မဟာမိတ်များကို အခွန်လက်နက်ဖြင့် ခြိမ်းခြောက်ခြင်းသည် "လုံးဝ မှားယွင်းသောလုပ်ရပ်" ဟု ဗြိတိန်ဝန်ကြီးချုပ် ပြင်းထန်စွာ တုံ့ပြန်

223

ဂျန်ဇက် (NP News) - ဇန်နဝါရီ ၁၉
ဂရင်းလန်းကျွန်း (Greenland) ကို အမေရိကန်လက်သို့ မလွှဲပြောင်းပါက ဥရောပမဟာမိတ်နိုင်ငံများကို အကောက်ခွန် ၂၅ ရာခိုင်နှုန်းအထိ တိုးမြှင့်မည်ဟူသော သမ္မတထရမ့်၏ ရာဇသံအပေါ် ဗြိတိန်ဝန်ကြီးချုပ် စတာမာက ပြင်းပြင်းထန်ထန်တုံ့ပြန်လိုက်ပါတယ်။
ဗြိတိန်အစိုးရရဲ့တရားဝင်ထုတ်ပြန်ချက်အရ ဝန်ကြီးချုပ် စတာမာက အမေရိကန်ရဲ့လုပ်ရပ်ကို "လုံးဝ မှားယွင်း ကြောင်း" (Completely Wrong) ပြောဆိုလိုက်ပြီး ဂရင်းလန်းကျွန်း ပိုင်ဆိုင်မှုအပေါ် ဗြိတိန်ရဲ့သဘောထားကို ရှင်းလင်းစွာ အသိပေးလိုက်ပါတယ်။ ဗြိတိန်ဝန်ကြီးချုပ်က "ဂရင်းလန်းကျွန်းနဲ့ပတ်သက်လို့ ကျွန်တော်တို့ရဲ့ သဘောထားက ရှင်းပါတယ်။ ဂရင်းလန်းဟာ ဒိန်းမတ်နိုင်ငံ (Kingdom of Denmark) ရဲ့အစိတ်အပိုင်းဖြစ်ပြီး သူ့ရဲ့ အနာဂတ်ကံကြမ္မာဟာ ဂရင်းလန်းပြည်သူတွေနဲ့ ဒိန်းမတ်လူမျိုးတွေရဲ့ ဆုံးဖြတ်ချက်သာဖြစ်ပါတယ်" လို့ အတိအလင်း ဆိုပါတယ်။
၄င်းက "အာတိတ်ဒေသလုံခြုံရေး (Arctic Security) ဟာ NATO အဖွဲ့ဝင်အားလုံးနဲ့ သက်ဆိုင်တဲ့ ကိစ္စဖြစ်တာကို ကျွန်တော်တို့ ရှင်းလင်းထားပြီး ဖြစ်ပါတယ်။ ရုရှားရဲ့ ခြိမ်းခြောက်မှုတွေကို ရင်ဆိုင်ဖို့ မဟာမိတ်တွေအားလုံး စုပေါင်းလုပ်ဆောင်သင့်တဲ့အချိန်မှာ အခုလို စုပေါင်းလုံခြုံရေးကို ဆောင်ရွက်နေတဲ့ မဟာမိတ်နိုင်ငံတွေအပေါ် အခွန်လက်နက်နဲ့တိုက်ခိုက်တာဟာ လုံးဝ လွဲမှားတဲ့လုပ်ရပ်ပါပဲ" လို့ ပြောပါတယ်။
