ရွေးကောက်ပွဲလွန်ကာလတွင် ငြိမ်းချမ်းရေးအတွက် လူငယ်ကွန်ရက်များဖွဲ့၍ လက်တွေ့ အကောင် အထည်ဖော်မည်

 121

သန့်ဇင် (NP News) - ဇန်နဝါရီ ၁၉

ရွေးကောက်ပွဲလွန်ကာလတွင် ငြိမ်းချမ်းရေးအတွက် လူငယ်ကွန်ရက်များဖွဲ့၍ လက်တွေ့အ ကောင်အထည်ဖော်မည့်သန္နိဋ္ဌာန်အပါအဝင် ဆုံးဖြတ်ချက် (၅) ချက်ကို နေပြည်တော် ကောင်စီနယ်မြေရှိ MICC -1 တွင် (၂၀၂၆)ခုနှစ် ဇန်နဝါရီလ(၁၃) ရက်မှ (၁၅)ရက်အထိ (၃) ရက်တာကျင်းပခဲ့သည့် လူငယ် ငြိမ်းချမ်းရေဖိုရမ်(၂၀၂၆)တွင် စုပေါင်း သန္နိဋ္ဌာန်ပြုခဲ့ကြောင်းသိရသည်။
လူငယ်ငြိမ်းချမ်းရေးဖိုရမ် (Youth Peace Forum 2026) လူငယ်ကြေညာစာတမ်းကို ဇန်နဝါရီ (၁၅)ရက်တွင် ရေးဆွဲထုတ်ပြန်နိုင်ခဲ့ပြီး ဖိုရမ်ကျင်းပရခြင်းရည်ရွယ်ချက်သည် ရွေးကောက်ပွဲပြီးချိန် သမိုင်း စာမျက်နှာသစ်တွင်ဖြစ်ပေါ်လာမည့် ငြိမ်းချမ်းရေးဖြစ်စဉ်နှင့် နိုင်ငံတည်ဆောက်ရေးလုပ်ငန်းစဉ် များတွင် လူငယ်များပါဝင်မှုကို မြှင့်တင်ပေးရန်အတွက်ဖြစ်ကြောင်းသိရသည်။
အဆိုပါဖိုရမ်သို့ လူငယ်ကိုယ်စားလှယ် စုစုပေါင်း (၄၅၀)ဦးတက်ရောက်ခဲ့ကြပြီး အနာဂတ်တွင် လူငယ်များပါဝင်နိုင်မည့်ကဏ္ဍများနှင့် လုပ်ငန်းများကို (၃)ရက်အကြာဆွေးနွေးခဲ့ကြောင်း သိရသည်။ ထို့ နောက် အနာဂတ်ကာလ ငြိမ်းချမ်းရေးဖြစ်စဉ်များနှင့် နိုင်ငံတည်ဆောက်ရေးလုပ်ငန်းစဉ်များတွင် လူငယ် များအတွက် အခွင့်အလမ်း (၅)ရပ်ကို စုပေါင်းဖန်တီးကြရန်လည်း စုပေါင်း သန္နိဋ္ဌာန်ပြုခဲ့ပြီး (က) ရွေး ကောက်ပွဲလွန်ကာလ၌ လူငယ်များ၏လက်တွေ့ကျသောအခန်းကဏ္ဍကိုဖော်ထုတ်နိုင်မည့် ငြိမ်းချမ်းရေး ကို ပြင်းပြစွာလိုလားကြသည့် လူငယ်အသိုက်အဝန်းများအကြား အပြန်အလှန်ဆက်သွယ်ဆောင်ရွက်မှု ကို အထောက်အပံ့ဖြစ်စေမည့် လူငယ်ကွန်ရက်များ ဖွဲ့စည်းတည်ထောင်၍လူငယ်များ လက်တွေ့ ဆောင် ရွက်နိုင်သည့်စီမံချက်များကို လူငယ်များကိုယ်တိုင်အကောင်အထည်ဖော်ရန် (ခ) ငြိမ်းချမ်းရေးဆောင် ရွက်ရာမှာ မတူကွဲပြားမှုများကိုနားလည်၍ အမုန်းတရားများတိုက်ဖျက်နိုင်ရန် ပညာရေး၊ ကျန်းမာရေး၊ ယဉ်ကျေးမှု၊ အားကစားနှင့် စီးပွားရေးဖွံ့ဖြိုးရေးနယ် ပယ်အသီးသီးရှိလူငယ်များ၏ စွမ်းရည်မြှင့်တင်ပေး ရန်နှင့် သက်ဆိုင်ရာကဏ္ဍအလိုက် လူငယ်ဆိုင်ရာစီမံ ကိန်းများရေးဆွဲရန်၊ (ဂ) ရေရှည်တည်တံ့သော ငြိမ်းချမ်းရေးနှင့် စည်းလုံးညီညွတ်ရေး၊ လူမှုသဟဇာတ မြှင့်တင်ရေးလုပ်ငန်းဆိုင်ရာအစီအစဉ်များကို ဒေသအလိုက် မြေပြင်အခြေအနေများနှင့်ကိုက်ညီမည့် စီမံချက်များကို လူငယ်များကိုယ်တိုင် စွန့်ဦး ဆောင်ရွက်ပြီး နိုင်ငံတော်၏မူဝါဒနှင့်လုပ်ငန်းစဉ်များကို အထောက်အပံ့ဖြစ်စေမည့်အကြံပြုချက်များ ဖော်ထုတ်ရန် (ဃ) မြန်မာနိုင်ငံ၏ ငြိမ်းချမ်းရေးဖြစ်စဉ်များအပေါ် နိုင်ငံတကာနှင့် ပြည်တွင်း ပြည်ပ မီဒီယာရပ်တည်ချက်များကို ပြည်တွင်းလူငယ်များ၏အမြင်နှင့် ပုံရိပ်ပြောင်းလဲရေးဆောင်ရွက်ရန်နှင့် (င) လူငယ်ငြိမ်းချမ်းရေးဖိုရမ်မှပေါ် ထွက်လာသည့်အကြံပြုချက်များကိုစုစည်း၍ အနာဂတ်နိုင်ငံ တည် ဆောက်ရေးအတွက် လူငယ်နှင့် ငြိမ်းချမ်းရေးမူဝါဒဆိုင်ရာစာတမ်းတစ်ရပ်f(Youth Peace Policy Paper) အား ရေးဆွဲတင်ပြနိုင်ရန်တို့ ဖြစ်ကြောင်းသိရသည်။
အဆိုပါ လူငယ်ငြိမ်းချမ်းရေးဖိုရမ်ကို နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင် ဥက္ကဋ္ဌ၊ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကိုယ်တိုင်တက်ရောက်ဖွင့်လှစ်ကာ အမှာစကားပြောကြားခဲ့ပြီး စတင်ကျင်းပသည့် ဇန်နဝါရီလ (၁၃) ရက်တွင် လူငယ်ကိုယ်စားလှယ်များသည် ငြိမ်းချမ်းရေးဖြစ်စဉ်များ အပေါ် လက်တွေ့စီမံခန့်ခွဲခဲ့ရသည့်လူကြီးများထံမှ အတွေ့အကြုံများနှင့်သင်ခန်းစာများကို ငြိမ်းချမ်းရေး လက်ဆင့်ကမ်းခြင်းနှင့် ငြိမ်းချမ်းသော လူ့အဖွဲ့အစည်းမြှင့်တင်ခြင်းခေါင်းစဉ်ဖြင့် စတင်ဆွေးနွေးခဲ့ရ ကြောင်း သိရသည်။
