ဘင်္ဂါလီအရေးနှင့်ပတ်သက်၍ FFM မှ တင်သွင်းသော အသိသက်သေများသည် ARSA ကို သစ္စာခံနေသလော ဟု ICJ တွင် မြန်မာဘက်ရှေ့နေ မေးခွန်းထုတ်

240

သုတကျော်၊ တင်ဇာ (NP News) - ဇန်နဝါရီ ၁၉
ဘင်္ဂါလီအရေးနှင့်ပတ်သက်၍ အချက်အလက်ရှာဖွေရေးအဖွဲ့ (FFM) မှ တင်သွင်းသော အသိသက်သေများသည် ARSA ကို သစ္စာခံနေသလော ဟု ICJ တွင် မြန်မာနိုင်ငံဘက်မှ လိုက်ပါဆောင်ရွက်ပေးနေသော ရှေ့နေက ယနေ့ (ဇန်နဝါရီလ ၁၉ ရက်) တရားခွင်တွင် လျှောက်လဲချက်ပေးစဉ် မေးခွန်းထုတ်ပြောကြားသည်။
ဂမ်ဘီယာ ဘက်က မြန်မာအရေး နှင့် ပတ်သက်၍ ကုလသဂ္ဂ၏ အချက်အလက်ရှာဖွေရေးအဖွဲ့ (FFM) ထံက ရရှိသောအချက်အလက်များကို ကိုးကားနေခြင်းဖြစ်ရာ ယင်း အချက်အလက်များအပေါ် အချက်အလက်များဖြင့် ပြန်လည်ဖြေရှင်းခဲ့ခြင်းဖြစ်သည်။
ဂမ်ဘီယာဘက်က ကနဦး လျှောက်လဲချက်များအတွင်း နေရာ (၃ဝ) တွင် လူမျိုးတုံးသတ်ဖြတ်မှု မြောက်သော ရက်စက်သည့်လုပ်ရပ်များ၊ အဓမ္မပြုကျင့်မှုများ၊ အစုလိုက် အပြုံလိုက်သတ်ဖြတ်မှုများ ဖြစ်ပွားခဲ့သည်ဟု ဆိုသော်လည်း ဇန်နဝါရီလ ၁၄ ရက် က လျှောက်လဲရာတွင်မူ ၂၀၁၇ ခုနှစ်၊ ဩဂုတ်လ အတွင်း ၇၆ နေရာတွင် ဖြစ်ပွားခဲ့သည်ဟု ပြန်ပြောင်းပြောခဲ့ပြန်ကြောင်း နှင့် ယင်းမှာ ဂမ်ဘီယာဘက်က တင်သော သက်သေများ၊ လျှောက်လဲချက်များမှာ လုံးဝ ခိုင်လုံမှုမရှိကြောင်း ပေါ်လွင်သည်ဟု ရှေ့နေက ဆိုသည်။
“ဂမ်ဘီယာရှေ့နေတွေအနေနဲ့ မြန်မာစစ်တပ်က ဘာကြောင့် ရခိုင်မြောက်ပိုင်းမှာ ဘာလို့ တပ်ဖြန့်ရတာလဲဆိုတာနဲ့ပတ်သက်လို့ မေးခွန်းထုတ်တာမျိုး မရှိဘူး။ ဘာကြောင့် တပ်မတော်အနေနဲ့ စစ်အင်အားဖြန့်ရသလဲဆို လုံးဝ ရှောင်လွှဲလို့ မရတဲ့အကြောင်းပြချက်ကြောင့်လို့သာ ဆိုရမယ်။ ARSA ကအရင် ၂၀၁၆ အောက်တိုဘာနဲ့ နိုဝင်ဘာတို့မှာ ကနဦး