မြောက်အမေရိက ရုံတင်လက်မှတ်ရောင်းချရမှုတွင် ထိပ်ဆုံးနေရာမှာရပ်တည်နေသည့် Avatar: Fire And Ash ရုပ်ရှင်

 836

Pika (NP News) - ဇန်နဝါရီ ၁၉

Avatar: Fire And Ash ဇာတ်ကားသည် လက်မှတ်ရောင်းချရမှု အမေရိကန်ဒေါ်လာ (၂၁ ဒသမ ၃) သန်းဖြင့် မြောက်အမေရိကရုံတင်လက်မှတ် ရောင်းချရမှုတွင် သီတင်းပတ်(၄)ပတ်ဆက်တိုက် ထိပ်ဆုံးနေရာတွင် ရပ်တည်နိုင်ခဲ့ကြောင်းသိရသည်။ ဒါရိုက်တာ James Cameron ၏ blockbuster fantasy series ၏ တတိယမြောက်ဇာတ်ကားဖြစ်သော Avatar: Fire And Ash ဇာတ်ကားသည် ကမ္ဘာ တစ်ဝန်းတွင် ရုံတင်ပြသမှုမှ အမေရိကန်ဒေါ်လာ (၁ ဒသမ ၂၃)ဘီလျံရရှိခဲ့ကြောင်းသိရသည်။ Avatar: Fire And Ash ဇာတ်ကားတွင် Zoe Saldana သည် Na'vi စစ်သည်တော် Neytiri အဖြစ် နှင့် Sam Worthington သည် Pandora ဂြိုဟ်ပေါ်ရှိ မိသားစု၏အသက်ကို ခြိမ်းခြောက်နေသော ရန်သူသစ်နှင့် ရင်ဆိုင်ရမည့် ရေတပ်သားဟောင်း Jake Sully အဖြစ် ပါဝင်သရုပ်ဆောင်ထားသည်။
Avatar ရုပ်ရှင်(၃)ကားစလုံးနှင့် တိုက်တန်းနစ်ရုပ်ရှင်ဇာတ်ကားတို့သည် အမေရိကန်ဒေါ် လာ(၁) ဘီလျံကျော် ဝင်ငွေရရှိခဲ့မှုနှင့်အတူ James Cameron ၏ အမေရိကန်ဒေါ်လာ(၁)ဘီလျံကျော် သွားသည့် ဇာတ်ကားမှာ (၄)ကားအထိရှိပြီဖြစ်ကြောင်းလည်းသိရသည်။ အမေရိကန်နှင့် ကနေဒါ နိုင်ငံတို့တွင် ဒုတိယနေရာဖြင့် ပွဲဦးထွက်ခဲ့သော အကြမ်းဖက်တတ်သည့် အိမ်မွေးတိရစ္ဆာန်မျောက်ဝံတစ်ကောင် အကြောင်း ရိုက်ကူးထားသော ထိတ်လန့် စရာဇာတ်ကား Primate သည် ရုံတင်ဝင်ငွေ အမေရိကန် ဒေါ်လာ (၁၁ဒသမ၃) သန်းရရှိခဲ့ကြောင်း သိရသည်။
Franchise Entertainment Research က “ဒါက မူရင်းထိတ်လန့်စရာဇာတ်ကား တစ်ကား အတွက် ကောင်းမွန်တဲ့အဖွင့်တစ်ခုပဲဖြစ်ပါတယ်။ ပုံမှန်အားဖြင့်တော့ မကောင်းဆိုးဝါးသတ္တဝါ တစ် ကောင်ပါဝင်သရုပ်ဆောင်ထားတဲ့ ထိတ်လန့်စရာဇာတ်လမ်းတွေဟာ မကောင်းဆိုးဝါးလူသားတွေ အကြောင်း ထိတ်လန့်စရာဇာတ်လမ်းတွေထက် ရုံတင်ဝင်ငွေက အမြဲတမ်းပိုကောင်းပါတယ်”ဟုပြော ဆိုခဲ့သည်။

