အညာဒေသတွင် Mobile Scam Centre များ ပေါ်ပေါက်စပြုနေပြီး ယင်းလုပ်ငန်းများအတွက် မှတ်ပုံတင်ပွဲစားများလည်း ရှိနေပြီဟုဆို

261

ထိုက်စံ (NP News) - ဇန်နဝါရီ ၂ဝ
အညာဒေသတွင် Mobile Scam Centre များ ပေါ်ပေါက်စပြုနေပြီး ယင်းလုပ်ငန်းများအတွက် မှတ်ပုံတင်ပွဲစားများလည်း ရှိနေကြောင်း အဆိုပါလုပ်ငန်းများနှင့်ပတ်သက်၍ သိရှိသူ သတင်း ရင်းမြစ်တစ်ဦးက NP News သို့ပြောသည်။
မြဝတီမြို့နှင့် အနီးတစ်ဝိုက်တွင် အွန်လိုင်းလိမ်လည်သည့် လုပ်ငန်းများကို တိုက်ဖျက်ပြီးသည့် နောက် အဆိုပါလုပ်ငန်းတွင် လုပ်ကိုင်သူများကို ဇာတိသို့ပြန်စေကာ ယင်း Centre များကို ထူထောင် စေခြင်းဖြစ်ပြီး နောက်ကွယ်မှ စေခိုင်းသူများကို မသိရသေးကြောင်း ၎င်းကဆိုသည်။
“ကာယကံရှင်တွေ ပြောတာကတော့ ကျားဖျန့်လို့ပြောတယ်။ ထပ်ပြီး စုံစမ်းရင်တော့ ရတယ်။ ဂရုနဲ့လို့ပြောတာ။ လက်ပ်တော့နဲ့ ချိတ်ပြီးတော့ ပေးထားတယ်။ ဘယ်လိုချိတ်ပြီး လုပ်တယ်လို့တော့ မသိ ရဘူး။ နောက်က ဂိုဏ်းတော့ ရှိတယ်။ ယုံကြည်ရတဲ့သူကိုခိုင်းတာထင်ပါတယ်။ ရွာတွေမှာ ခွဲပေးလိုက် တာ။ ကိုယ့်ဇာတိကိုယ် ပြန်။ အဲဒီလိုမျိုးလုပ်နေတာ” ဟု ၎င်းကဆိုသည်။
အဆိုပါလုပ်ငန်းများသည် သင်တန်းကျောင်းအသွင်ယူကာ ဆောင်ရွက်နေခြင်းမျိုးဖြစ်ပြီး ပတ် ဝန်းကျင်က မေးမြန်းပါက ဘာသာစကား သင်တန်းဟု အကြောင်းပြခြင်းမျိုးဖြစ်ကြောင်းနှင့် ကျောက် ပန်းတောင်းမြို့နယ်၊ နတ်မောက်မြို့နယ်နှင့် ရေနံချောင်းမြို့နယ်တို့တွင်ရှိနေသည်ဟု သိရကြောင်း ၎င်း က ဆိုသည်။
“သူတို့က မိန်းကလေးများတယ်ပေါ့နော်။ မိန်းကလေးများပြီးမှ ဘယ်လိုလုပ်တုံးဆို ဂျပန်စ ကား၊ ကိုရီးယားစကားသင်တယ်ဆိုပြီးတာ့ အကြောင်းပြတာ။ အိမ်မှာတစ်ပိုင်တစ်နိုင်လုပ်နေကြတာ”ဟု ၎င်းကဆိုသည်။
