ရုရှား၏ "မိုးပျံမျက်လုံး" ရေဒါနှင့် လေကြောင်းကာကွယ်ရေးစနစ်များကို ယူကရိန်း တိုက်ခိုက်ချေမှုန်း

 3079

ဂျန်ဇက်(NP News)ဇန်နဝါရီ ၁၈
ယူကရိန်း အထူးစစ်ဆင်ရေးတပ်ဖွဲ့ (SSO) သည် ရုရှားတို့ သိမ်းပိုက်ထားသော ခရိုင်းမီးယားဒေသရှိ တန်ဖိုးကြီး လေကြောင်းရန်ကာကွယ်ရေးစနစ်များနှင့် ရေဒါစခန်းများကို ဇန်နဝါရီ ၁၇ ရက်နေ့တွင် အတိုက်ခိုက်ဖျက်ဆီးနိုင်ခဲ့ကြောင်း တရားဝင် ထုတ်ပြန်ကြေညာလိုက်သည်။ယူကရိန်းစစ်ဘက် ထောက်လှမ်းရေးအချက်အလက်များအရ ခရိုင်းမီးယားဒေသတွင် တပ်စွဲထားသော ရုရှား၏ "Nebo-U" အမျိုးအစား တာဝေးပစ် ရေဒါစနစ်ကြီးတစ်ခုကို ဒရုန်းဖြင့် တိုက်ရိုက်ထိမှန်ခဲ့ကြောင်း သိရသည်။ Nebo-U သည် ဒေါ်လာသန်း ၁၀၀ ခန့် တန်းဖိုးရှိပြီး ကီလိုမီတာ ၆၀၀ (မိုင် ၃၇၀) အကွာအဝေးအတွင်းရှိ လေယာဉ်များ၊ ဒုံးကျည်များနှင့် ဒရုန်းများကို ထောက်လှမ်းနိုင်သော ရုရှား၏ အဆင့်မြင့်ဆုံး ရေဒါစနစ်တစ်ခု ဖြစ်သည်။စစ်ရေးကျွမ်းကျင်သူများက "အဲဒီရေဒါစနစ် ပျက်စီးသွားခြင်းဟာ ရုရှားရဲ့လေကြောင်းထောက်လှမ်းရေးကွန်ရက်မှာကြီးမားတဲ့ ဟာကွက် (Blind Spot) တစ်ခုကို ဖြစ်ပေါ်ဖွယ်ရှိနေတယ်။ယူကရိန်းက အသုံးပြုခဲ့တဲ့ Storm Shadow လိုမျိုးခရုဇ်ဒုံးကျည် တိုက်ခိုက်မှုများအတွက် လမ်းပွင့်သွားစေနိုင်တယ်။" ဟု သုံးသပ်ကြသည်။ထို့အပြင် ခရိုင်းမီးယားဒေသရှိ စစ်ရေးအရ အရေးပါသော နေရာများကို ကာကွယ်ပေးထားသည့် Pantsir-S1 (Pantsyr-S1) လေယာဉ်ပစ် ဒုံးကျည်နှင့် အမြောက်တွဲစပ်စနစ်တစ်ခုကိုလည်း ဖျက်ဆီးနိုင်ခဲ့ကြောင်း SSO အဖွဲ့က ပြောသည်။တိုက်ခိုက်မှုများသည် ခရိုင်းမီးယားတွင်သာမက ရုရှားတပ်များ ယာယီသိမ်းပိုက်ထားသော ဒိုးနက်စ် (Donetsk) နှင့် ဇာပိုရီးရှား (Zaporizhzhia) ဒေသများသို့ပါ ပျံ့နှံ့ခဲ့သည်။ရုရှားကာကွယ်ရေးဝန်ကြီးဌာနကမူ အဆိုပါ ပျက်စီးဆုံးရှုံးမှု အသေးစိတ်ကို ထုတ်ပြန်ခြင်း မရှိသေးကြောင်းသိရသည်။ ရုရှားစစ်ဘက်က ပြီးခဲ့သည့်ရက်ပိုင်းအတွင်း ခရိုင်းမီးယားနှင့် အဇော့ဖ်ပင်လယ် (Sea of Azov) ဒေသတစ်ဝိုက်တွင် ယူကရိန်းဒရုန်း အများအပြားကို ကြားဖြတ်ပစ်ချခဲ့ကြောင်းသာ ယေဘုယျ သတင်းထုတ်ပြန်ထားသည်။ယူကရိန်းသည် ရုရှား၏ "မျက်လုံး" ဖြစ်သော ရေဒါများနှင့် "ဒိုင်း" ဖြစ်သော လေကြောင်းကာကွယ်ရေးစနစ်များကို စနစ်တကျ ဖျက်ဆီးနေသည့် ပုံစံမျိုး တွေ့ရကြောင်း အဆိုပါလုပ်ရပ်သည် ယူကရိန်းလေတပ်မှ F-16 တိုက်လေယာဉ်များ လှုပ်ရှားမှုအတွက် ကြိုတင်ပြင်ဆင်ခြင်း ဖြစ်နိုင်ကြောင်း သုံးသပ်မှုများရှိနေသည်။

