ရှမ်းမြောက်တိုက်ပွဲနှင့် ငလျင်အပြီး မန္တလေးမြို့၏ မြေဈေး နှစ်ဆခန့်တက်သွားခဲ့

 252

သုတကျော် (NP News) - ဇန်နဝါရီ ၂ဝ

ရှမ်းမြောက်တိုက်ပွဲနှင့် ငလျင်အပြီး မန္တလေးမြို့၏မြေဈေးမှာ နှစ်ဆခန့်တက်သွားခဲ့ကြောင်း အဆိုပါမြို့မှ စီးပွားရေးလုပ်ငန်းရှင်တစ်ဦးက NP News သို့ပြောသည်။
ငလျင်အပြီးတွင် မန္တလေးမြို့၏ စီးပွားရေးလုပ်ငန်းများမှာ ပြန်လည် နာလန်ထူလာပြီဖြစ်ကာ ဆောက်လုပ်ရေးလုပ်ငန်းများက အများဆုံးအလုပ်ဖြစ်နေကြောင်းလည်း ၎င်းကဆိုသည်။ “အဓိကက တော့ ဆောက်လုပ်ရေးလုပ်ငန်းခွင်တွေပေါ့။ ပြန် လည်ထူထောင်ရေးတွေလုပ်နေတဲ့အတွက် ဆောက် လုပ်ရေးလုပ်သားတွေကတော့ အလုပ်နဲ့လက်နဲ့ မပြတ်ဘူးပြောရမှာပေါ့။ ကျန်တဲ့ တခြားအပိုင်းတွေ ကတော့ အရောင်းအဝယ်ကလည်း ခပ်ပါးပါးပဲလေ။ ဥပမာ ဆိုလိုတာက မန္တလေးမှာဆိုရင် အိမ်ခြံမြေတို့ ဘာတို့ဆိုတာက အရင်တုန်းကနဲ့စာရင် နည်းနည်းလေး တော့ ငြိမ်သွားတယ်ပေါ့။ ရွေးကောက်ပွဲက လည်း ရှိတော့။ အဲဒီသဘောလေးတော့ သက်ရောက်တယ်။ ကျန်တဲ့ဟာတွေကတော့ ပုံမှန်ပါပဲ” ဟု ၎င်း ကဆိုသည်။ လက်ရှိတွင် မန္တလေး၏မြေဈေးမှာ အတက်ဈေးဖြင့် တည်ငြိမ်နေသော်လည်း ခုန်တက်သွား တတ်သည့် မန္တလေးမြို့၏ မြေဈေးသဘာဝကြောင့် စိုးရိမ်စိတ်ဖြစ်ကြောင်းလည်း ၎င်းကဆိုသည်။
“ငလျင်အပြီး မြေဈေးတွေကတော့ တက်တယ်။ ငလျင်မဖြစ်ခင်က သိသလောက်ဆိုရင် ပေ (၄၀x၆၀) ရှိတဲ့ မြို့သစ်ဘက်က မြေကွက်တွေဆို (၇၀ဝဝ)၊ (၈၀ဝဝ) ရှိရာကနေ သောင်းဂဏန်း ကျော် သွားပြီလေ။ နှစ်ဆလောက်တက်သွားတာပေါ့။ ဥပမာ ထက်ဝက်နီးနီးတက်တယ်လေ။ သိန်း (၈၀ဝဝ) လောက်ကနေ (၁၆၀ဝဝ) လောက် ရှိသွား ပြီ။ အဲဒီလိုတွေဖြစ်နေတာ။ အမှန်တကယ်က ဟိုလိုကြောင့် ရော။ ငလျင်ဖြစ်တာကြောင့်လည်းပါတယ်။ ပြီးတော့ ဟိုဘက် လားရှိုးတို့ မိုးကုတ်တို့ဘက်က ဆင်းလာ တဲ့တိုင်းရင်းသားတွေနဲ့ တရုတ်တွေကြောင့်လည်း ပါတယ်။ သူတို့က