နိုင်ငံရေး ယဥ်ကျေးမှု မြင့်မားဖို့လိုတဲ့ မြန်မာနိုင်ငံ

 201

အောင်နိုင်သူ (ဇွဲကပင်) (NP News) - ဇန်နဝါရီ ၂ဝ

အီရန်မှာ ဆန္ဒပြပွဲတွေ တော်တော်လေးပြင်းထန်လာတာတွေ့ရတယ်။ (၂၀၂၅) ခုနှစ် ဒီဇင်ဘာလ ကုန်ခါနီးမှာစတင်ခဲ့တဲ့ အီရန်ဆန္ဒပြပွဲတွေဟာ ရက်သတ္တနှစ်ပတ်ကြာလာတဲ့အထိ မရပ်တန့်နိုင်သေးဘဲ တစ်နေ့တခြား ဆိုးရွားသထက် ဆိုးရွားလာနေပါတယ်။ ငွေကြေးဖောင်းပွမှုနဲ့ စီးပွားရေးကျပ်တည်းမှုတွေ ကြောင့် အီရန်ပြည်သူလူထုဟာ လမ်းပေါ်ထွက် ဆန္ဒပြနေကြတာဖြစ်ပါတယ်။ ဆန္ဒပြသူတွေရဲ့ ထုံးစံအ တိုင်းပဲ၊ ပြည်တွင်း၊ ပြည်ပ စွက်ဖက်မှုတွေနဲ့ မီဒီယာတွေရဲ့ အားပေးအားမြှောက်မှုတွေကြောင့် သာမန် ဆန္ဒပြမှုတွေကတစ်ဆင့် အကြမ်းဖက်မှုတွေ၊ မီးရှို့ဖျက်ဆီးမှုတွေဆီကို ကူးပြောင်းလာခဲ့ပြီမို့ ဆိုးရွားပြင်း ထန်လာခဲ့တာတွေ့ရတယ်။
အီရန် အစိုးရဆန့်ကျင်ရေးဆန္ဒပြပွဲတွေကို အစိုးရရဲ့နှိမ်နင်းမှုတွေမြင့်တက်လာနေပြီး ဆန္ဒပြသူ ရာပေါင်းများစွာသေဆုံးခဲ့တယ်လို့ သတင်းတွေလည်း ထွက်ပေါ်နေပါတယ်။ ဘီဘီစီသတင်းဌာနက တီဟီ ရန်အနီး ရင်ခွဲရုံကနေရိုက်ကူးထားတဲ့ရုပ်သံဖိုင်မှာတော့ အလောင်းအိတ် (၁၈၀) လောက်ကို ရှိနေပါ တယ်။
ဆန္ဒပြသူ (၄၉၅) ယောက်နဲ့ လုံခြုံရေးတပ်ဖွဲ့ဝင် (၄၈) ယောက်သေဆုံးတယ်လို့ လူ့အခွင့်အရေး အဖွဲ့တွေက ပြောလာပါတယ်။ သောကြာနေ့ ညမှာ ရက်ရှ် မြို့ရှိ ဆေးရုံတစ်ရုံကို အလောင်း (၇၀) သယ် ဆောင်လာခဲ့ကြောင်း BBC Persian သတင်းဌာနက အတည်ပြုခဲ့ပြီး တီဟီရန်ဆေးရုံမှ ကျန်းမာရေး ဝန်ထမ်းတစ်ယောက်ကပြောကြားရာမှာ လူ(၃၈)ယောက် သေဆုံးခဲ့တယ်လို့ဆိုပါတယ်။ လူငယ်တွေရဲ့ ဦးခေါင်းနဲ့ ရင်ဘတ်‌တွေကို သေနတ်နဲ့ပစ်ခတ်ခံခဲ့ရပြီး အများစုကဆေးရုံမရောက်ဘူးလို့လည်း ဆိုပါ တယ်။
နိုင်ငံတကာသတင်းဌာနတွေကတော့ အီရန်နိုင်ငံအတွင်းမှာ သတင်းယူနိုင်ခြင်းမရှိပါဘူး။ အီရန် အစိုးရဟာ ကြာသပတေးနေ့မှစပြီး အင်တာနက်ဖြတ်တောက်ထားတာကြောင့် သတင်းအချက်အလက်ရ ယူဖို့နဲ့ အတည်ပြုဖို့တို့ ခက်ခဲနေပါတယ်။
သီတင်းနှစ်ပတ်ကြာ မငြိမ်မသက်မှုတွေအတွင်း လူ(၁၀ဝဝဝ)ကျော်ဖမ်းဆီးခံထားရပါတယ်။ ဆန္ဒပြသူတွေ သတ်ဖြတ်ခံရမှုနဲ့ပတ်သက်ပြီး အီရန်ကိုတိုက်ခိုက်မယ်လို့ အမေရိကန်ပြည်ထောင်စုက ခြိမ်းခြောက်ထားသလို သမ္မတ ဒေါ်နယ်ထရမ့်ကတော့ လွတ်မြောက်ရေးရှာဖွေနေသူတွေကိုကူညီဖို့ အသင့်ရှိတယ်လို့လည်းပြောထားပါတယ်။ ဘယ်လိုပဲဖြစ်ပါစေ၊ အီရန် မှာရှုပ်ထွေးနေပြီး ဆန္ဒပြသူရော လုံခြုံရေးတပ်ဖွဲ့တွေ အကြားမှာ ထိန်းမရ သိမ်းမရအခြေအနေကို ရောက် လာနေတာကတော့ အမှန် တရားပါ။ အီရန် ဘာသာရေးခေါင်းဆောင် ခါမေနီအစိုးရဟာ ဆန္ဒပြသူတွေနဲ့ အကြမ်းဖက်သမားတွေကို အလျှော့ပေးမှာမဟုတ်ဘူး လို့ပြောထားလေတော့ ဒီဆန္ဒပြပွဲက အလွယ်တကူ ပြီးဆုံးလိမ့်မယ်လို့ မမြင်မိ ပါဘူး။
အီရန်မှာ ဆန္ဒပြကြတဲ့လူအုပ်စုကြီးဟာ သာမန်ဆန္ဒပြမှုမျိုးမဟုတ်တော့ဘဲ အစိုးရပိုင် အဆောက် အအုံတွေ မီးရှို့တာကစလို့ နိုင်ငံအတွင်းက သမိုင်းဝင်ရုပ်တုတွေနဲ့ ယဉ်ကျေးမှုအမွေအနှစ်တွေကိုပါ ဖျက် ဆီးနေကြတာတွေ့ရတယ်။ ဒါကြောင့်လည်း အီရန်လုံခြုံရေးတပ်ဖွဲ့တွေက ဆန္ဒပြရာကနေ အကြမ်းဖက် လာတဲ့ လူအုပ်စုကြီးကို ပြင်းပြင်းထန်ထန် ပစ်ခတ်နှိမ်နင်းနေကြပါတယ်။ အီရန် ဆန္ဒပြပွဲနဲ့အတူ စာရေး သူ စိတ်ဝင်စားမိတဲ့အချက်က အီရန်ပြည်သူတွေကကော မြန်မာမှာလိုပဲ လက်နက်ကိုင်ပြီး