သူနာပြုသင်တန်းကျောင်းများကို သူနာပြုသိပ္ပံများအဖြစ်ပြောင်းလဲဖွင့်နိုင်ရေးဆောင်ရွက်ပေးနေဟုဆို

173

Pearl (NP News) - ဇန်နဝါရီ ၁၉
သူနာပြုသင်တန်းကျောင်းများကို သူနာပြုသိပ္ပံများအဖြစ်ပြောင်းလဲဖွင့်နိုင်ရေးဆောင်ရွက်ပေးနေကြောင်း ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ပါမောက္ခဒေါက်တာသက်ခိုင်ဝင်းက ပြောကြားခဲ့သည်။
ယမန်နေ့ (ဇန်နဝါရီလ ၁၈ ရက်) က ပြည်ထောင်စုဝန်ကြီး ပါမောက္ခဒေါက်တာသက်ခိုင်ဝင်းသည် ဗဟိုအမျိုးသမီး ဆေးရုံကြီး-ရန်ကုန်နှင့် ကလေးဆေးရုံကြီး-ရန်ကုန်တို့အား လှည့်လည်ကြည့်ရှုပြီးနောက် ဆေးရုံကြီး၏ အစည်းအဝေးခန်းမ၌ ဆေးရုံအုပ်ကြီး၊ ပါမောက္ခ/အထူးကု ဆရာဝန်ကြီးများ၊ သူနာပြုကြီးများ၊ ကျန်းမာရေးဝန်ထမ်းများနှင့်တွေ့ဆုံခဲ့စဉ် အထက်ပါကဲ့သို့ ပြောကြားခဲ့ခြင်းဖြစ်သည်။
ထိုသို့တွေ့ဆုံစဉ် ပြည်ထောင်စုဝန်ကြီးက ဗဟိုအမျိုးသမီးဆေးရုံကြီး(ရန်ကုန်)သည် ကိုယ်ဝန်ဆောင်မိခင်များ၊ အမျိုးသမီးရောဂါများအတွက် မြန်မာနိုင်ငံတွင် အကြီးဆုံးကုသရေးဌာနဖြစ်ရာ ကျန်းမာရေး စောင့်ရှောက်မှုများ အရည်အသွေးကောင်းမွန်စေရေး၊ ဆေးရုံဝန်ဆောင်မှု လုပ်ငန်းများ ပိုမိုတိုးတက် စေရေးအတွက် ကြိုးပမ်းဆောင်ရွက်ရန် လိုကြောင်း တိုက်တွန်းပြောကြားခဲ့သည်။
အလားတူ သင်ကြားရေး ဆေးရုံကြီးလည်းဖြစ်သည့်အတွက် မျိုးဆက်သစ်သားဖွားမီးယပ်အထူးကုဆရာဝန်များ၊ လက်ထောက် ဆရာဝန်များ ကုသမှုအရည်အသွေးကောင်းမွန်စေရေး လေ့ကျင့်မွေးထုတ်မှုသာမက ရန်ကုန်တိုင်း ဒေသကြီးအတွင်းရှိ မြို့နယ်နှင့်တိုက်နယ်ဆေးရုံများ၌ မိခင်ကလေးကျန်းမာရေးစောင့်ရှောက်မှု ဆိုင်ရာ ကုသမှုအရည်အသွေး ပိုမိုကောင်းမွန်စေရေးအတွက်လည်း လိုအပ်သည်များ အကြံပြု သင်ကြား ဆောင်ရွက်စေလိုကြောင်းလည်း ပြည်ထောင်စု ဝန်ကြီးက ပြောသည်။
