မင်္ဂလာတောင်ညွှန့်မြို့နယ်တွင် မီးလောင်မှုဖြစ်

 345

NP News - ဇန်နဝါရီ ၁၉
ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာတောင်ညွန်မြို့နယ်တွင် ယနေ့ နံနက်ပိုင်း ၁၀ နာရီကျော်အချိန်ခန့်က စတင်ကာ မီးလောင်မှုဖြစ်ပွားခဲ့ပြီး လက်ရှိတွင် မီးထိန်းနိုင်ပြီဖြစ်ကြောင်း သိရသည်။
သာယာကုန်းရပ်ကွက်၊ နှင်းဆီလမ်းတွင် မီးလောင်မှုဖြစ်ပွားကြောင်း သတင်းရရှိသဖြင့် မင်္ဂလာတောင်ညွှန့်မြို့နယ်မီးသတ်စခန်းမှ မီးသတ်ယာဉ်များ စေလွှတ်ငြှိမ်းသတ်ခဲ့ရာ ၁၀ နာရီ ၃၉ မိနစ် အချိန်တွင် Level 1 ယာဉ်အုပ်စု ထွက်ခွာခဲ့ပြီး ၁၁ နာရီ ၄ မိနစ် အချိန်တွင် Level 2 ယာဉ်အုပ်စု ထွက်ခွာ ငြှိမ်းသတ်ခဲ့ရကြောင်း သိရသည်။
ထို့နောက် ၁၁ နာရီ ၁၅ မိနစ်အချိန်တွင် မီးထိန်းနိုင်ပြီ ဖြစ်ကာ ပျက်စီးဆုံးရှုံးမှုတန်ဖိုးကို သိရခြင်း မရှိသေးပေ။

Zawgyi Version:
NP News - ဇန်နဝါရီ ၁၉

Related news

© 2021. All rights reserved.