အိန္ဒိယပွဲတော်အချို့ကြောင့် မတ်ပဲစျေး အနည်းငယ်တတ်လာနိုင်

126

ပြည့်ဖြိုး (NP News) - ဇန်နဝါရီ ၁၉
ဇန်နဝါရီလအတွင်း အိန္ဒိယနိုင်ငံတွင် ပြုလုပ်ကြမည့်ပွဲတော်အချို့ကြောင့် မတ်ပဲအဝယ် လိုက်လာ ပြီး ဈေးအနည်းငယ်တက်လာနိုင်ကြောင်း ကုန်သည်အချို့က ခန့်မှန်းထားသည်။
လက်ရှိ အိန္ဒိယနိုင်ငံ၏ မတ်ပဲဈေးကွက်အနေဖြင့် ဈေးအတက်အကျ သိပ်မများသော်လည်း ပုံမှန်ထက် ဈေးကွက်အနည်းငယ် လှုပ်ရှားလာကြောင်း သိရသည်။ “ပြည်တွင်း မတ်ပဲဝယ်လိုအားက လျော့ကျနေပေမယ့် ခရစ္စမတ်နဲ့ နှစ်သစ်ကူးအားလပ်ရက်တွေကြောင့် ဈေးငြိမ်ပြီး တင်သွင်းမှုလုပ်ငန်း က အေးနေတယ်။ FOB ဈေးလည်း အပြောင်းအလဲမရှိသလောက် ငြိမ်နေတယ်။ ဇန်နဝါရီလရောက်ရင် တော့ အိန္ဒိယမှာ ပွဲတော်တချို့ရှိတော့ ဈေး အနည်းငယ်တော့ တက်နိုင်ပါတယ်။ အခုအပတ် (၂၇) သိန်း အထက် ပြန်ရောက်လာတယ်” ဟု ပဲကုန်သည်တစ်ဦးက ပြောသည်။
လက်ရှိ မတ်ပဲဈေးမှာ (၁၇) သိန်းအထက်ကိုပြန်ရောက်နေပြီး ပြီးခဲ့သည့် ဒီဇင်ဘာလ (၂၃) ရက် က မတ်ပဲ (FAQ) တစ်တန်ကို (၂,၆၇၆,ဝဝဝ) ကျပ်အထိကျဆင်းသွားပြီး ယခုတစ်ပတ်အတွင်း (၂,၇၀ ၄,ဝဝဝ) ကျပ်ထိ ပြန်လည်ရောက်ရှိလာကြောင်း သိရသည်။ ပြည်ပပေါက်ဈေး FOB ဈေးအနေဖြင့် ငြိမ်နေပြီး FAQ မတ်ပဲ တစ်တန်လျှင် ဒေါ်လာ (၇၀၅) မှ ဒေါ်လာ (၇၁၅) ထိ ရှိကြောင်း သိရသည်။
မြန်မာ-အိန္ဒိယ မတ်ပဲ၊ ပဲစင်းငုံ အခွန်လွတ်တင်သွင်းခွင့်ကာလမှာ သက်တမ်းကုန်တော့ မည်ဖြစ် ပြီး အိန္ဒိယအနေဖြင့် ဆက်လက်သက်တမ်းတိုးမည့်အလားအလာရှိကြောင်းကိုလည်း ဈေးကွက် ကျွမ်း ကျင်သူများက သုံးသပ်ထားကြပါသည်။ ယင်းအပြင် ပဲစင်းငုံဈေးအနေဖြင့်လည်း ပြီးခဲ့သည့် အပတ်နှင့် ယှဉ်ပါက ဈေးနှုန်း မြင့်တက်လာပြီး တစ်တန်လျှင် (၂,၅၉၀,ဝဝဝ) ကျပ်အထိ ပေါက်ဈေးရှိကြောင်း သိရ ပါသည်။