အရပ်သားတိုက်ခိုက်မှုတွေပြုတာကို တွေ့ရတယ်။ နောက်ပြီး အားလုံးသိကြတဲ့အတိုင်း ၂၀၁၇ ဩဂုတ်လ ၂၅ မှာ နယ်ခြားစခန်း ၃ဝ ကို တိုက်ခိုက်ပြန်တယ်။ ဒါတွေကြောင့်ပဲ တပ်မတော်က ပြန်လည်တုံ့ပြန်ရခြင်းဖြစ်တယ်။ ဒီလို Counter attack လုပ်ရာမှာလည်း ARSA တွေ အဓိကရှိတဲ့နေရာတွေကိုသာ ရွေးချယ်ပြီးလုပ်တာဖြစ်တယ်။ တပ်မတော်ရဲ့စစ်ဆင်ရေးမှာ ဘင်္ဂါလီတွေကို အဓိကထားတိုက်တာလည်း မဟုတ်ဘူး” ဟု ရှေ့နေက လျှောက်လဲသည်။
ARSA က ကျေးရွာများကို အင်အား အလုံးအရင်းဖြင့် ဝင်တိုက်ကာ ဟိန္ဒူလူမျိုး ၁ဝဝ ဝန်းကျင်ခန့်ကို သတ်ဖြတ်ခြင်းမျိုး ပြုလုပ်ခဲ့သော်လည်း အချက်အလက်ရှာဖွေရေးအဖွဲ့ (FFM) ၏ အစီရင်ခံစာများတွင် မဖော်ပြထားကြောင်း ဆိုသည်။
“FFM က တင်သွင်းတဲ့ အသိသက်သေ ၅၃ ယောက်လုံးဟာ ARSA အကြောင်း တစ်ယောက်မှ ဖော်ပြခြင်းမရှိ၊ ပြီးတော့ ကြိုတင်စီစဉ်ထားတဲ့ အင်တာဗျူးတစ်ခုလိုဖြစ်နေတယ်။ ဒါကြောင့် ဒီသက်သေတွေက ARSA ကိုကြောက်လို့လား၊ ဒါမှမဟုတ် သစ္စာခံလို့လား၊ ဒါမှမဟုတ် နှစ်မျိုးလုံးလားဆိုတာ မေးခွန်းထုတ်စရာဖြစ်တယ်။ နောက်ပြီး ဖြေဆိုတဲ့သူတွေက အကြောင်းအရာတစ်ခုတည်းကိုပဲ ထပ်တလဲလဲဖော်ပြနေတော့ လုပ်ဇာတ်ဆန်နေပါတယ်” ဟု ပြောကြားသည်။
သက်သေများစွာ တင်သွင်းသော်လည်း ဖြေဆိုသည့် အကြောင်းအရာများ တူနေသည့် အတွက် တစ်ယောက်တည်းကို မေးထားခြင်းလား ဟုပင် သံသယဖြစ်စရာရှိပြီး အမည်မဖော်လိုသူ သက်သေများနေသည့်အပြင် အချို့ဖြေကြားမှုများ ဆိုလျှင် စစ်ဆေးမေးမြန်းထားသည်ဟုပင် မထင်ရကြောင်းလည်း ပြောကြားသည်။
ထို့ပြင် မောင်နုကျေးရွာကို တပ်မတော်က လုံးဝ မီးရှို့လိုက်သည်ဟု ဂမ်ဘီယာဘက်က တင်သွင်းသော်လည်း သက်သေဓာတ်ပုံအထောက်အထားများဖြင့် မပျက်စီးကြောင်း မြန်မာရှေ့နေ အဖွဲ့ဘက်က တင်ပြနိုင်ခဲ့သည်။

