ဒိန်းမတ်က နောက်ထပ်စစ်ဘက်ဆိုင်ရာပိုင်ဆိုင်မှုများကို ဂရင်းလန်းကျွန်းတွင် ထပ်မံဖြန့်ကြက်ချထားနေ

3605

Pika(NP News)-ဇန်နဝါရီ ၁၈
ဒိန်းမတ်နိုင်ငံ၏ နောက်ထပ်စစ်ဘက်ဆိုင် ရာပိုင်ဆိုင်မှုများကို ဂရင်းလန်းကျွန်းသို့ ဖြန့်ကြက်ချထားမှုများကို စတင်လုပ်ဆောင်နေပြီဖြစ်ကြောင်း ဒိန်းမတ်အစိုးရက ထုတ်ပြန်ပြောကြားခဲ့သည်။ ဂရင်း လန်းကျွန်းနှင့်ပတ်သက်ပြီး အမေရိကန်နှင့်ဒိန်းမတ်တို့ကြား တင်းမာမှုများမြင့်တက်နေသည့်အချိန်တွင် ဒိန်းမတ်အစိုးရ၏လှုပ်ရှားမှုများ ထွက်ပေါ် လာခြင်းဖြစ်သည်။ ဂရင်းလန်းကျွန်းကို တစ်နည်းနည်းဖြင့်သိမ်းယူ သွားမည်ဟု အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က ထုတ်ဖော်ပြောဆိုခဲ့ပြီးနောက် ရက်အနည်းငယ်အကြာတွင် ဒိန်းမတ်က ယခုကဲ့သို့လှုပ်ရှားမှုများကို စတင်ခဲ့ ခြင်းဖြစ် သည်။
ဂရင်းလန်းကျွန်းကိုသိမ်းယူခြင်းက အမေရိကန်အမျိုးသားလုံခြုံရေးအတွက်အရေးကြီးကြောင်းနှင့် စစ်ရေးနည်း လမ်းများကို အသုံးပြုသွားနိုင်သည်ဟု ဒေါ်နယ်ထရမ့်က ပြီးခဲ့သည့်ရက်ပိုင်းတွင် အကြိမ် ကြိမ်ထုတ်ဖော်ပြောဆိုခဲ့သည်။ အခြား ဥရောပနိုင်ငံများစွာက တပ်ဖွဲ့များပါဝင်မည့် ဒိန်းမတ်တပ်ဖွဲ့ကြီးက ဂရင်းလန်းကျွန်းသို့မရောက်လာမီ ဂရင်းလန်း ကျွန်း၏ ထောက်ပံ့ပို့ဆောင်ရေးနှင့် အခြေခံအဆောက်အအုံများကို အရင်ဆုံးပြင်ဆင်ရန် ဒိန်းမတ်အစိုးရက စီစဉ်ထား ကြောင်းလည်းသိရသည်။
ဒိန်းမတ်အစိုးရက ‘ဒါက ပြီးခဲ့တဲ့သီတင်း ပတ်တွေတည်းက ကျွန်တော်တို့တောင်းဆိုနေတဲ့ အရာပဲဖြစ်ပါတယ်။ ဒါက ပညာသားပါတဲ့ လှုပ်ရှားမှု တစ်ခုပဲဖြစ်ပါတယ်။ ဒီလုပ်ဆောင်မှုက ဂရင်းလန်း ကျွန်းကိုတိုက်ခိုက်ဖို့အကြံအစည်ရှိတဲ့ အင်အားကြီး နိုင်ငံတွေအားလုံးဆီကို ပေးပို့ဖို့လိုအပ်တဲ့ အချက်ပြမှု တစ်ခုပဲဖြစ်ပါတယ်’ဟုပြောဆိုခဲ့သည်။

