နယ်စပ်တိုက်ပွဲများမှပွင့်အံလာသည့် လျှို့ဝှက်ချက် Combodia Life Sciences Institute နှင့် လူမဆန် သော ဇီဝစက်ရုံများ

383

တင်ဇာ (NP News) - ဇန်နဝါရီ ၁၉
ယခင်တစ်ပတ်မှအဆက်
တရုတ်ဆေးရုံကြီးများ ပါဝင်ပတ်သက်နေသည် ဟူသော စွပ်စွဲချက်များ
ဒီဖြစ်ရပ်မှာ စောင့်ကြည့်သူတွေကို အံ့အားသင့်စေတာက စွပ်စွဲချက်တွေတင်မကဘဲ ပတ်သက် နေတဲ့ အဖွဲ့အစည်းတွေကြောင့်လည်း ဖြစ်ပါတယ်။ ကမ္ဘောဒီးယား Life Sciences Institute က ထုတ် ပြန်တဲ့ မိတ်ဖက်အဖွဲ့အစည်းစာရင်းထဲမှာ နာမည်ကြီး တရုတ်ဆေးရုံနဲ့ ဌာနတွေ ပါဝင်နေပါတယ်။ အဲဒါ တွေကတော့ Xiangya ဆေးရုံကြီးနဲ့ ဒုတိယဆေးရုံ (Central South University) ၊ Hunan Normal University ၊ ဝူဟန်ဗိုင်းရပ်စ် ဗေဒဌာန (Chinese Academy of Sciences) ၊ Huazhong သိပ္ပံနှင့် နည်း ပညာ တက္ကသိုလ်၊ Beijing Boao Biological Group တို့ပဲ ဖြစ်ပါတယ်။
ဒါ့အပြင် ကလေးငယ်တွေဆီက ရိုးတွင်းခြင်ဆီ ထုတ်ယူတဲ့စင်တာတွေနဲ့ ပင်မဆဲလ်သုံး အိုမင်း ရင့်ရော်မှု တားဆီးရေးဌာနတွေလည်း ဒီစာရင်းထဲမှာ ပါဝင်နေပါတယ်။ အထူးသဖြင့် Xiangya ဆေးရုံနဲ့ လော့ရွှယ်ယွီအမှုကြောင့် ဒီဆေးရုံဟာ လူပြောအများဆုံး ဖြစ်နေပါတယ်။ (၂၀၂၄) ခုနှစ် မေလ (၈) ရက်မှာ အလုပ်သင်ဆရာဝန် လော့ရွှယ်ယွီဟာ ဆေးရုံအဆောင်နားက အဆောက်အအုံပေါ်ကနေ ပြုတ်ကျ သေဆုံးခဲ့ပါတယ်။ ရဲတပ်ဖွဲ့ကတော့ ဒါကို ကိုယ့်ကိုယ်ကိုယ် သေကြောင်းကြံစည်မှုလို့ သတ်မှတ်ခဲ့ပေမယ့် သူ့မိသားစုနဲ့ လူအများကတော့ ဒါကို လက်မခံကြပါဘူး။
အတွင်းသိတွေရဲ့ ပြောကြားချက်အရ လော့ရွှယ် ယွီဟာ တရားမဝင် အင်္ဂါအစိတ်အပိုင်း ရောင်း ဝယ် ဖောက်ကားမှုတွေကို ဖွင့်ချဖို့ ကြိုးစားခဲ့တာကြောင့် အသတ်ခံရတာလို့ ဆိုကြပါတယ်။ ဒါ့ပြင် ဒီအမှု နဲ့ ပတ်သက်ပြီး ကျောင်းသား (၄) ဦး သေဆုံးခဲ့တယ်လို့လည်း အွန်လိုင်းသတင်းတွေမှာ ထွက်ပေါ်ခဲ့ပါ တယ်။ (၃) ဦးက အမြင့်ကပြုတ်ကျပြီး၊ ကျန် (၁) ဦးဖြစ်တဲ့ ကျောင်းသူ ချောင်မို့ဖင်ကတော့ (၂၀၂၄) ခုနှစ်၊ ဖေဖော်ဝါရီမှာ သန့်စင်ခန်းထဲမှာ သေဆုံးနေတာကို တွေ့ခဲ့ရတာပါ။
အင်္ဂါအစိတ်အပိုင်း ရောင်းဝယ်မှုအပေါ်စိုးရိမ်မှုများ
တရုတ်နိုင်ငံရဲ့ အင်္ဂါအစိတ်အပိုင်းရောင်းဝယ်မှုလုပ်ငန်းစဉ်တွေမှာ ကလေးငယ်တွေကို ပစ်မှတ် ထားလာနေတဲ့အပေါ် ထိုင်ဝမ်ဆေးဘက်ဆိုင်ရာ ကျင့်ဝတ်အဖွဲ့အစည်းမှ ဒေါက်တာ ဟွမ်ရှီဝေက အထူး စိုးရိမ်ကြောင်း ထုတ်ဖော်ပြောဆိုလိုက်ပါတယ်။ အထူးသဖြင့် (၂၀၂၄) ခုနှစ်အတွင်း အဆောက်အအုံ ပေါ်က ပြုတ်ကျသေဆုံးခဲ့တဲ့ အလုပ်သင်ဆရာဝန် လော့ရွှယ်ယွီရဲ့ ဖြစ်ရပ်ဟာ လူပြောအများဆုံး ဖြစ်ခဲ့ပါတယ်။ သူ့မိဘတွေဆီမှာရှိတဲ့ အသံဖိုင်အရ Xiangya ဒုတိယဆေးရုံကနေ သူ့ကို အသက် (၃) နှစ်ကနေ (၉) နှစ်ကြားရှိတဲ့ “ကလေးအင်္ဂါအလှူရှင် (၁၂) ယောက်” ရှာပေးဖို့အမိန့်ပေးခဲ့ကြောင်း သိရပြီး၊ လော့ရွှယ်ယွီဟာ ဒီတရားမဝင်လုပ်ရပ်တွေကို ဖွင့်ချဖို့ ကြိုးစားရင်း သေဆုံးခဲ့ရတာလို့ စွပ်စွဲချက်တွေ ထွက်ပေါ်ခဲ့ပါတယ်။