Zawgyi Version;
ဘဂၤါလီအေရးႏွင့္ပတ္သက္၍ FFM မွ တင္သြင္းေသာ အသိသက္ေသမ်ားသည္ ARSA ကို သစၥာခံေနသေလာ ဟု ICJ တြင္ ျမန္မာဘက္ေရွ႕ေန ေမးခြန္းထုတ္
သုတေက်ာ္၊ တင္ဇာ (NP News) - ဇန္နဝါရီ ၁၉
ဘဂၤါလီအေရးႏွင့္ပတ္သက္၍ အခ်က္အလက္ရွာေဖြေရးအဖြဲ႕ (FFM) မွ တင္သြင္းေသာ အသိသက္ေသမ်ားသည္ ARSA ကို သစၥာခံေနသေလာ ဟု ICJ တြင္ ျမန္မာႏိုင္ငံဘက္မွ လိုက္ပါေဆာင္႐ြက္ေပးေနေသာ ေရွ႕ေနက ယေန႔ (ဇန္နဝါရီလ ၁၉ ရက္) တရားခြင္တြင္ ေလွ်ာက္လဲခ်က္ေပးစဥ္ ေမးခြန္းထုတ္ေျပာၾကားသည္။
ဂမ္ဘီယာ ဘက္က ျမန္မာအေရး ႏွင့္ ပတ္သက္၍ ကုလသဂၢ၏ အခ်က္အလက္ရွာေဖြေရးအဖြဲ႕ (FFM) ထံက ရရွိေသာအခ်က္အလက္မ်ားကို ကိုးကားေနျခင္းျဖစ္ရာ ယင္း အခ်က္အလက္မ်ားအေပၚ အခ်က္အလက္မ်ားျဖင့္ ျပန္လည္ေျဖရွင္းခဲ့ျခင္းျဖစ္သည္။
ဂမ္ဘီယာဘက္က ကနဦး ေလွ်ာက္လဲခ်က္မ်ားအတြင္း ေနရာ (၃ဝ) တြင္ လူမ်ိဳးတုံးသတ္ျဖတ္မႈ ေျမာက္ေသာ ရက္စက္သည့္လုပ္ရပ္မ်ား၊ အဓမၼျပဳက်င့္မႈမ်ား၊ အစုလိုက္ အၿပဳံလိုက္သတ္ျဖတ္မႈမ်ား ျဖစ္ပြားခဲ့သည္ဟု ဆိုေသာ္လည္း ဇန္နဝါရီလ ၁၄ ရက္ က ေလွ်ာက္လဲရာတြင္မူ ၂၀၁၇ ခုႏွစ္၊ ဩဂုတ္လ အတြင္း ၇၆ ေနရာတြင္ ျဖစ္ပြားခဲ့သည္ဟု ျပန္ေျပာင္းေျပာခဲ့ျပန္ေၾကာင္း ႏွင့္ ယင္းမွာ ဂမ္ဘီယာဘက္က တင္ေသာ သက္ေသမ်ား၊ ေလွ်ာက္လဲခ်က္မ်ားမွာ လုံးဝ ခိုင္လုံမႈမရွိေၾကာင္း ေပၚလြင္သည္ဟု ေရွ႕ေနက ဆိုသည္။
“ဂမ္ဘီယာေရွ႕ေနေတြအေနနဲ႔ ျမန္မာစစ္တပ္က ဘာေၾကာင့္ ရခိုင္ေျမာက္ပိုင္းမွာ ဘာလို႔ တပ္ျဖန႔္ရတာလဲဆိုတာနဲ႔ပတ္သက္လို႔ ေမးခြန္းထုတ္တာမ်ိဳး မရွိဘူး။ ဘာေၾကာင့္ တပ္မေတာ္အေနနဲ႔ စစ္အင္အားျဖန႔္ရသလဲဆို လုံးဝ ေရွာင္လႊဲလို႔ မရတဲ့အေၾကာင္းျပခ်က္ေၾကာင့္လို႔သာ ဆိုရမယ္။ ARSA ကအရင္ ၂၀၁၆ ေအာက္တိုဘာနဲ႔ ႏိုဝင္ဘာတို႔မွာ ကနဦး