အဆိုပါကိစ္စနဲ့ပတ်သက်ပြီး အမေရိကန်အစိုးရအဖွဲ့နဲ့ တိုက်ရိုက်ဆွေးနွေးသွားမယ်လို့လည်း ဗြိတိန်ဘက်က အတည်ပြုပါတယ်။ ဗြိတိန်သာမက အခြားသော ဥရောပခေါင်းဆောင်တွေကလည်း အမေရိကန်သမ္မတထရမ့်ရဲ့ ကြေညာချက်အပေါ် တညီတညွတ်တည်း ကန့်ကွက်နေကြပါတယ်။ ပြင်သစ်သမ္မတ မက်ခရွန်က "ခြိမ်းခြောက်မှု တွေနဲ့ အလုပ်မဖြစ်ဘူး" လို့ ပြောဆိုပြီး ဥရောပအနေနဲ့ တညီတညွတ်တည်း တုံ့ပြန်သွားမယ်လို့ သတိပေးထား ပါတယ်။ ဒါအပြင် ဆွီဒင်ဝန်ကြီးချုပ်ကလည်း "ကျွန်တော်တို့ကို ဘလက်မေးလ် (Blackmail) လုပ်လို့ ရမှာမဟုတ်ဘူး" လို့ ပြောပါတယ်။နယ်သာလန်နိုင်ငံခြားရေးဝန်ကြီးက အာတိတ်ဒေသမှာ စစ်ရေးလေ့ကျင့်မှုတွေ လုပ်နေတာဟာ ဒေသတွင်း လုံခြုံရေးအတွက်သာ ဖြစ်ပြီး အမေရိကန်က စွပ်စွဲသလို "ရည်ရွယ်ချက် မသိရသော ခရီးစဉ်များ" မဟုတ်ကြောင်း ရှင်းလင်းထားပါတယ်။ အမေရိကန်အနေနဲ့ လာမယ့် ဖေဖော်ဝါရီ ၁ ရက်မှာ ဥရောပ ၈ နိုင်ငံကိုအခွန် ၁ဝ ရာခိုင်နှုန်း စတင်ကောက်ခံမှာဖြစ်ပြီး၊ ဇွန်လ ၁ ရက်နေ့အထိ ဂရင်းလန်း အရောင်းအဝယ် သဘောတူညီမှု မရရင် ၂၅ ရာခိုင်နှုန်းအထိ တိုးမြှင့်ဖို့ စီစဥ်ထားရာကမ္ဘာ့စီးပွားရေးနဲ့ NATO စည်းလုံးညီညွတ်မှုကို ကြီးမားစွာ ထိခိုက်စေနိုင်ပါတယ်။

Zawgyi Version:
မဟာမိတ္မ်ားကို အခြန္လက္နက္ျဖင့္ ၿခိမ္းေျခာက္ျခင္းသည္ "လုံးဝ မွားယြင္းေသာလုပ္ရပ္" ဟု ၿဗိတိန္ဝန္ႀကီးခ်ဳပ္ ျပင္းထန္စြာ တုံ႔ျပန္
ဂ်န္ဇက္ (NP News) - ဇန္နဝါရီ ၁၉
ဂရင္းလန္းကြၽန္း (Greenland) ကို အေမရိကန္လက္သို႔ မလႊဲေျပာင္းပါက ဥေရာပမဟာမိတ္ႏိုင္ငံမ်ားကို အေကာက္ခြန္ ၂၅ ရာခိုင္ႏႈန္းအထိ တိုးျမႇင့္မည္ဟူေသာ သမၼတထရမ့္၏ ရာဇသံအေပၚ ၿဗိတိန္ဝန္ႀကီးခ်ဳပ္ စတာမာက ျပင္းျပင္းထန္ထန္တုံ႔ျပန္လိုက္ပါတယ္။
ၿဗိတိန္အစိုးရရဲ႕တရားဝင္ထုတ္ျပန္ခ်က္အရ ဝန္ႀကီးခ်ဳပ္ စတာမာက အေမရိကန္ရဲ႕လုပ္ရပ္ကို "လုံးဝ မွားယြင္း ေၾကာင္း" (Completely Wrong) ေျပာဆိုလိုက္ၿပီး ဂရင္းလန္းကြၽန္း ပိုင္ဆိုင္မႈအေပၚ ၿဗိတိန္ရဲ႕သေဘာထားကို ရွင္းလင္းစြာ အသိေပးလိုက္ပါတယ္။ ၿဗိတိန္ဝန္ႀကီးခ်ဳပ္က "ဂရင္းလန္းကြၽန္းနဲ႔ပတ္သက္လို႔ ကြၽန္ေတာ္တို႔ရဲ႕ သေဘာထားက ရွင္းပါတယ္။ ဂရင္းလန္းဟာ ဒိန္းမတ္ႏိုင္ငံ (Kingdom of Denmark) ရဲ႕အစိတ္အပိုင္းျဖစ္ၿပီး သူ႔ရဲ႕ အနာဂတ္ကံၾကမၼာဟာ ဂရင္းလန္းျပည္သူေတြနဲ႔ ဒိန္းမတ္လူမ်ိဳးေတြရဲ႕ ဆုံးျဖတ္ခ်က္သာျဖစ္ပါတယ္" လို႔ အတိအလင္း ဆိုပါတယ္။