ထို့ပြင် နိုင်ငံတော်အကြီးအကဲ၏လမ်းညွှန်ချက်နှင့်အညီ သူနာပြုသင်တန်းကျောင်းများကို သူနာပြုသိပ္ပံများ အဖြစ်ပြောင်းလဲဖွင့်နိုင်ရေးနှင့် သူနာပြုများ၏ ရာထူးတိုးမြှင့်ရေးကိစ္စများကိုလည်း ဆောင်ရွက်ပေး လျက်ရှိကြောင်း၊ သားသမီးမရသည့် ဇနီးမောင်နှံများအတွက် သားသမီးရရှိစေရေး ခေတ်မီနည်းပညာများ အသုံးပြုကာ စစ်ဆေးဆောင်ရွက်ပေးနေသည့် Fertility Centre ကိုလည်း ယခုထက် ပိုမိုတိုးတက်စေရေး ကြိုးပမ်းဆောင်ရွက်ကြရန်ဖြစ်ပြီး လိုအပ်ချက်များကို ပံ့ပိုးပေးမည်ဖြစ်ကြောင်းလည်း ပြည်ထောင်စုဝန်ကြီးက ပြောသည်။
ဆေးရုံကြီး ဥပဓိရုပ်ကောင်းမွန်စေရေးအတွက် ဆေးရုံဝန်ထမ်းအားလုံး ပူးပေါင်းဆောင်ရွက်ရန် လိုအပ်ပြီး ပြင်ဆင်မွမ်းမံမှုများ ဆောင်ရွက်ရာတွင် ရှေးဟောင်း အဆောက်အဦဖြစ်သည်နှင့်အညီ မူလအဆောက်အဦ၏ မူဟန်မပျက်ပြုပြင်ဆောင်ရွက်နိုင်ရေး သက်ဆိုင်ရာပညာရှင်များနှင့် ညှိနှိုင်းတိုင်ပင်ဆောင်ရွက်ရန်၊ နိုင်ငံတော်က ပံ့ပိုးပေးလျက်ရှိသည့် ထောက်ပံ့မှုများကို လူနာများအကျိုးရှိစွာ ခံစားရရှိစေရေး ပူးပေါင်းဆောင်ရွက်ရန် တိုက်တွန်းမှာကြားခဲ့ကြောင်း သိရသည်။

Zawgyi Version;
သူနာျပဳသင္တန္းေက်ာင္းမ်ားကို သူနာျပဳသိပၸံမ်ားအျဖစ္ေျပာင္းလဲဖြင့္ႏိုင္ေရးေဆာင္႐ြက္ေပးေနဟုဆို
Pearl (NP News) - ဇန္နဝါရီ ၁၉
သူနာျပဳသင္တန္းေက်ာင္းမ်ားကို သူနာျပဳသိပၸံမ်ားအျဖစ္ေျပာင္းလဲဖြင့္ႏိုင္ေရးေဆာင္႐ြက္ေပးေနေၾကာင္း က်န္းမာေရးဝန္ႀကီးဌာန ျပည္ေထာင္စုဝန္ႀကီး ပါေမာကၡေဒါက္တာသက္ခိုင္ဝင္းက ေျပာၾကားခဲ့သည္။
ယမန္ေန႔ (ဇန္နဝါရီလ ၁၈ ရက္) က ျပည္ေထာင္စုဝန္ႀကီး ပါေမာကၡေဒါက္တာသက္ခိုင္ဝင္းသည္ ဗဟိုအမ်ိဳးသမီး ေဆး႐ုံႀကီး-ရန္ကုန္ႏွင့္ ကေလးေဆး႐ုံႀကီး-ရန္ကုန္တို႔အား လွည့္လည္ၾကည့္ရႈၿပီးေနာက္ ေဆး႐ုံႀကီး၏ အစည္းအေဝးခန္းမ၌ ေဆး႐ုံအုပ္ႀကီး၊ ပါေမာကၡ/အထူးကု ဆရာဝန္ႀကီးမ်ား၊ သူနာျပဳႀကီးမ်ား၊ က်န္းမာေရးဝန္ထမ္းမ်ားႏွင့္ေတြ႕ဆုံခဲ့စဥ္ အထက္ပါကဲ့သို႔ ေျပာၾကားခဲ့ျခင္းျဖစ္သည္။