အဆိုပါဆွေးနွေးပွဲတွင် တိုင်းဒေသကြီးများ၊ ပြည်နယ်များ၊ နေပြည်တော် ပြည်ထောင်စုနယ်မြေ ကိုယ်စားပြုလူငယ် (၁၅) ဦးနှင့် အခြားတိုင်းရင်းသားနှင့် ဘေးသင့်ဒေသများကိုယ်စားပြု လူငယ် ကိုယ် စားလှယ်(၇)ဦးတို့မှ ဒေသအလိုက် မတူကွဲပြားသည့်ဆွေးနွေးမှုများပါဝင်ခဲ့ကြောင်းသိရသည်။
ထို့နောက် ဖိုရမ်ဒုတိယနေ့တွင် အနာဂတ်ကာလ ငြိမ်းချမ်းရေးဖြစ်စဉ်နှင့် နိုင်ငံတည်ဆောက်ရေး လုပ်ငန်းစဉ်တွင် လူငယ်များ၏အခန်းကဏ္ဍကို မြှင့်တင်ပေးနိုင်မည့်အခွင့်အလမ်းများအပေါ် ပညာရှင် များ၊ လူငယ်လုပ်ငန်းရှင်များက တင်ပြခဲ့ကြောင်းသိရသည်။ ယင်းနောက် ဖိုရမ် တတိယနေ့ဖြစ်သော ဇန်နဝါရီလ(၁၅)ရက်တွင် အနာဂတ်ကာလ၌ ငြိမ်းချမ်းရေးနှင့် နိုင်ငံတည်ဆောက်ရေးလုပ်ငန်းများအပေါ် အကြံပြုချက်များနှင့် လက်တွေ့အဆိုပြုချက်များကို အဖွဲ့လိုက် ဆွေးနွေးတင်ပြခဲ့ကြောင်းသိရသည်။ လူ ငယ်များ၏ ရှေ့အမြင်များနှင့်ဖန်တီးမှုများကို လျှပ်တစ်ပြက် စစ်တမ်းများဖြင့်ပုံဖော်နိုင်ခဲ့ပြီး လူငယ်များ အချင်းချင်း ပူးပေါင်းဆောင်ရွက်ကြမည့် ကွန်ရက်အဖွဲ့များကို လည်းဖွဲ့စည်းခဲ့ရကြောင်းသိရသည်။
ထိုအကြံပြုချက်များအပေါ်အခြေခံ၍ ကွန်ရက်များဖြင့် ဒေသအသီးသီးရှိ ငြိမ်းချမ်းရေးစိန်ခေါ် မှုများကို လူငယ်များကိုယ်တိုင် ပါဝင်ဖြေရှင်းနိုင်မည့် လက်တွေ့အစီအစဉ်များဖော်ထုတ်ခြင်းမှ တစ်ဆင့် အမျိုးသားအဆင့် လူငယ်များပါဝင်မှု အခင်းအကျင်း တစ်ရပ်ဖြစ်ပေါ်စေမည့် ရှေ့လုပ်ငန်းစဉ်များ၊ အကြံ ပြုချက်များကို စနစ်တကျချမှတ်နိုင်ခဲ့ကြောင်းသိရသည်။ ထို့ကြောင့် လူငယ်ငြိမ်းချမ်းရေး ဖိုရမ်သည်
“ နိုင်ငံတစ်ဝန်းရှိလူငယ်များကို ငြိမ်းချမ်းရေးတည်ဆောက်ရေး၊ စည်းလုံးညီညွတ်ရေးနှင့် နိုင်ငံဖွံ့ဖြိုးတိုး တက်ရေးတို့တွင် စုပေါင်းပါဝင်လာရေးနှင့် စွမ်းရည် ပြည့်ဝသောခေါင်းဆောင်များ ဖြစ်ပေါ်လာရန် အတွက် လူငယ်များအား ငြိမ်းချမ်းရေးအသိ မြှင့်တင်ပေးနိုင်ရန်” ဟူသော ဖိုရမ်ဦးတည်ချက်အား အောင် မြင်စွာ ကျင်းပနိုင်ခဲ့ကြောင်း သိရသည်။

