တစ်နိုင်ငံလုံးအတိုင်းအတာအနေအဖြစ် တစ်နှစ်အတွင်း ယာဉ်တိုက်မှုပေါင်း (၃၄၀၀) နီးပါးဖြစ်ပွားခဲ့ပြီး လူ (၁၇၀၀) ကျော် သေဆုံးခဲ့

155

Pearl (NP News)- ဇန်နဝါရီ ၁၉
တစ်နိုင်ငံလုံးအတိုင်းအတာအနေအဖြစ် ပြီးခဲ့သည့် ၂၀၂၅ ခုနှစ်အတွင်း၌ ယာဉ်တိုက်မှုပေါင်း (၃၄၀၀) နီးပါးဖြစ်ပွားခဲ့ပြီး လူ (၁၇၀၀) ကျော် သေဆုံးခဲ့ကြောင်း ပို့ဆောင်ဆက်သွယ်ရေးဝန်ကြီးဌာန၏ အချက်အလက်များအရ သိရသည်။
ဇန်နဝါရီလမှ ဒီဇင်ဘာဘာလအထိ ယာဉ်တိုက်မှုပေါင်း (၃၃၄၈) ကြိမ်ဖြစ်ပွားခဲ့ရာပြီး အဆိုပါ ယာဉ်တိုက်မှုများကြောင့် လူ (၄၆၇၆) ဦး ဒဏ်ရာ ရရှိခဲ့ပြီး (၁၇၃၅)ဦး သေဆုံးခဲ့ကြောင်း သိရသည်။
ယာဉ်တိုက်မှုများအနက် ရန်ကုန်တိုင်းဒေသကြီး တွင် အများဆုံးဖြစ်ပွားခဲ့ပြီး ယာဉ်တိုက်မှုပေါင်း (၈၀၁) မှု၊ ဒဏ်ရာရရှိသူ (၈၄၈) ဦး၊ သေဆုံးသူ (၃၈၇) ဦး ရှိခဲ့ကြောင်း သိရသည်။
ထို့ပြင် ဧရာဝတီတိုင်းဒေသကြီးတွင် ယာဉ်တိုက်မှုပေါင်း (၄၇၇) မှု ၊ ဒဏ်ရာရရှိသူ (၇၅၂) ဦး ၊ သေဆုံးသူ (၁၉၈) ဦး ရှိခဲ့ပြီး အမြန်လမ်းတွင် ယာဉ်တိုက်မှုပေါင်း (၁၈၀) မှု ၊ ဒဏ်ရာရရှိသူ (၃၄၁) ဦး ၊ သေဆုံးသူ (၆၄) ဦးရှိခဲ့ကြောင်း သိရသည်။
ယခင်နှစ် အလားတူကာလ၌ ယာဉ်တိုက်မှုပေါင်း (၃၈၇၅) ကြိမ်ဖြစ်ပွားခဲ့ရာ ထိခိုက်ဒဏ်ရာရရှိသူပေါင်း (၅၅၇၆) ဦးရှိခဲ့ပြီး သေဆုံးသူပေါင်း (၂၀၁၁) ဦးရှိခဲ့သည့်အတွက် ယခုနှစ်နှင့်နှိုင်းယှဉ်ပါက လျော့နည်းကျဆင်းသွားကြောင်း သိရသည်။

Zawgyi Version:
တစ္ႏိုင္ငံလုံးအတိုင္းအတာအေနအျဖစ္ တစ္ႏွစ္အတြင္း ယာဥ္တိုက္မႈေပါင္း (၃၄၀၀) နီးပါးျဖစ္ပြားခဲ့ၿပီး လူ (၁၇၀၀) ေက်ာ္ ေသဆုံးခဲ့
Pearl (NP News)- ဇန္နဝါရီ ၁၉
တစ္ႏိုင္ငံလုံးအတိုင္းအတာအေနအျဖစ္ ၿပီးခဲ့သည့္ ၂၀၂၅ ခုႏွစ္အတြင္း၌ ယာဥ္တိုက္မႈေပါင္း (၃၄၀၀) နီးပါးျဖစ္ပြားခဲ့ၿပီး လူ (၁၇၀၀) ေက်ာ္ ေသဆုံးခဲ့ေၾကာင္း ပို႔ေဆာင္ဆက္သြယ္ေရးဝန္ႀကီးဌာန၏ အခ်က္အလက္မ်ားအရ သိရသည္။
ဇန္နဝါရီလမွ ဒီဇင္ဘာဘာလအထိ ယာဥ္တိုက္မႈေပါင္း (၃၃၄၈) ႀကိမ္ျဖစ္ပြားခဲ့ရာၿပီး အဆိုပါ ယာဥ္တိုက္မႈမ်ားေၾကာင့္ လူ (၄၆၇၆) ဦး ဒဏ္ရာ ရရွိခဲ့ၿပီး (၁၇၃၅)ဦး ေသဆုံးခဲ့ေၾကာင္း သိရသည္။
ယာဥ္တိုက္မႈမ်ားအနက္ ရန္ကုန္တိုင္းေဒသႀကီး တြင္ အမ်ားဆုံးျဖစ္ပြားခဲ့ၿပီး ယာဥ္တိုက္မႈေပါင္း (၈၀၁) မႈ၊ ဒဏ္ရာရရွိသူ (၈၄၈) ဦး၊ ေသဆုံးသူ (၃၈၇) ဦး ရွိခဲ့ေၾကာင္း သိရသည္။
ထို႔ျပင္ ဧရာဝတီတိုင္းေဒသႀကီးတြင္ ယာဥ္တိုက္မႈေပါင္း (၄၇၇) မႈ ၊ ဒဏ္ရာရရွိသူ (၇၅၂) ဦး ၊ ေသဆုံးသူ (၁၉၈) ဦး ရွိခဲ့ၿပီး အျမန္လမ္းတြင္ ယာဥ္တိုက္မႈေပါင္း (၁၈၀) မႈ ၊ ဒဏ္ရာရရွိသူ (၃၄၁) ဦး ၊ ေသဆုံးသူ (၆၄) ဦးရွိခဲ့ေၾကာင္း သိရသည္။
ယခင္ႏွစ္ အလားတူကာလ၌ ယာဥ္တိုက္မႈေပါင္း (၃၈၇၅) ႀကိမ္ျဖစ္ပြားခဲ့ရာ ထိခိုက္ဒဏ္ရာရရွိသူေပါင္း (၅၅၇၆) ဦးရွိခဲ့ၿပီး ေသဆုံးသူေပါင္း (၂၀၁၁) ဦးရွိခဲ့သည့္အတြက္ ယခုႏွစ္ႏွင့္ႏႈိင္းယွဥ္ပါက ေလ်ာ့နည္းက်ဆင္းသြားေၾကာင္း သိရသည္။