ဂရင်းလန်းကျွန်းကနေ ရုရှားရဲ့ခြိမ်းခြောက်မှုတွေကို ဖယ်ရှားပစ်ဖို့ အချိန်တန်ပြီလို့ ဒေါ်နယ်ထရမ့်ပြော

265

Pika (NP News) - ဇန်နဝါရီ ၂ဝ
ဂရင်းလန်းကျွန်းကနေ ရုရှားရဲ့ခြိမ်းခြောက်မှုတွေကို ဖယ်ရှားပစ်ဖို့ ဒိန်းမတ်နိုင်ငံက လုပ်ဆောင်နိုင်တဲ့အရာမျိုး မရှိဘူးလို့ အမေရိကန်သမ္မတဒေါ်နယ်ထရမ့်က ဝေဖန်ပြောဆိုခဲ့ပါတယ်။ ဒါ့ပြင် ဂရင်းလန်းကျွန်းကနေ ရုရှားရဲ့ခြိမ်းခြောက်မှုတွေကို ဖယ်ရှားပစ်ဖို့ အချိန်တန်ပြီလို့လည်း ဒေါ်နယ်ထရမ့်က ထုတ်ပြန်ပြောကြားခဲ့ပါတယ်။
ဂရင်းလန်းကျွန်းကို တစ်နည်းနည်းနဲ့ ရအောင်သိမ်းပိုက်သွားမယ်လို့ ဒေါ်နယ်ထရမ့်က အကြိမ်ကြိမ်ထုတ်ပြန်ပြောဆိုခဲ့ပြီးနောက် ရက်ပိုင်းအကြာမှာ ယခုလိုပြောဆိုမှုတွေ ထပ်မံထွက်ပေါ်လာတာလည်းဖြစ်ပါတယ်။ ဒါ့ပြင် ဂရင်းလန်းကျွန်းကို အမေရိကန်ကသာ မသိမ်းယူဘူးဆိုရင် ရုရှားနဲ့တရုတ်တို့က သိမ်းယူသွားလိမ့်မယ်လို့လည်း ဒေါ်နယ်ထရမ့်က ပြီးခဲ့တဲ့သီတင်းပတ်မှာ ထုတ်ဖော်ပြောဆိုခဲ့ပါတယ်။ ဂရင်းလန်းကျွန်းကို သိမ်းယူမယ့် ၎င်းရဲ့အစီအစဉ်ကိုမထောက်ခံတဲ့နိုင်ငံတွေအားလုံးကို အခွန်စည်းကြပ်မှုတွေ လုပ်ဆောင်သွားမယ်လို့လည်း ဒေါ်နယ်ထရမ့်က ခြိမ်းခြောက်ပြောဆိုခဲ့ပါတယ်။
ဒါပေမယ့်လည်း ဂရင်းလန်းကျွန်းနဲ့ ဒိန်းမတ်တို့ရဲ့ခေါင်းဆောင်တွေက ကျွန်းဟာ တစ်စုံတစ်ယောက်ဝယ်ယူပြီး ပိုင်ဆိုင်လို့ရတဲ့အရာမဟုတ်ကြောင်းနဲ့ အမေရိကန်ရဲ့တစ်စိတ်တစ်ပိုင်းဖြစ်လိုတာမျိုးမရှိဘူးလို့ ပြန်လည်တုံ့ပြန်ပြောဆိုခဲ့ပါတယ်။

Zawgyi Version;
ဂရင္းလန္းကြၽန္းကေန ႐ုရွားရဲ႕ၿခိမ္းေျခာက္မႈေတြကို ဖယ္ရွားပစ္ဖို႔ အခ်ိန္တန္ၿပီလို႔ ေဒၚနယ္ထရမ့္ေျပာ
Pika (NP News) - ဇန္နဝါရီ ၂ဝ
ဂရင္းလန္းကြၽန္းကေန ႐ုရွားရဲ႕ၿခိမ္းေျခာက္မႈေတြကို ဖယ္ရွားပစ္ဖို႔ ဒိန္းမတ္ႏိုင္ငံက လုပ္ေဆာင္ႏိုင္တဲ့အရာမ်ိဳး မရွိဘူးလို႔ အေမရိကန္သမၼတေဒၚနယ္ထရမ့္က ေဝဖန္ေျပာဆိုခဲ့ပါတယ္။ ဒါ့ျပင္ ဂရင္းလန္းကြၽန္းကေန ႐ုရွားရဲ႕ၿခိမ္းေျခာက္မႈေတြကို ဖယ္ရွားပစ္ဖို႔ အခ်ိန္တန္ၿပီလို႔လည္း ေဒၚနယ္ထရမ့္က ထုတ္ျပန္ေျပာၾကားခဲ့ပါတယ္။
ဂရင္းလန္းကြၽန္းကို တစ္နည္းနည္းနဲ႔ ရေအာင္သိမ္းပိုက္သြားမယ္လို႔ ေဒၚနယ္ထရမ့္က အႀကိမ္ႀကိမ္ထုတ္ျပန္ေျပာဆိုခဲ့ၿပီးေနာက္ ရက္ပိုင္းအၾကာမွာ ယခုလိုေျပာဆိုမႈေတြ ထပ္မံထြက္ေပၚလာတာလည္းျဖစ္ပါတယ္။ ဒါ့ျပင္ ဂရင္းလန္းကြၽန္းကို အေမရိကန္ကသာ မသိမ္းယူဘူးဆိုရင္ ႐ုရွားနဲ႔တ႐ုတ္တို႔က သိမ္းယူသြားလိမ့္မယ္လို႔လည္း ေဒၚနယ္ထရမ့္က ၿပီးခဲ့တဲ့သီတင္းပတ္မွာ ထုတ္ေဖာ္ေျပာဆိုခဲ့ပါတယ္။ ဂရင္းလန္းကြၽန္းကို သိမ္းယူမယ့္ ၎ရဲ႕အစီအစဥ္ကိုမေထာက္ခံတဲ့ႏိုင္ငံေတြအားလုံးကို အခြန္စည္းၾကပ္မႈေတြ လုပ္ေဆာင္သြားမယ္လို႔လည္း ေဒၚနယ္ထရမ့္က ၿခိမ္းေျခာက္ေျပာဆိုခဲ့ပါတယ္။
ဒါေပမယ့္လည္း ဂရင္းလန္းကြၽန္းနဲ႔ ဒိန္းမတ္တို႔ရဲ႕ေခါင္းေဆာင္ေတြက ကြၽန္းဟာ တစ္စုံတစ္ေယာက္ဝယ္ယူၿပီး ပိုင္ဆိုင္လို႔ရတဲ့အရာမဟုတ္ေၾကာင္းနဲ႔ အေမရိကန္ရဲ႕တစ္စိတ္တစ္ပိုင္းျဖစ္လိုတာမ်ိဳးမရွိဘူးလို႔ ျပန္လည္တုံ႔ျပန္ေျပာဆိုခဲ့ပါတယ္။