Zawgyi Version;
ေ႐ြးေကာက္ပြဲလြန္ကာလတြင္ ၿငိမ္းခ်မ္းေရးအတြက္ လူငယ္ကြန္ရက္မ်ားဖြဲ႕၍ လက္ေတြ႕ အေကာင္ အထည္ေဖာ္မည္
သန႔္ဇင္ (NP News) - ဇန္နဝါရီ ၁၉
ေ႐ြးေကာက္ပြဲလြန္ကာလတြင္ ၿငိမ္းခ်မ္းေရးအတြက္ လူငယ္ကြန္ရက္မ်ားဖြဲ႕၍ လက္ေတြ႕အ ေကာင္အထည္ေဖာ္မည့္သႏၷိ႒ာန္အပါအဝင္ ဆုံးျဖတ္ခ်က္ (၅) ခ်က္ကို ေနျပည္ေတာ္ ေကာင္စီနယ္ေျမရွိ MICC -1 တြင္ (၂၀၂၆)ခုႏွစ္ ဇန္နဝါရီလ(၁၃) ရက္မွ (၁၅)ရက္အထိ (၃) ရက္တာက်င္းပခဲ့သည့္ လူငယ္ ၿငိမ္းခ်မ္းေရဖိုရမ္(၂၀၂၆)တြင္ စုေပါင္း သႏၷိ႒ာန္ျပဳခဲ့ေၾကာင္းသိရသည္။
လူငယ္ၿငိမ္းခ်မ္းေရးဖိုရမ္ (Youth Peace Forum 2026) လူငယ္ေၾကညာစာတမ္းကို ဇန္နဝါရီ (၁၅)ရက္တြင္ ေရးဆြဲထုတ္ျပန္ႏိုင္ခဲ့ၿပီး ဖိုရမ္က်င္းပရျခင္းရည္႐ြယ္ခ်က္သည္ ေ႐ြးေကာက္ပြဲၿပီးခ်ိန္ သမိုင္း စာမ်က္ႏွာသစ္တြင္ျဖစ္ေပၚလာမည့္ ၿငိမ္းခ်မ္းေရးျဖစ္စဥ္ႏွင့္ ႏိုင္ငံတည္ေဆာက္ေရးလုပ္ငန္းစဥ္ မ်ားတြင္ လူငယ္မ်ားပါဝင္မႈကို ျမႇင့္တင္ေပးရန္အတြက္ျဖစ္ေၾကာင္းသိရသည္။
အဆိုပါဖိုရမ္သို႔ လူငယ္ကိုယ္စားလွယ္ စုစုေပါင္း (၄၅၀)ဦးတက္ေရာက္ခဲ့ၾကၿပီး အနာဂတ္တြင္ လူငယ္မ်ားပါဝင္ႏိုင္မည့္က႑မ်ားႏွင့္ လုပ္ငန္းမ်ားကို (၃)ရက္အၾကာေဆြးေႏြးခဲ့ေၾကာင္း သိရသည္။ ထို႔ ေနာက္ အနာဂတ္ကာလ ၿငိမ္းခ်မ္းေရးျဖစ္စဥ္မ်ားႏွင့္ ႏိုင္ငံတည္ေဆာက္ေရးလုပ္ငန္းစဥ္မ်ားတြင္ လူငယ္ မ်ားအတြက္ အခြင့္အလမ္း (၅)ရပ္ကို စုေပါင္းဖန္တီးၾကရန္လည္း စုေပါင္း သႏၷိ႒ာန္ျပဳခဲ့ၿပီး (က) ေ႐ြး ေကာက္ပြဲလြန္ကာလ၌ လူငယ္မ်ား၏လက္ေတြ႕က်ေသာအခန္းက႑ကိုေဖာ္ထုတ္ႏိုင္မည့္ ၿငိမ္းခ်မ္းေရး ကို ျပင္းျပစြာလိုလားၾကသည့္ လူငယ္အသိုက္အဝန္းမ်ားအၾကား အျပန္အလွန္ဆက္သြယ္ေဆာင္႐ြက္မႈ ကို အေထာက္အပံ့ျဖစ္ေစမည့္ လူငယ္ကြန္ရက္မ်ား ဖြဲ႕စည္းတည္ေထာင္၍လူငယ္မ်ား လက္ေတြ႕ ေဆာင္ ႐ြက္ႏိုင္သည့္စီမံခ်က္မ်ားကို လူငယ္မ်ားကိုယ္တိုင္အေကာင္အထည္ေဖာ္ရန္ (ခ) ၿငိမ္းခ်မ္းေရးေဆာင္ ႐ြက္ရာမွာ မတူကြဲျပားမႈမ်ားကိုနားလည္၍ အမုန္းတရားမ်ားတိုက္ဖ်က္ႏိုင္ရန္ ပညာေရး၊ က်န္းမာေရး၊ ယဥ္ေက်းမႈ၊ အားကစားႏွင့္ စီးပြားေရးဖြံ႕ၿဖိဳးေရးနယ္ ပယ္အသီးသီးရွိလူငယ္မ်ား၏ စြမ္းရည္ျမႇင့္တင္ေပး ရန္ႏွင့္ သက္ဆိုင္ရာက႑အလိုက္ လူငယ္ဆိုင္ရာစီမံ ကိန္းမ်ားေရးဆြဲရန္၊ (ဂ) ေရရွည္တည္တံ့ေသာ ၿငိမ္းခ်မ္းေရးႏွင့္ စည္းလုံးညီၫြတ္ေရး၊ လူမႈသဟဇာတ ျမႇင့္တင္ေရးလုပ္ငန္းဆိုင္ရာအစီအစဥ္မ်ားကို ေဒသအလိုက္ ေျမျပင္အေျခအေနမ်ားႏွင့္ကိုက္ညီမည့္ စီမံခ်က္မ်ားကို လူငယ္မ်ားကိုယ္တိုင္ စြန႔္ဦး ေဆာင္႐ြက္ၿပီး ႏိုင္ငံေတာ္၏မူဝါဒႏွင့္လုပ္ငန္းစဥ္မ်ားကို အေထာက္အပံ့ျဖစ္ေစမည့္အႀကံျပဳခ်က္မ်ား ေဖာ္ထုတ္ရန္ (ဃ) ျမန္မာႏိုင္ငံ၏ ၿငိမ္းခ်မ္းေရးျဖစ္စဥ္မ်ားအေပၚ ႏိုင္ငံတကာႏွင့္ ျပည္တြင္း ျပည္ပ မီဒီယာရပ္တည္ခ်က္မ်ားကို ျပည္တြင္းလူငယ္မ်ား၏အျမင္ႏွင့္ ပုံရိပ္ေျပာင္းလဲေရးေဆာင္႐ြက္ရန္ႏွင့္ (င) လူငယ္ၿငိမ္းခ်မ္းေရးဖိုရမ္မွေပၚ ထြက္လာသည့္အႀကံျပဳခ်က္မ်ားကိုစုစည္း၍ အနာဂတ္ႏိုင္ငံ တည္ ေဆာက္ေရးအတြက္ လူငယ္ႏွင့္ ၿငိမ္းခ်မ္းေရးမူဝါဒဆိုင္ရာစာတမ္းတစ္ရပ္f(Youth Peace Policy Paper) အား ေရးဆြဲတင္ျပႏိုင္ရန္တို႔ ျဖစ္ေၾကာင္းသိရသည္။
အဆိုပါ လူငယ္ၿငိမ္းခ်မ္းေရးဖိုရမ္ကို ႏိုင္ငံေတာ္လုံၿခဳံေရးႏွင့္ ေအးခ်မ္းသာယာေရးေကာ္မရွင္ ဥကၠ႒၊ ဗိုလ္ခ်ဳပ္မႉးႀကီးမင္းေအာင္လႈိင္ကိုယ္တိုင္တက္ေရာက္ဖြင့္လွစ္ကာ အမွာစကားေျပာၾကားခဲ့ၿပီး စတင္က်င္းပသည့္ ဇန္နဝါရီလ (၁၃) ရက္တြင္ လူငယ္ကိုယ္စားလွယ္မ်ားသည္ ၿငိမ္းခ်မ္းေရးျဖစ္စဥ္မ်ား အေပၚ လက္ေတြ႕စီမံခန႔္ခြဲခဲ့ရသည့္လူႀကီးမ်ားထံမွ အေတြ႕အႀကဳံမ်ားႏွင့္သင္ခန္းစာမ်ားကို ၿငိမ္းခ်မ္းေရး လက္ဆင့္ကမ္းျခင္းႏွင့္ ၿငိမ္းခ်မ္းေသာ လူ႔အဖြဲ႕အစည္းျမႇင့္တင္ျခင္းေခါင္းစဥ္ျဖင့္ စတင္ေဆြးေႏြးခဲ့ရ ေၾကာင္း သိရသည္။