တော်လှန် ရေးလုပ်ကြအုံးမလားဆိုတဲ့အချက်ပဲဖြစ်ပါတယ်။ ပြောဖို့စောသေးတယ်ဆိုနိုင်ပေမယ့် မြန်မာနိုင်ငံမှာလို လက်နက်ကိုင်ပြီး တော်လှန်ရေးလုပ်ကြမယ့်ပုံမတွေ့ရသေးပါဘူး။ စာရေးသူကို ဘယ်သူမှ တာဝန်ပေး လို့တော့ မဟုတ်ပါဘူး။ မြန်မာနိုင်ငံမှာ ဘာကြောင့် လက်နက်ပဋိပက္ခတွေ ရှည်ကြာနေသလဲ၊ ဆန္ဒပြရာ ကတစ်ဆင့် ဘာကြောင့် လက်နက်ကိုင်ပုန်ကန်မှု၊ လက်နက်ကိုင် လမ်းစဉ်ဆီကူးပြောင်းခဲ့ရသလဲ ဆိုတဲ့ အချက်တွေကို (၂၀၂၁)ခုနှစ်ကစပြီး စာရေးသူလေ့လာကြည့်ခဲ့တယ်။ (၂၀၂၁)ခုနှစ်မှာ NLD ပါတီဟာ မဲမသမာမှု ( ၁၁ ဒသမ ၃)သန်းကျော်ပြုလုပ်ခဲ့လို့ တပ်မတော်က ဖြေရှင်းပေးဖို့ အကြိမ်ကြိမ် တောင်းဆို ခဲ့တယ်။ ဒါပေမဲ့ အာဏာရပါတီဟာ မျက်ကွယ်ပြုခဲ့တယ်။ ဖြေရှင်းဖို့ ပျက်ကွက်ခဲ့တယ်။ အတိုချုပ် ပြော ရရင်တော့ နိုင်ငံတော်အာဏာကို မသမာတဲ့နည်းနဲ့ ရယူဖို့ကြိုးပမ်းလာလို့ တပ်မတော်က (၂၀ဝ၈)ခုနှစ် ဖွဲ့စည်းပုံအခြေခံ ဥပဒေနဲ့အညီ အာဏာထိန်းလိုက်ရတယ်။ ဒါကိုမကျေနပ်တဲ့ (NLD) ပါတီဝင်တွေဟာ လူထုကို လမ်းပေါ်ဆွဲတင်ခဲ့ကြလို့ နိုင်ငံတစ်ဝန်း ဆန္ဒပြပွဲတွေဖြစ်ခဲ့ကြတယ်။ ထုံးစံအတိုင်း လုံခြုံရေး တပ်ဖွဲ့တွေကလည်း ဆန္ဒပြပွဲတွေရပ်တန့်သွားအောင်ထိန်းချုပ်ကြရတယ်။ ဆန္ဒပြပွဲတွေဟာ တစ်ဆင့် တက်လာပြီး ဆူပူအကြမ်းဖက်မှုတွေ၊ အစိုးရပိုင် အဆောက်အအုံတွေကို မီးရှို့ဖျက်ဆီး တာတွေလုပ် ဆောင်လာခဲ့တယ်။ ဒီလိုလုပ်လာတဲ့အ တွက်လည်း လုံခြုံရေးတပ်ဖွဲ့တွေဟာ ပစ်ခတ်နှိမ်နင်း တားဆီး တာတွေလုပ်လာရပါတယ်။ ဒီအထိတော့ ပြဿနာလို့မဆိုနိုင်သေးပါဘူး။
ဒါမျိုးက နိုင်ငံတကာဆန္ဒပြပွဲတွေမှာလည်း ဖြစ်ရိုးဖြစ်စဉ်တစ်ခုဖြစ်သလို ယခုအီရန်နိုင်ငံ ဆန္ဒပြ ပွဲတွေမှာလည်း တွေ့မြင်ရပြန်ပါတယ်။ ပထမအဆင့် ငြိမ်းချမ်းစွာဆန္ဒပြကြမယ်၊ ရက်ကြာလာတဲ့အခါ ဒုတိယအဆင့် ဆူပူမှုတွေ၊ သွေးထိုးလှုံ့ဆော်မှုတွေဖြစ်လာမယ်။ တတိယအဆင့် အကြမ်းဖက်တိုက်ခိုက် မှုတွေ ဖြစ်လာကြမှာပဲ၊ ဆန္ဒပြကြတဲ့အဆင့်အတန်းကိုမူတည် ပြီးတော့ လုံခြုံရေးတပ်ဖွဲ့တွေကလည်း နှိမ်နင်းကြရ တာက နိုင်ငံတကာမှာရော မြန်မာပြည်မှာပါ လုပ်ရိုး လုပ်စဉ်တစ်ခုပါ။ ဒါဟာ ပြဿနာ ကြီး လို့မမြင်သင့်ဘူး။
သို့သော် .. ပြဿနာစတာက ဒီလိုပါ။
အဲဒါကတော့ နိုင်ငံရေးအပြောင်းအလဲကတစ်ဆင့် ဆန္ဒပြမှုတွေဖြစ်တယ်။ ဆန္ဒပြမှုတွေကနေ အ ကြမ်းဖက်မှုတွေဖြစ်လာတယ်။ ဒါကို လုံခြုံရေးတပ်ဖွဲ့တွေနှိမ်နင်းလို့ဆိုပြီး မကျေနပ်ရာကတစ်ဆင့် လက်နက်ကိုင်တော်လှန်ရေးဆီကို ကူးပြောင်းသွားခဲ့တယ်။လက်နက်ကိုင်လမ်းစဉ်ကို ရွေးချယ်ခဲ့ကြ တာပဲဖြစ်ပါတယ်။ ဒါက တကယ့်ကို အကြီးမားဆုံးပြဿနာကြီးတစ်ခုဖြစ်သလို ကမ္ဘာပေါ်မှာမရှိတဲ့ လက်နက်ကိုင်ယဉ် ကျေးမှုတစ်ရပ်လည်းဖြစ်နေပါတယ်။ ဒီလိုယဉ်ကျေးမှုမျိုး ကမ္ဘာမှာ ဘယ်နိုင်ငံတွေ ရှိသေးသလဲဆိုပြီးတော့ (၂၀၂၁)ကစပြီး လေ့လာကြည့်ခဲ့တယ်။ အိမ်နီးချင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံနဲ့ ထိုင်း နိုင်ငံတို့ရဲ့ ဆန္ဒပြမှုတွေက စလို့ နီပေါနိုင်ငံ၊ မာဒါဂတ်စတားကျွန်းနိုင်ငံ၊ အမေရိကန်နိုင်ငံ၊ အစ္စရေးနိုင်ငံနဲ့ အီရန်နိုင်ငံ ဆန္ဒပြမှုအထိ ကိုယ်နိုင်သလောက်လေ့လာပြီး မှတ်တမ်းပြုကြည့်ဖူးပါတယ်။
