ဩစတြေးလျနိုင်ငံက ကမ်းခြေမှာ ရေကူးနေတဲ့ ဆယ်ကျော်သက်ကောင်လေးတစ်ဦး ငါးမန်းကိုက်ခံရ

 230

Pika (NP News) - ဇန်နဝါရီ ၂ဝ

ဩစတြေးလျနိုင်ငံ ဆစ်ဒနီမြို့ကကမ်းခြေတစ်ခုမှာ ရေကူးနေတဲ့ ဆယ်ကျော်သက်အရွယ်ကောင်လေးကို ငါးမန်း တစ်ကောင်က ကိုက်သွားခဲ့တယ်လို့ အာဏာပိုင်တွေက ပြောကြားခဲ့ပါတယ်။ ငါးမန်းကိုက်ခံရမှုနဲ့အတူ ဆယ်ကျော် သက် ကောင်လေးက ထိခိုက်ဒဏ်ရာပြင်းပြင်းထန်ထန်ရရှိခဲ့ပြီး စိုးရိမ်ရတဲ့အခြေအနေမှာ ရှိတယ်လို့လည်း ရဲတပ်ဖွဲ့ က ပြောကြားခဲ့ပါတယ်။
အသက်(၁၃)နှစ်အရွယ်ကောင်လေးဟာ Shark Beach ကမ်းခြေမှာ ရေကူးနေစဉ်အချိန်အတွင်း ငါးမန်းတစ်ကောင် က ကိုက်သွားခဲ့တာဖြစ်တယ်လို့လည်း သိရပါတယ်။ ရဲတပ်ဖွဲ့က “ထိခိုက်ဒဏ်ရာတွေကို ကြည့်ရမယ်ဆိုရင် ဒီဒဏ်ရာတွေက ငါးမန်းကြီးတစ်ကောင်ကိုက်သွားတဲ့ပုံစံနဲ့ ကိုက်ညီပါတယ်” လို့ ပြောခဲ့ပါတယ်။
အကြောင်းကြားမှုတွေကို လက်ခံရရှိပြီး မိနစ်ပိုင်းအတွင်းမှာပဲ ကယ်ဆယ်ရေးအဖွဲ့တွေက အဲဒီကောင်လေးကို ရေထဲကနေ အောင်မြင်စွာကယ်ထုတ်နိုင်ခဲ့တယ်လို့ ရဲတပ်ဖွဲ့က ပြောကြားခဲ့ပါတယ်။ ရဲတပ်ဖွဲ့က “ကမ်းခြေမှာ ရေကူးနေတဲ့သူအားလုံးကို ငါးမန်းရှိနေတယ်လို့ယူဆရတဲ့ရေပြင်တွေအားလုံးကို ရှောင်ရှားဖို့ အကြံပေးထားပါတယ်” လို့ ပြောခဲ့ပါတယ်။

Zawgyi Version;
ဩစေၾတးလ်ႏိုင္ငံက ကမ္းေျခမွာ ေရကူးေနတဲ့ ဆယ္ေက်ာ္သက္ေကာင္ေလးတစ္ဦး ငါးမန္းကိုက္ခံရ
Pika (NP News) - ဇန္နဝါရီ ၂ဝ
ဩစေၾတးလ်ႏိုင္ငံ ဆစ္ဒနီၿမိဳ႕ကကမ္းေျခတစ္ခုမွာ ေရကူးေနတဲ့ ဆယ္ေက်ာ္သက္အ႐ြယ္ေကာင္ေလးကို ငါးမန္း တစ္ေကာင္က ကိုက္သြားခဲ့တယ္လို႔ အာဏာပိုင္ေတြက ေျပာၾကားခဲ့ပါတယ္။ ငါးမန္းကိုက္ခံရမႈနဲ႔အတူ ဆယ္ေက်ာ္ သက္ ေကာင္ေလးက ထိခိုက္ဒဏ္ရာျပင္းျပင္းထန္ထန္ရရွိခဲ့ၿပီး စိုးရိမ္ရတဲ့အေျခအေနမွာ ရွိတယ္လို႔လည္း ရဲတပ္ဖြဲ႕ က ေျပာၾကားခဲ့ပါတယ္။
အသက္(၁၃)ႏွစ္အ႐ြယ္ေကာင္ေလးဟာ Shark Beach ကမ္းေျခမွာ ေရကူးေနစဥ္အခ်ိန္အတြင္း ငါးမန္းတစ္ေကာင္ က ကိုက္သြားခဲ့တာျဖစ္တယ္လို႔လည္း သိရပါတယ္။ ရဲတပ္ဖြဲ႕က “ထိခိုက္ဒဏ္ရာေတြကို ၾကည့္ရမယ္ဆိုရင္ ဒီဒဏ္ရာေတြက ငါးမန္းႀကီးတစ္ေကာင္ကိုက္သြားတဲ့ပုံစံနဲ႔ ကိုက္ညီပါတယ္” လို႔ ေျပာခဲ့ပါတယ္။
အေၾကာင္းၾကားမႈေတြကို လက္ခံရရွိၿပီး မိနစ္ပိုင္းအတြင္းမွာပဲ ကယ္ဆယ္ေရးအဖြဲ႕ေတြက အဲဒီေကာင္ေလးကို ေရထဲကေန ေအာင္ျမင္စြာကယ္ထုတ္ႏိုင္ခဲ့တယ္လို႔ ရဲတပ္ဖြဲ႕က ေျပာၾကားခဲ့ပါတယ္။ ရဲတပ္ဖြဲ႕က “ကမ္းေျခမွာ ေရကူးေနတဲ့သူအားလုံးကို ငါးမန္းရွိေနတယ္လို႔ယူဆရတဲ့ေရျပင္ေတြအားလုံးကို ေရွာင္ရွားဖို႔ အႀကံေပးထားပါတယ္” လို႔ ေျပာခဲ့ပါတယ္။

Related news

© 2021. All rights reserved.