ဒါ့အပြင် ရှန်ဟိုင်း ဖူတန်တက္ကသိုလ် ဆေးကော လိပ်မှာလည်း ကလေးအင်္ဂါအစားထိုးဌာန တစ်ခု ကို (၂၀၂၄) ခုနှစ် မေလထဲမှာ သီးသန့်တည်ထောင်ခဲ့ပြီး တစ်နှစ်အတွင်း အစားထိုးမှု အကြိမ်ရေ (၁၀ဝ) ကျော်အထိ ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။ စိုးရိမ်စရာ အကောင်းဆုံးအချက်မှာ ကိုယ်အလေးချိန် (၅) ကီလိုဂရမ်အောက်သာရှိတဲ့ မွေးကင်းစ ကလေးတွေနဲ့ ဆေးပညာအရ ကယ်တင်လို့ရနိုင်သေးတဲ့ (၂၉) ပတ်သား လမစေ့ဘဲ မွေးလာတဲ့ ကလေးတွေဆီကနေ ရက်ပိုင်းအတွင်းမှာတင် ကျောက်ကပ်နဲ့ တခြား အင်္ဂါတွေကို ထုတ်ယူပြီး လူကြီးတွေကို အစားထိုးပေးနေတဲ့ဖြစ်စဉ်တွေ ရှိနေခြင်းပဲဖြစ်ပါတယ်။ ဒီလို လုပ်ရပ်တွေဟာ ဆေးဘက်ဆိုင်ရာကျင့်ဝတ်တွေကို ပြင်း ပြင်းထန်ထန် ချိုးဖောက်နေတာကြောင့် နိုင်ငံ တကာရဲ့ ဝေဖန်မှုတွေကိုလည်း ခံနေရပါတယ်။
ကိန်းဂဏန်းအချက်အလက်တွေအရ (၁၉၉၉) ခုနှစ်မတိုင်ခင်က တစ်နှစ်ကို အသည်းအစားထိုးမှု (၅) ကြိမ်ခန့်သာ ရှိခဲ့ပေမယ့်၊ နောက်ပိုင်းမှာတော့ တစ်နှစ်ကို ပျမ်းမျှ (၁ယ၇၀ဝ) ကျော်အထိ အဆပေါင်း (၁၈၀)ခန့် မြင့်တက်လာခဲ့တာကို တွေ့ရပါတယ်။ လက်ရှိမှာလည်း တရုတ်နိုင်ငံတစ်ဝန်းမှာ ဆယ်ကျော် သက် လူငယ်တွေ ဆက်တိုက်ပျောက်ဆုံးနေတာနဲ့ ရှားပါးသွေးအမျိုးအစားရှိတဲ့ (၈) နှစ်အရွယ် မိန်း ကလေးတစ်ဦး ဆေးရုံတက်ရင်း ရုတ်တရက် သေဆုံးသွားတာမျိုးတွေကြောင့် မိဘပြည်သူတွေကြားမှာ အင်္ဂါအစိတ်အပိုင်းအခိုးခံရမှာကို အလွန်အမင်း ထိတ်လန့်မှုတွေ ရှိနေတယ်လို့သိရပါတယ်။
ဒေါက်တာဟွမ်ရဲ့အဆိုအရ တရုတ်နိုင်ငံရဲ့ အင်္ဂါ အစားထိုးလုပ်ငန်းဟာ ကွန်မြူနစ်ပါတီရဲ့ ကျော ထောက်နောက်ခံမှုနဲ့အတူ ထိန်းချုပ်မရတော့တဲ့ “စီးပွားရေးလုပ်ငန်းကြီးတစ်ခု” လို ဖြစ်လာနေတယ်လို့ ဆိုပါတယ်။ ချမ်းသာတဲ့သူတွေရဲ့ လိုအပ်ချက်ကို ဖြည့်ဆည်းပေးဖို့အတွက် ကျန်းမာသန်စွမ်းတဲ့ လူငယ် တွေနဲ့ ကလေးငယ်တွေကို ပစ်မှတ်ထားပြီး အင်္ဂါအစိတ်အပိုင်းတွေကို အတင်းအဓမ္မ ထုတ်ယူနေကြတဲ့ ဒီလုပ်ငန်းစဉ်ဟာ လူမဆန်တဲ့ လုပ်ရပ်တစ်ခု အဖြစ် ဆက်လက်တည်ရှိနေကြောင်း သူက ဆိုပါတယ်။
ထိပ်သီးခေါင်းဆောင်များ၏ထာဝရရှင်သန်နိုင်ရေး အိပ်မက်အချို့
