ထုတ်ကုန်လုပ်ငန်းတူပေါ်တွင် အစုအဖွဲ့ဖြင့် လုပ်ကိုင်ပါက နိုင်ငံတော်မှ ရင်းနှီးမတည်ငွေပေးမည်

 258

သန့်ဇင် (NP News) - ဇန်နဝါရီ ၂ဝ

ထုတ်ကုန်လုပ်ငန်းတူပေါ်တွင် အစုအဖွဲ့ဖြင့် လုပ်ကိုင်ပါက နိုင်ငံတော်မှ ရင်းနှီးမတည်ငွေပေးမည်ဖြစ်ကြောင်းယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောကြားခဲ့ကြောင်း သိရသည်။

ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ဇန်နဝါရီ ၁၉ ရက် နံနက်ပိုင်းတွင် ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့ရှိ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် မြို့မိမြို့ဖများအား မြို့တော်ခန်းမ၌တွေ့ဆုံ၍ ဒေသဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာများအား ဆွေးနွေးပြော‌ကြားစဉ် အထက်ပါကဲ့သို့ပြောကြားခဲ့‌‌ေကြာင်း သိရသည်။

စီးပွားရေးဖွံ့ဖြိုးတိုးတက်ရေးအတွက် နိုင်ငံတော်မှ လမ်းညွှန်မှာကြားချက်များအပြင် မိမိတို့ဒေသနှင့်ကိုက်ညီသည့် စိုက်ပျိုးမွေးမြူရေးနှင့် အခြားထုတ်ကုန်များ တိုးမြှင့်ထုတ်လုပ်နိုင်ရေးအတွက် ဆောင်ရွက်သွားနိုင်ရန်လိုကြောင်း ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ဆိုသည်။

ရှမ်းပြည်နယ် (အရှေ့ပိုင်း)တွင် ဖြစ်ထွန်းနိုင်သည့် လုပ်ငန်းများအနေဖြင့် ရာဘာလုပ်ငန်း၊ ကော်ဖီလုပ်ငန်း၊ လက်ဖက်လုပ်ငန်းနှင့်ဒေသထွက် အိမ်မိုးအုတ်ကြွပ်ပြားလုပ်ငန်းများဖြစ်ကြောင်းလည်း ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ဆိုသည်။

ရာဘာစိုက်ပျိုးခြင်းကို အောင်မြင်အောင်ဆောင်ရွက်၍ ရာဘာကိုအခြေခံသည့် ဒေသနှင့် ပြည်တွင်းလိုအပ်ချက် ရာဘာထုတ်ကုန်များထုတ်လုပ်နိုင်မည်ဆိုပါက ဒေသဖွံ့ဖြိုးတိုးတက်မှုကို များစွာအကျိုးဖြစ်စေနိုင်ကြောင်း ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောကြားခဲ့သည်။

ကော်ဖီသီးနှံ၊ လက်ဖက်သီးနှံတို့ကိုလည်း အောင်မြင်အောင် ဆောင်ရွက်သွားနိုင်ကြောင်းနှင့် ဒေသတွင်းယခင်ကတည်းကရှိပြီးဖြစ်သည့် အိမ်မိုးသည့်အုတ်ကြွပ်များကိုအဆင့်မီထုတ်လုပ်နိုင်ရေး စက်မှုဝန်ကြီးဌာန၊ သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာနတို့နှင့် ပူးပေါင်းဆောင်ရွက်သွားနိုင်ကြောင်း ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ဆိုသည်။

ဒေသတွင်း၌ စိုက်ပျိုးမွေးမြူရေးထုတ်ကုန်များ တိုးတက်လာသည်နှင့်အမျှ စိုက်ပျိုးမွေးမြူရေးထုတ်ကုန်များကို အခြေခံသည့် စက်မှုလုပ်ငန်းများသည်လည်း တိုးတက်လာမည်ဖြစ်ကြောင်းလည်းဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောကြားခဲ့သည်။

အလုပ်အကိုင်ခွင့်အလမ်းများလည်း ပိုမိုဖြစ်ပေါ်လာမည်ဖြစ်ပြီး ဒေသ၏လူမှုစီးပွားဘဝသည်လည်း များစွာ ပြောင်းလဲတိုးတက်လာနိုင်မည်ဖြစ်ကြောင်း ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ဆိုသည်။

