တောင်ဒဂုံ နှင့် ဒဂုံဆိပ်ကမ်းတွင် တန်ဖိုးသင့်အိမ်ရာစီမံကိန်းဖော်ဆောင်ရန် ပြင်ဆင်နေ

107

Pearl (NP News) - ဇန်နဝါရီ ၁၉
ပုံစာ - ဒဂုံမြို့သစ် (ဆိပ်ကမ်း) မြို့နယ်ရှိ ရိုးမရိပ်သာ တန်ဖိုးနည်းအိမ်ရာအားမြင်ရစဉ်
ရန်ကုန်မြို့တော်စည်ပင်သာယာရေးနယ်နိမိတ်အတွင်းရှိ ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ် နှင့် ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ်တို့တွင် တန်ဖိုးသင့်အိမ်ရာစီမံကိန်းဖော်ဆောင်ရန် ပြင်ဆင်နေကြောင်း သိရသည်။
အဆိုပါ တန်ဖိုးသင့်အိမ်ရာစီမံကိန်း များကို အစိုးရ-ပုဂ္ဂလိကအကျိုးတူ ပူးပေါင်းဆောင်ရွက်မှုအခြေခံဖြင့် အကောင် အထည်ဖော်ဆောင်ရွက်ရန်အတွက် ပြည်တွင်းကုမ္ပဏီများမှ တင်ဒါတင်သွင်းနိုင်ရေး အတွက်လည်း တင်ဒါလက်ခံရေးနှင့် စိစစ်ရေးကော်မတီက ဖိတ်ခေါ်ထားကြောင်း သိရသည်။
တင်ဒါတင်သွင်းလိုသူများအနေဖြင့် ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်၊ မြေတိုင်းအမှတ်(၁၄၀) ရှိ မြေဧရိယာ (၂.၁၁) ဧကတွင် (၄)ခန်းတွဲ (၆)ထပ်တိုက် (၈)လုံး ( Lot-1 ) ၊ ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်၊ မြေတိုင်းအမှတ်(၁၀၆) ရှိ မြေဧရိယာ (၁.၉၅၈)ဧကတွင် (၄)ခန်းတွဲ (၆)ထပ်တိုက် (၁၀)လုံး ( Lot-2)၊ ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်၊ မြေတိုင်းအမှတ်(၁၀၇) ရှိ မြေဧရိယာ (၂.၂၃)ဧက တွင် (၄)ခန်းတွဲ (၆) ထပ်တိုက် (၈)လုံး၊ (၂)ထပ် Shop House (၂၀) လုံး (Lot-3)၊ အတွင် တင်ဒါ ခေါ်ထားသည်။
ထို့ပြင် ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်၊ မြေတိုင်းအမှတ်(၆၅)၊ မြေဧရိယာ(၂.၃) ဧက ရှိ (၄)ခန်းတွဲ (၆)ထပ်တိုက် (၁၀)လုံး ( Lot 4 )နှင့် ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ်၊ မြေတိုင်းအမှတ်(၉ဝ) ရှိ မြေဧရိယာ(၂.၈၉၂) ဧကတွင် (၄)ခန်းတွဲ (၆)ထပ်တိုက် (၁၀)လုံး ( Lot-5 ) အတွက်လည်း တင်ဒါ ခေါ်ထားသည်။
တင်ဒါပုံစံနှင့် စည်းကမ်းချက်များကို အင်ဂျင်နီယာဌာန(အဆောက်အအုံ)၊ ၁၀ ထပ်ရုံး၊ ၈-လွှာတွင် ရုံးချိန်အတွင်း ဝယ်ယူနိုင်ပြီး MD/BOD အဖွဲ့ဝင်များ၌ ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ အသိအမှတ်ပြုကန်ထရိုက်တာလိုင်စင် (LC) ရှိသူ ပါဝင်ရမည်ဖြစ်ကြောင်းလည်း တင်ဒါလက်ခံရေး နှင့် စိစစ်ရေးကော်မတီက အသိပေးထားသည်။