အဆိုပါေဆြးေႏြးပြဲတြင္ တိုင္းေဒသႀကီးမ်ား၊ ျပည္နယ္မ်ား၊ ေနျပည္ေတာ္ ျပည္ေထာင္စုနယ္ေျမ ကိုယ္စားျပဳလူငယ္ (၁၅) ဦးႏွင့္ အျခားတိုင္းရင္းသားႏွင့္ ေဘးသင့္ေဒသမ်ားကိုယ္စားျပဳ လူငယ္ ကိုယ္ စားလွယ္(၇)ဦးတို႔မွ ေဒသအလိုက္ မတူကြဲျပားသည့္ေဆြးေႏြးမႈမ်ားပါဝင္ခဲ့ေၾကာင္းသိရသည္။
ထို႔ေနာက္ ဖိုရမ္ဒုတိယေန႔တြင္ အနာဂတ္ကာလ ၿငိမ္းခ်မ္းေရးျဖစ္စဥ္ႏွင့္ ႏိုင္ငံတည္ေဆာက္ေရး လုပ္ငန္းစဥ္တြင္ လူငယ္မ်ား၏အခန္းက႑ကို ျမႇင့္တင္ေပးႏိုင္မည့္အခြင့္အလမ္းမ်ားအေပၚ ပညာရွင္ မ်ား၊ လူငယ္လုပ္ငန္းရွင္မ်ားက တင္ျပခဲ့ေၾကာင္းသိရသည္။ ယင္းေနာက္ ဖိုရမ္ တတိယေန႔ျဖစ္ေသာ ဇန္နဝါရီလ(၁၅)ရက္တြင္ အနာဂတ္ကာလ၌ ၿငိမ္းခ်မ္းေရးႏွင့္ ႏိုင္ငံတည္ေဆာက္ေရးလုပ္ငန္းမ်ားအေပၚ အႀကံျပဳခ်က္မ်ားႏွင့္ လက္ေတြ႕အဆိုျပဳခ်က္မ်ားကို အဖြဲ႕လိုက္ ေဆြးေႏြးတင္ျပခဲ့ေၾကာင္းသိရသည္။ လူ ငယ္မ်ား၏ ေရွ႕အျမင္မ်ားႏွင့္ဖန္တီးမႈမ်ားကို လွ်ပ္တစ္ျပက္ စစ္တမ္းမ်ားျဖင့္ပုံေဖာ္ႏိုင္ခဲ့ၿပီး လူငယ္မ်ား အခ်င္းခ်င္း ပူးေပါင္းေဆာင္႐ြက္ၾကမည့္ ကြန္ရက္အဖြဲ႕မ်ားကို လည္းဖြဲ႕စည္းခဲ့ရေၾကာင္းသိရသည္။
ထိုအႀကံျပဳခ်က္မ်ားအေပၚအေျခခံ၍ ကြန္ရက္မ်ားျဖင့္ ေဒသအသီးသီးရွိ ၿငိမ္းခ်မ္းေရးစိန္ေခၚ မႈမ်ားကို လူငယ္မ်ားကိုယ္တိုင္ ပါဝင္ေျဖရွင္းႏိုင္မည့္ လက္ေတြ႕အစီအစဥ္မ်ားေဖာ္ထုတ္ျခင္းမွ တစ္ဆင့္ အမ်ိဳးသားအဆင့္ လူငယ္မ်ားပါဝင္မႈ အခင္းအက်င္း တစ္ရပ္ျဖစ္ေပၚေစမည့္ ေရွ႕လုပ္ငန္းစဥ္မ်ား၊ အႀကံ ျပဳခ်က္မ်ားကို စနစ္တက်ခ်မွတ္ႏိုင္ခဲ့ေၾကာင္းသိရသည္။ ထို႔ေၾကာင့္ လူငယ္ၿငိမ္းခ်မ္းေရး ဖိုရမ္သည္
“ ႏိုင္ငံတစ္ဝန္းရွိလူငယ္မ်ားကို ၿငိမ္းခ်မ္းေရးတည္ေဆာက္ေရး၊ စည္းလုံးညီၫြတ္ေရးႏွင့္ ႏိုင္ငံဖြံ႕ၿဖိဳးတိုး တက္ေရးတို႔တြင္ စုေပါင္းပါဝင္လာေရးႏွင့္ စြမ္းရည္ ျပည့္ဝေသာေခါင္းေဆာင္မ်ား ျဖစ္ေပၚလာရန္ အတြက္ လူငယ္မ်ားအား ၿငိမ္းခ်မ္းေရးအသိ ျမႇင့္တင္ေပးႏိုင္ရန္” ဟူေသာ ဖိုရမ္ဦးတည္ခ်က္အား ေအာင္ ျမင္စြာ က်င္းပႏိုင္ခဲ့ေၾကာင္း သိရသည္။

Related news

© 2021. All rights reserved.