ထိုသို႔ေတြ႕ဆုံစဥ္ ျပည္ေထာင္စုဝန္ႀကီးက ဗဟိုအမ်ိဳးသမီးေဆး႐ုံႀကီး(ရန္ကုန္)သည္ ကိုယ္ဝန္ေဆာင္မိခင္မ်ား၊ အမ်ိဳးသမီးေရာဂါမ်ားအတြက္ ျမန္မာႏိုင္ငံတြင္ အႀကီးဆုံးကုသေရးဌာနျဖစ္ရာ က်န္းမာေရး ေစာင့္ေရွာက္မႈမ်ား အရည္အေသြးေကာင္းမြန္ေစေရး၊ ေဆး႐ုံဝန္ေဆာင္မႈ လုပ္ငန္းမ်ား ပိုမိုတိုးတက္ ေစေရးအတြက္ ႀကိဳးပမ္းေဆာင္႐ြက္ရန္ လိုေၾကာင္း တိုက္တြန္းေျပာၾကားခဲ့သည္။
အလားတူ သင္ၾကားေရး ေဆး႐ုံႀကီးလည္းျဖစ္သည့္အတြက္ မ်ိဳးဆက္သစ္သားဖြားမီးယပ္အထူးကုဆရာဝန္မ်ား၊ လက္ေထာက္ ဆရာဝန္မ်ား ကုသမႈအရည္အေသြးေကာင္းမြန္ေစေရး ေလ့က်င့္ေမြးထုတ္မႈသာမက ရန္ကုန္တိုင္း ေဒသႀကီးအတြင္းရွိ ၿမိဳ႕နယ္ႏွင့္တိုက္နယ္ေဆး႐ုံမ်ား၌ မိခင္ကေလးက်န္းမာေရးေစာင့္ေရွာက္မႈ ဆိုင္ရာ ကုသမႈအရည္အေသြး ပိုမိုေကာင္းမြန္ေစေရးအတြက္လည္း လိုအပ္သည္မ်ား အႀကံျပဳ သင္ၾကား ေဆာင္႐ြက္ေစလိုေၾကာင္းလည္း ျပည္ေထာင္စု ဝန္ႀကီးက ေျပာသည္။
ထို႔ျပင္ ႏိုင္ငံေတာ္အႀကီးအကဲ၏လမ္းၫႊန္ခ်က္ႏွင့္အညီ သူနာျပဳသင္တန္းေက်ာင္းမ်ားကို သူနာျပဳသိပၸံမ်ား အျဖစ္ေျပာင္းလဲဖြင့္ႏိုင္ေရးႏွင့္ သူနာျပဳမ်ား၏ ရာထူးတိုးျမႇင့္ေရးကိစၥမ်ားကိုလည္း ေဆာင္႐ြက္ေပး လ်က္ရွိေၾကာင္း၊ သားသမီးမရသည့္ ဇနီးေမာင္ႏွံမ်ားအတြက္ သားသမီးရရွိေစေရး ေခတ္မီနည္းပညာမ်ား အသုံးျပဳကာ စစ္ေဆးေဆာင္႐ြက္ေပးေနသည့္ Fertility Centre ကိုလည္း ယခုထက္ ပိုမိုတိုးတက္ေစေရး ႀကိဳးပမ္းေဆာင္႐ြက္ၾကရန္ျဖစ္ၿပီး လိုအပ္ခ်က္မ်ားကို ပံ့ပိုးေပးမည္ျဖစ္ေၾကာင္းလည္း ျပည္ေထာင္စုဝန္ႀကီးက ေျပာသည္။
ေဆး႐ုံႀကီး ဥပဓိ႐ုပ္ေကာင္းမြန္ေစေရးအတြက္ ေဆး႐ုံဝန္ထမ္းအားလုံး ပူးေပါင္းေဆာင္႐ြက္ရန္ လိုအပ္ၿပီး ျပင္ဆင္မြမ္းမံမႈမ်ား ေဆာင္႐ြက္ရာတြင္ ေရွးေဟာင္း အေဆာက္အဦျဖစ္သည္ႏွင့္အညီ မူလအေဆာက္အဦ၏ မူဟန္မပ်က္ျပဳျပင္ေဆာင္႐ြက္ႏိုင္ေရး သက္ဆိုင္ရာပညာရွင္မ်ားႏွင့္ ညႇိႏႈိင္းတိုင္ပင္ေဆာင္႐ြက္ရန္၊ ႏိုင္ငံေတာ္က ပံ့ပိုးေပးလ်က္ရွိသည့္ ေထာက္ပံ့မႈမ်ားကို လူနာမ်ားအက်ိဳးရွိစြာ ခံစားရရွိေစေရး ပူးေပါင္းေဆာင္႐ြက္ရန္ တိုက္တြန္းမွာၾကားခဲ့ေၾကာင္း သိရသည္။