သတ်မှတ်စည်းကမ်းအတိုင်းမရောင်းသော စားသောက်ဆိုင်များကို အရေးယူရန် နေပြည်တော်စည်ပင်မှ ပြင်ဆင်နေ

465

ကိုဖြိုး (NP News) - ဇန်နဝါရီ ၁၉
နေပြည်တော်ဒေသအတွင်း အစားအသောက်များ ရောင်းချနေသည့်ဆိုင်များကို ထုတ်ပြန်ထားသော စည်းကမ်းနှင့်အညီ ရောင်းချမှုမပြုပါက စည်ပင်ဥပဒေအရ အရေးယူရန် နေပြည်တော်စည်ပင်သာယာရေးကော်မတီမှ ပြင်ဆင်နေကြောင်း သိရသည်။
အဆိုပါ စည်းကမ်းသတ်မှတ်ချက်များတွင် အစားအသောက်ကိုင်တွယ်သူများမှာ ကျန်းမာရေးစစ်ဆေးပြီးကြောင်း လက်မှတ်ရရှိထားသူဖြစ်ရန် လိုအပ်ခြင်း၊ အစားအသောက်ပြင်ဆင်ချက်ပြုတ်သူများမှာ ခေါင်းစီး၊ ရင်ကာများ ဝတ်ဆင်ချက်ပြုတ်ခြင်း၊ အစားအစားအတွက် အသုံးပြုမည့်ရေသည် စံချိန်မီသောက်သုံးရေဖြစ်ရန် လိုအပ်ခြင်း၊ သောက်သုံးရေနှင့် ရေခဲတို့သည်လည်း သောက်သုံးရန်သင့်လျော်သည့် အခြေအနေမျိုးဖြစ်ရန်လိုအပ်ခြင်း၊ ပြင်ဆင်ချက်ပြုတ်ပြီးသောဟင်းလျာများနှင့် ဖျော်ရည်များကို ယင်ကောင်၊ ပိုးမွှားနှင့် ဖုန်များမဝင်စေရန် လုံခြုံသော ဗူး၊ အုပ်ဆောင်း၊ မှန်အိမ်တို့ဖြင့် ထားရှိရန်၊ စားသုံးရန်အသင့်ဖြစ်နေသော အစားအသောက်များကို စင်ကြယ်စွာ ဆေးကြောထားသောလက်ဖြင့်လည်းကောင်း၊ တူ၊ ဇွန်း၊ ခရင်း၊ ညှပ် တို့အသုံးပြု၍လည်းကောင်း ကိုင်တွယ်ရန်၊ ပြင်ဆင်ချက်ပြုတ်ပြီး ပူပူနွေးနွေးရောင်းချရမည်ဖြစ်ကြောင်း၊ ချက်ချင်းရောင်းချနိုင်ခြင်းမရှိပါက သင့်လျော်သောအပူချိန်တွင်ထားရှိရမည်ဖြစ်ကြောင်း၊ ဆိုင်ဝန်ထမ်းများ နှင့် စားသုံးသူများလက်ဆေးရန် ဘေစင်၊ ဆပ်ပြာနှင့် လက်ခြောက်ရန် အစီအစဉ်များထားရှိရမည်ဖြစ်ကြောင်း စသည်ဖြင့် သတ်မှတ်ထားသည်။
ထို့အပြင် ချက်ပြုတ်တည်ခင်းသော အသုံးအဆောင်ပစ္စည်းများကို အနည်းဆုံး ၂ ပေမြင့်သော စင်အမြင့်တွင် ထားရမည်ဖြစ်ပြီး စင်းတီတုံးများ သန့်ရှင်းစင်ကြယ်စွာ ဆေးကြောထားခြင်း၊ ဟင်းသီးဟင်းရွက်လှီးဖြတ်သော စင်းတီတုံး နှင့် အသား၊ငါး လှီးဖြတ်သော စင်းတီတုံးတို့ကို သီးခြားအသုံးပြုရမည်ဖြစ်ကြောင်း၊ စားသောက်ဆိုင်များနှင့် အကင်ဆိုင်များမှ ထွက်ရှိသောအညှော်နံ့များကို အများပြည်သူနှင့်ပတ်ဝန်းကျင် ထိခိုက်နိုင်သဖြင့် မီးခိုးရှင်းပန်ကာများထားရှိခြင်း၊ မီးခိုးခေါင်းတိုင်များကို သတ်မှတ်အမြင့်တပ်ဆင်ထားရှိခြင်း၊ အမှိုက်ပစ်ရန်အိတ်နှင့် အဖုံးပါပြီး လွယ်ကူစွာဆေးကြောနိုင်သော အမှိုက်ပုံးများ ထားရှိခြင်း၊ သတ်မှတ်ထားသောနေရာတွင် စွန့်ပစ်ခြင်း၊ ကျန်းမာရေးနှင့်ညီညွတ်သော ယင်လုံအိမ်သာများ အလုံအလောက်ထားရှိခြင်းတို့ကိုလည်း လုပ်ဆောင်ရန် သတ်မှတ်ထားသည်။
စားသောက်ဆိုင်လုပ်ငန်း လိုင်စင်အသစ်နှင့် သက်တမ်းတိုးလျောက်ထားခြင်းတို့အတွက် ကျန်းမာရေးစစ်ဆေးချက် လက်မှတ်ကို နှစ်စဉ်ယူရရန်လည်း သတ်မှတ်ထားပြီး အခါအားလျော်စွာထုတ်ပြန်သည့် အမိန့်စည်းကမ်းညွန်ကြားချက်များကို လိုက်နာရန် အသိပေးထားလျက်ရှိသည်။
ထိုကဲ့သို့သော စည်းကမ်းသတ်မှတ်ချက်များကို မလိုက်နာသည့်ဆိုင်များအနေဖြင့် နေပြည်တော်စည်ပင်သာယာရေး ဥပဒေပုဒ်မ ၂၆ အရ ထိရောက်စွာအရေးယူသွားရန်လည်း ပြင်ဆင်ထားကြောင်းသိရသည်။

Zawgyi Version:
သတ္မွတ္စည္းကမ္းအတိုင္းမေရာင္းေသာ စားေသာက္ဆိုင္မ်ားကို အေရးယူရန္ ေနျပည္ေတာ္စည္ပင္မွ ျပင္ဆင္ေန
ကိုၿဖိဳး (NP News) - ဇန္နဝါရီ ၁၉
ေနျပည္ေတာ္ေဒသအတြင္း အစားအေသာက္မ်ား ေရာင္းခ်ေနသည့္ဆိုင္မ်ားကို ထုတ္ျပန္ထားေသာ စည္းကမ္းႏွင့္အညီ ေရာင္းခ်မႈမျပဳပါက စည္ပင္ဥပေဒအရ အေရးယူရန္ ေနျပည္ေတာ္စည္ပင္သာယာေရးေကာ္မတီမွ ျပင္ဆင္ေနေၾကာင္း သိရသည္။
အဆိုပါ စည္းကမ္းသတ္မွတ္ခ်က္မ်ားတြင္ အစားအေသာက္ကိုင္တြယ္သူမ်ားမွာ က်န္းမာေရးစစ္ေဆးၿပီးေၾကာင္း လက္မွတ္ရရွိထားသူျဖစ္ရန္ လိုအပ္ျခင္း၊ အစားအေသာက္ျပင္ဆင္ခ်က္ျပဳတ္သူမ်ားမွာ ေခါင္းစီး၊ ရင္ကာမ်ား ဝတ္ဆင္ခ်က္ျပဳတ္ျခင္း၊ အစားအစားအတြက္ အသုံးျပဳမည့္ေရသည္ စံခ်ိန္မီေသာက္သုံးေရျဖစ္ရန္ လိုအပ္ျခင္း၊ ေသာက္သုံးေရႏွင့္ ေရခဲတို႔သည္လည္း ေသာက္သုံးရန္သင့္ေလ်ာ္သည့္ အေျခအေနမ်ိဳးျဖစ္ရန္လိုအပ္ျခင္း၊ ျပင္ဆင္ခ်က္ျပဳတ္ၿပီးေသာဟင္းလ်ာမ်ားႏွင့္ ေဖ်ာ္ရည္မ်ားကို ယင္ေကာင္၊ ပိုးမႊားႏွင့္ ဖုန္မ်ားမဝင္ေစရန္ လုံၿခဳံေသာ ဗူး၊ အုပ္ေဆာင္း၊ မွန္အိမ္တို႔ျဖင့္ ထားရွိရန္၊ စားသုံးရန္အသင့္ျဖစ္ေနေသာ အစားအေသာက္မ်ားကို စင္ၾကယ္စြာ ေဆးေၾကာထားေသာလက္ျဖင့္လည္းေကာင္း၊ တူ၊ ဇြန္း၊ ခရင္း၊ ညႇပ္ တို႔အသုံးျပဳ၍လည္းေကာင္း ကိုင္တြယ္ရန္၊ ျပင္ဆင္ခ်က္ျပဳတ္ၿပီး ပူပူေႏြးေႏြးေရာင္းခ်ရမည္ျဖစ္ေၾကာင္း၊ ခ်က္ခ်င္းေရာင္းခ်ႏိုင္ျခင္းမရွိပါက သင့္ေလ်ာ္ေသာအပူခ်ိန္တြင္ထားရွိရမည္ျဖစ္ေၾကာင္း၊ ဆိုင္ဝန္ထမ္းမ်ား ႏွင့္ စားသုံးသူမ်ားလက္ေဆးရန္ ေဘစင္၊ ဆပ္ျပာႏွင့္ လက္ေျခာက္ရန္ အစီအစဥ္မ်ားထားရွိရမည္ျဖစ္ေၾကာင္း စသည္ျဖင့္ သတ္မွတ္ထားသည္။
ထို႔အျပင္ ခ်က္ျပဳတ္တည္ခင္းေသာ အသုံးအေဆာင္ပစၥည္းမ်ားကို အနည္းဆုံး ၂ ေပျမင့္ေသာ စင္အျမင့္တြင္ ထားရမည္ျဖစ္ၿပီး စင္းတီတုံးမ်ား သန႔္ရွင္းစင္ၾကယ္စြာ ေဆးေၾကာထားျခင္း၊ ဟင္းသီးဟင္း႐ြက္လွီးျဖတ္ေသာ စင္းတီတုံး ႏွင့္ အသား၊ငါး လွီးျဖတ္ေသာ စင္းတီတုံးတို႔ကို သီးျခားအသုံးျပဳရမည္ျဖစ္ေၾကာင္း၊ စားေသာက္ဆိုင္မ်ားႏွင့္ အကင္ဆိုင္မ်ားမွ ထြက္ရွိေသာအေညႇာ္နံ႔မ်ားကို အမ်ားျပည္သူႏွင့္ပတ္ဝန္းက်င္ ထိခိုက္ႏိုင္သျဖင့္ မီးခိုးရွင္းပန္ကာမ်ားထားရွိျခင္း၊ မီးခိုးေခါင္းတိုင္မ်ားကို သတ္မွတ္အျမင့္တပ္ဆင္ထားရွိျခင္း၊ အမႈိက္ပစ္ရန္အိတ္ႏွင့္ အဖုံးပါၿပီး လြယ္ကူစြာေဆးေၾကာႏိုင္ေသာ အမႈိက္ပုံးမ်ား ထားရွိျခင္း၊ သတ္မွတ္ထားေသာေနရာတြင္ စြန႔္ပစ္ျခင္း၊ က်န္းမာေရးႏွင့္ညီၫြတ္ေသာ ယင္လုံအိမ္သာမ်ား အလုံအေလာက္ထားရွိျခင္းတို႔ကိုလည္း လုပ္ေဆာင္ရန္ သတ္မွတ္ထားသည္။
စားေသာက္ဆိုင္လုပ္ငန္း လိုင္စင္အသစ္ႏွင့္ သက္တမ္းတိုးေလ်ာက္ထားျခင္းတို႔အတြက္ က်န္းမာေရးစစ္ေဆးခ်က္ လက္မွတ္ကို ႏွစ္စဥ္ယူရရန္လည္း သတ္မွတ္ထားၿပီး အခါအားေလ်ာ္စြာထုတ္ျပန္သည့္ အမိန႔္စည္းကမ္းၫြန္ၾကားခ်က္မ်ားကို လိုက္နာရန္ အသိေပးထားလ်က္ရွိသည္။
ထိုကဲ့သို႔ေသာ စည္းကမ္းသတ္မွတ္ခ်က္မ်ားကို မလိုက္နာသည့္ဆိုင္မ်ားအေနျဖင့္ ေနျပည္ေတာ္စည္ပင္သာယာေရး ဥပေဒပုဒ္မ ၂၆ အရ ထိေရာက္စြာအေရးယူသြားရန္လည္း ျပင္ဆင္ထားေၾကာင္းသိရသည္။