(၂၀၂၁) ခုနှစ် ဇန်နဝါရီလက အမေရိကန်လွှတ် တော်ကို စီးနင်းတိုက်ခိုက်မှုကြောင့် လုံခြုံရေး တပ်ဖွဲ့ တွေနှိမ်နင်းလို့ လူ (၅)ယောက်သေဆုံးခဲ့တဲ့ဖြစ်စဉ် ကအနည်းဆုံးဖြစ်ပါတယ်။ အများဆုံးကတော့ (၂၀၂၄) ခုနှစ် ဇူလိုင်လနဲ့ ဩဂုတ်လမှာ လူ (၁၀ဝဝ)ကျော်သေဆုံးခဲ့ရတဲ့ ဘင်္ဂလားဒေ့ရှ်ဝန်ကြီးချုပ် ရှိတ် ဟာဆီနာပြုတ်ကျခဲ့တဲ့ ဆန္ဒပြမှုဖြစ်စဉ်ဖြစ်ပါတယ်။ ဒီဖြစ်စဉ်ကတော့ (၁၉၇၁) လွတ်လပ်ရေးတိုက်ပွဲဝင် ခဲ့သူတွေရဲ့မိသားစုဝင်တွေအတွက် အစိုးရအလုပ်အကိုင် (၃၀)ရာခိုင်နှုန်းကိုသီးသန့်ပေးထားတဲ့ “ခွဲတမ်း စနစ်”ကို ကျောင်းသားတွေက မတရားဘူးဆိုပြီး ကန့်ကွက်ရာကနေ စတင်ခဲ့တာဖြစ်ပါတယ်။
ဒီဖြစ်စဉ်ရဲ့နောက် လူသေဆုံးမှုရှိခဲ့တဲ့ ဆန္ဒပြပွဲတွေကတော့ (၂၀၂၅) ခုနှစ် စက်တင်ဘာမှာ နီပေါ အစိုးရပြုတ်စေခဲ့တဲ့ ဆန္ဒပြပွဲမှာ လူ (၅၁) ဦးသေဆုံးခဲ့တယ်။ (၂၀၂၅)ခုနှစ် စက်တင်ဘာလနဲ့ အောက်တို ဘာလမှာဖြစ်ပွားခဲ့တဲ့ အာဖရိကတိုက် မာဒါဂတ်စတား ကျွန်းနိုင်ငံဆန္ဒပြပွဲမှာလည်း လူ (၂၂)ဦး သေဆုံး ခဲ့ပါတယ်။ ထိုင်းနိုင်ငံနဲ့အစ္စရေးနိုင်ငံတို့မှာတော့ ပစ်ခတ်နှိမ်နင်းရတဲ့အဆင့်ကိုမရောက်လိုက်လို့ လူသေ ဆုံးမှု မဖြစ်ခဲ့ပါဘူး။ ဒါပေမဲ့ ထူးခြားတာက ဘယ်နိုင်ငံမှာမှ မြန်မာမှာလို လက်နက်ကိုင်တော်လှန်ရေးဆီ ကူးပြောင်းမသွားတဲ့အချက်ပဲဖြစ်ပါတယ်။
ဒါကြောင့် မြန်မာပြည်မှာ ဒီလိုဘာကြောင့်ဖြစ်ရ သလဲလို့ဆန်းစစ်ကြည့်တဲ့အခါ ခုလိုတွေ့ရပါ တယ်။
ဒါတွေကတော့
(၁) နာခံလိုစိတ်ထက် ဖီလာဆန့်ကျင်လိုစိတ် ပြင်း ထန်နေတဲ့ မြန်မာတွေရဲ့ ပင်ကိုစရိုက်ဗီဇတွေ က ပုန်ကန်လိုစိတ်ကိုနှိုးဆွနေခြင်း။
(၂) လွတ်လပ်ရေးကို တိုက်ယူလို့ရပါတယ်ဆိုတဲ့ နိုင်ငံရေးဓလေ့အမှားကို အားကျကြခြင်း။
(၃) တည်ဆဲအစိုးရနဲ့ တပ်မတော်ကို တော်လှန်ပုန် ကန်ရင် နိုင်ငံရေးဖြစ်တယ်ဆိုတဲ့ အိုင်ဒီယိုလော်ဂျီအမှား(ဒါလည်း နိုင်ငံရေးဓလေ့အမှားပဲ) များလွှမ်းမိုးနေခြင်း ။
(၄) ပြည်တွင်းပြည်ပ ဆန့်ကျင်ဘက်မီဒီယာတွေရဲ့ သွေးထိုးမြှောက်ပေးနေခြင်း။
(၅) လက်နက်ကိုင်ယဉ်ကျေးမှုကို ကူညီထောက်ပံ့ပေးနိုင်မယ့် လူမျိုးစုလက်နက်ကိုင်အဖွဲ့ အများ အပြားရှိနေခြင်း။
(၆ ) ခေတ်အဆက်ဆက်အစိုးရတိုင်းသည် လက်နက်ကိုင်အဖွဲ့များအပေါ် အမြစ်ပြတ် ချေမှုန်း ရေးထက် ရင်ဆိုင်ထိန်းချုပ်ရေးကိုသာ ဆောင်ရွက်ခဲ့ခြင်း။
(၇) အိမ်နီးချင်းနိုင်ငံများရဲ့ အကူအညီကို ရရှိနေခြင်း။
(၈) နယ်မြေခံလူထုကို လွှမ်းမိုးချုပ်ကိုင်နိုင်ခြင်း။
(၉) နယ်မြေခံလူထုက အတွေးအခေါ်ဗဟုသုတ နည်းပါးခြင်း။
(၁၀) အနောက်အုပ်စုရဲ့ဝါဒမှိုင်းမိနေခြင်း။
(၁၁) လက်နက်ကိုင်ရတာကို အရသာတွေ့သွားခြင်း။
(၁၂) ထိပ်ပိုင်းခေါင်းဆောင်များက အကျိုးစီးပွားနဲ့
ကိုယ်ကျိုးအတ္တကို ရှေ့တန်းတင်ထားခြင်း
ဆိုတဲ့အချက်တွေကို တွေ့ရပါတယ်။
ဒီအချက်တွေကြောင့် ပဋိပက္ခတွေ ကြီးထွားလာ ရသလို ဒီပဋိပက္ခတွေကြောင့်ပဲ တိုင်းပြည် ဖွံ့ဖြိုးတိုးတက်မှုနောက်ကျနေရပါတယ်။ ပြည်တွင်းလက်နက် ကိုင်ပဋိပက္ခတွေက တိုင်းပြည်ကို ဆင်းရဲ မွဲတေစေကြောင်း ဗြိတိသျှပညာရှင် ပေါလ်ကိုလီယာက သုတေသနပြုခဲ့ပြီးဖြစ်ပါတယ်။ ဆိုတော့ ပြော ချင်တာက မြန်မာတွေအနေနဲ့ လက်နက်ကိုင် ယဉ်ကျေးမှုနဲ့ယဉ်ပါးနေတာကို ပြင်ကြဖို့လိုတယ်။ မပြင်နိုင် ရင်တော့ ဘယ်လိုအုပ် ချုပ်စနစ်ပဲဖြစ်ဖြစ် သိသာထင်ရှားတဲ့တိုးတက်မှုရဖို့က မလွယ်ပါဘူး။ ဘယ်နိုင်ငံ မှာမှမတွေ့ရတဲ့ ဆန္ဒပြပွဲကနေ လက်နက်ကိုင်လမ်းစဉ်ကူးပြောင်းခဲ့ရတဲ့ ယဉ်ကျေးမှုမျိုး မြန်မာမှာပဲ တွေ့ ရတာကလည်း ဝမ်းနည်းစရာ ကောင်းပါတယ်။ အားမနာတမ်းပြောရရင်တော့ ဒါဟာ နိုင်ငံရေး ယဉ် ကျေးမှု နိမ့်ပါးနေလို့ဖြစ်ရတဲ့ပြဿနာဖြစ်ပါတယ်။ နိုင်ငံရေးယဉ်ကျေးမှုနိမ့်ပါးနေတာဟာ ရှက်စရာ ကောင်းပါတယ်။ နိုင်ငံရေးယဉ်ကျေးမှုမြင့်မားနေမှသာ လက်နက်ကိုင်ယဉ်ကျေးမှုအစား စားပွဲဝိုင်း ယဉ်ကျေးမှု ပေါ်လာနိုင်မှာဖြစ်ပါတယ်။