ပြည်ပသို့ တင်ပို့နေသည့် မတ်ပဲ၊ ပဲစင်းငုံ၏ ဈေးနှုန်းအပြောင်းအလဲမှာ အဓိကအားဖြင့် အိန္ဒိယ နိုင်ငံ၏ ပဲတင်သွင်းမှု မူဝါဒနှင့် ဈေးကွက်အခြေအနေများပေါ် လိုက်၍ ဈေးနှုန်း အတက်အကျရှိပြီး ပြည် တွင်းသုံး ကုလားပဲ၊ ပဲကြီးများအနေဖြင့် ပုံမှန်အတက်ဈေးတွင် ရှိကြောင်းသိရပါသည်။ “ပြည်တွင်း စား သုံးတဲ့ပဲကတော့ ပုံမှန် လေးတော့ အရောင်းအဝယ် ဖြစ်ပါတယ်။ ကုလားပဲ၊ စားတော်ပဲ၊ ပဲကြီးတွေက အဓိက ရောင်းအားရှိတယ်။ ပြည်တွင်းစားသုံးမှုက အမြဲတမ်းရှိတော့ အဆင်ပြေတယ်” ဟု သင်္ဃန်း ကျွန်း မှ ပဲမျိုးစုံနှင့် ကုန်စိမ်း ရောင်းချနေသည့် ကိုမျိုးသူက ပြောသည်။ မြန်မာနိုင်ငံမှ ပဲများကို အိန္ဒိယနိုင်ငံသို့ (၇၅) ရာခိုင်နှုန်းအထိ တင်ပို့နေပြီး သီရိလင်္ကာ၊ နီပေါ၊ မလေးရှား၊ ထိုင်းနှင့် UAE နိုင်ငံတွေကိုလည်း ပဲမျိုး စုံတင်ပို့နေကြောင်းသိရသည်။

Zawgyi Version;
အိႏၵိယပြဲေတာ္အခ်ိဳ႕ေၾကာင့္ မတ္ပဲေစ်း အနည္းငယ္တတ္လာႏိုင္
ျပည့္ၿဖိဳး (NP News) - ဇန္နဝါရီ ၁၉
ဇန္နဝါရီလအတြင္း အိႏၵိယႏိုင္ငံတြင္ ျပဳလုပ္ၾကမည့္ပြဲေတာ္အခ်ိဳ႕ေၾကာင့္ မတ္ပဲအဝယ္ လိုက္လာ ၿပီး ေဈးအနည္းငယ္တက္လာႏိုင္ေၾကာင္း ကုန္သည္အခ်ိဳ႕က ခန႔္မွန္းထားသည္။
လက္ရွိ အိႏၵိယႏိုင္ငံ၏ မတ္ပဲေဈးကြက္အေနျဖင့္ ေဈးအတက္အက် သိပ္မမ်ားေသာ္လည္း ပုံမွန္ထက္ ေဈးကြက္အနည္းငယ္ လႈပ္ရွားလာေၾကာင္း သိရသည္။ “ျပည္တြင္း မတ္ပဲဝယ္လိုအားက ေလ်ာ့က်ေနေပမယ့္ ခရစၥမတ္နဲ႔ ႏွစ္သစ္ကူးအားလပ္ရက္ေတြေၾကာင့္ ေဈးၿငိမ္ၿပီး တင္သြင္းမႈလုပ္ငန္း က ေအးေနတယ္။ FOB ေဈးလည္း အေျပာင္းအလဲမရွိသေလာက္ ၿငိမ္ေနတယ္။ ဇန္နဝါရီလေရာက္ရင္ ေတာ့ အိႏၵိယမွာ ပြဲေတာ္တခ်ိဳ႕ရွိေတာ့ ေဈး အနည္းငယ္ေတာ့ တက္ႏိုင္ပါတယ္။ အခုအပတ္ (၂၇) သိန္း အထက္ ျပန္ေရာက္လာတယ္” ဟု ပဲကုန္သည္တစ္ဦးက ေျပာသည္။