(၂၀၂၅) ခုနှစ် စက်တင်ဘာလအတွင်း ပေ ကျင်းမြို့မှာ ကျင်းပခဲ့တဲ့ ဒုတိယကမ္ဘာစစ်အပြီး နှစ် (၈၀) ပြည့် စစ်ရေးပြအခမ်းအနားတစ်ခုမှာ တရုတ် ခေါင်းဆောင် ရှီကျင့်ဖျင်၊ ရုရှားသမ္မတ ဗလာဒီမာ ပူတင်နဲ့ မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန် တို့ရဲ့ ထူးခြားတဲ့ စကားပြောဆိုမှုတစ်ခုကို CCTV မိုက်ခရိုဖုန်းတွေကနေတစ်ဆင့် ဖမ်းယူရရှိခဲ့ပါတယ်။ အဆိုပါ ခေါင်းဆောင်ကြီးတွေဟာ လူသားတွေ အသက်ရှည်ရှည်နေနိုင်ရေး၊ အင်္ဂါ အစိတ်အပိုင်း အစားထိုးကုသမှုတွေနဲ့ ဆေးပညာတိုးတက်မှုက တစ်ဆင့် အသက် (၁၅၀) အထိ နေထိုင်နိုင်မယ့် အလားအလာ တစ်နည်းဆိုရရင် ထာဝရအသက်ရှင် နိုင်မယ့် အခွင့်အလမ်းတွေအကြောင်းကို အလေးအနက် ဆွေးနွေးခဲ့ကြတာ ဖြစ်ပါတယ်။
အဆိုပါပြောဆိုချက်တွေအရ ပူတင်က ဇီဝ နည်း ပညာတိုးတက်မှုတွေကြောင့် အင်္ဂါအစိတ် အပိုင်းတွေကို အစဉ်တစိုက် လဲလှယ်အစားထိုးနိုင်မှာ ဖြစ်ပြီး အဲဒီနည်းလမ်းနဲ့ လူတွေဟာ “တစ်နေ့ထက် တစ်နေ့ ပိုနုပျိုလာပြီး ထာဝရအသက်ရှင်မှုကိုတောင် ရနိုင်လိမ့်မယ်”လို့ ပြောဆိုခဲ့ပါတယ်။ ရှီကျင့်ဖျင်က လည်း အရင်တုန်းကတော့ အသက် (၇၀) အထိ နေရဖို့ဆိုတာ ခဲယဉ်းခဲ့ပေမယ့် အခုခေတ်မှာတော့ အသက် (၇၀) ဆိုတာ လူငယ်အရွယ်လိုပဲ ရှိနေသေးကြောင်း၊ ဒီရာစုနှစ်အတွင်းမှာ လူသားတွေဟာ အသက် (၁၅၀) အထိ နေထိုင်နိုင်လာလိမ့်မယ်လို့ ခန့်မှန်းကြောင်း ပြန်လည်ပြောကြားခဲ့ပါတယ်။ နောက် ပိုင်းမှာတော့ ပူတင်က ဒီစကားဝိုင်းဖြစ်ခဲ့တာ မှန်ကန်ကြောင်းအတည်ပြုခဲ့ပြီး ခေတ်သစ်ဆေး ပညာနဲ့ ခွဲစိတ်မှု နည်းလမ်းသစ်တွေဟာ လူသားတွေ သက်တမ်းရှည်ရှည်နဲ့ ကျန်းကျန်းမာမာနေနိုင်ဖို့အတွက် မျှော်လင့်ချက်အသစ်တွေ ပေးနေပြီဖြစ်ကြောင်း ပြောဆိုခဲ့ပါတယ်။
တကယ်တော့ ခေါင်းဆောင်ကြီးတွေအနေနဲ့ ခုလို သူတို့ရဲ့သက်တမ်းနဲ့ အာဏာကို တိုးချဲ့ဖို့ အတွက် ထာဝရအသက်ရှင်နိုင်မယ့် နည်းလမ်းတွေကို ရှာဖွေခဲ့ ကြတာ အသစ်အဆန်းတော့ မဟုတ် ပါဘူး။ ရှေးယခင် ကတည်းက အုပ်ချုပ်သူတွေဟာ ထာဝရရှင်သန်နိုင်ဖို့ နည်းလမ်းမျိုးစုံနဲ့ ကြိုးစားခဲ့ ကြတာပါ။ ဥပမာပြရမယ် ဆိုရင် တရုတ်နိုင်ငံရဲ့ ပထမဆုံး ဧကရာဇ်ဖြစ်တဲ့ ချင်ရှီဟွမ်ဆိုရင် ထာဝရ အသက်ရှင်ဆေးကို ရှာဖွေဖို့ အတွက် ဒဏ္ဍာရီလာ ပင်လိုင် (Penglai) တောင်ဆီကို အဖွဲ့တွေ စေလွှတ်ခဲ့ ဖူးပါတယ်။ ဒါပေမဲ့ သူသောက်သုံးခဲ့တဲ့ ပြဒါးပါဝင်တဲ့ ဆေးရည်တွေကပဲ သူ့ကိုအရွယ်မတိုင်ခင် အသက် သေဆုံးစေခဲ့တာ ဖြစ်နိုင်တယ်လို့ ယူဆကြပါတယ်။ မဟာအလက်ဇန္ဒားဆိုရင်လည်း “အသက်ရှည်ရေ စင်” ကို ရှာဖွေဖို့အတွက် ဒဏ္ဍာရီလာ “အမှောင်ထုပြည်နယ်” လို့ခေါ်တဲ့ တောနက်ကြီးထဲအထိ လှည့် လည်သွားလာခဲ့တယ်လို့ ဆိုကြပါတယ်။
