မှတ်ပုံတင်နှင့် ဌာနဆိုင်ရာ/ရုံးစာရွက်စာတမ်းများ ငွေကြေးယူကာ လိမ်လည်အတုလုပ်သူ (၄) ဦးကို ရန်ကုန်တွင် ဖမ်းမိ

 521

သန့်ဇင် (NP News) - ဇန်နဝါရီ ၂ဝ

ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်သာယာ(အရှေ့ပိုင်း)မြို့နယ် နှင့် ရွှေပြည်သာမြို့နယ်တို့တွင် မှတ်ပုံတင်နှင့် ဌာနဆိုင်ရာ/ ရုံးစာရွက်စာတမ်းများ ငွေကြေးယူကာ လိမ်လည်အတုလုပ်သူ (၄) ဦးကို ဖမ်းဆီးရမိခဲ့ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့၏ ထုတ်ပြန်ချက်အရ သိရသည်။
ပြီးခဲ့သည့် ဇန်နဝါရီ ၁၄ ရက်၊ ည ၆ နာရီခွဲက လှိုင်သာယာ(အရှေ့ပိုင်း)မြို့နယ်၊ အမှတ်(၂)ရပ်ကွက်၊ ဗထူး(၁၁)လမ်းတွင်နေထိုင်သည့် အသက် (၄၀)နှစ်အရွယ် ဂျင်မီအောင်(ခ) ကုလားကြီး(ခ)ဟာရွန် နေအိမ်အတွင်းမှ ၎င်းနှင့်အတူ အသက် (၂၄)နှစ်အရွယ် ကျော်ထက်အောင် တို့အား ပြုလုပ်ထားပြီး နိုင်ငံသား စိစစ်ရေးကတ်ပြားအတု (၄၅) ခု၊ ပြုလုပ်ဆဲ နိုင်ငံသားစိစစ်ရေးကတ်ပြားအတု (၁၁၀) ခု၊ သာသနာစိစစ် ရေးကတ်ပြားအတု (၃) ခု၊ ရဲစခန်းပြစ်မှုကင်းရှင်းကြောင်းထောက်ခံစာအတု (၁၂၀) ၊ ရပ်ကွက်ထောက်ခံစာ အတု (၄) ရွက်၊ ကျောင်း ထောက်ခံစာအတု (၃) ခု၊ အိမ်ထောင်စုလူဦးရေစာရင်းအတု (၅၃) ခု၊ အလုပ်သမား မှတ်ပုံတင်ကတ်ပြားအတု (၁၁၀) ၊ ဌာနဆိုင်ရာ/ ရုံးတံဆိပ်အတု (၁၈) ခု၊ လက်ကိုင်ဖုန်း (၁)လုံးနှင့် ဆက်စပ်ပစ္စည်းများကို စတင်ဖမ်းဆီးရမိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ထို့နောက် ယင်းနေ့၊ ည ၈ နာရီတွင် ရွှေပြည်သာမြို့နယ်၊ (တ/၁၅)ရပ်ကွက်၊ ရေအိုးစဉ်လမ်းတွင်နေထိုင်သည့် အသက် (၂၈) နှစ်အရွယ် ညီထွေးနိုင်(ခ)ကုလားဘုန်းကြီး(ခ)ဟာစန်း၏ နေအိမ်အတွင်းမှ ၎င်းနှင့်အတူ အသက် (၂၃) နှစ်အရွယ် ဇင်မောင်နိုင် (ခ)နူရွတ်လာ တို့ (၂)ဦးအား ပြုလုပ်ထားပြီး နိုင်ငံသားစိစစ်ရေးကတ်ပြားအတု (၉) ခု၊ ပြုလုပ်ဆဲ နိုင်ငံသားစိစစ်ရေးကတ်ပြားအတု (၈) ခု၊ အိမ်ထောင်စုလူ ဦးရေစာရင်းအတု (၄) ခု၊ ဌာန ဆိုင်ရာ/ရုံးတံဆိပ်အတု (၁၂) ခု၊ လက်ကိုင်ဖုန်း (၂) လုံးနှင့် ဆက်စပ်ပစ္စည်းများအား ထပ်မံဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။
ထို့ကြောင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများနှင့် ဌာနဆိုင်ရာ/ရုံးစာရွက်စာတမ်းများ လိမ်လည်အတုပြုလုပ်ရာတွင် ဖမ်းဆီးရမိခဲ့သည့် ဂျင်မီအောင်(ခ)ကုလားကြီး(ခ)ဟာရွန် နှင့် ကျော်ထက်အောင် တို့အား လှိုင်သာယာ(အရှေ့ပိုင်း)မြို့မရဲစခန်း (ပ)၄၇/၂၀၂၆၊ ရာဇသတ် ကြီးပုဒ်မ ၄၂၀/ ၄၆၈ ဖြင့် အမှုဖွင့်အရေးယူထားကြောင်း သိရသည်။
အလားတူ ညီထွေးနိုင်(ခ)ကုလားဘုန်းကြီး(ခ)ဟာစန်းနှင့် ဇင်မောင်နိုင်(ခ)နူရွတ်လာတို့ကိုလည်း လှော်ကားနယ်မြေရဲစခန်း (ပ)၁၆/၂၀၂၆၊ ရာဇသတ်ကြီးပုဒ်မ ၄၂၀/ ၄၆၈ ဖြင့် အမှုရေးဖွင့်ဖမ်းဆီးစစ်ဆေးကာ ထိရောက်စွာ အရေးယူနိုင်ရေးနှင့် ပူးပေါင်းပါဝင်ကျူးလွန်သူများအား ဆက်လက်ဖော်ထုတ်လျက်ရှိကြောင်း သိရသည်။