အဆိုပါလုပ်ငန်းများအတွက် မှတ်ပုံတင်ကို ပိုက်ဆံငါးသောင်းပေးကာ ငှားရမ်းခြင်းမျိုးလည်း ရှိနေပြီး အွန်လိုင်းလိမ်လည်သည့်လုပ်ငန်းက မှတ်ပုံတင်ရှာ၊ မှတ်ပုံတင်စုသည့် ပွဲစားက အွန်လိုင်း လိမ် လည်သည့်လုပ်ငန်းကို ထပ်ရှာစသည်ဖြင့် လည်နေသည့်အခြေအနေဖြစ်ကြောင်း ၎င်းကဆိုသည်။
“ကေပေးတို့ ဘာတို့ ဖွင့်တာ။ နောက်ပြီး ဆင်းကတ်မှတ်ပုံတင်လျှောက်တာတို့ ဘာတို့ လုပ် တယ်လို့လည်း ပြောတယ်။ မှတ်ပုံတင်ကို ရှေ့၊ နောက် ရိုက်ပြီးပို့ပေး ငါးသောင်းရမယ်။ ဒါပေမဲ့ အဲဒီ မှတ်ပုံတင်စည်းကမ်းချက်က ဆင်းကတ်လျှောက်တာ မရှိရဘူး။ အထူးသဖြင့် ကေပေးလျှောက်တာ မရှိရဘူးပြောတာ။ ဘာမှလုပ်မထားဘူးဆိုရင် ငါးသောင်း။ အဲဒါကိုမှ ကျွန်တော်က လူရှာပေးရင်း ရွာက တောသူ တောင်သားတွေကို နှစ်သောင်း၊ သုံးသောင်းပေးလိုက်ရင် ကျွန်တော်က အမြတ်ရသွားတယ်။ မှတ်ပုံတင် ပွဲစားကနေမှ တစ်ခါ အွန်လိုင်းလိမ်လည်တဲ့သူတွေကို ထပ်ရှာတယ်” ဟု ၎င်းက ဆိုသည်။

Zawgyi Version;
အညာေဒသတြင္ Mobile Scam Centre မ်ား ေပၚေပါက္စျပဳေနၿပီး ယင္းလုပ္ငန္းမ်ားအတြက္ မွတ္ပုံတင္ပြဲစားမ်ားလည္း ရွိေနၿပီဟုဆို
ထိုက္စံ (NP News) - ဇန္နဝါရီ ၂ဝ
အညာေဒသတြင္ Mobile Scam Centre မ်ား ေပၚေပါက္စျပဳေနၿပီး ယင္းလုပ္ငန္းမ်ားအတြက္ မွတ္ပုံတင္ပြဲစားမ်ားလည္း ရွိေနေၾကာင္း အဆိုပါလုပ္ငန္းမ်ားႏွင့္ပတ္သက္၍ သိရွိသူ သတင္း ရင္းျမစ္တစ္ဦးက NP News သို႔ေျပာသည္။
ျမဝတီၿမိဳ႕ႏွင့္ အနီးတစ္ဝိုက္တြင္ အြန္လိုင္းလိမ္လည္သည့္ လုပ္ငန္းမ်ားကို တိုက္ဖ်က္ၿပီးသည့္ ေနာက္ အဆိုပါလုပ္ငန္းတြင္ လုပ္ကိုင္သူမ်ားကို ဇာတိသို႔ျပန္ေစကာ ယင္း Centre မ်ားကို ထူေထာင္ ေစျခင္းျဖစ္ၿပီး ေနာက္ကြယ္မွ ေစခိုင္းသူမ်ားကို မသိရေသးေၾကာင္း ၎ကဆိုသည္။