မန္တလေးဝင်ပြီး လှုပ်ရှားကြတာ ကြောင့်။ မန္တလေးမှာ သိသိသာသာပြောရရင် ဟိုးလွန်ခဲ့တဲ့ (၂)နှစ် (၃)နှစ်က ကားဆိုတာ တော်တော်နည်း တယ်လေ။ ဆိုင်ကယ်တွေနဲ့ သွားကြလာကြတာများတယ်။ ခုအခါကျ မန္တလေးမှာ ကားအတော် ကျပ်နေ တာ။ ပြောချင်တာက အဲဒီကားတွေက ဘယ်ကရောက်လာတာလဲဆိုရင် ရှမ်းပြည်ဘက်က ရောက်လာ တာ”ဟု ၎င်းကပြောသည်။ အချို့ကလည်း မြေကွက်ကို တက်ဈေးဖြင့် ရောင်းချပြီး ပုသိမ်ကြီး မြို့နယ် ဘက်က ဈေးသက်သာသောမြေကွက်များကို ပြန်လည်ဝယ်ယူခြင်းများရှိနေကြောင်းလည်း ၎င်းက ဆို သည်။
“မှန်တယ်။ ပုသိမ်ကြီးနယ်ဘက်တွေ၊ အမရပူရဘက်အခြမ်းတွေ၊ စစ်ကိုင်းအထွက်တို့က ယာမြေ တွေဘက်ကို သွားဝယ်။ မန္တလေးမှာက သိန်း (၇၀ဝဝ၊ ၈၀ဝဝ) နဲ့ရောင်း၊ ဟိုဘက်မှာက သိန်း (၁၀ဝဝ) ၊ (၁၁၀ဝ) နဲ့ဝယ်၊ အိမ်လေးဆောက်။ ဒီလိုနဲ့ပဲ တဖြည်းဖြည်းရှေ့ကိုရောက်။ အရင်တုန်းက မြို့သစ် ဆိုတာ က ဈေးက အဲဒီလောက်မရှိဘူးလေ။ အခုကကျ မြို့သစ်ဈေးတွေက ခေါင်ခိုက်နေတာ”ဟု ၎င်းက ဆို သည်။
လက်ရှိ မန္တလေးမြို့၏ အိမ်၊ ခြံ၊ မြေဈေး အခြေအနေမှာ တိုက်ခန်းဈေး အတက် ကွာခြားမှု နည်း နေကြောင်းလည်း ၎င်းကဆိုသည်။ “မန္တလေးမှာက တိုက်ခန်းဈေးတွေမတက်ဘူး။ မြေဈေးပဲတက်တာ။ ဟိုတလောက မြရည်နန္ဒာအိမ်ရာမှာ အသိတစ်ယောက် သိန်း (၇၅၀)၊ (၇၈၀) လောက်နဲ့ဝယ်ထားတာ၊ ပြန်ရောင်းတော့ (၈၅၀) လောက်ပဲရတယ်။ (၂)နှစ် နီးပါးလောက်တော့ ကြာတယ်။ မြရည်နန္ဒာဆိုတာ ကလည်း တန်ဖိုးနည်း၊ တန်ဖိုးသင့်၊ တန်ဖိုးမြင့်ဆိုပြီး ဖော်ဆောင်နေတဲ့ အိမ်ရာစီမံကိန်းတွေလေ။ ရပ်ကွက်တွေနဲ့လည်း သိပ်မဝေးဘူး။ အဲဒီဟာတွေဆို ဈေးအတက်အကျသိပ်မရှိဘူးလေ။ ပြောချင်တာ က ဒီမှာက တိုက်ခန်းဈေး အတက်အကျမရှိဘူး။ တိုက်ခန်းဈေးက ငြိမ်တယ်။ မြေဈေးက မငြိမ်ဘူး။ ဒီနေ့ဆွဲထားလိုက်၊ နောက်နေ့ကျ (၁၀ဝဝ) ဆိုလည်းဟုတ်တယ်၊ (၁၃၀ဝ) ဆိုလည်းဟုတ်တယ်”ဟု ၎င်းက ပြောသည်။