ရာစုနှစ်များစွာ ကြာပြီးနောက်မှာတော့ အီတလီ ဝန်ကြီးချုပ်ဟောင်း ဆေးလ်ဗီယိုး ဘာလူစကိုနီ ကလည်း သူဟာ နိုင်ငံရေးလောကမှာ အမြဲတမ်း အားမာန်အပြည့်ရှိနေတယ်လို့ ထင်ရအောင် ဆံပင် စိုက် တာ၊ ပလတ်စတစ်ဆာဂျရီခွဲစိတ်တာနဲ့ သွေးကို အထူးကုသတာမျိုးတွေ လုပ်ဆောင်ပြီး နုပျိုအောင် ကြိုး စားခဲ့ဖူးပါတယ်။ အလားတူပဲ ကာဇက်စတန် နိုင်ငံရဲ့ သမ္မတဟောင်း နာဇာဘာယက်ဗ်ကလည်း “ခန္ဓာ ကိုယ် ပြန်လည်နုပျိုလာစေရေး”၊ လူသားမျိုး ရိုးဗီဇနဲ့ မျိုးဗီဇအခြေခံဆေးဝါးတွေကို လေ့လာဖို့အတွက် အက်စတာနာမြို့မှာရှိတဲ့ အဖွဲ့အစည်း တစ်ခုကို အမိန့်ပေးစေခိုင်းခဲ့ပါတယ်။ (၂၀၁၀) ခုနှစ်တုန်းက သူက “အနာဂတ်ဆေးပညာတွေနဲ့ ပတ်သက်ရင် ကျနော့်အရွယ် လူတွေကတော့ ဒါတွေအားလုံး အမြန်ဆုံး ဖြစ် မြောက်လိမ့်မယ်လို့ တကယ်ကို မျှော်လင့်နေကြတာပါ” လို့ ဒေသခံ သိပ္ပံပညာရှင်တွေကို တောင်းဆိုခဲ့ ဖူးပါတယ်။ ဒါပေမဲ့ နောက်ဆုံးမှာတော့ ဘာလူစကိုနီဟာ အဆုတ်ပိုးဝင်တဲ့ရောဂါကြောင့်ပဲ အသက်(၈၆) နှစ်မှာ ကွယ်လွန်သွားခဲ့သလို နာဇာဘာယက်ဗ်လည်း (၂၀၂၂) ခုနှစ် ကာဇက်စတန် ဆူပူအုံကြွမှုတွေ အတွင်း အာဏာကနေ ဖယ်ရှားခံခဲ့ရပါတယ်။ အခုဆိုရင် သူဟာ အသက် (၈၅) နှစ် ရှိနေပါပြီ။
ဒီခေါင်းဆောင်နှစ်ယောက်စလုံးနဲ့ ရင်းနှီးတဲ့ ပူတင်ကတော့ သူတို့ထက်တောင် ပိုပြီး အလှမ်းဝေး တဲ့အထိ ခြေလှမ်းပြင်နေပုံရပါတယ်။ သူဟာ လူ့သက်တမ်းကို ရှည်ကြာစေမယ့် သိပ္ပံပညာရပ်တွေ အ တွက် အကြီးမားဆုံးနဲ့ အကုန်အကျအများဆုံး နည်းလမ်းတွေကို အကောင်အထည်ဖော်နေတာပါ။ ရုရှား ခေါင်းဆောင် ပူတင်ဟာ ကျန်းမာရေးနဲ့ ပတ်သက်ရင် အမြဲတမ်း အစွဲအလမ်းကြီးသူဖြစ်ပြီး၊ သူ နုပျို လန်း ဆန်းနေဖို့အတွက် ကိုယ်ပိုင်ဆရာဝန်အဖွဲ့အပေါ် အားကိုးသလို တခြားသော ကုထုံးသစ်တွေကိုလည်း အစဉ်တစိုက် အသုံးပြုနေတယ်လို့ ဆိုကြပါတယ်။
နိဂုံး
နိဂုံးချုပ်အနေနဲ့ ဆိုရရင် လူတွေဟာ အထူးသဖြင့် အာဏာရှိသူတွေနဲ့ လူကုံထံတွေဟာ ရှေး ခေတ်ကနေ ဒီနေ့ခေတ်အထိ အသက်ရှည်ရှည် နေထိုင်ချင်တဲ့ ဆန္ဒတွေကတော့ ပြောင်းလဲသွားခြင်း မရှိပါဘူး။ ဒါပေမဲ့ ခေတ်သစ်သိပ္ပံပညာကို အလွဲသုံး စားလုပ်ပြီး အပြစ်မဲ့ကလေးငယ်တွေနဲ့ လူငယ်တွေရဲ့ အသက်ကို ရင်းပြီး နုပျိုမှုကို အတင်းအဓမ္မ ဝယ်ယူဖို့ ကြိုးစားလာတာဟာ ကျင့်ဝတ်သိက္ခာပိုင်းအရ အလွန်ကို ဆိုးရွားလှပါတယ်။ ကမ္ဘောဒီးယား Life Science Institute က ဖြစ်ရပ်တွေဟာ အမှန်တကယ် သာဆိုရင် လူသားတွေအနေနဲ့ ကျင့်ဝတ်နဲ့ လုံးဝမလျော်ညီတဲ့ အသက်ရှည်နေထိုင်ရေး နည်းလမ်းတွေကို စတင်ရှာဖွေလာတာဟာ တကယ့်ကို ကြောက်မက်ဖွယ်ကောင်းနေပြီဖြစ်ပါတယ်။ မိမိတို့ရဲ့ သက်တမ်း ရှည်ဖို့အတွက် တခြားသူရဲ့ အသက်ကို “ကုန်ကြမ်း” လို သဘောထားလာတဲ့ ဒီလိုလုပ်ရပ်တွေကို သတိပြုမိကြဖို့နဲ့ ဝိုင်းဝန်းတားဆီးသင့်ရင် တားဆီးကြရမှာဖြစ်ပါတယ်။