လက္ရွိ မတ္ပဲေဈးမွာ (၁၇) သိန္းအထက္ကိုျပန္ေရာက္ေနၿပီး ၿပီးခဲ့သည့္ ဒီဇင္ဘာလ (၂၃) ရက္ က မတ္ပဲ (FAQ) တစ္တန္ကို (၂,၆၇၆,ဝဝဝ) က်ပ္အထိက်ဆင္းသြားၿပီး ယခုတစ္ပတ္အတြင္း (၂,၇၀ ၄,ဝဝဝ) က်ပ္ထိ ျပန္လည္ေရာက္ရွိလာေၾကာင္း သိရသည္။ ျပည္ပေပါက္ေဈး FOB ေဈးအေနျဖင့္ ၿငိမ္ေနၿပီး FAQ မတ္ပဲ တစ္တန္လွ်င္ ေဒၚလာ (၇၀၅) မွ ေဒၚလာ (၇၁၅) ထိ ရွိေၾကာင္း သိရသည္။
ျမန္မာ-အိႏၵိယ မတ္ပဲ၊ ပဲစင္းငုံ အခြန္လြတ္တင္သြင္းခြင့္ကာလမွာ သက္တမ္းကုန္ေတာ့ မည္ျဖစ္ ၿပီး အိႏၵိယအေနျဖင့္ ဆက္လက္သက္တမ္းတိုးမည့္အလားအလာရွိေၾကာင္းကိုလည္း ေဈးကြက္ ကြၽမ္း က်င္သူမ်ားက သုံးသပ္ထားၾကပါသည္။ ယင္းအျပင္ ပဲစင္းငုံေဈးအေနျဖင့္လည္း ၿပီးခဲ့သည့္ အပတ္ႏွင့္ ယွဥ္ပါက ေဈးႏႈန္း ျမင့္တက္လာၿပီး တစ္တန္လွ်င္ (၂,၅၉၀,ဝဝဝ) က်ပ္အထိ ေပါက္ေဈးရွိေၾကာင္း သိရ ပါသည္။
ျပည္ပသို႔ တင္ပို႔ေနသည့္ မတ္ပဲ၊ ပဲစင္းငုံ၏ ေဈးႏႈန္းအေျပာင္းအလဲမွာ အဓိကအားျဖင့္ အိႏၵိယ ႏိုင္ငံ၏ ပဲတင္သြင္းမႈ မူဝါဒႏွင့္ ေဈးကြက္အေျခအေနမ်ားေပၚ လိုက္၍ ေဈးႏႈန္း အတက္အက်ရွိၿပီး ျပည္ တြင္းသုံး ကုလားပဲ၊ ပဲႀကီးမ်ားအေနျဖင့္ ပုံမွန္အတက္ေဈးတြင္ ရွိေၾကာင္းသိရပါသည္။ “ျပည္တြင္း စား သုံးတဲ့ပဲကေတာ့ ပုံမွန္ ေလးေတာ့ အေရာင္းအဝယ္ ျဖစ္ပါတယ္။ ကုလားပဲ၊ စားေတာ္ပဲ၊ ပဲႀကီးေတြက အဓိက ေရာင္းအားရွိတယ္။ ျပည္တြင္းစားသုံးမႈက အၿမဲတမ္းရွိေတာ့ အဆင္ေျပတယ္” ဟု သဃၤန္း ကြၽန္း မွ ပဲမ်ိဳးစုံႏွင့္ ကုန္စိမ္း ေရာင္းခ်ေနသည့္ ကိုမ်ိဳးသူက ေျပာသည္။ ျမန္မာႏိုင္ငံမွ ပဲမ်ားကို အိႏၵိယႏိုင္ငံသို႔ (၇၅) ရာခိုင္ႏႈန္းအထိ တင္ပို႔ေနၿပီး သီရိလကၤာ၊ နီေပါ၊ မေလးရွား၊ ထိုင္းႏွင့္ UAE ႏိုင္ငံေတြကိုလည္း ပဲမ်ိဳး စုံတင္ပို႔ေနေၾကာင္းသိရသည္။