Zawgyi Version;
ရွမ္းေျမာက္တိုက္ပြဲႏွင့္ ငလ်င္အၿပီး မႏၲေလးၿမိဳ႕၏ ေျမေဈး ႏွစ္ဆခန႔္တက္သြားခဲ့
သုတေက်ာ္ (NP News) - ဇန္နဝါရီ ၂ဝ
ရွမ္းေျမာက္တိုက္ပြဲႏွင့္ ငလ်င္အၿပီး မႏၲေလးၿမိဳ႕၏ေျမေဈးမွာ ႏွစ္ဆခန႔္တက္သြားခဲ့ေၾကာင္း အဆိုပါၿမိဳ႕မွ စီးပြားေရးလုပ္ငန္းရွင္တစ္ဦးက NP News သို႔ေျပာသည္။
ငလ်င္အၿပီးတြင္ မႏၲေလးၿမိဳ႕၏ စီးပြားေရးလုပ္ငန္းမ်ားမွာ ျပန္လည္ နာလန္ထူလာၿပီျဖစ္ကာ ေဆာက္လုပ္ေရးလုပ္ငန္းမ်ားက အမ်ားဆုံးအလုပ္ျဖစ္ေနေၾကာင္းလည္း ၎ကဆိုသည္။ “အဓိကက ေတာ့ ေဆာက္လုပ္ေရးလုပ္ငန္းခြင္ေတြေပါ့။ ျပန္ လည္ထူေထာင္ေရးေတြလုပ္ေနတဲ့အတြက္ ေဆာက္ လုပ္ေရးလုပ္သားေတြကေတာ့ အလုပ္နဲ႔လက္နဲ႔ မျပတ္ဘူးေျပာရမွာေပါ့။ က်န္တဲ့ တျခားအပိုင္းေတြ ကေတာ့ အေရာင္းအဝယ္ကလည္း ခပ္ပါးပါးပဲေလ။ ဥပမာ ဆိုလိုတာက မႏၲေလးမွာဆိုရင္ အိမ္ၿခံေျမတို႔ ဘာတို႔ဆိုတာက အရင္တုန္းကနဲ႔စာရင္ နည္းနည္းေလး ေတာ့ ၿငိမ္သြားတယ္ေပါ့။ ေ႐ြးေကာက္ပြဲက လည္း ရွိေတာ့။ အဲဒီသေဘာေလးေတာ့ သက္ေရာက္တယ္။ က်န္တဲ့ဟာေတြကေတာ့ ပုံမွန္ပါပဲ” ဟု ၎ ကဆိုသည္။ လက္ရွိတြင္ မႏၲေလး၏ေျမေဈးမွာ အတက္ေဈးျဖင့္ တည္ၿငိမ္ေနေသာ္လည္း ခုန္တက္သြား တတ္သည့္ မႏၲေလးၿမိဳ႕၏ ေျမေဈးသဘာဝေၾကာင့္ စိုးရိမ္စိတ္ျဖစ္ေၾကာင္းလည္း ၎ကဆိုသည္။
“ငလ်င္အၿပီး ေျမေဈးေတြကေတာ့ တက္တယ္။ ငလ်င္မျဖစ္ခင္က သိသေလာက္ဆိုရင္ ေပ (၄၀x၆၀) ရွိတဲ့ ၿမိဳ႕သစ္ဘက္က ေျမကြက္ေတြဆို (၇၀ဝဝ)၊ (၈၀ဝဝ) ရွိရာကေန ေသာင္းဂဏန္း ေက်ာ္ သြားၿပီေလ။ ႏွစ္ဆေလာက္တက္သြားတာေပါ့။ ဥပမာ ထက္ဝက္နီးနီးတက္တယ္ေလ။ သိန္း (၈၀ဝဝ) ေလာက္ကေန (၁၆၀ဝဝ) ေလာက္ ရွိသြား ၿပီ။ အဲဒီလိုေတြျဖစ္ေနတာ။ အမွန္တကယ္က ဟိုလိုေၾကာင့္ ေရာ။ ငလ်င္ျဖစ္တာေၾကာင့္လည္းပါတယ္။ ၿပီးေတာ့ ဟိုဘက္ လားရႈိးတို႔ မိုးကုတ္တို႔ဘက္က ဆင္းလာ တဲ့တိုင္းရင္းသားေတြနဲ႔ တ႐ုတ္ေတြေၾကာင့္လည္း ပါတယ္။ သူတို႔က မႏၲေလးဝင္ၿပီး