ထို့ကြောင့် ရှမ်းပြည်နယ်တစ်ခုလုံးနှင့်ဆိုင်သည့်အတွက် ဝိုင်းဝန်းတိုက်တွန်းပြော ကြားသွားကြရန်လိုကြောင်းလည်း ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ဆိုသည်။

ထုတ်လုပ်မှုလုပ်ငန်းများ ဆောင်ရွက်ရာတွင် တစ်ဦးချင်း တစ်ယောက်ချင်းမဟုတ်ဘဲ စုပေါင်းလုပ်ကိုင်သည့် သမဝါယမစနစ်ဖြင့်လည်း ဆောင်ရွက်နိုင်ကြောင်း ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောကြားခဲ့သည်။

လုပ်ငန်းတူပေါ်တွင် စိတ်တူကိုယ်တူ အစုအဖွဲ့ဖြင့် လုပ်ကိုင်မည်ဆိုပါက နိုင်ငံတော်မှလည်း လိုအပ်သည့်ရင်းနှီးမတည်ငွေများ အားပေးဆောင်ရွက်သွားမည်ဖြစ်ကြောင်း ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောကြားခဲ့သည်။

ထို့ကြောင့် မိမိတို့အစိုးရအဖွဲ့အနေဖြင့် နိုင်ငံရေးအရ ပေးထားသည့်ကတိများအတိုင်း ဆက်လက်အကောင်အထည်ဖော်ဆောင်သွားမည်ဖြစ်ကြောင်းနှင့် မည်သည့်အစိုးရဦးဆောင်သည်ဖြစ်စေ နိုင်ငံ့ပညာရေးကို မဖြစ်မနေအားပေး ဆောင်ရွက်သွားကြရမည်ဖြစ်သဖြင့် ရှမ်းပြည်နယ်(အရှေ့ပိုင်း)အနေဖြင့် ပညာရေးကို ဆက်လက်အားပေးဆောင်ရွက်သွားကြရန်လိုကြောင်း ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ဆိုသည်။

အလားတူ မိမိတို့ဒေသဖွံ့ဖြိုးတိုးတက်ရေးအတွက်လည်း ဒေသတွင်နေထိုင်ကြသူများ၊ တာဝန်ထမ်းဆောင်နေကြသူများအားလုံးက ဝိုင်းဝန်းပူးပေါင်းကြိုးပမ်းဆောင်ရွက်သွားကြရန်လိုကြောင်းနှင့် ဒေသတစ်ခုချင်း ဖွံ့ဖြိုးတိုးတက်မှုမှတဆင့် နိုင်ငံသည်လည်း ဖွံ့ဖြိုးတိုးတက်လာမည်ဖြစ်ကြောင်းလည်း ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောကြားခဲ့သည်။

Zawgyi Version;
ထုတ္ကုန္လုပ္ငန္းတူေပၚတြင္ အစုအဖြဲ႕ျဖင့္ လုပ္ကိုင္ပါက ႏိုင္ငံေတာ္မွ ရင္းႏွီးမတည္ေငြေပးမည္
သန႔္ဇင္ (NP News) - ဇန္နဝါရီ ၂ဝ
ထုတ္ကုန္လုပ္ငန္းတူေပၚတြင္ အစုအဖြဲ႕ျဖင့္ လုပ္ကိုင္ပါက ႏိုင္ငံေတာ္မွ ရင္းႏွီးမတည္ေငြေပးမည္ျဖစ္ေၾကာင္းယာယီသမၼတ ႏိုင္ငံေတာ္လုံၿခဳံေရးႏွင့္ ေအးခ်မ္းသာယာေရးေကာ္မရွင္ဥကၠ႒ ဗိုလ္ခ်ဳပ္မႉးႀကီး မင္းေအာင္လႈိင္က ေျပာၾကားခဲ့ေၾကာင္း သိရသည္။

