စပိန်နိုင်ငံတောင်ပိုင်းမှာ ရထားနှစ်စင်းတိုက်မိမှုကြောင့် အနည်းဆုံးလူ(၃၉)ဦးသေဆုံး

119
Pika (NP News) - ဇန်နဝါရီ ၂ဝ
စပိန်နိုင်ငံတောင်ပိုင်းမှာ ခရီးသည်ရာပေါင်းများစွာတင်ဆောင်လာတဲ့ မြန်နှုန်းမြင့်ရထားနှစ်စင်းတိုက်မိမှုကြောင့် အနည်းဆုံး လူ(၃၉)ဦးသေဆုံးပြီး အခြားလူ(၁၂၂)ဦးထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ အရေးပေါ်ဝန်ဆောင်မှုအဖွဲ့က ပြောကြားခဲ့ပါတယ်။ မာလာဂါမြို့ကနေ မက်ဒရစ်မြို့ကို မောင်းနှင်လာတဲ့မြန်နှုန်းမြင့်ရထားတစ်စင်းဟာ Adamuz မြို့အနီးမှာ လမ်းချော်သွားခဲ့ပြီး တစ်ဖက်လမ်းကလာနေတဲ့ ရထားကို တိုက်မိခဲ့တာဖြစ်တယ်လို့ အာဏာပိုင်တွေက ပြောကြားခဲ့ပါတယ်။
အဲဒီဖြစ်ရပ်ကြောင့် သေဆုံးသူ(၅)ဦးရှိခဲ့တယ်လို့ အာဏာပိုင်တွေက အစပိုင်းမှာ ပြောကြားခဲ့ပေမယ့်လည်း နောက်ပိုင်းမှာ သေဆုံးသူအရေအတွက်က (၃၉)ဦးအထိ မြင့်တက်လာခဲ့တာလည်းဖြစ်ပါတယ်။ ဒါ့ပြင် လက်ရှိ အချိန်အထိ ခရီးသည်တွေဟာ ရထားတွဲတွေထဲမှာ ပိတ်မိနေဆဲဖြစ်တာကြောင့် သေဆုံးသူအရေအတွက် (၁၀၀) အထိ ရှိလာနိုင်တယ်လို့လည်း အာဏာပိုင်တွေက ပြောကြားခဲ့ပါတယ်။
ကယ်ဆယ်ရေးအဖွဲ့က “ပြဿနာက ရထားတွဲတွေက တွန့်လိမ့်သွားတာကြောင့် အထဲမှာလူတွေက ပိတ်မိနေတာ ပဲဖြစ်ပါတယ်” လို့ ပြောခဲ့ပါတယ်။
Zawgyi Version;
စပိန္ႏိုင္ငံေတာင္ပိုင္းမွာ ရထားႏွစ္စင္းတိုက္မိမႈေၾကာင့္ အနည္းဆုံးလူ(၃၉)ဦးေသဆုံး
Pika (NP News) - ဇန္နဝါရီ ၂ဝ
စပိန္ႏိုင္ငံေတာင္ပိုင္းမွာ ခရီးသည္ရာေပါင္းမ်ားစြာတင္ေဆာင္လာတဲ့ ျမန္ႏႈန္းျမင့္ရထားႏွစ္စင္းတိုက္မိမႈေၾကာင့္ အနည္းဆုံး လူ(၃၉)ဦးေသဆုံးၿပီး အျခားလူ(၁၂၂)ဦးထိခိုက္ဒဏ္ရာရရွိခဲ့တယ္လို႔ အေရးေပၚဝန္ေဆာင္မႈအဖြဲ႕က ေျပာၾကားခဲ့ပါတယ္။ မာလာဂါၿမိဳ႕ကေန မက္ဒရစ္ၿမိဳ႕ကို ေမာင္းႏွင္လာတဲ့ျမန္ႏႈန္းျမင့္ရထားတစ္စင္းဟာ Adamuz ၿမိဳ႕အနီးမွာ လမ္းေခ်ာ္သြားခဲ့ၿပီး တစ္ဖက္လမ္းကလာေနတဲ့ ရထားကို တိုက္မိခဲ့တာျဖစ္တယ္လို႔ အာဏာပိုင္ေတြက ေျပာၾကားခဲ့ပါတယ္။
အဲဒီျဖစ္ရပ္ေၾကာင့္ ေသဆုံးသူ(၅)ဦးရွိခဲ့တယ္လို႔ အာဏာပိုင္ေတြက အစပိုင္းမွာ ေျပာၾကားခဲ့ေပမယ့္လည္း ေနာက္ပိုင္းမွာ ေသဆုံးသူအေရအတြက္က (၃၉)ဦးအထိ ျမင့္တက္လာခဲ့တာလည္းျဖစ္ပါတယ္။ ဒါ့ျပင္ လက္ရွိ အခ်ိန္အထိ ခရီးသည္ေတြဟာ ရထားတြဲေတြထဲမွာ ပိတ္မိေနဆဲျဖစ္တာေၾကာင့္ ေသဆုံးသူအေရအတြက္ (၁၀၀) အထိ ရွိလာႏိုင္တယ္လို႔လည္း အာဏာပိုင္ေတြက ေျပာၾကားခဲ့ပါတယ္။
ကယ္ဆယ္ေရးအဖြဲ႕က “ျပႆနာက ရထားတြဲေတြက တြန႔္လိမ့္သြားတာေၾကာင့္ အထဲမွာလူေတြက ပိတ္မိေနတာ ပဲျဖစ္ပါတယ္” လို႔ ေျပာခဲ့ပါတယ္။