Zawgyi Version:
ေတာင္ဒဂုံ ႏွင့္ ဒဂုံဆိပ္ကမ္းတြင္ တန္ဖိုးသင့္အိမ္ရာစီမံကိန္းေဖာ္ေဆာင္ရန္ ျပင္ဆင္ေန
Pearl (NP News) - ဇန္နဝါရီ ၁၉
ပုံစာ - ဒဂုံၿမိဳ႕သစ္ (ဆိပ္ကမ္း) ၿမိဳ႕နယ္ရွိ ႐ိုးမရိပ္သာ တန္ဖိုးနည္းအိမ္ရာအားျမင္ရစဥ္
ရန္ကုန္ၿမိဳ႕ေတာ္စည္ပင္သာယာေရးနယ္နိမိတ္အတြင္းရွိ ဒဂုံၿမိဳ႕သစ္(ေတာင္ပိုင္း)ၿမိဳ႕နယ္ ႏွင့္ ဒဂုံၿမိဳ႕သစ္(ဆိပ္ကမ္း)ၿမိဳ႕နယ္တို႔တြင္ တန္ဖိုးသင့္အိမ္ရာစီမံကိန္းေဖာ္ေဆာင္ရန္ ျပင္ဆင္ေနေၾကာင္း သိရသည္။
အဆိုပါ တန္ဖိုးသင့္အိမ္ရာစီမံကိန္း မ်ားကို အစိုးရ-ပုဂၢလိကအက်ိဳးတူ ပူးေပါင္းေဆာင္႐ြက္မႈအေျခခံျဖင့္ အေကာင္ အထည္ေဖာ္ေဆာင္႐ြက္ရန္အတြက္ ျပည္တြင္းကုမၸဏီမ်ားမွ တင္ဒါတင္သြင္းႏိုင္ေရး အတြက္လည္း တင္ဒါလက္ခံေရးႏွင့္ စိစစ္ေရးေကာ္မတီက ဖိတ္ေခၚထားေၾကာင္း သိရသည္။
တင္ဒါတင္သြင္းလိုသူမ်ားအေနျဖင့္ ဒဂုံၿမိဳ႕သစ္(ေတာင္ပိုင္း)ၿမိဳ႕နယ္၊ ေျမတိုင္းအမွတ္(၁၄၀) ရွိ ေျမဧရိယာ (၂.၁၁) ဧကတြင္ (၄)ခန္းတြဲ (၆)ထပ္တိုက္ (၈)လုံး ( Lot-1 ) ၊ ဒဂုံၿမိဳ႕သစ္(ေတာင္ပိုင္း)ၿမိဳ႕နယ္၊ ေျမတိုင္းအမွတ္(၁၀၆) ရွိ ေျမဧရိယာ (၁.၉၅၈)ဧကတြင္ (၄)ခန္းတြဲ (၆)ထပ္တိုက္ (၁၀)လုံး ( Lot-2)၊ ဒဂုံၿမိဳ႕သစ္(ေတာင္ပိုင္း)ၿမိဳ႕နယ္၊ ေျမတိုင္းအမွတ္(၁၀၇) ရွိ ေျမဧရိယာ (၂.၂၃)ဧက တြင္ (၄)ခန္းတြဲ (၆) ထပ္တိုက္ (၈)လုံး၊ (၂)ထပ္ Shop House (၂၀) လုံး (Lot-3)၊ အတြင္ တင္ဒါ ေခၚထားသည္။
ထို႔ျပင္ ဒဂုံၿမိဳ႕သစ္(ေတာင္ပိုင္း)ၿမိဳ႕နယ္၊ ေျမတိုင္းအမွတ္(၆၅)၊ ေျမဧရိယာ(၂.၃) ဧက ရွိ (၄)ခန္းတြဲ (၆)ထပ္တိုက္ (၁၀)လုံး ( Lot 4 )ႏွင့္ ဒဂုံၿမိဳ႕သစ္(ဆိပ္ကမ္း)ၿမိဳ႕နယ္၊ ေျမတိုင္းအမွတ္(၉ဝ) ရွိ ေျမဧရိယာ(၂.၈၉၂) ဧကတြင္ (၄)ခန္းတြဲ (၆)ထပ္တိုက္ (၁၀)လုံး ( Lot-5 ) အတြက္လည္း တင္ဒါ ေခၚထားသည္။
တင္ဒါပုံစံႏွင့္ စည္းကမ္းခ်က္မ်ားကို အင္ဂ်င္နီယာဌာန(အေဆာက္အအုံ)၊ ၁၀ ထပ္႐ုံး၊ ၈-လႊာတြင္ ႐ုံးခ်ိန္အတြင္း ဝယ္ယူႏိုင္ၿပီး MD/BOD အဖြဲ႕ဝင္မ်ား၌ ရန္ကုန္ၿမိဳ႕ေတာ္စည္ပင္သာယာေရးေကာ္မတီ အသိအမွတ္ျပဳကန္ထ႐ိုက္တာလိုင္စင္ (LC) ရွိသူ ပါဝင္ရမည္ျဖစ္ေၾကာင္းလည္း တင္ဒါလက္ခံေရး ႏွင့္ စိစစ္ေရးေကာ္မတီက အသိေပးထားသည္။