မြန်မာနိုင်ဟာ ဖြတ်သန်းခဲ့ရတဲ့နိုင်ငံရေး ခရီးကြမ်းကိုပြန်ကြည့်ရင် စနစ်ပြောင်းလဲမှုတွေ ရှိခဲ့ပေ မယ့် စိတ်ဓာတ်နဲ့ ယဉ်ကျေးမှုပိုင်းဆိုင်ရာ ပြောင်းလဲမှုတွေမှာ အားနည်းနေသေးတာကိုတွေ့ရတယ်။ ဒီမိုကရေစီဆိုတာ ပြည်သူနဲ့နိုင်ငံရေးသမားတွေရဲ့ စဉ်းစားတွေးခေါ်ပုံနဲ့ကျင့်ဝတ်(Political Culture) မြင့်မားလာမှသာ အောင်မြင်နိုင်မှာဖြစ်တယ်။ နိုင်ငံရေးယဉ်ကျေးမှု မြင့်မားတဲ့လူ့အဖွဲ့အစည်းတွေမှာ အမြင်မတူသူတွေ ကိုသည်းခံခြင်း(Tolerance)၊ အပြန်အလှန်ယုံကြည် မှုရှိခြင်း(Trust)၊ ဥပဒေ စိုးမိုးရေး ကိုလေးစားခြင်း (Rule of Law)၊ အကြမ်းမဖက်ဘဲ ဆွေးနွေးအဖြေရှာခြင်း (Dialogue) စတဲ့အချက်တွေ ကို တွေ့ရပါတယ်။
မြန်မာနိုင်ငံရဲ့ နိုင်ငံရေးယဉ်ကျေးမှုကို အဓိကစိန်ခေါ်နေတဲ့ပြဿနာက လက်နက်ကိုင် လမ်း စဉ်ကို အလွယ်တကူ ရွေးချယ်ကူးပြောင်းသွားခြင်းနဲ့ လက်နက်ကိုင်လမ်းစဉ်ကို အလွယ်တူ လက်ခံ ယုံ ကြည်နေခြင်းပဲဖြစ်တယ်။ ငါတို့မနိုင်ရင် အကုန်ရှုံးရမယ်ဆိုတဲ့ Zero-sum game သီအိုရီကြီးကို ဦးနု တို့ခေတ်ကတည်းက ဒီနေ့အထိ မပြင်နိုင်ကြသေးပါဘူး။ ငါမှ အာဏာမရရင် ပြာချမယ်ဆိုတဲ့အသိတွေနဲ့ တို့လူမျိုးတွေ နိုင်ငံရေးကို ချဉ်းကပ်ဆောင်ရွက်နေကြလို့ တိုင်းပြည်ဟာ ဘက်ပေါင်းစုံကနေ ထိခိုက် နစ်နာဆုံးရှုံးနေရပါတယ်။ အဘက်ဘက်မှ နိမ့်ကျနေကြရတယ်ဆိုတာကို သဘောပေါက်ဖို့လိုပါတယ်။ လက်နက်ကိုင်လမ်းစဉ်၊ လက်နက်ကိုင်ယဉ်ကျေးမှုတိုင်းကတော့ ဒီမိုကရေစီနဲ့ ဆန့်ကျင်နေတယ်ဆိုတာ သဘောပေါက်ပြီး ပြင်ကြစေချင်တယ်။
အချုပ်ပြောရရင်တော့ မြန်မာတွေကို ကမ္ဘာ့နိုင်ငံရေးဖြစ်စဉ်တွေကိုကြည့်ပြီး သင်ခန်းစာ ယူစေ ချင်ပါတယ်။ ယနေ့ အီရန်မှာဖြစ်ပေါ်နေတဲ့ဆန္ဒပြပွဲတွေဟာ လက်နက်ကိုင်လမ်းစဉ် ကူးပြောင်း မသွားခဲ့ သလို ကမ္ဘာပေါ်ရှိ ဘယ်နိုင်ငံရဲ့ဆန္ဒပြတွေမှလည်း ကူးပြောင်းသွားတာမတွေ့ရပါဘူး။ ဒါကြောင့်လည်း သူတို့နိုင်ငံတွေဟာ လက်နက်ပဋိပက္ခတွေရဲ့ဒဏ်ကို မြန်မာမှာလို ကာလရှည်ကြာစွာ ဖြစ်ပွားလေ့ မရှိ သလို ကာလရှည်ကြာစွာလည်းမခံစားရပါဘူး။ မြန်မာမှာကတော့ ထစ်ခနဲဆိုရင် လက်နက်ကိုင်မယ်၊ တော်လှန်ပုန်ကန်မယ်ဆိုတာချည်းပဲဖြစ်နေကြပါတယ်။
ဒါဟာ နိုင်ငံရေးယဉ်ကျေးမှုအားနည်းလို့၊ နိမ့်ပါးလို့ ဖြစ်ရတဲ့ပြဿနာဖြစ်ပါတယ်။ မြန်မာနိုင်ငံ ဟာ လက်နက်ကိုင်လမ်းစဉ်ရဲ့ သားကောင်ဖြစ်ခဲ့ရသည်မှာ ကြာခဲ့ပြီဖြစ်တယ်။ နိုင်ငံရေးဆိုတာ လက်နက် စွဲကိုင်တော်လှန်နေခြင်းသက်သက်မဟုတ်ဘဲ၊ မတူကွဲပြားမှုတွေကြားမှ အတူယှဉ်တွဲနေထိုင်ရေးလမ်းစ ကို ရှာဖွေခြင်းသာဖြစ်တယ်။ ဒီလိုအသိစိတ်ဓာတ်တွေမြင့် မားလာတဲ့နေ့မှသာ မြန်မာနိုင်ငံဟာ ပြည် တွင်းစစ်မီး ငြိမ်းအေးပြီး တည်ငြိမ်တဲ့နိုင်ငံတစ်ခုအဖြစ် ပေါ်ထွန်းလာမှာဖြစ်တယ်။ ဒါကြောင့် နိုင်ငံရေး ယဉ်ကျေးမှု မြင့်မားလာမှသာ ပဋိပက္ခတွေကို လျှော့ချနိုင်မှာဖြစ်သလို ပဋိပက္ခတွေလျော့နည်းသွားမှသာ နိုင်ငံတည်ဆောက်ရေးကို ဆောင်ရွက်နိုင်မှာဖြစ်တယ်။ နိုင်ငံတည်ဆောက်ရေးကိုလုပ်နိုင်ပါမှ နိုင်ငံ ဖွံ့ဖြိုး တိုးတက်လာမှာဖြစ်ကြောင်း အကြံပြုချင်ပါတယ်။