ဗိုလ္ခ်ဳပ္မႉးႀကီး မင္းေအာင္လႈိင္က ဇန္နဝါရီ ၁၉ ရက္ နံနက္ပိုင္းတြင္ ရွမ္းျပည္နယ္(အေရွ႕ပိုင္း)၊ က်ိဳင္းတုံၿမိဳ႕ရွိ ဌာနဆိုင္ရာတာဝန္ရွိသူမ်ားႏွင့္ ၿမိဳ႕မိၿမိဳ႕ဖမ်ားအား ၿမိဳ႕ေတာ္ခန္းမ၌ေတြ႕ဆုံ၍ ေဒသဖြံ႕ၿဖိဳးတိုးတက္ေရးဆိုင္ရာမ်ားအား ေဆြးေႏြးေျပာ‌ၾကားစဥ္ အထက္ပါကဲ့သို႔ေျပာၾကားခဲ့‌‌ေၾကာင္း သိရသည္။

စီးပြားေရးဖြံ႕ၿဖိဳးတိုးတက္ေရးအတြက္ ႏိုင္ငံေတာ္မွ လမ္းၫႊန္မွာၾကားခ်က္မ်ားအျပင္ မိမိတို႔ေဒသႏွင့္ကိုက္ညီသည့္ စိုက္ပ်ိဳးေမြးျမဴေရးႏွင့္ အျခားထုတ္ကုန္မ်ား တိုးျမႇင့္ထုတ္လုပ္ႏိုင္ေရးအတြက္ ေဆာင္႐ြက္သြားႏိုင္ရန္လိုေၾကာင္း ဗိုလ္ခ်ဳပ္မႉးႀကီး မင္းေအာင္လႈိင္က ဆိုသည္။

ရွမ္းျပည္နယ္ (အေရွ႕ပိုင္း)တြင္ ျဖစ္ထြန္းႏိုင္သည့္ လုပ္ငန္းမ်ားအေနျဖင့္ ရာဘာလုပ္ငန္း၊ ေကာ္ဖီလုပ္ငန္း၊ လက္ဖက္လုပ္ငန္းႏွင့္ေဒသထြက္ အိမ္မိုးအုတ္ႂကြပ္ျပားလုပ္ငန္းမ်ားျဖစ္ေၾကာင္းလည္း ဗိုလ္ခ်ဳပ္မႉးႀကီး မင္းေအာင္လႈိင္က ဆိုသည္။

ရာဘာစိုက္ပ်ိဳးျခင္းကို ေအာင္ျမင္ေအာင္ေဆာင္႐ြက္၍ ရာဘာကိုအေျခခံသည့္ ေဒသႏွင့္ ျပည္တြင္းလိုအပ္ခ်က္ ရာဘာထုတ္ကုန္မ်ားထုတ္လုပ္ႏိုင္မည္ဆိုပါက ေဒသဖြံ႕ၿဖိဳးတိုးတက္မႈကို မ်ားစြာအက်ိဳးျဖစ္ေစႏိုင္ေၾကာင္း ဗိုလ္ခ်ဳပ္မႉးႀကီး မင္းေအာင္လႈိင္က ေျပာၾကားခဲ့သည္။

ေကာ္ဖီသီးႏွံ၊ လက္ဖက္သီးႏွံတို႔ကိုလည္း ေအာင္ျမင္ေအာင္ ေဆာင္႐ြက္သြားႏိုင္ေၾကာင္းႏွင့္ ေဒသတြင္းယခင္ကတည္းကရွိၿပီးျဖစ္သည့္ အိမ္မိုးသည့္အုတ္ႂကြပ္မ်ားကိုအဆင့္မီထုတ္လုပ္ႏိုင္ေရး စက္မႈဝန္ႀကီးဌာန၊ သမဝါယမႏွင့္ေက်းလက္ဖြံ႕ၿဖိဳးေရးဝန္ႀကီးဌာနတို႔ႏွင့္ ပူးေပါင္းေဆာင္႐ြက္သြားႏိုင္ေၾကာင္း ဗိုလ္ခ်ဳပ္မႉးႀကီး မင္းေအာင္လႈိင္က ဆိုသည္။

ေဒသတြင္း၌ စိုက္ပ်ိဳးေမြးျမဴေရးထုတ္ကုန္မ်ား တိုးတက္လာသည္ႏွင့္အမွ် စိုက္ပ်ိဳးေမြးျမဴေရးထုတ္ကုန္မ်ားကို အေျခခံသည့္ စက္မႈလုပ္ငန္းမ်ားသည္လည္း တိုးတက္လာမည္ျဖစ္ေၾကာင္းလည္းဗိုလ္ခ်ဳပ္မႉးႀကီး မင္းေအာင္လႈိင္က ေျပာၾကားခဲ့သည္။

