ဝဝ)က်ပ္ေဈးမ်ားျဖင့္ ယခင္တစ္ပတ္ထက္ ေဈးျမင့္တက္သည္။ ၾကက္သြန္ျဖဴ မ်ားလည္း ေဈးျမင့္ တက္ေနၿပီး ဗမာ-ထူး ၾကက္သြန္ျဖဴတစ္ပိႆာ (၁၀ဝဝဝ-၁၃၀ဝဝ) က်ပ္ေဈးမ်ားအၾကားတြင္ရွိ သည္။ ၾကဴကုတ္ၾကက္သြန္ျဖဴမ်ားက တစ္ပိႆာ (၂၀ဝဝဝ-၂၂၀ဝဝ) က်ပ္ေဈးျဖင့္ ပုံမွန္အျမင့္ေဈးအ တိုင္းရွိသည္။ အာလူးေဈးမ်ားက တစ္ပိႆာ (၈၀ဝဝ-၁၀ဝဝဝ) က်ပ္ေဈးတို႔ျဖင့္ ပုံမွန္အျမင့္ေဈးအတိုင္းရွိသည့္အျပင္ ပဲေဈးႏႈန္း မ်ားလည္း ပုံမွန္အတိုင္း ေပါက္ေဈးျဖစ္ေပၚေနေၾကာင္းသိရသည္။ ကုလားပဲျခမ္းတစ္ဆယ္သား (၉၀ဝ-၁၀ဝဝ)က်ပ္၊ ပဲႀကီးတစ္ဆယ္သား (၁၂၀ဝ)က်ပ္၊ ပဲႀကီးတစ္ဘူး (၁၅၀ဝ)က်ပ္၊ ပဲနီေလး တစ္ဆယ္သား (၁၈၀ဝ-၂၀ဝဝ)က်ပ္၊ ပဲေရပြ တစ္ဘူး(၁၅၀ဝ-၁၆၀ဝ)က်ပ္ ေဈးမ်ားျဖင့္ ပုံမွန္အတိုင္းေရာင္းခ်ေနၾကသည္။ ကုန္ ေျခာက္မ်ားအနက္တြင္ မန္က်ည္းသီးမွည့္တစ္ဆယ္ သား (၁၃၀ဝ)က်ပ္၊ ခ်င္းတစ္ဆယ္သား (၁၀ဝဝ) က်ပ္ေဈးတို႔ျဖင့္ အျမင့္ေဈးမ်ား တြင္ရပ္တည္ေနသည္။ အသားငါးေဈးမ်ားမွာ အေျပာင္းအလဲနည္း ပါးၿပီး ကုန္စိမ္းသီးႏွံမ်ားတြင္သာ ေဈးႏႈန္း အေျပာင္း အလဲျဖစ္ေပၚေနျခင္းျဖစ္သည္။ အထက္ပါ ကုန္စည္ေဈးႏႈန္းမ်ားမွာ ရန္ကုန္အေျခစိုက္ေဈးကြက္အတြင္း မွေကာက္ယူ ထားသည့္ေဈးႏႈန္းမ်ားျဖစ္ၿပီး ေဒသအလိုက္ ကြာျခားခ်က္မ်ားရွိႏိုင္သည္။ အေျခခံမီးဖိုေခ်ာင္ သုံးကုန္စည္မ်ားသည္ ပြင့္လင္းရာသီအတြင္း ေဈးႏႈန္းအတက္အက်နည္းပါးႏိုင္ေသာ္လည္း လက္ရွိတြင္ ေဈးႏႈန္းအျမင့္ပိုင္းတြင္ဆက္ လက္ရပ္တည္ ေနမည္ျဖစ္သည္။