Zawgyi Version:
႐ုရွား၏ "မိုးပ်ံမ်က္လုံး" ေရဒါႏွင့္ ေလေၾကာင္းကာကြယ္ေရးစနစ္မ်ားကို ယူကရိန္း တိုက္ခိုက္ေခ်မႈန္း
ဂ်န္ဇက္(NP News)ဇန္နဝါရီ ၁၈
ယူကရိန္း အထူးစစ္ဆင္ေရးတပ္ဖြဲ႕ (SSO) သည္ ႐ုရွားတို႔ သိမ္းပိုက္ထားေသာ ခ႐ိုင္းမီးယားေဒသရွိ တန္ဖိုးႀကီး ေလေၾကာင္းရန္ကာကြယ္ေရးစနစ္မ်ားႏွင့္ ေရဒါစခန္းမ်ားကို ဇန္နဝါရီ ၁၇ ရက္ေန႔တြင္ အတိုက္ခိုက္ဖ်က္ဆီးႏိုင္ခဲ့ေၾကာင္း တရားဝင္ ထုတ္ျပန္ေၾကညာလိုက္သည္။ယူကရိန္းစစ္ဘက္ ေထာက္လွမ္းေရးအခ်က္အလက္မ်ားအရ ခ႐ိုင္းမီးယားေဒသတြင္ တပ္စြဲထားေသာ ႐ုရွား၏ "Nebo-U" အမ်ိဳးအစား တာေဝးပစ္ ေရဒါစနစ္ႀကီးတစ္ခုကို ဒ႐ုန္းျဖင့္ တိုက္႐ိုက္ထိမွန္ခဲ့ေၾကာင္း သိရသည္။ Nebo-U သည္ ေဒၚလာသန္း ၁၀၀ ခန႔္ တန္းဖိုးရွိၿပီး ကီလိုမီတာ ၆၀၀ (မိုင္ ၃၇၀) အကြာအေဝးအတြင္းရွိ ေလယာဥ္မ်ား၊ ဒုံးက်ည္မ်ားႏွင့္ ဒ႐ုန္းမ်ားကို ေထာက္လွမ္းႏိုင္ေသာ ႐ုရွား၏ အဆင့္ျမင့္ဆုံး ေရဒါစနစ္တစ္ခု ျဖစ္သည္။စစ္ေရးကြၽမ္းက်င္သူမ်ားက "အဲဒီေရဒါစနစ္ ပ်က္စီးသြားျခင္းဟာ ႐ုရွားရဲ႕ေလေၾကာင္းေထာက္လွမ္းေရးကြန္ရက္မွာႀကီးမားတဲ့ ဟာကြက္ (Blind Spot) တစ္ခုကို ျဖစ္ေပၚဖြယ္ရွိေနတယ္။ယူကရိန္းက အသုံးျပဳခဲ့တဲ့ Storm Shadow လိုမ်ိဳးခ႐ုဇ္ဒုံးက်ည္ တိုက္ခိုက္မႈမ်ားအတြက္ လမ္းပြင့္သြားေစႏိုင္တယ္။" ဟု သုံးသပ္ၾကသည္။ထို႔အျပင္ ခ႐ိုင္းမီးယားေဒသရွိ စစ္ေရးအရ အေရးပါေသာ ေနရာမ်ားကို ကာကြယ္ေပးထားသည့္ Pantsir-S1 (Pantsyr-S1) ေလယာဥ္ပစ္ ဒုံးက်ည္ႏွင့္ အေျမာက္တြဲစပ္စနစ္တစ္ခုကိုလည္း ဖ်က္ဆီးႏိုင္ခဲ့ေၾကာင္း SSO အဖြဲ႕က ေျပာသည္။တိုက္ခိုက္မႈမ်ားသည္ ခ႐ိုင္းမီးယားတြင္သာမက ႐ုရွားတပ္မ်ား ယာယီသိမ္းပိုက္ထားေသာ ဒိုးနက္စ္ (Donetsk) ႏွင့္ ဇာပိုရီးရွား (Zaporizhzhia) ေဒသမ်ားသို႔ပါ ပ်ံ႕ႏွံ႔ခဲ့သည္။႐ုရွားကာကြယ္ေရးဝန္ႀကီးဌာနကမူ အဆိုပါ ပ်က္စီးဆုံးရႈံးမႈ အေသးစိတ္ကို ထုတ္ျပန္ျခင္း မရွိေသးေၾကာင္းသိရသည္။ ႐ုရွားစစ္ဘက္က ၿပီးခဲ့သည့္ရက္ပိုင္းအတြင္း ခ႐ိုင္းမီးယားႏွင့္ အေဇာ့ဖ္ပင္လယ္ (Sea of Azov) ေဒသတစ္ဝိုက္တြင္ ယူကရိန္းဒ႐ုန္း အမ်ားအျပားကို ၾကားျဖတ္ပစ္ခ်ခဲ့ေၾကာင္းသာ ေယဘုယ် သတင္းထုတ္ျပန္ထားသည္။ယူကရိန္းသည္ ႐ုရွား၏ "မ်က္လုံး" ျဖစ္ေသာ ေရဒါမ်ားႏွင့္ "ဒိုင္း" ျဖစ္ေသာ ေလေၾကာင္းကာကြယ္ေရးစနစ္မ်ားကို စနစ္တက် ဖ်က္ဆီးေနသည့္ ပုံစံမ်ိဳး ေတြ႕ရေၾကာင္း အဆိုပါလုပ္ရပ္သည္ ယူကရိန္းေလတပ္မွ F-16 တိုက္ေလယာဥ္မ်ား လႈပ္ရွားမႈအတြက္ ႀကိဳတင္ျပင္ဆင္ျခင္း ျဖစ္ႏိုင္ေၾကာင္း သုံးသပ္မႈမ်ားရွိေနငည္။

Related news

© 2021. All rights reserved.