Zawgyi Version;
နယ္စပ္တိုက္ပြဲမ်ားမွပြင့္အံလာသည့္ လွ်ိဳ႕ဝွက္ခ်က္ Combodia Life Sciences Institute ႏွင့္ လူမဆန္ ေသာ ဇီဝစက္႐ုံမ်ား
တင္ဇာ (NP News) - ဇန္နဝါရီ ၁၉
ယခင္တစ္ပတ္မွအဆက္
တ႐ုတ္ေဆး႐ုံႀကီးမ်ား ပါဝင္ပတ္သက္ေနသည္ ဟူေသာ စြပ္စြဲခ်က္မ်ား
ဒီျဖစ္ရပ္မွာ ေစာင့္ၾကည့္သူေတြကို အံ့အားသင့္ေစတာက စြပ္စြဲခ်က္ေတြတင္မကဘဲ ပတ္သက္ ေနတဲ့ အဖြဲ႕အစည္းေတြေၾကာင့္လည္း ျဖစ္ပါတယ္။ ကေမာၻဒီးယား Life Sciences Institute က ထုတ္ ျပန္တဲ့ မိတ္ဖက္အဖြဲ႕အစည္းစာရင္းထဲမွာ နာမည္ႀကီး တ႐ုတ္ေဆး႐ုံနဲ႔ ဌာနေတြ ပါဝင္ေနပါတယ္။ အဲဒါ ေတြကေတာ့ Xiangya ေဆး႐ုံႀကီးနဲ႔ ဒုတိယေဆး႐ုံ (Central South University) ၊ Hunan Normal University ၊ ဝူဟန္ဗိုင္းရပ္စ္ ေဗဒဌာန (Chinese Academy of Sciences) ၊ Huazhong သိပၸံႏွင့္ နည္း ပညာ တကၠသိုလ္၊ Beijing Boao Biological Group တို႔ပဲ ျဖစ္ပါတယ္။
ဒါ့အျပင္ ကေလးငယ္ေတြဆီက ႐ိုးတြင္းျခင္ဆီ ထုတ္ယူတဲ့စင္တာေတြနဲ႔ ပင္မဆဲလ္သုံး အိုမင္း ရင့္ေရာ္မႈ တားဆီးေရးဌာနေတြလည္း ဒီစာရင္းထဲမွာ ပါဝင္ေနပါတယ္။ အထူးသျဖင့္ Xiangya ေဆး႐ုံနဲ႔ ေလာ့႐ႊယ္ယြီအမႈေၾကာင့္ ဒီေဆး႐ုံဟာ လူေျပာအမ်ားဆုံး ျဖစ္ေနပါတယ္။ (၂၀၂၄) ခုႏွစ္ ေမလ (၈) ရက္မွာ အလုပ္သင္ဆရာဝန္ ေလာ့႐ႊယ္ယြီဟာ ေဆး႐ုံအေဆာင္နားက အေဆာက္အအုံေပၚကေန ျပဳတ္က် ေသဆုံးခဲ့ပါတယ္။ ရဲတပ္ဖြဲ႕ကေတာ့ ဒါကို ကိုယ့္ကိုယ္ကိုယ္ ေသေၾကာင္းႀကံစည္မႈလို႔ သတ္မွတ္ခဲ့ေပမယ့္ သူ႔မိသားစုနဲ႔ လူအမ်ားကေတာ့ ဒါကို လက္မခံၾကပါဘူး။
အတြင္းသိေတြရဲ႕ ေျပာၾကားခ်က္အရ ေလာ့႐ႊယ္ ယြီဟာ တရားမဝင္ အဂၤါအစိတ္အပိုင္း ေရာင္း ဝယ္ ေဖာက္ကားမႈေတြကို ဖြင့္ခ်ဖို႔ ႀကိဳးစားခဲ့တာေၾကာင့္ အသတ္ခံရတာလို႔ ဆိုၾကပါတယ္။ ဒါ့ျပင္ ဒီအမႈ နဲ႔ ပတ္သက္ၿပီး ေက်ာင္းသား (၄) ဦး ေသဆုံးခဲ့တယ္လို႔လည္း အြန္လိုင္းသတင္းေတြမွာ ထြက္ေပၚခဲ့ပါ တယ္။ (၃) ဦးက အျမင့္ကျပဳတ္က်ၿပီး၊ က်န္ (၁) ဦးျဖစ္တဲ့ ေက်ာင္းသူ ေခ်ာင္မို႔ဖင္ကေတာ့ (၂၀၂၄) ခုႏွစ္၊ ေဖေဖာ္ဝါရီမွာ သန႔္စင္ခန္းထဲမွာ ေသဆုံးေနတာကို ေတြ႕ခဲ့ရတာပါ။
အဂၤါအစိတ္အပိုင္း ေရာင္းဝယ္မႈအေပၚစိုးရိမ္မႈမ်ား
တ႐ုတ္ႏိုင္ငံရဲ႕ အဂၤါအစိတ္အပိုင္းေရာင္းဝယ္မႈလုပ္ငန္းစဥ္ေတြမွာ ကေလးငယ္ေတြကို ပစ္မွတ္ ထားလာေနတဲ့အေပၚ ထိုင္ဝမ္ေဆးဘက္ဆိုင္ရာ က်င့္ဝတ္အဖြဲ႕အစည္းမွ ေဒါက္တာ ဟြမ္ရွီေဝက အထူး စိုးရိမ္ေၾကာင္း ထုတ္ေဖာ္ေျပာဆိုလိုက္ပါတယ္။ အထူးသျဖင့္ (၂၀၂၄) ခုႏွစ္အတြင္း အေဆာက္အအုံ ေပၚက ျပဳတ္က်ေသဆုံးခဲ့တဲ့ အလုပ္သင္ဆရာဝန္ ေလာ့႐ႊယ္ယြီရဲ႕ ျဖစ္ရပ္ဟာ လူေျပာအမ်ားဆုံး ျဖစ္ခဲ့ပါတယ္။ သူ႔မိဘေတြဆီမွာရွိတဲ့ အသံဖိုင္အရ Xiangya ဒုတိယေဆး႐ုံကေန သူ႔ကို အသက္ (၃) ႏွစ္ကေန (၉) ႏွစ္ၾကားရွိတဲ့ “ကေလးအဂၤါအလႉရွင္ (၁၂) ေယာက္” ရွာေပးဖို႔အမိန႔္ေပးခဲ့ေၾကာင္း သိရၿပီး၊ ေလာ့႐ႊယ္ယြီဟာ ဒီတရားမဝင္လုပ္ရပ္ေတြကို ဖြင့္ခ်ဖို႔ ႀကိဳးစားရင္း ေသဆုံးခဲ့ရတာလို႔ စြပ္စြဲခ်က္ေတြ ထြက္ေပၚခဲ့ပါတယ္။