အလုပ္အကိုင္ခြင့္အလမ္းမ်ားလည္း ပိုမိုျဖစ္ေပၚလာမည္ျဖစ္ၿပီး ေဒသ၏လူမႈစီးပြားဘဝသည္လည္း မ်ားစြာ ေျပာင္းလဲတိုးတက္လာႏိုင္မည္ျဖစ္ေၾကာင္း ဗိုလ္ခ်ဳပ္မႉးႀကီး မင္းေအာင္လႈိင္က ဆိုသည္။

ထို႔ေၾကာင့္ ရွမ္းျပည္နယ္တစ္ခုလုံးႏွင့္ဆိုင္သည့္အတြက္ ဝိုင္းဝန္းတိုက္တြန္းေျပာ ၾကားသြားၾကရန္လိုေၾကာင္းလည္း ဗိုလ္ခ်ဳပ္မႉးႀကီး မင္းေအာင္လႈိင္က ဆိုသည္။

ထုတ္လုပ္မႈလုပ္ငန္းမ်ား ေဆာင္႐ြက္ရာတြင္ တစ္ဦးခ်င္း တစ္ေယာက္ခ်င္းမဟုတ္ဘဲ စုေပါင္းလုပ္ကိုင္သည့္ သမဝါယမစနစ္ျဖင့္လည္း ေဆာင္႐ြက္ႏိုင္ေၾကာင္း ဗိုလ္ခ်ဳပ္မႉးႀကီး မင္းေအာင္လႈိင္က ေျပာၾကားခဲ့သည္။

လုပ္ငန္းတူေပၚတြင္ စိတ္တူကိုယ္တူ အစုအဖြဲ႕ျဖင့္ လုပ္ကိုင္မည္ဆိုပါက ႏိုင္ငံေတာ္မွလည္း လိုအပ္သည့္ရင္းႏွီးမတည္ေငြမ်ား အားေပးေဆာင္႐ြက္သြားမည္ျဖစ္ေၾကာင္း ဗိုလ္ခ်ဳပ္မႉးႀကီး မင္းေအာင္လႈိင္က ေျပာၾကားခဲ့သည္။

ထို႔ေၾကာင့္ မိမိတို႔အစိုးရအဖြဲ႕အေနျဖင့္ ႏိုင္ငံေရးအရ ေပးထားသည့္ကတိမ်ားအတိုင္း ဆက္လက္အေကာင္အထည္ေဖာ္ေဆာင္သြားမည္ျဖစ္ေၾကာင္းႏွင့္ မည္သည့္အစိုးရဦးေဆာင္သည္ျဖစ္ေစ ႏိုင္ငံ့ပညာေရးကို မျဖစ္မေနအားေပး ေဆာင္႐ြက္သြားၾကရမည္ျဖစ္သျဖင့္ ရွမ္းျပည္နယ္(အေရွ႕ပိုင္း)အေနျဖင့္ ပညာေရးကို ဆက္လက္အားေပးေဆာင္႐ြက္သြားၾကရန္လိုေၾကာင္း ဗိုလ္ခ်ဳပ္မႉးႀကီး မင္းေအာင္လႈိင္က ဆိုသည္။

အလားတူ မိမိတို႔ေဒသဖြံ႕ၿဖိဳးတိုးတက္ေရးအတြက္လည္း ေဒသတြင္ေနထိုင္ၾကသူမ်ား၊ တာဝန္ထမ္းေဆာင္ေနၾကသူမ်ားအားလုံးက ဝိုင္းဝန္းပူးေပါင္းႀကိဳးပမ္းေဆာင္႐ြက္သြားၾကရန္လိုေၾကာင္းႏွင့္ ေဒသတစ္ခုခ်င္း ဖြံ႕ၿဖိဳးတိုးတက္မႈမွတဆင့္ ႏိုင္ငံသည္လည္း ဖြံ႕ၿဖိဳးတိုးတက္လာမည္ျဖစ္ေၾကာင္းလည္း ဗိုလ္ခ်ဳပ္မႉးႀကီး မင္းေအာင္လႈိင္က ေျပာၾကားခဲ့သည္။

Related news

© 2021. All rights reserved.