ညောင်ခြေထောက်တွင် ပစ်ခတ်မှုဖြစ်ပြီး ကားမီးလောင်

 647

သုတကျော် (NP News) - ဇန်နဝါရီ ၁၉

ပဲခူးတိုင်းဒေသကြီး၊ အုတ်တွင်းမြို့နယ်က ရန်ကုန် - မန္တလေး လမ်းဟောင်းပေါ်ရှိ ညောင်ခြေထောက် ရွာ အထွက်တွင် ပစ်ခတ်မှုဖြစ်ပြီး ဆီဘောက်ဆာ ကားတစ်စီး မီးလောင်သွားကြောင်း ဒေသခံ သတင်းရင်မြစ်တစ်ဦး၏ ပြောကြားချက်အရ ကနဦး သတင်းရရှိသည်။
အဆိုပါဖြစ်စဉ် ယနေ့ (ဇန်နဝါရီလ ၁၉ ရက်) နံနက်ပိုင်းက ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး ကားတစ်စီးထက် မနည်း ထိခိုက်သွားကြောင်း ကနဦး သိရသည်။
“ဒီနေ့ မနက် ၂ နာရီ ၄၄ မိနစ် လောက်မှာဖြစ်တာပါ။ ကြားတာတော့ ကားလေးစီးလောက် ထိတယ်လို့လည်း ကြားတယ်။ ပစ်ခတ်သံတွေလည်း ကြားရတယ်။ ဘယ်လိုဖြစ်တာလည်းတော့ မသိသေးဘူး” ဟု ယင်းဒေသခံက ဆိုသည်။
ထိုသို့ဖြစ်ပွားပြီးနောက် လမ်းဟောင်းတွင် ကားပိတ်သွားခဲ့သေးကြောင်းလည်း သိရသည်။

Zawgyi Version:
ေညာင္ေျခေထာက္တြင္ ပစ္ခတ္မႈျဖစ္ၿပီး ကားမီးေလာင္
သုတေက်ာ္ (NP News) - ဇန္နဝါရီ ၁၉

ပဲခူးတိုင္းေဒသႀကီး၊ အုတ္တြင္းၿမိဳ႕နယ္က ရန္ကုန္ - မႏၲေလး လမ္းေဟာင္းေပၚရွိ ေညာင္ေျခေထာက္ ႐ြာ အထြက္တြင္ ပစ္ခတ္မႈျဖစ္ၿပီး ဆီေဘာက္ဆာ ကားတစ္စီး မီးေလာင္သြားေၾကာင္း ေဒသခံ သတင္းရင္ျမစ္တစ္ဦး၏ ေျပာၾကားခ်က္အရ ကနဦး သတင္းရရွိသည္။
အဆိုပါျဖစ္စဥ္ ယေန႔ (ဇန္နဝါရီလ ၁၉ ရက္) နံနက္ပိုင္းက ျဖစ္ပြားခဲ့ျခင္းျဖစ္ၿပီး ကားတစ္စီးထက္ မနည္း ထိခိုက္သြားေၾကာင္း ကနဦး သိရသည္။
“ဒီေန႔ မနက္ ၂ နာရီ ၄၄ မိနစ္ ေလာက္မွာျဖစ္တာပါ။ ၾကားတာေတာ့ ကားေလးစီးေလာက္ ထိတယ္လို႔လည္း ၾကားတယ္။ ပစ္ခတ္သံေတြလည္း ၾကားရတယ္။ ဘယ္လိုျဖစ္တာလည္းေတာ့ မသိေသးဘူး” ဟု ယင္းေဒသခံက ဆိုသည္။
ထိုသို႔ျဖစ္ပြားၿပီးေနာက္ လမ္းေဟာင္းတြင္ ကားပိတ္သြားခဲ့ေသးေၾကာင္းလည္း သိရသည္။

Related news

© 2021. All rights reserved.