ဒါ့အျပင္ ရွန္ဟိုင္း ဖူတန္တကၠသိုလ္ ေဆးေကာ လိပ္မွာလည္း ကေလးအဂၤါအစားထိုးဌာန တစ္ခု ကို (၂၀၂၄) ခုႏွစ္ ေမလထဲမွာ သီးသန႔္တည္ေထာင္ခဲ့ၿပီး တစ္ႏွစ္အတြင္း အစားထိုးမႈ အႀကိမ္ေရ (၁၀ဝ) ေက်ာ္အထိ ျပဳလုပ္ခဲ့တယ္လို႔ သိရပါတယ္။ စိုးရိမ္စရာ အေကာင္းဆုံးအခ်က္မွာ ကိုယ္အေလးခ်ိန္ (၅) ကီလိုဂရမ္ေအာက္သာရွိတဲ့ ေမြးကင္းစ ကေလးေတြနဲ႔ ေဆးပညာအရ ကယ္တင္လို႔ရႏိုင္ေသးတဲ့ (၂၉) ပတ္သား လမေစ့ဘဲ ေမြးလာတဲ့ ကေလးေတြဆီကေန ရက္ပိုင္းအတြင္းမွာတင္ ေက်ာက္ကပ္နဲ႔ တျခား အဂၤါေတြကို ထုတ္ယူၿပီး လူႀကီးေတြကို အစားထိုးေပးေနတဲ့ျဖစ္စဥ္ေတြ ရွိေနျခင္းပဲျဖစ္ပါတယ္။ ဒီလို လုပ္ရပ္ေတြဟာ ေဆးဘက္ဆိုင္ရာက်င့္ဝတ္ေတြကို ျပင္း ျပင္းထန္ထန္ ခ်ိဳးေဖာက္ေနတာေၾကာင့္ ႏိုင္ငံ တကာရဲ႕ ေဝဖန္မႈေတြကိုလည္း ခံေနရပါတယ္။
ကိန္းဂဏန္းအခ်က္အလက္ေတြအရ (၁၉၉၉) ခုႏွစ္မတိုင္ခင္က တစ္ႏွစ္ကို အသည္းအစားထိုးမႈ (၅) ႀကိမ္ခန႔္သာ ရွိခဲ့ေပမယ့္၊ ေနာက္ပိုင္းမွာေတာ့ တစ္ႏွစ္ကို ပ်မ္းမွ် (၁ယ၇၀ဝ) ေက်ာ္အထိ အဆေပါင္း (၁၈၀)ခန႔္ ျမင့္တက္လာခဲ့တာကို ေတြ႕ရပါတယ္။ လက္ရွိမွာလည္း တ႐ုတ္ႏိုင္ငံတစ္ဝန္းမွာ ဆယ္ေက်ာ္ သက္ လူငယ္ေတြ ဆက္တိုက္ေပ်ာက္ဆုံးေနတာနဲ႔ ရွားပါးေသြးအမ်ိဳးအစားရွိတဲ့ (၈) ႏွစ္အ႐ြယ္ မိန္း ကေလးတစ္ဦး ေဆး႐ုံတက္ရင္း ႐ုတ္တရက္ ေသဆုံးသြားတာမ်ိဳးေတြေၾကာင့္ မိဘျပည္သူေတြၾကားမွာ အဂၤါအစိတ္အပိုင္းအခိုးခံရမွာကို အလြန္အမင္း ထိတ္လန႔္မႈေတြ ရွိေနတယ္လို႔သိရပါတယ္။
ေဒါက္တာဟြမ္ရဲ႕အဆိုအရ တ႐ုတ္ႏိုင္ငံရဲ႕ အဂၤါ အစားထိုးလုပ္ငန္းဟာ ကြန္ျမဴနစ္ပါတီရဲ႕ ေက်ာ ေထာက္ေနာက္ခံမႈနဲ႔အတူ ထိန္းခ်ဳပ္မရေတာ့တဲ့ “စီးပြားေရးလုပ္ငန္းႀကီးတစ္ခု” လို ျဖစ္လာေနတယ္လို႔ ဆိုပါတယ္။ ခ်မ္းသာတဲ့သူေတြရဲ႕ လိုအပ္ခ်က္ကို ျဖည့္ဆည္းေပးဖို႔အတြက္ က်န္းမာသန္စြမ္းတဲ့ လူငယ္ ေတြနဲ႔ ကေလးငယ္ေတြကို ပစ္မွတ္ထားၿပီး အဂၤါအစိတ္အပိုင္းေတြကို အတင္းအဓမၼ ထုတ္ယူေနၾကတဲ့ ဒီလုပ္ငန္းစဥ္ဟာ လူမဆန္တဲ့ လုပ္ရပ္တစ္ခု အျဖစ္ ဆက္လက္တည္ရွိေနေၾကာင္း သူက ဆိုပါတယ္။
ထိပ္သီးေခါင္းေဆာင္မ်ား၏ထာဝရရွင္သန္ႏိုင္ေရး အိပ္မက္အခ်ိဳ႕