Zawgyi Version;
မွတ္ပုံတင္ႏွင့္ ဌာနဆိုင္ရာ/႐ုံးစာ႐ြက္စာတမ္းမ်ား ေငြေၾကးယူကာ လိမ္လည္အတုလုပ္သူ (၄) ဦးကို ရန္ကုန္တြင္ ဖမ္းမိ
သန႔္ဇင္ (NP News) - ဇန္နဝါရီ ၂ဝ
ရန္ကုန္တိုင္းေဒသႀကီး၊ လႈိင္သာယာ(အေရွ႕ပိုင္း)ၿမိဳ႕နယ္ ႏွင့္ ေ႐ႊျပည္သာၿမိဳ႕နယ္တို႔တြင္ မွတ္ပုံတင္ႏွင့္ ဌာနဆိုင္ရာ/ ႐ုံးစာ႐ြက္စာတမ္းမ်ား ေငြေၾကးယူကာ လိမ္လည္အတုလုပ္သူ (၄) ဦးကို ဖမ္းဆီးရမိခဲ့ေၾကာင္း ျမန္မာႏိုင္ငံရဲတပ္ဖြဲ႕၏ ထုတ္ျပန္ခ်က္အရ သိရသည္။
ၿပီးခဲ့သည့္ ဇန္နဝါရီ ၁၄ ရက္၊ ည ၆ နာရီခြဲက လႈိင္သာယာ(အေရွ႕ပိုင္း)ၿမိဳ႕နယ္၊ အမွတ္(၂)ရပ္ကြက္၊ ဗထူး(၁၁)လမ္းတြင္ေနထိုင္သည့္ အသက္ (၄၀)ႏွစ္အ႐ြယ္ ဂ်င္မီေအာင္(ခ) ကုလားႀကီး(ခ)ဟာ႐ြန္ ေနအိမ္အတြင္းမွ ၎ႏွင့္အတူ အသက္ (၂၄)ႏွစ္အ႐ြယ္ ေက်ာ္ထက္ေအာင္ တို႔အား ျပဳလုပ္ထားၿပီး ႏိုင္ငံသား စိစစ္ေရးကတ္ျပားအတု (၄၅) ခု၊ ျပဳလုပ္ဆဲ ႏိုင္ငံသားစိစစ္ေရးကတ္ျပားအတု (၁၁၀) ခု၊ သာသနာစိစစ္ ေရးကတ္ျပားအတု (၃) ခု၊ ရဲစခန္းျပစ္မႈကင္းရွင္းေၾကာင္းေထာက္ခံစာအတု (၁၂၀) ၊ ရပ္ကြက္ေထာက္ခံစာ အတု (၄) ႐ြက္၊ ေက်ာင္း ေထာက္ခံစာအတု (၃) ခု၊ အိမ္ေထာင္စုလူဦးေရစာရင္းအတု (၅၃) ခု၊ အလုပ္သမား မွတ္ပုံတင္ကတ္ျပားအတု (၁၁၀) ၊ ဌာနဆိုင္ရာ/ ႐ုံးတံဆိပ္အတု (၁၈) ခု၊ လက္ကိုင္ဖုန္း (၁)လုံးႏွင့္ ဆက္စပ္ပစၥည္းမ်ားကို စတင္ဖမ္းဆီးရမိခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။
ထို႔ေနာက္ ယင္းေန႔၊ ည ၈ နာရီတြင္ ေ႐ႊျပည္သာၿမိဳ႕နယ္၊ (တ/၁၅)ရပ္ကြက္၊ ေရအိုးစဥ္လမ္းတြင္ေနထိုင္သည့္ အသက္ (၂၈) ႏွစ္အ႐ြယ္ ညီေထြးႏိုင္(ခ)ကုလားဘုန္းႀကီး(ခ)ဟာစန္း၏ ေနအိမ္အတြင္းမွ ၎ႏွင့္အတူ အသက္ (၂၃) ႏွစ္အ႐ြယ္ ဇင္ေမာင္ႏိုင္ (ခ)ႏူ႐ြတ္လာ တို႔ (၂)ဦးအား ျပဳလုပ္ထားၿပီး ႏိုင္ငံသားစိစစ္ေရးကတ္ျပားအတု (၉) ခု၊ ျပဳလုပ္ဆဲ ႏိုင္ငံသားစိစစ္ေရးကတ္ျပားအတု (၈) ခု၊ အိမ္ေထာင္စုလူ ဦးေရစာရင္းအတု (၄) ခု၊ ဌာန ဆိုင္ရာ/႐ုံးတံဆိပ္အတု (၁၂) ခု၊ လက္ကိုင္ဖုန္း (၂) လုံးႏွင့္ ဆက္စပ္ပစၥည္းမ်ားအား ထပ္မံဖမ္းဆီးရမိခဲ့ေၾကာင္း သိရသည္။
ထို႔ေၾကာင့္ ႏိုင္ငံသားစိစစ္ေရးကတ္ျပားမ်ားႏွင့္ ဌာနဆိုင္ရာ/႐ုံးစာ႐ြက္စာတမ္းမ်ား လိမ္လည္အတုျပဳလုပ္ရာတြင္ ဖမ္းဆီးရမိခဲ့သည့္ ဂ်င္မီေအာင္(ခ)ကုလားႀကီး(ခ)ဟာ႐ြန္ ႏွင့္ ေက်ာ္ထက္ေအာင္ တို႔အား လႈိင္သာယာ(အေရွ႕ပိုင္း)ၿမိဳ႕မရဲစခန္း (ပ)၄၇/၂၀၂၆၊ ရာဇသတ္ ႀကီးပုဒ္မ ၄၂၀/ ၄၆၈ ျဖင့္ အမႈဖြင့္အေရးယူထားေၾကာင္း သိရသည္။
အလားတူ ညီေထြးႏိုင္(ခ)ကုလားဘုန္းႀကီး(ခ)ဟာစန္းႏွင့္ ဇင္ေမာင္ႏိုင္(ခ)ႏူ႐ြတ္လာတို႔ကိုလည္း ေလွာ္ကားနယ္ေျမရဲစခန္း (ပ)၁၆/၂၀၂၆၊ ရာဇသတ္ႀကီးပုဒ္မ ၄၂၀/ ၄၆၈ ျဖင့္ အမႈေရးဖြင့္ဖမ္းဆီးစစ္ေဆးကာ ထိေရာက္စြာ အေရးယူႏိုင္ေရးႏွင့္ ပူးေပါင္းပါဝင္က်ဴးလြန္သူမ်ားအား ဆက္လက္ေဖာ္ထုတ္လ်က္ရွိေၾကာင္း သိရသည္။

Related news

© 2021. All rights reserved.