ရေဖြူ၊ ပေါက်ပင်ကွင်းက ခရီးသည်တင်ကားတစ်စီး ရေးမြို့နယ်အဝင်တွင် တိမ်းမှောက်ပြီး ငါးဦးဒဏ်ရာရ

 426

ကိုဖြိုး(NP News)ဇန်နဝါရီ ၁၈
ရေး - ထားဝယ်ကားလမ်းမ၊ ရေးမြို့နယ်၊ ကိုးမိုင်ရွာအဝင်တွင် ဇန်နဝါရီလ ၁၇ ရက် ညနေပိုင်းက ကားတစ်စီး တိမ်းမှောက်ခဲ့ရာ ကားပေါ်ပါလာသူ အမျိုးသား သုံးဦးနှင့် အမျိုးသမီး နှစ်ဦး စုစုပေါင်း ငါးဦး ဒဏ်ရာရရှိကြောင်း သွားရောက်ကူညီပေးခဲ့သည့် ပရဟိတအသင်းများထံမှ သိရသည်။
တိမ်းမှောက်သည့်ကားမှာ ရေးမြို့မှ ရေဖြူမြို့နယ်၊ နတ်ကြီးစင်ကျေးရွာအုပ်စု၊ ပေါက်ပင်ကွင်းရွာသို့ ပြန်လာသည့် ပေါက်ပင်ကွင်းရွာမှ ခရီးသည်တင်ကားဖြစ်သည်။
"ကားက ဖိုးဝှီး (Four Wheels) ကားကို ပြန်ဆင်ထားတဲ့ ကားအမျိုးအစားပါ။ ဈေးကားပုံစံမျိုးပေါ့။ ကားမှောက်ပြီး မီးထလောင်တယ်။ ဘယ်လိုမှောက်တယ်ဆိုတာတော့ မသိရသေးဘူး" ဟု သွားရောက်ကူညီပေးခဲ့သည့် ရေးမြို့အခြေစိုက် အောင်မင်္ဂလာနာရေးကူညီမှုနှင့် လူမှုကယ်ဆယ်ရေးအသင်းမှ အသင်းဝင်တစ်ဦးက ပြောသည်။
ဒဏ်ရာရသူများကို ရေးမြို့ဆေးရုံသို့ ပို့ဆောင်ပေးထားကြောင်း ၎င်းကပြောသည်။
အောင်မင်္ဂလာနာရေးကူညီမှုနှင့် လူမှုကယ်ဆယ်ရေးအသင်းနှင့်အတူ ကိုးမိုင်ရွာလူနာတင်ယာဉ်၊ ဣစ္ဆာသယ (အဏ္ဏဝါ) အသင်းနှင့် မေတ္တာရှင် (ချောင်းတောင်) လူနာတင်ယာဉ်တို့က ဒဏ်ရာရလူနာများအား ဆေးရုံပို့ဆောင်ရာတွင် ပူးပေါင်းကူညီခဲ့ကြောင်း ယင်းအသင်းများထံမှ သိရသည်။

Zawgyi Version:
ေရျဖဴ၊ ေပါက္ပင္ကြင္းက ခရီးသည္တင္ကားတစ္စီး ေရးၿမိဳ႕နယ္အဝင္တြင္ တိမ္းေမွာက္ၿပီး ငါးဦးဒဏ္ရာရ
ကိုၿဖိဳး(NP News)ဇန္နဝါရီ ၁၈
ေရး - ထားဝယ္ကားလမ္းမ၊ ေရးၿမိဳ႕နယ္၊ ကိုးမိုင္႐ြာအဝင္တြင္ ဇန္နဝါရီလ ၁၇ ရက္ ညေနပိုင္းက ကားတစ္စီး တိမ္းေမွာက္ခဲ့ရာ ကားေပၚပါလာသူ အမ်ိဳးသား သုံးဦးႏွင့္ အမ်ိဳးသမီး ႏွစ္ဦး စုစုေပါင္း ငါးဦး ဒဏ္ရာရရွိေၾကာင္း သြားေရာက္ကူညီေပးခဲ့သည့္ ပရဟိတအသင္းမ်ားထံမွ သိရသည္။
တိမ္းေမွာက္သည့္ကားမွာ ေရးၿမိဳ႕မွ ေရျဖဴၿမိဳ႕နယ္၊ နတ္ႀကီးစင္ေက်း႐ြာအုပ္စု၊ ေပါက္ပင္ကြင္း႐ြာသို႔ ျပန္လာသည့္ ေပါက္ပင္ကြင္း႐ြာမွ ခရီးသည္တင္ကားျဖစ္သည္။
"ကားက ဖိုးဝွီး (Four Wheels) ကားကို ျပန္ဆင္ထားတဲ့ ကားအမ်ိဳးအစားပါ။ ေဈးကားပုံစံမ်ိဳးေပါ့။ ကားေမွာက္ၿပီး မီးထေလာင္တယ္။ ဘယ္လိုေမွာက္တယ္ဆိုတာေတာ့ မသိရေသးဘူး" ဟု သြားေရာက္ကူညီေပးခဲ့သည့္ ေရးၿမိဳ႕အေျခစိုက္ ေအာင္မဂၤလာနာေရးကူညီမႈႏွင့္ လူမႈကယ္ဆယ္ေရးအသင္းမွ အသင္းဝင္တစ္ဦးက ေျပာသည္။
ဒဏ္ရာရသူမ်ားကို ေရးၿမိဳ႕ေဆး႐ုံသို႔ ပို႔ေဆာင္ေပးထားေၾကာင္း ၎ကေျပာသည္။
ေအာင္မဂၤလာနာေရးကူညီမႈႏွင့္ လူမႈကယ္ဆယ္ေရးအသင္းႏွင့္အတူ ကိုးမိုင္႐ြာလူနာတင္ယာဥ္၊ ဣစာၦသယ (အဏၰဝါ) အသင္းႏွင့္ ေမတၱာရွင္ (ေခ်ာင္းေတာင္) လူနာတင္ယာဥ္တို႔က ဒဏ္ရာရလူနာမ်ားအား ေဆး႐ုံပို႔ေဆာင္ရာတြင္ ပူးေပါင္းကူညီခဲ့ေၾကာင္း ယင္းအသင္းမ်ားထံမွ သိရသည္။

Related news

© 2021. All rights reserved.