(၂၀၂၅) ခုႏွစ္ စက္တင္ဘာလအတြင္း ေပ က်င္းၿမိဳ႕မွာ က်င္းပခဲ့တဲ့ ဒုတိယကမာၻစစ္အၿပီး ႏွစ္ (၈၀) ျပည့္ စစ္ေရးျပအခမ္းအနားတစ္ခုမွာ တ႐ုတ္ ေခါင္းေဆာင္ ရွီက်င့္ဖ်င္၊ ႐ုရွားသမၼတ ဗလာဒီမာ ပူတင္နဲ႔ ေျမာက္ကိုရီးယားေခါင္းေဆာင္ ကင္ဂ်ဳံအန္ တို႔ရဲ႕ ထူးျခားတဲ့ စကားေျပာဆိုမႈတစ္ခုကို CCTV မိုက္ခ႐ိုဖုန္းေတြကေနတစ္ဆင့္ ဖမ္းယူရရွိခဲ့ပါတယ္။ အဆိုပါ ေခါင္းေဆာင္ႀကီးေတြဟာ လူသားေတြ အသက္ရွည္ရွည္ေနႏိုင္ေရး၊ အဂၤါ အစိတ္အပိုင္း အစားထိုးကုသမႈေတြနဲ႔ ေဆးပညာတိုးတက္မႈက တစ္ဆင့္ အသက္ (၁၅၀) အထိ ေနထိုင္ႏိုင္မယ့္ အလားအလာ တစ္နည္းဆိုရရင္ ထာဝရအသက္ရွင္ ႏိုင္မယ့္ အခြင့္အလမ္းေတြအေၾကာင္းကို အေလးအနက္ ေဆြးေႏြးခဲ့ၾကတာ ျဖစ္ပါတယ္။
အဆိုပါေျပာဆိုခ်က္ေတြအရ ပူတင္က ဇီဝ နည္း ပညာတိုးတက္မႈေတြေၾကာင့္ အဂၤါအစိတ္ အပိုင္းေတြကို အစဥ္တစိုက္ လဲလွယ္အစားထိုးႏိုင္မွာ ျဖစ္ၿပီး အဲဒီနည္းလမ္းနဲ႔ လူေတြဟာ “တစ္ေန႔ထက္ တစ္ေန႔ ပိုႏုပ်ိဳလာၿပီး ထာဝရအသက္ရွင္မႈကိုေတာင္ ရႏိုင္လိမ့္မယ္”လို႔ ေျပာဆိုခဲ့ပါတယ္။ ရွီက်င့္ဖ်င္က လည္း အရင္တုန္းကေတာ့ အသက္ (၇၀) အထိ ေနရဖို႔ဆိုတာ ခဲယဥ္းခဲ့ေပမယ့္ အခုေခတ္မွာေတာ့ အသက္ (၇၀) ဆိုတာ လူငယ္အ႐ြယ္လိုပဲ ရွိေနေသးေၾကာင္း၊ ဒီရာစုႏွစ္အတြင္းမွာ လူသားေတြဟာ အသက္ (၁၅၀) အထိ ေနထိုင္ႏိုင္လာလိမ့္မယ္လို႔ ခန႔္မွန္းေၾကာင္း ျပန္လည္ေျပာၾကားခဲ့ပါတယ္။ ေနာက္ ပိုင္းမွာေတာ့ ပူတင္က ဒီစကားဝိုင္းျဖစ္ခဲ့တာ မွန္ကန္ေၾကာင္းအတည္ျပဳခဲ့ၿပီး ေခတ္သစ္ေဆး ပညာနဲ႔ ခြဲစိတ္မႈ နည္းလမ္းသစ္ေတြဟာ လူသားေတြ သက္တမ္းရွည္ရွည္နဲ႔ က်န္းက်န္းမာမာေနႏိုင္ဖို႔အတြက္ ေမွ်ာ္လင့္ခ်က္အသစ္ေတြ ေပးေနၿပီျဖစ္ေၾကာင္း ေျပာဆိုခဲ့ပါတယ္။
တကယ္ေတာ့ ေခါင္းေဆာင္ႀကီးေတြအေနနဲ႔ ခုလို သူတို႔ရဲ႕သက္တမ္းနဲ႔ အာဏာကို တိုးခ်ဲ႕ဖို႔ အတြက္ ထာဝရအသက္ရွင္ႏိုင္မယ့္ နည္းလမ္းေတြကို ရွာေဖြခဲ့ ၾကတာ အသစ္အဆန္းေတာ့ မဟုတ္ ပါဘူး။ ေရွးယခင္ ကတည္းက အုပ္ခ်ဳပ္သူေတြဟာ ထာဝရရွင္သန္ႏိုင္ဖို႔ နည္းလမ္းမ်ိဳးစုံနဲ႔ ႀကိဳးစားခဲ့ ၾကတာပါ။ ဥပမာျပရမယ္ ဆိုရင္ တ႐ုတ္ႏိုင္ငံရဲ႕ ပထမဆုံး ဧကရာဇ္ျဖစ္တဲ့ ခ်င္ရွီဟြမ္ဆိုရင္ ထာဝရ အသက္ရွင္ေဆးကို ရွာေဖြဖို႔ အတြက္ ဒ႑ာရီလာ ပင္လိုင္ (Penglai) ေတာင္ဆီကို အဖြဲ႕ေတြ ေစလႊတ္ခဲ့ ဖူးပါတယ္။ ဒါေပမဲ့ သူေသာက္သုံးခဲ့တဲ့ ျပဒါးပါဝင္တဲ့ ေဆးရည္ေတြကပဲ သူ႔ကိုအ႐ြယ္မတိုင္ခင္ အသက္ ေသဆုံးေစခဲ့တာ ျဖစ္ႏိုင္တယ္လို႔ ယူဆၾကပါတယ္။ မဟာအလက္ဇႏၵားဆိုရင္လည္း “အသက္ရွည္ေရ စင္” ကို ရွာေဖြဖို႔အတြက္ ဒ႑ာရီလာ “အေမွာင္ထုျပည္နယ္” လို႔ေခၚတဲ့ ေတာနက္ႀကီးထဲအထိ လွည့္ လည္သြားလာခဲ့တယ္လို႔ ဆိုၾကပါတယ္။