Zawgyi Version;
ႏိုင္ငံေရး ယဥ္ေက်းမႈ ျမင့္မားဖို႔လိုတဲ့ ျမန္မာႏိုင္ငံ
ေအာင္ႏိုင္သူ (ဇြဲကပင္) (NP News) - ဇန္နဝါရီ ၂ဝ
အီရန္မွာ ဆႏၵျပပြဲေတြ ေတာ္ေတာ္ေလးျပင္းထန္လာတာေတြ႕ရတယ္။ (၂၀၂၅) ခုႏွစ္ ဒီဇင္ဘာလ ကုန္ခါနီးမွာစတင္ခဲ့တဲ့ အီရန္ဆႏၵျပပြဲေတြဟာ ရက္သတၱႏွစ္ပတ္ၾကာလာတဲ့အထိ မရပ္တန႔္ႏိုင္ေသးဘဲ တစ္ေန႔တျခား ဆိုး႐ြားသထက္ ဆိုး႐ြားလာေနပါတယ္။ ေငြေၾကးေဖာင္းပြမႈနဲ႔ စီးပြားေရးက်ပ္တည္းမႈေတြ ေၾကာင့္ အီရန္ျပည္သူလူထုဟာ လမ္းေပၚထြက္ ဆႏၵျပေနၾကတာျဖစ္ပါတယ္။ ဆႏၵျပသူေတြရဲ႕ ထုံးစံအ တိုင္းပဲ၊ ျပည္တြင္း၊ ျပည္ပ စြက္ဖက္မႈေတြနဲ႔ မီဒီယာေတြရဲ႕ အားေပးအားေျမႇာက္မႈေတြေၾကာင့္ သာမန္ ဆႏၵျပမႈေတြကတစ္ဆင့္ အၾကမ္းဖက္မႈေတြ၊ မီးရႈိ႕ဖ်က္ဆီးမႈေတြဆီကို ကူးေျပာင္းလာခဲ့ၿပီမို႔ ဆိုး႐ြားျပင္း ထန္လာခဲ့တာေတြ႕ရတယ္။
အီရန္ အစိုးရဆန႔္က်င္ေရးဆႏၵျပပြဲေတြကို အစိုးရရဲ႕ႏွိမ္နင္းမႈေတြျမင့္တက္လာေနၿပီး ဆႏၵျပသူ ရာေပါင္းမ်ားစြာေသဆုံးခဲ့တယ္လို႔ သတင္းေတြလည္း ထြက္ေပၚေနပါတယ္။ ဘီဘီစီသတင္းဌာနက တီဟီ ရန္အနီး ရင္ခြဲ႐ုံကေန႐ိုက္ကူးထားတဲ့႐ုပ္သံဖိုင္မွာေတာ့ အေလာင္းအိတ္ (၁၈၀) ေလာက္ကို ရွိေနပါ တယ္။
ဆႏၵျပသူ (၄၉၅) ေယာက္နဲ႔ လုံၿခဳံေရးတပ္ဖြဲ႕ဝင္ (၄၈) ေယာက္ေသဆုံးတယ္လို႔ လူ႔အခြင့္အေရး အဖြဲ႕ေတြက ေျပာလာပါတယ္။ ေသာၾကာေန႔ ညမွာ ရက္ရွ္ ၿမိဳ႕ရွိ ေဆး႐ုံတစ္႐ုံကို အေလာင္း (၇၀) သယ္ ေဆာင္လာခဲ့ေၾကာင္း BBC Persian သတင္းဌာနက အတည္ျပဳခဲ့ၿပီး တီဟီရန္ေဆး႐ုံမွ က်န္းမာေရး ဝန္ထမ္းတစ္ေယာက္ကေျပာၾကားရာမွာ လူ(၃၈)ေယာက္ ေသဆုံးခဲ့တယ္လို႔ဆိုပါတယ္။ လူငယ္ေတြရဲ႕ ဦးေခါင္းနဲ႔ ရင္ဘတ္‌ေတြကို ေသနတ္နဲ႔ပစ္ခတ္ခံခဲ့ရၿပီး အမ်ားစုကေဆး႐ုံမေရာက္ဘူးလို႔လည္း ဆိုပါ တယ္။
ႏိုင္ငံတကာသတင္းဌာနေတြကေတာ့ အီရန္ႏိုင္ငံအတြင္းမွာ သတင္းယူႏိုင္ျခင္းမရွိပါဘူး။ အီရန္ အစိုးရဟာ ၾကာသပေတးေန႔မွစၿပီး အင္တာနက္ျဖတ္ေတာက္ထားတာေၾကာင့္ သတင္းအခ်က္အလက္ရ ယူဖို႔နဲ႔ အတည္ျပဳဖို႔တို႔ ခက္ခဲေနပါတယ္။
သီတင္းႏွစ္ပတ္ၾကာ မၿငိမ္မသက္မႈေတြအတြင္း လူ(၁၀ဝဝဝ)ေက်ာ္ဖမ္းဆီးခံထားရပါတယ္။ ဆႏၵျပသူေတြ သတ္ျဖတ္ခံရမႈနဲ႔ပတ္သက္ၿပီး အီရန္ကိုတိုက္ခိုက္မယ္လို႔ အေမရိကန္ျပည္ေထာင္စုက ၿခိမ္းေျခာက္ထားသလို သမၼတ ေဒၚနယ္ထရမ့္ကေတာ့ လြတ္ေျမာက္ေရးရွာေဖြေနသူေတြကိုကူညီဖို႔ အသင့္ရွိတယ္လို႔လည္းေျပာထားပါတယ္။ ဘယ္လိုပဲျဖစ္ပါေစ၊ အီရန္ မွာရႈပ္ေထြးေနၿပီး ဆႏၵျပသူေရာ လုံၿခဳံေရးတပ္ဖြဲ႕ေတြ အၾကားမွာ ထိန္းမရ သိမ္းမရအေျခအေနကို ေရာက္ လာေနတာကေတာ့ အမွန္ တရားပါ။ အီရန္ ဘာသာေရးေခါင္းေဆာင္ ခါေမနီအစိုးရဟာ ဆႏၵျပသူေတြနဲ႔ အၾကမ္းဖက္သမားေတြကို အေလွ်ာ့ေပးမွာမဟုတ္ဘူး လို႔ေျပာထားေလေတာ့ ဒီဆႏၵျပပြဲက အလြယ္တကူ ၿပီးဆုံးလိမ့္မယ္လို႔ မျမင္မိ ပါဘူး။
အီရန္မွာ ဆႏၵျပၾကတဲ့လူအုပ္စုႀကီးဟာ သာမန္ဆႏၵျပမႈမ်ိဳးမဟုတ္ေတာ့ဘဲ အစိုးရပိုင္ အေဆာက္ အအုံေတြ မီးရႈိ႕တာကစလို႔ ႏိုင္ငံအတြင္းက သမိုင္းဝင္႐ုပ္တုေတြနဲ႔ ယဥ္ေက်းမႈအေမြအႏွစ္ေတြကိုပါ ဖ်က္ ဆီးေနၾကတာေတြ႕ရတယ္။ ဒါေၾကာင့္လည္း အီရန္လုံၿခဳံေရးတပ္ဖြဲ႕ေတြက ဆႏၵျပရာကေန အၾကမ္းဖက္ လာတဲ့ လူအုပ္စုႀကီးကို ျပင္းျပင္းထန္ထန္ ပစ္ခတ္ႏွိမ္နင္းေနၾကပါတယ္။ အီရန္ ဆႏၵျပပြဲနဲ႔အတူ စာေရး သူ စိတ္ဝင္စားမိတဲ့အခ်က္က အီရန္ျပည္သူေတြကေကာ ျမန္မာမွာလိုပဲ လက္နက္ကိုင္ၿပီး ေတာ္လွန္ ေရးလုပ္ၾကအုံးမလားဆိုတဲ့အခ်က္ပဲျဖစ္ပါတယ္။ ေျပာဖို႔ေစာေသးတယ္ဆိုႏိုင္ေပမယ့္ ျမန္မာႏိုင္ငံမွာလို လက္နက္ကိုင္ၿပီး ေတာ္လွန္ေရးလုပ္ၾကမယ့္ပုံမေတြ႕ရေသးပါဘူး။ စာေရးသူကို ဘယ္သူမွ တာဝန္ေပး လို႔ေတာ့ မဟုတ္ပါဘူး။ ျမန္မာႏိုင္ငံမွာ ဘာေၾကာင့္ လက္နက္ပဋိပကၡေတြ ရွည္ၾကာေနသလဲ၊ ဆႏၵျပရာ ကတစ္ဆင့္ ဘာေၾကာင့္ လက္နက္ကိုင္ပုန္ကန္မႈ၊ လက္နက္ကိုင္ လမ္းစဥ္ဆီကူးေျပာင္းခဲ့ရသလဲ ဆိုတဲ့ အခ်က္ေတြကို (၂၀၂၁)ခုႏွစ္ကစၿပီး စာေရးသူေလ့လာၾကည့္ခဲ့တယ္။ (၂၀၂၁)ခုႏွစ္မွာ NLD ပါတီဟာ မဲမသမာမႈ ( ၁၁ ဒသမ ၃)သန္းေက်ာ္ျပဳလုပ္ခဲ့လို႔ တပ္မေတာ္က ေျဖရွင္းေပးဖို႔ အႀကိမ္ႀကိမ္ ေတာင္းဆို ခဲ့တယ္။ ဒါေပမဲ့ အာဏာရပါတီဟာ မ်က္ကြယ္ျပဳခဲ့တယ္။ ေျဖရွင္းဖို႔ ပ်က္ကြက္ခဲ့တယ္။ အတိုခ်ဳပ္ ေျပာ ရရင္ေတာ့ ႏိုင္ငံေတာ္အာဏာကို မသမာတဲ့နည္းနဲ႔ ရယူဖို႔ႀကိဳးပမ္းလာလို႔ တပ္မေတာ္က (၂၀ဝ၈)ခုႏွစ္ ဖြဲ႕စည္းပုံအေျခခံ ဥပေဒနဲ႔အညီ အာဏာထိန္းလိုက္ရတယ္။ ဒါကိုမေက်နပ္တဲ့ (NLD) ပါတီဝင္ေတြဟာ လူထုကို လမ္းေပၚဆြဲတင္ခဲ့ၾကလို႔ ႏိုင္ငံတစ္ဝန္း ဆႏၵျပပြဲေတြျဖစ္ခဲ့ၾကတယ္။ ထုံးစံအတိုင္း လုံၿခဳံေရး တပ္ဖြဲ႕ေတြကလည္း ဆႏၵျပပြဲေတြရပ္တန႔္သြားေအာင္ထိန္းခ်ဳပ္ၾကရတယ္။ ဆႏၵျပပြဲေတြဟာ တစ္ဆင့္ တက္လာၿပီး ဆူပူအၾကမ္းဖက္မႈေတြ၊ အစိုးရပိုင္ အေဆာက္အအုံေတြကို မီးရႈိ႕ဖ်က္ဆီး တာေတြလုပ္ ေဆာင္လာခဲ့တယ္။ ဒီလိုလုပ္လာတဲ့အ တြက္လည္း လုံၿခဳံေရးတပ္ဖြဲ႕ေတြဟာ ပစ္ခတ္ႏွိမ္နင္း တားဆီး တာေတြလုပ္လာရပါတယ္။ ဒီအထိေတာ့ ျပႆနာလို႔မဆိုႏိုင္ေသးပါဘူး။
ဒါမ်ိဳးက ႏိုင္ငံတကာဆႏၵျပပြဲေတြမွာလည္း ျဖစ္႐ိုးျဖစ္စဥ္တစ္ခုျဖစ္သလို ယခုအီရန္ႏိုင္ငံ ဆႏၵျပ ပြဲေတြမွာလည္း ေတြ႕ျမင္ရျပန္ပါတယ္။ ပထမအဆင့္ ၿငိမ္းခ်မ္းစြာဆႏၵျပၾကမယ္၊ ရက္ၾကာလာတဲ့အခါ ဒုတိယအဆင့္ ဆူပူမႈေတြ၊ ေသြးထိုးလႈံ႕ေဆာ္မႈေတြျဖစ္လာမယ္။ တတိယအဆင့္ အၾကမ္းဖက္တိုက္ခိုက္ မႈေတြ ျဖစ္လာၾကမွာပဲ၊ ဆႏၵျပၾကတဲ့အဆင့္အတန္းကိုမူတည္ ၿပီးေတာ့ လုံၿခဳံေရးတပ္ဖြဲ႕ေတြကလည္း ႏွိမ္နင္းၾကရ တာက ႏိုင္ငံတကာမွာေရာ ျမန္မာျပည္မွာပါ လုပ္႐ိုး လုပ္စဥ္တစ္ခုပါ။ ဒါဟာ ျပႆနာ ႀကီး လို႔မျမင္သင့္ဘူး။
သို႔ေသာ္ .. ျပႆနာစတာက ဒီလိုပါ။
အဲဒါကေတာ့ ႏိုင္ငံေရးအေျပာင္းအလဲကတစ္ဆင့္ ဆႏၵျပမႈေတြျဖစ္တယ္။ ဆႏၵျပမႈေတြကေန အ ၾကမ္းဖက္မႈေတြျဖစ္လာတယ္။ ဒါကို လုံၿခဳံေရးတပ္ဖြဲ႕ေတြႏွိမ္နင္းလို႔ဆိုၿပီး မေက်နပ္ရာကတစ္ဆင့္ လက္နက္ကိုင္ေတာ္လွန္ေရးဆီကို ကူးေျပာင္းသြားခဲ့တယ္။လက္နက္ကိုင္လမ္းစဥ္ကို ေ႐ြးခ်ယ္ခဲ့ၾက တာပဲျဖစ္ပါတယ္။ ဒါက တကယ့္ကို အႀကီးမားဆုံးျပႆနာႀကီးတစ္ခုျဖစ္သလို ကမာၻေပၚမွာမရွိတဲ့ လက္နက္ကိုင္ယဥ္ ေက်းမႈတစ္ရပ္လည္းျဖစ္ေနပါတယ္။ ဒီလိုယဥ္ေက်းမႈမ်ိဳး ကမာၻမွာ ဘယ္ႏိုင္ငံေတြ ရွိေသးသလဲဆိုၿပီးေတာ့ (၂၀၂၁)ကစၿပီး ေလ့လာၾကည့္ခဲ့တယ္။ အိမ္နီးခ်င္း ဘဂၤလားေဒ့ရွ္ႏိုင္ငံနဲ႔ ထိုင္း ႏိုင္ငံတို႔ရဲ႕ ဆႏၵျပမႈေတြက စလို႔ နီေပါႏိုင္ငံ၊ မာဒါဂတ္စတားကြၽန္းႏိုင္ငံ၊ အေမရိကန္ႏိုင္ငံ၊ အစၥေရးႏိုင္ငံနဲ႔ အီရန္ႏိုင္ငံ ဆႏၵျပမႈအထိ ကိုယ္ႏိုင္သေလာက္ေလ့လာၿပီး မွတ္တမ္းျပဳၾကည့္ဖူးပါတယ္။