လႈပ္ရွားၾကတာ ေၾကာင့္။ မႏၲေလးမွာ သိသိသာသာေျပာရရင္ ဟိုးလြန္ခဲ့တဲ့ (၂)ႏွစ္ (၃)ႏွစ္က ကားဆိုတာ ေတာ္ေတာ္နည္း တယ္ေလ။ ဆိုင္ကယ္ေတြနဲ႔ သြားၾကလာၾကတာမ်ားတယ္။ ခုအခါက် မႏၲေလးမွာ ကားအေတာ္ က်ပ္ေန တာ။ ေျပာခ်င္တာက အဲဒီကားေတြက ဘယ္ကေရာက္လာတာလဲဆိုရင္ ရွမ္းျပည္ဘက္က ေရာက္လာ တာ”ဟု ၎ကေျပာသည္။ အခ်ိဳ႕ကလည္း ေျမကြက္ကို တက္ေဈးျဖင့္ ေရာင္းခ်ၿပီး ပုသိမ္ႀကီး ၿမိဳ႕နယ္ ဘက္က ေဈးသက္သာေသာေျမကြက္မ်ားကို ျပန္လည္ဝယ္ယူျခင္းမ်ားရွိေနေၾကာင္းလည္း ၎က ဆို သည္။
“မွန္တယ္။ ပုသိမ္ႀကီးနယ္ဘက္ေတြ၊ အမရပူရဘက္အျခမ္းေတြ၊ စစ္ကိုင္းအထြက္တို႔က ယာေျမ ေတြဘက္ကို သြားဝယ္။ မႏၲေလးမွာက သိန္း (၇၀ဝဝ၊ ၈၀ဝဝ) နဲ႔ေရာင္း၊ ဟိုဘက္မွာက သိန္း (၁၀ဝဝ) ၊ (၁၁၀ဝ) နဲ႔ဝယ္၊ အိမ္ေလးေဆာက္။ ဒီလိုနဲ႔ပဲ တျဖည္းျဖည္းေရွ႕ကိုေရာက္။ အရင္တုန္းက ၿမိဳ႕သစ္ ဆိုတာ က ေဈးက အဲဒီေလာက္မရွိဘူးေလ။ အခုကက် ၿမိဳ႕သစ္ေဈးေတြက ေခါင္ခိုက္ေနတာ”ဟု ၎က ဆို သည္။
လက္ရွိ မႏၲေလးၿမိဳ႕၏ အိမ္၊ ၿခံ၊ ေျမေဈး အေျခအေနမွာ တိုက္ခန္းေဈး အတက္ ကြာျခားမႈ နည္း ေနေၾကာင္းလည္း ၎ကဆိုသည္။ “မႏၲေလးမွာက တိုက္ခန္းေဈးေတြမတက္ဘူး။ ေျမေဈးပဲတက္တာ။ ဟိုတေလာက ျမရည္နႏၵာအိမ္ရာမွာ အသိတစ္ေယာက္ သိန္း (၇၅၀)၊ (၇၈၀) ေလာက္နဲ႔ဝယ္ထားတာ၊ ျပန္ေရာင္းေတာ့ (၈၅၀) ေလာက္ပဲရတယ္။ (၂)ႏွစ္ နီးပါးေလာက္ေတာ့ ၾကာတယ္။ ျမရည္နႏၵာဆိုတာ ကလည္း တန္ဖိုးနည္း၊ တန္ဖိုးသင့္၊ တန္ဖိုးျမင့္ဆိုၿပီး ေဖာ္ေဆာင္ေနတဲ့ အိမ္ရာစီမံကိန္းေတြေလ။ ရပ္ကြက္ေတြနဲ႔လည္း သိပ္မေဝးဘူး။ အဲဒီဟာေတြဆို ေဈးအတက္အက်သိပ္မရွိဘူးေလ။ ေျပာခ်င္တာ က ဒီမွာက တိုက္ခန္းေဈး အတက္အက်မရွိဘူး။ တိုက္ခန္းေဈးက ၿငိမ္တယ္။ ေျမေဈးက မၿငိမ္ဘူး။ ဒီေန႔ဆြဲထားလိုက္၊ ေနာက္ေန႔က် (၁၀ဝဝ) ဆိုလည္းဟုတ္တယ္၊ (၁၃၀ဝ) ဆိုလည္းဟုတ္တယ္”ဟု ၎က ေျပာသည္။

Related news

© 2021. All rights reserved.