ရာစုႏွစ္မ်ားစြာ ၾကာၿပီးေနာက္မွာေတာ့ အီတလီ ဝန္ႀကီးခ်ဳပ္ေဟာင္း ေဆးလ္ဗီယိုး ဘာလူစကိုနီ ကလည္း သူဟာ ႏိုင္ငံေရးေလာကမွာ အၿမဲတမ္း အားမာန္အျပည့္ရွိေနတယ္လို႔ ထင္ရေအာင္ ဆံပင္ စိုက္ တာ၊ ပလတ္စတစ္ဆာဂ်ရီခြဲစိတ္တာနဲ႔ ေသြးကို အထူးကုသတာမ်ိဳးေတြ လုပ္ေဆာင္ၿပီး ႏုပ်ိဳေအာင္ ႀကိဳး စားခဲ့ဖူးပါတယ္။ အလားတူပဲ ကာဇက္စတန္ ႏိုင္ငံရဲ႕ သမၼတေဟာင္း နာဇာဘာယက္ဗ္ကလည္း “ခႏၶာ ကိုယ္ ျပန္လည္ႏုပ်ိဳလာေစေရး”၊ လူသားမ်ိဳး ႐ိုးဗီဇနဲ႔ မ်ိဳးဗီဇအေျခခံေဆးဝါးေတြကို ေလ့လာဖို႔အတြက္ အက္စတာနာၿမိဳ႕မွာရွိတဲ့ အဖြဲ႕အစည္း တစ္ခုကို အမိန႔္ေပးေစခိုင္းခဲ့ပါတယ္။ (၂၀၁၀) ခုႏွစ္တုန္းက သူက “အနာဂတ္ေဆးပညာေတြနဲ႔ ပတ္သက္ရင္ က်ေနာ့္အ႐ြယ္ လူေတြကေတာ့ ဒါေတြအားလုံး အျမန္ဆုံး ျဖစ္ ေျမာက္လိမ့္မယ္လို႔ တကယ္ကို ေမွ်ာ္လင့္ေနၾကတာပါ” လို႔ ေဒသခံ သိပၸံပညာရွင္ေတြကို ေတာင္းဆိုခဲ့ ဖူးပါတယ္။ ဒါေပမဲ့ ေနာက္ဆုံးမွာေတာ့ ဘာလူစကိုနီဟာ အဆုတ္ပိုးဝင္တဲ့ေရာဂါေၾကာင့္ပဲ အသက္(၈၆) ႏွစ္မွာ ကြယ္လြန္သြားခဲ့သလို နာဇာဘာယက္ဗ္လည္း (၂၀၂၂) ခုႏွစ္ ကာဇက္စတန္ ဆူပူအုံႂကြမႈေတြ အတြင္း အာဏာကေန ဖယ္ရွားခံခဲ့ရပါတယ္။ အခုဆိုရင္ သူဟာ အသက္ (၈၅) ႏွစ္ ရွိေနပါၿပီ။
ဒီေခါင္းေဆာင္ႏွစ္ေယာက္စလုံးနဲ႔ ရင္းႏွီးတဲ့ ပူတင္ကေတာ့ သူတို႔ထက္ေတာင္ ပိုၿပီး အလွမ္းေဝး တဲ့အထိ ေျခလွမ္းျပင္ေနပုံရပါတယ္။ သူဟာ လူ႔သက္တမ္းကို ရွည္ၾကာေစမယ့္ သိပၸံပညာရပ္ေတြ အ တြက္ အႀကီးမားဆုံးနဲ႔ အကုန္အက်အမ်ားဆုံး နည္းလမ္းေတြကို အေကာင္အထည္ေဖာ္ေနတာပါ။ ႐ုရွား ေခါင္းေဆာင္ ပူတင္ဟာ က်န္းမာေရးနဲ႔ ပတ္သက္ရင္ အၿမဲတမ္း အစြဲအလမ္းႀကီးသူျဖစ္ၿပီး၊ သူ ႏုပ်ိဳ လန္း ဆန္းေနဖို႔အတြက္ ကိုယ္ပိုင္ဆရာဝန္အဖြဲ႕အေပၚ အားကိုးသလို တျခားေသာ ကုထုံးသစ္ေတြကိုလည္း အစဥ္တစိုက္ အသုံးျပဳေနတယ္လို႔ ဆိုၾကပါတယ္။
နိဂုံး
နိဂုံးခ်ဳပ္အေနနဲ႔ ဆိုရရင္ လူေတြဟာ အထူးသျဖင့္ အာဏာရွိသူေတြနဲ႔ လူကုံထံေတြဟာ ေရွး ေခတ္ကေန ဒီေန႔ေခတ္အထိ အသက္ရွည္ရွည္ ေနထိုင္ခ်င္တဲ့ ဆႏၵေတြကေတာ့ ေျပာင္းလဲသြားျခင္း မရွိပါဘူး။ ဒါေပမဲ့ ေခတ္သစ္သိပၸံပညာကို အလြဲသုံး စားလုပ္ၿပီး အျပစ္မဲ့ကေလးငယ္ေတြနဲ႔ လူငယ္ေတြရဲ႕ အသက္ကို ရင္းၿပီး ႏုပ်ိဳမႈကို အတင္းအဓမၼ ဝယ္ယူဖို႔ ႀကိဳးစားလာတာဟာ က်င့္ဝတ္သိကၡာပိုင္းအရ အလြန္ကို ဆိုး႐ြားလွပါတယ္။ ကေမာၻဒီးယား Life Science Institute က ျဖစ္ရပ္ေတြဟာ အမွန္တကယ္ သာဆိုရင္ လူသားေတြအေနနဲ႔ က်င့္ဝတ္နဲ႔ လုံးဝမေလ်ာ္ညီတဲ့ အသက္ရွည္ေနထိုင္ေရး နည္းလမ္းေတြကို စတင္ရွာေဖြလာတာဟာ တကယ့္ကို ေၾကာက္မက္ဖြယ္ေကာင္းေနၿပီျဖစ္ပါတယ္။ မိမိတို႔ရဲ႕ သက္တမ္း ရွည္ဖို႔အတြက္ တျခားသူရဲ႕ အသက္ကို “ကုန္ၾကမ္း” လို သေဘာထားလာတဲ့ ဒီလိုလုပ္ရပ္ေတြကို သတိျပဳမိၾကဖို႔နဲ႔ ဝိုင္းဝန္းတားဆီးသင့္ရင္ တားဆီးၾကရမွာျဖစ္ပါတယ္။