(၂၀၂၁) ခုႏွစ္ ဇန္နဝါရီလက အေမရိကန္လႊတ္ ေတာ္ကို စီးနင္းတိုက္ခိုက္မႈေၾကာင့္ လုံၿခဳံေရး တပ္ဖြဲ႕ ေတြႏွိမ္နင္းလို႔ လူ (၅)ေယာက္ေသဆုံးခဲ့တဲ့ျဖစ္စဥ္ ကအနည္းဆုံးျဖစ္ပါတယ္။ အမ်ားဆုံးကေတာ့ (၂၀၂၄) ခုႏွစ္ ဇူလိုင္လနဲ႔ ဩဂုတ္လမွာ လူ (၁၀ဝဝ)ေက်ာ္ေသဆုံးခဲ့ရတဲ့ ဘဂၤလားေဒ့ရွ္ဝန္ႀကီးခ်ဳပ္ ရွိတ္ ဟာဆီနာျပဳတ္က်ခဲ့တဲ့ ဆႏၵျပမႈျဖစ္စဥ္ျဖစ္ပါတယ္။ ဒီျဖစ္စဥ္ကေတာ့ (၁၉၇၁) လြတ္လပ္ေရးတိုက္ပြဲဝင္ ခဲ့သူေတြရဲ႕မိသားစုဝင္ေတြအတြက္ အစိုးရအလုပ္အကိုင္ (၃၀)ရာခိုင္ႏႈန္းကိုသီးသန႔္ေပးထားတဲ့ “ခြဲတမ္း စနစ္”ကို ေက်ာင္းသားေတြက မတရားဘူးဆိုၿပီး ကန႔္ကြက္ရာကေန စတင္ခဲ့တာျဖစ္ပါတယ္။
ဒီျဖစ္စဥ္ရဲ႕ေနာက္ လူေသဆုံးမႈရွိခဲ့တဲ့ ဆႏၵျပပြဲေတြကေတာ့ (၂၀၂၅) ခုႏွစ္ စက္တင္ဘာမွာ နီေပါ အစိုးရျပဳတ္ေစခဲ့တဲ့ ဆႏၵျပပြဲမွာ လူ (၅၁) ဦးေသဆုံးခဲ့တယ္။ (၂၀၂၅)ခုႏွစ္ စက္တင္ဘာလနဲ႔ ေအာက္တို ဘာလမွာျဖစ္ပြားခဲ့တဲ့ အာဖရိကတိုက္ မာဒါဂတ္စတား ကြၽန္းႏိုင္ငံဆႏၵျပပြဲမွာလည္း လူ (၂၂)ဦး ေသဆုံး ခဲ့ပါတယ္။ ထိုင္းႏိုင္ငံနဲ႔အစၥေရးႏိုင္ငံတို႔မွာေတာ့ ပစ္ခတ္ႏွိမ္နင္းရတဲ့အဆင့္ကိုမေရာက္လိုက္လို႔ လူေသ ဆုံးမႈ မျဖစ္ခဲ့ပါဘူး။ ဒါေပမဲ့ ထူးျခားတာက ဘယ္ႏိုင္ငံမွာမွ ျမန္မာမွာလို လက္နက္ကိုင္ေတာ္လွန္ေရးဆီ ကူးေျပာင္းမသြားတဲ့အခ်က္ပဲျဖစ္ပါတယ္။
ဒါေၾကာင့္ ျမန္မာျပည္မွာ ဒီလိုဘာေၾကာင့္ျဖစ္ရ သလဲလို႔ဆန္းစစ္ၾကည့္တဲ့အခါ ခုလိုေတြ႕ရပါ တယ္။
ဒါေတြကေတာ့
(၁) နာခံလိုစိတ္ထက္ ဖီလာဆန႔္က်င္လိုစိတ္ ျပင္း ထန္ေနတဲ့ ျမန္မာေတြရဲ႕ ပင္ကိုစ႐ိုက္ဗီဇေတြ က ပုန္ကန္လိုစိတ္ကိုႏႈိးဆြေနျခင္း။
(၂) လြတ္လပ္ေရးကို တိုက္ယူလို႔ရပါတယ္ဆိုတဲ့ ႏိုင္ငံေရးဓေလ့အမွားကို အားက်ၾကျခင္း။
(၃) တည္ဆဲအစိုးရနဲ႔ တပ္မေတာ္ကို ေတာ္လွန္ပုန္ ကန္ရင္ ႏိုင္ငံေရးျဖစ္တယ္ဆိုတဲ့ အိုင္ဒီယိုေလာ္ဂ်ီအမွား(ဒါလည္း ႏိုင္ငံေရးဓေလ့အမွားပဲ) မ်ားလႊမ္းမိုးေနျခင္း ။
(၄) ျပည္တြင္းျပည္ပ ဆန႔္က်င္ဘက္မီဒီယာေတြရဲ႕ ေသြးထိုးေျမႇာက္ေပးေနျခင္း။
(၅) လက္နက္ကိုင္ယဥ္ေက်းမႈကို ကူညီေထာက္ပံ့ေပးႏိုင္မယ့္ လူမ်ိဳးစုလက္နက္ကိုင္အဖြဲ႕ အမ်ား အျပားရွိေနျခင္း။
(၆ ) ေခတ္အဆက္ဆက္အစိုးရတိုင္းသည္ လက္နက္ကိုင္အဖြဲ႕မ်ားအေပၚ အျမစ္ျပတ္ ေခ်မႈန္း ေရးထက္ ရင္ဆိုင္ထိန္းခ်ဳပ္ေရးကိုသာ ေဆာင္႐ြက္ခဲ့ျခင္း။
(၇) အိမ္နီးခ်င္းႏိုင္ငံမ်ားရဲ႕ အကူအညီကို ရရွိေနျခင္း။
(၈) နယ္ေျမခံလူထုကို လႊမ္းမိုးခ်ဳပ္ကိုင္ႏိုင္ျခင္း။
(၉) နယ္ေျမခံလူထုက အေတြးအေခၚဗဟုသုတ နည္းပါးျခင္း။
(၁၀) အေနာက္အုပ္စုရဲ႕ဝါဒမႈိင္းမိေနျခင္း။
(၁၁) လက္နက္ကိုင္ရတာကို အရသာေတြ႕သြားျခင္း။
(၁၂) ထိပ္ပိုင္းေခါင္းေဆာင္မ်ားက အက်ိဳးစီးပြားနဲ႔
ကိုယ္က်ိဳးအတၱကို ေရွ႕တန္းတင္ထားျခင္း
ဆိုတဲ့အခ်က္ေတြကို ေတြ႕ရပါတယ္။
ဒီအခ်က္ေတြေၾကာင့္ ပဋိပကၡေတြ ႀကီးထြားလာ ရသလို ဒီပဋိပကၡေတြေၾကာင့္ပဲ တိုင္းျပည္ ဖြံ႕ၿဖိဳးတိုးတက္မႈေနာက္က်ေနရပါတယ္။ ျပည္တြင္းလက္နက္ ကိုင္ပဋိပကၡေတြက တိုင္းျပည္ကို ဆင္းရဲ မြဲေတေစေၾကာင္း ၿဗိတိသွ်ပညာရွင္ ေပါလ္ကိုလီယာက သုေတသနျပဳခဲ့ၿပီးျဖစ္ပါတယ္။ ဆိုေတာ့ ေျပာ ခ်င္တာက ျမန္မာေတြအေနနဲ႔ လက္နက္ကိုင္ ယဥ္ေက်းမႈနဲ႔ယဥ္ပါးေနတာကို ျပင္ၾကဖို႔လိုတယ္။ မျပင္ႏိုင္ ရင္ေတာ့ ဘယ္လိုအုပ္ ခ်ဳပ္စနစ္ပဲျဖစ္ျဖစ္ သိသာထင္ရွားတဲ့တိုးတက္မႈရဖို႔က မလြယ္ပါဘူး။ ဘယ္ႏိုင္ငံ မွာမွမေတြ႕ရတဲ့ ဆႏၵျပပြဲကေန လက္နက္ကိုင္လမ္းစဥ္ကူးေျပာင္းခဲ့ရတဲ့ ယဥ္ေက်းမႈမ်ိဳး ျမန္မာမွာပဲ ေတြ႕ ရတာကလည္း ဝမ္းနည္းစရာ ေကာင္းပါတယ္။ အားမနာတမ္းေျပာရရင္ေတာ့ ဒါဟာ ႏိုင္ငံေရး ယဥ္ ေက်းမႈ နိမ့္ပါးေနလို႔ျဖစ္ရတဲ့ျပႆနာျဖစ္ပါတယ္။ ႏိုင္ငံေရးယဥ္ေက်းမႈနိမ့္ပါးေနတာဟာ ရွက္စရာ ေကာင္းပါတယ္။ ႏိုင္ငံေရးယဥ္ေက်းမႈျမင့္မားေနမွသာ လက္နက္ကိုင္ယဥ္ေက်းမႈအစား စားပြဲဝိုင္း ယဥ္ေက်းမႈ ေပၚလာႏိုင္မွာျဖစ္ပါတယ္။