“ကာယကံရွင္ေတြ ေျပာတာကေတာ့ က်ားဖ်န႔္လို႔ေျပာတယ္။ ထပ္ၿပီး စုံစမ္းရင္ေတာ့ ရတယ္။ ဂ႐ုနဲ႔လို႔ေျပာတာ။ လက္ပ္ေတာ့နဲ႔ ခ်ိတ္ၿပီးေတာ့ ေပးထားတယ္။ ဘယ္လိုခ်ိတ္ၿပီး လုပ္တယ္လို႔ေတာ့ မသိ ရဘူး။ ေနာက္က ဂိုဏ္းေတာ့ ရွိတယ္။ ယုံၾကည္ရတဲ့သူကိုခိုင္းတာထင္ပါတယ္။ ႐ြာေတြမွာ ခြဲေပးလိုက္ တာ။ ကိုယ့္ဇာတိကိုယ္ ျပန္။ အဲဒီလိုမ်ိဳးလုပ္ေနတာ” ဟု ၎ကဆိုသည္။
အဆိုပါလုပ္ငန္းမ်ားသည္ သင္တန္းေက်ာင္းအသြင္ယူကာ ေဆာင္႐ြက္ေနျခင္းမ်ိဳးျဖစ္ၿပီး ပတ္ ဝန္းက်င္က ေမးျမန္းပါက ဘာသာစကား သင္တန္းဟု အေၾကာင္းျပျခင္းမ်ိဳးျဖစ္ေၾကာင္းႏွင့္ ေက်ာက္ ပန္းေတာင္းၿမိဳ႕နယ္၊ နတ္ေမာက္ၿမိဳ႕နယ္ႏွင့္ ေရနံေခ်ာင္းၿမိဳ႕နယ္တို႔တြင္ရွိေနသည္ဟု သိရေၾကာင္း ၎ က ဆိုသည္။
“သူတို႔က မိန္းကေလးမ်ားတယ္ေပါ့ေနာ္။ မိန္းကေလးမ်ားၿပီးမွ ဘယ္လိုလုပ္တုံးဆို ဂ်ပန္စ ကား၊ ကိုရီးယားစကားသင္တယ္ဆိုၿပီးတာ့ အေၾကာင္းျပတာ။ အိမ္မွာတစ္ပိုင္တစ္ႏိုင္လုပ္ေနၾကတာ”ဟု ၎ကဆိုသည္။
အဆိုပါလုပ္ငန္းမ်ားအတြက္ မွတ္ပုံတင္ကို ပိုက္ဆံငါးေသာင္းေပးကာ ငွားရမ္းျခင္းမ်ိဳးလည္း ရွိေနၿပီး အြန္လိုင္းလိမ္လည္သည့္လုပ္ငန္းက မွတ္ပုံတင္ရွာ၊ မွတ္ပုံတင္စုသည့္ ပြဲစားက အြန္လိုင္း လိမ္ လည္သည့္လုပ္ငန္းကို ထပ္ရွာစသည္ျဖင့္ လည္ေနသည့္အေျခအေနျဖစ္ေၾကာင္း ၎ကဆိုသည္။
“ေကေပးတို႔ ဘာတို႔ ဖြင့္တာ။ ေနာက္ၿပီး ဆင္းကတ္မွတ္ပုံတင္ေလွ်ာက္တာတို႔ ဘာတို႔ လုပ္ တယ္လို႔လည္း ေျပာတယ္။ မွတ္ပုံတင္ကို ေရွ႕၊ ေနာက္ ႐ိုက္ၿပီးပို႔ေပး ငါးေသာင္းရမယ္။ ဒါေပမဲ့ အဲဒီ မွတ္ပုံတင္စည္းကမ္းခ်က္က ဆင္းကတ္ေလွ်ာက္တာ မရွိရဘူး။ အထူးသျဖင့္ ေကေပးေလွ်ာက္တာ မရွိရဘူးေျပာတာ။ ဘာမွလုပ္မထားဘူးဆိုရင္ ငါးေသာင္း။ အဲဒါကိုမွ ကြၽန္ေတာ္က လူရွာေပးရင္း ႐ြာက ေတာသူ ေတာင္သားေတြကို ႏွစ္ေသာင္း၊ သုံးေသာင္းေပးလိုက္ရင္ ကြၽန္ေတာ္က အျမတ္ရသြားတယ္။ မွတ္ပုံတင္ ပြဲစားကေနမွ တစ္ခါ အြန္လိုင္းလိမ္လည္တဲ့သူေတြကို ထပ္ရွာတယ္” ဟု ၎က ဆိုသည္။