၄င္းက "အာတိတ္ေဒသလုံၿခဳံေရး (Arctic Security) ဟာ NATO အဖြဲ႕ဝင္အားလုံးနဲ႔ သက္ဆိုင္တဲ့ ကိစၥျဖစ္တာကို ကြၽန္ေတာ္တို႔ ရွင္းလင္းထားၿပီး ျဖစ္ပါတယ္။ ႐ုရွားရဲ႕ ၿခိမ္းေျခာက္မႈေတြကို ရင္ဆိုင္ဖို႔ မဟာမိတ္ေတြအားလုံး စုေပါင္းလုပ္ေဆာင္သင့္တဲ့အခ်ိန္မွာ အခုလို စုေပါင္းလုံၿခဳံေရးကို ေဆာင္႐ြက္ေနတဲ့ မဟာမိတ္ႏိုင္ငံေတြအေပၚ အခြန္လက္နက္နဲ႔တိုက္ခိုက္တာဟာ လုံးဝ လြဲမွားတဲ့လုပ္ရပ္ပါပဲ" လို႔ ေျပာပါတယ္။
အဆိုပါကိစၥနဲ႔ပတ္သက္ၿပီး အေမရိကန္အစိုးရအဖြဲ႕နဲ႔ တိုက္႐ိုက္ေဆြးေႏြးသြားမယ္လို႔လည္း ၿဗိတိန္ဘက္က အတည္ျပဳပါတယ္။ ၿဗိတိန္သာမက အျခားေသာ ဥေရာပေခါင္းေဆာင္ေတြကလည္း အေမရိကန္သမၼတထရမ့္ရဲ႕ ေၾကညာခ်က္အေပၚ တညီတၫြတ္တည္း ကန႔္ကြက္ေနၾကပါတယ္။ ျပင္သစ္သမၼတ မက္ခ႐ြန္က "ၿခိမ္းေျခာက္မႈ ေတြနဲ႔ အလုပ္မျဖစ္ဘူး" လို႔ ေျပာဆိုၿပီး ဥေရာပအေနနဲ႔ တညီတၫြတ္တည္း တုံ႔ျပန္သြားမယ္လို႔ သတိေပးထား ပါတယ္။ ဒါအျပင္ ဆြီဒင္ဝန္ႀကီးခ်ဳပ္ကလည္း "ကြၽန္ေတာ္တို႔ကို ဘလက္ေမးလ္ (Blackmail) လုပ္လို႔ ရမွာမဟုတ္ဘူး" လို႔ ေျပာပါတယ္။နယ္သာလန္ႏိုင္ငံျခားေရးဝန္ႀကီးက အာတိတ္ေဒသမွာ စစ္ေရးေလ့က်င့္မႈေတြ လုပ္ေနတာဟာ ေဒသတြင္း လုံၿခဳံေရးအတြက္သာ ျဖစ္ၿပီး အေမရိကန္က စြပ္စြဲသလို "ရည္႐ြယ္ခ်က္ မသိရေသာ ခရီးစဥ္မ်ား" မဟုတ္ေၾကာင္း ရွင္းလင္းထားပါတယ္။ အေမရိကန္အေနနဲ႔ လာမယ့္ ေဖေဖာ္ဝါရီ ၁ ရက္မွာ ဥေရာပ ၈ ႏိုင္ငံကိုအခြန္ ၁ဝ ရာခိုင္ႏႈန္း စတင္ေကာက္ခံမွာျဖစ္ၿပီး၊ ဇြန္လ ၁ ရက္ေန႔အထိ ဂရင္းလန္း အေရာင္းအဝယ္ သေဘာတူညီမႈ မရရင္ ၂၅ ရာခိုင္ႏႈန္းအထိ တိုးျမႇင့္ဖို႔ စီစဥ္ထားရာကမာၻ႔စီးပြားေရးနဲ႔ NATO စည္းလုံးညီၫြတ္မႈကို ႀကီးမားစြာ ထိခိုက္ေစႏိုင္ပါတယ္။