ျမန္မာႏိုင္ဟာ ျဖတ္သန္းခဲ့ရတဲ့ႏိုင္ငံေရး ခရီးၾကမ္းကိုျပန္ၾကည့္ရင္ စနစ္ေျပာင္းလဲမႈေတြ ရွိခဲ့ေပ မယ့္ စိတ္ဓာတ္နဲ႔ ယဥ္ေက်းမႈပိုင္းဆိုင္ရာ ေျပာင္းလဲမႈေတြမွာ အားနည္းေနေသးတာကိုေတြ႕ရတယ္။ ဒီမိုကေရစီဆိုတာ ျပည္သူနဲ႔ႏိုင္ငံေရးသမားေတြရဲ႕ စဥ္းစားေတြးေခၚပုံနဲ႔က်င့္ဝတ္(Political Culture) ျမင့္မားလာမွသာ ေအာင္ျမင္ႏိုင္မွာျဖစ္တယ္။ ႏိုင္ငံေရးယဥ္ေက်းမႈ ျမင့္မားတဲ့လူ႔အဖြဲ႕အစည္းေတြမွာ အျမင္မတူသူေတြ ကိုသည္းခံျခင္း(Tolerance)၊ အျပန္အလွန္ယုံၾကည္ မႈရွိျခင္း(Trust)၊ ဥပေဒ စိုးမိုးေရး ကိုေလးစားျခင္း (Rule of Law)၊ အၾကမ္းမဖက္ဘဲ ေဆြးေႏြးအေျဖရွာျခင္း (Dialogue) စတဲ့အခ်က္ေတြ ကို ေတြ႕ရပါတယ္။
ျမန္မာႏိုင္ငံရဲ႕ ႏိုင္ငံေရးယဥ္ေက်းမႈကို အဓိကစိန္ေခၚေနတဲ့ျပႆနာက လက္နက္ကိုင္ လမ္း စဥ္ကို အလြယ္တကူ ေ႐ြးခ်ယ္ကူးေျပာင္းသြားျခင္းနဲ႔ လက္နက္ကိုင္လမ္းစဥ္ကို အလြယ္တူ လက္ခံ ယုံ ၾကည္ေနျခင္းပဲျဖစ္တယ္။ ငါတို႔မႏိုင္ရင္ အကုန္ရႈံးရမယ္ဆိုတဲ့ Zero-sum game သီအိုရီႀကီးကို ဦးႏု တို႔ေခတ္ကတည္းက ဒီေန႔အထိ မျပင္ႏိုင္ၾကေသးပါဘူး။ ငါမွ အာဏာမရရင္ ျပာခ်မယ္ဆိုတဲ့အသိေတြနဲ႔ တို႔လူမ်ိဳးေတြ ႏိုင္ငံေရးကို ခ်ဥ္းကပ္ေဆာင္႐ြက္ေနၾကလို႔ တိုင္းျပည္ဟာ ဘက္ေပါင္းစုံကေန ထိခိုက္ နစ္နာဆုံးရႈံးေနရပါတယ္။ အဘက္ဘက္မွ နိမ့္က်ေနၾကရတယ္ဆိုတာကို သေဘာေပါက္ဖို႔လိုပါတယ္။ လက္နက္ကိုင္လမ္းစဥ္၊ လက္နက္ကိုင္ယဥ္ေက်းမႈတိုင္းကေတာ့ ဒီမိုကေရစီနဲ႔ ဆန႔္က်င္ေနတယ္ဆိုတာ သေဘာေပါက္ၿပီး ျပင္ၾကေစခ်င္တယ္။
အခ်ဳပ္ေျပာရရင္ေတာ့ ျမန္မာေတြကို ကမာၻ႔ႏိုင္ငံေရးျဖစ္စဥ္ေတြကိုၾကည့္ၿပီး သင္ခန္းစာ ယူေစ ခ်င္ပါတယ္။ ယေန႔ အီရန္မွာျဖစ္ေပၚေနတဲ့ဆႏၵျပပြဲေတြဟာ လက္နက္ကိုင္လမ္းစဥ္ ကူးေျပာင္း မသြားခဲ့ သလို ကမာၻေပၚရွိ ဘယ္ႏိုင္ငံရဲ႕ဆႏၵျပေတြမွလည္း ကူးေျပာင္းသြားတာမေတြ႕ရပါဘူး။ ဒါေၾကာင့္လည္း သူတို႔ႏိုင္ငံေတြဟာ လက္နက္ပဋိပကၡေတြရဲ႕ဒဏ္ကို ျမန္မာမွာလို ကာလရွည္ၾကာစြာ ျဖစ္ပြားေလ့ မရွိ သလို ကာလရွည္ၾကာစြာလည္းမခံစားရပါဘူး။ ျမန္မာမွာကေတာ့ ထစ္ခနဲဆိုရင္ လက္နက္ကိုင္မယ္၊ ေတာ္လွန္ပုန္ကန္မယ္ဆိုတာခ်ည္းပဲျဖစ္ေနၾကပါတယ္။
ဒါဟာ ႏိုင္ငံေရးယဥ္ေက်းမႈအားနည္းလို႔၊ နိမ့္ပါးလို႔ ျဖစ္ရတဲ့ျပႆနာျဖစ္ပါတယ္။ ျမန္မာႏိုင္ငံ ဟာ လက္နက္ကိုင္လမ္းစဥ္ရဲ႕ သားေကာင္ျဖစ္ခဲ့ရသည္မွာ ၾကာခဲ့ၿပီျဖစ္တယ္။ ႏိုင္ငံေရးဆိုတာ လက္နက္ စြဲကိုင္ေတာ္လွန္ေနျခင္းသက္သက္မဟုတ္ဘဲ၊ မတူကြဲျပားမႈေတြၾကားမွ အတူယွဥ္တြဲေနထိုင္ေရးလမ္းစ ကို ရွာေဖြျခင္းသာျဖစ္တယ္။ ဒီလိုအသိစိတ္ဓာတ္ေတြျမင့္ မားလာတဲ့ေန႔မွသာ ျမန္မာႏိုင္ငံဟာ ျပည္ တြင္းစစ္မီး ၿငိမ္းေအးၿပီး တည္ၿငိမ္တဲ့ႏိုင္ငံတစ္ခုအျဖစ္ ေပၚထြန္းလာမွာျဖစ္တယ္။ ဒါေၾကာင့္ ႏိုင္ငံေရး ယဥ္ေက်းမႈ ျမင့္မားလာမွသာ ပဋိပကၡေတြကို ေလွ်ာ့ခ်ႏိုင္မွာျဖစ္သလို ပဋိပကၡေတြေလ်ာ့နည္းသြားမွသာ ႏိုင္ငံတည္ေဆာက္ေရးကို ေဆာင္႐ြက္ႏိုင္မွာျဖစ္တယ္။ ႏိုင္ငံတည္ေဆာက္ေရးကိုလုပ္ႏိုင္ပါမွ ႏိုင္ငံ ဖြံ႕ၿဖိဳး တိုးတက္လာမွာျဖစ္ေၾကာင္း အႀကံျပဳခ်င္ပါတယ္။

Related news

© 2021. All rights reserved.