အရပ္သားတိုက္ခိုက္မႈေတြျပဳတာကို ေတြ႕ရတယ္။ ေနာက္ၿပီး အားလုံးသိၾကတဲ့အတိုင္း ၂၀၁၇ ဩဂုတ္လ ၂၅ မွာ နယ္ျခားစခန္း ၃ဝ ကို တိုက္ခိုက္ျပန္တယ္။ ဒါေတြေၾကာင့္ပဲ တပ္မေတာ္က ျပန္လည္တုံ႔ျပန္ရျခင္းျဖစ္တယ္။ ဒီလို Counter attack လုပ္ရာမွာလည္း ARSA ေတြ အဓိကရွိတဲ့ေနရာေတြကိုသာ ေ႐ြးခ်ယ္ၿပီးလုပ္တာျဖစ္တယ္။ တပ္မေတာ္ရဲ႕စစ္ဆင္ေရးမွာ ဘဂၤါလီေတြကို အဓိကထားတိုက္တာလည္း မဟုတ္ဘူး” ဟု ေရွ႕ေနက ေလွ်ာက္လဲသည္။
ARSA က ေက်း႐ြာမ်ားကို အင္အား အလုံးအရင္းျဖင့္ ဝင္တိုက္ကာ ဟိႏၵဴလူမ်ိဳး ၁ဝဝ ဝန္းက်င္ခန႔္ကို သတ္ျဖတ္ျခင္းမ်ိဳး ျပဳလုပ္ခဲ့ေသာ္လည္း အခ်က္အလက္ရွာေဖြေရးအဖြဲ႕ (FFM) ၏ အစီရင္ခံစာမ်ားတြင္ မေဖာ္ျပထားေၾကာင္း ဆိုသည္။
“FFM က တင္သြင္းတဲ့ အသိသက္ေသ ၅၃ ေယာက္လုံးဟာ ARSA အေၾကာင္း တစ္ေယာက္မွ ေဖာ္ျပျခင္းမရွိ၊ ၿပီးေတာ့ ႀကိဳတင္စီစဥ္ထားတဲ့ အင္တာဗ်ဴးတစ္ခုလိုျဖစ္ေနတယ္။ ဒါေၾကာင့္ ဒီသက္ေသေတြက ARSA ကိုေၾကာက္လို႔လား၊ ဒါမွမဟုတ္ သစၥာခံလို႔လား၊ ဒါမွမဟုတ္ ႏွစ္မ်ိဳးလုံးလားဆိုတာ ေမးခြန္းထုတ္စရာျဖစ္တယ္။ ေနာက္ၿပီး ေျဖဆိုတဲ့သူေတြက အေၾကာင္းအရာတစ္ခုတည္းကိုပဲ ထပ္တလဲလဲေဖာ္ျပေနေတာ့ လုပ္ဇာတ္ဆန္ေနပါတယ္” ဟု ေျပာၾကားသည္။
သက္ေသမ်ားစြာ တင္သြင္းေသာ္လည္း ေျဖဆိုသည့္ အေၾကာင္းအရာမ်ား တူေနသည့္ အတြက္ တစ္ေယာက္တည္းကို ေမးထားျခင္းလား ဟုပင္ သံသယျဖစ္စရာရွိၿပီး အမည္မေဖာ္လိုသူ သက္ေသမ်ားေနသည့္အျပင္ အခ်ိဳ႕ေျဖၾကားမႈမ်ား ဆိုလွ်င္ စစ္ေဆးေမးျမန္းထားသည္ဟုပင္ မထင္ရေၾကာင္းလည္း ေျပာၾကားသည္။
ထို႔ျပင္ ေမာင္ႏုေက်း႐ြာကို တပ္မေတာ္က လုံးဝ မီးရႈိ႕လိုက္သည္ဟု ဂမ္ဘီယာဘက္က တင္သြင္းေသာ္လည္း သက္ေသဓာတ္ပုံအေထာက္အထားမ်ားျဖင့္ မပ်က္စီးေၾကာင္း ျမန္မာေရွ႕ေန အဖြဲ႕ဘက္က တင္ျပႏိုင္ခဲ့သည္။