Zawgyi Version:
ဒိန္းမတ္က ေနာက္ထပ္စစ္ဘက္ဆိုင္ရာပိုင္ဆိုင္မႈမ်ားကို ဂရင္းလန္းကြၽန္းတြင္ ထပ္မံျဖန႔္ၾကက္ခ်ထားေန
Pika(NP News)-ဇန္နဝါရီ ၁၈
ဒိန္းမတ္ႏိုင္ငံ၏ ေနာက္ထပ္စစ္ဘက္ဆိုင္ ရာပိုင္ဆိုင္မႈမ်ားကို ဂရင္းလန္းကြၽန္းသို႔ ျဖန႔္ၾကက္ခ်ထားမႈမ်ားကို စတင္လုပ္ေဆာင္ေနၿပီျဖစ္ေၾကာင္း ဒိန္းမတ္အစိုးရက ထုတ္ျပန္ေျပာၾကားခဲ့သည္။ ဂရင္း လန္းကြၽန္းႏွင့္ပတ္သက္ၿပီး အေမရိကန္ႏွင့္ဒိန္းမတ္တို႔ၾကား တင္းမာမႈမ်ားျမင့္တက္ေနသည့္အခ်ိန္တြင္ ဒိန္းမတ္အစိုးရ၏လႈပ္ရွားမႈမ်ား ထြက္ေပၚ လာျခင္းျဖစ္သည္။ ဂရင္းလန္းကြၽန္းကို တစ္နည္းနည္းျဖင့္သိမ္းယူ သြားမည္ဟု အေမရိကန္သမၼတ ေဒၚနယ္ထရမ့္က ထုတ္ေဖာ္ေျပာဆိုခဲ့ၿပီးေနာက္ ရက္အနည္းငယ္အၾကာတြင္ ဒိန္းမတ္က ယခုကဲ့သို႔လႈပ္ရွားမႈမ်ားကို စတင္ခဲ့ ျခင္းျဖစ္ သည္။
ဂရင္းလန္းကြၽန္းကိုသိမ္းယူျခင္းက အေမရိကန္အမ်ိဳးသားလုံၿခဳံေရးအတြက္အေရးႀကီးေၾကာင္းႏွင့္ စစ္ေရးနည္း လမ္းမ်ားကို အသုံးျပဳသြားႏိုင္သည္ဟု ေဒၚနယ္ထရမ့္က ၿပီးခဲ့သည့္ရက္ပိုင္းတြင္ အႀကိမ္ ႀကိမ္ထုတ္ေဖာ္ေျပာဆိုခဲ့သည္။ အျခား ဥေရာပႏိုင္ငံမ်ားစြာက တပ္ဖြဲ႕မ်ားပါဝင္မည့္ ဒိန္းမတ္တပ္ဖြဲ႕ႀကီးက ဂရင္းလန္းကြၽန္းသို႔မေရာက္လာမီ ဂရင္းလန္း ကြၽန္း၏ ေထာက္ပံ့ပို႔ေဆာင္ေရးႏွင့္ အေျခခံအေဆာက္အအုံမ်ားကို အရင္ဆုံးျပင္ဆင္ရန္ ဒိန္းမတ္အစိုးရက စီစဥ္ထား ေၾကာင္းလည္းသိရသည္။
ဒိန္းမတ္အစိုးရက ‘ဒါက ၿပီးခဲ့တဲ့သီတင္း ပတ္ေတြတည္းက ကြၽန္ေတာ္တို႔ေတာင္းဆိုေနတဲ့ အရာပဲျဖစ္ပါတယ္။ ဒါက ပညာသားပါတဲ့ လႈပ္ရွားမႈ တစ္ခုပဲျဖစ္ပါတယ္။ ဒီလုပ္ေဆာင္မႈက ဂရင္းလန္း ကြၽန္းကိုတိုက္ခိုက္ဖို႔အႀကံအစည္ရွိတဲ့ အင္အားႀကီး ႏိုင္ငံေတြအားလုံးဆီကို ေပးပို႔ဖို႔လိုအပ္တဲ့ အခ်က္ျပမႈ တစ္ခုပဲျဖစ္ပါတယ္’ဟုေျပာဆိုခဲ့သည္။