Zawgyi Version;
ေျမာက္အေမရိက ႐ုံတင္လက္မွတ္ေရာင္းခ်ရမႈတြင္ ထိပ္ဆုံးေနရာမွာရပ္တည္ေနသည့္ Avatar: Fire And Ash ႐ုပ္ရွင္
Pika (NP News) - ဇန္နဝါရီ ၁၉
Avatar: Fire And Ash ဇာတ္ကားသည္ လက္မွတ္ေရာင္းခ်ရမႈ အေမရိကန္ေဒၚလာ (၂၁ ဒသမ ၃) သန္းျဖင့္ ေျမာက္အေမရိက႐ုံတင္လက္မွတ္ ေရာင္းခ်ရမႈတြင္ သီတင္းပတ္(၄)ပတ္ဆက္တိုက္ ထိပ္ဆုံးေနရာတြင္ ရပ္တည္ႏိုင္ခဲ့ေၾကာင္းသိရသည္။ ဒါ႐ိုက္တာ James Cameron ၏ blockbuster fantasy series ၏ တတိယေျမာက္ဇာတ္ကားျဖစ္ေသာ Avatar: Fire And Ash ဇာတ္ကားသည္ ကမာၻ တစ္ဝန္းတြင္ ႐ုံတင္ျပသမႈမွ အေမရိကန္ေဒၚလာ (၁ ဒသမ ၂၃)ဘီလ်ံရရွိခဲ့ေၾကာင္းသိရသည္။ Avatar: Fire And Ash ဇာတ္ကားတြင္ Zoe Saldana သည္ Na'vi စစ္သည္ေတာ္ Neytiri အျဖစ္ ႏွင့္ Sam Worthington သည္ Pandora ၿဂိဳဟ္ေပၚရွိ မိသားစု၏အသက္ကို ၿခိမ္းေျခာက္ေနေသာ ရန္သူသစ္ႏွင့္ ရင္ဆိုင္ရမည့္ ေရတပ္သားေဟာင္း Jake Sully အျဖစ္ ပါဝင္သ႐ုပ္ေဆာင္ထားသည္။
Avatar ႐ုပ္ရွင္(၃)ကားစလုံးႏွင့္ တိုက္တန္းနစ္႐ုပ္ရွင္ဇာတ္ကားတို႔သည္ အေမရိကန္ေဒၚ လာ(၁) ဘီလ်ံေက်ာ္ ဝင္ေငြရရွိခဲ့မႈႏွင့္အတူ James Cameron ၏ အေမရိကန္ေဒၚလာ(၁)ဘီလ်ံေက်ာ္ သြားသည့္ ဇာတ္ကားမွာ (၄)ကားအထိရွိၿပီျဖစ္ေၾကာင္းလည္းသိရသည္။ အေမရိကန္ႏွင့္ ကေနဒါ ႏိုင္ငံတို႔တြင္ ဒုတိယေနရာျဖင့္ ပြဲဦးထြက္ခဲ့ေသာ အၾကမ္းဖက္တတ္သည့္ အိမ္ေမြးတိရစာၦန္ေမ်ာက္ဝံတစ္ေကာင္ အေၾကာင္း ႐ိုက္ကူးထားေသာ ထိတ္လန႔္ စရာဇာတ္ကား Primate သည္ ႐ုံတင္ဝင္ေငြ အေမရိကန္ ေဒၚလာ (၁၁ဒသမ၃) သန္းရရွိခဲ့ေၾကာင္း သိရသည္။
Franchise Entertainment Research က “ဒါက မူရင္းထိတ္လန႔္စရာဇာတ္ကား တစ္ကား အတြက္ ေကာင္းမြန္တဲ့အဖြင့္တစ္ခုပဲျဖစ္ပါတယ္။ ပုံမွန္အားျဖင့္ေတာ့ မေကာင္းဆိုးဝါးသတၱဝါ တစ္ ေကာင္ပါဝင္သ႐ုပ္ေဆာင္ထားတဲ့ ထိတ္လန႔္စရာဇာတ္လမ္းေတြဟာ မေကာင္းဆိုးဝါးလူသားေတြ အေၾကာင္း ထိတ္လန႔္စရာဇာတ္လမ္းေတြထက္ ႐ုံတင္ဝင္ေငြက အၿမဲတမ္းပိုေကာင္းပါတယ္”ဟုေျပာ ဆိုခဲ့သည္။

Related news

© 2021. All rights reserved.