ဩစတြီးယားနိုင်ငံတစ်ဝှမ်းမှာ နှင်းတောင်ပြိုကျမှု(၃)ခုကြောင့် နှင်းလျှောစီးသူ(၈)ဦးသေဆုံး

 140

Pika (NP News) - ဇန်နဝါရီ ၂ဝ

ဩစတြီးယားနိုင်ငံတစ်ဝှမ်းမှာ နှင်းတောင်ပြိုကျမှု(၃)ခုကြောင့် နှင်းလျှောစီးသူ(၈)ဦးသေဆုံးခဲ့တယ်လို့ အာဏာပိုင်တွေက ထုတ်ပြန်ပြောကြားခဲ့ပါတယ်။ ဩစတြီးယားအနောက်ပိုင်းက အမြင့်(၂၂ဝဝ)မီတာလောက်ရှိတဲ့ Bad Hofgastein ဧရိယာမှာ နှင်းတောင်ပြိုကျမှုနဲ့အတူ နှင်းလျှောစီးအမျိုးသမီးတစ်ဦး သေဆုံးခဲ့တယ်လို့ အာဏာပိုင်‌ တွေက ပြောကြားခဲ့ပါတယ်။
အဲဒီဖြစ်ရပ်အပြီး မိနစ်(၉၀)ခန့်အကြာမှာ Salzburg မြို့တောင်ဘက်မှာရှိတဲ့ Gastein Valley အနီးမှာ နှင်းတောင် ပြိုကျမှုတစ်ခုဖြစ်ပွားခဲ့ပြီး နှင်းလျှောစီးသမား(၄)ဦးသေဆုံးကာ အခြားလူ(၂)ဦး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။
အဲဒီနေ့မှာပဲ Pusterwald မြို့မှာ နှင်းတောင်ပြိုကျမှုနဲ့အတူ နောက်ထပ်နှင်းလျှောစီးသူ(၃)ဦးသေဆုံးခဲ့တယ်လို့ ရဲတပ်ဖွဲ့က ပြောကြားခဲ့ပါတယ်။ ကယ်ဆယ်ရေးဌာနအကြီးအကဲ ဂါမတ်ခရမ်ဆာက “ဒီကြေကွဲစရာကောင်းတဲ့ဖြစ်ရပ်တွေက လက်ရှိမှာ နှင်းတောင်ပြိုကျမှုအခြေအနေတွေက ဘယ်လောက်တောင် ဆိုးရွားနေလဲဆိုတာကို ပြသနေတာပဲဖြစ်ပါတယ်” လို့ ပြောခဲ့ပါတယ်။

Zawgyi Version;
ဩစႀတီးယားႏိုင္ငံတစ္ဝွမ္းမွာ ႏွင္းေတာင္ၿပိဳက်မႈ(၃)ခုေၾကာင့္ ႏွင္းေလွ်ာစီးသူ(၈)ဦးေသဆုံး
Pika (NP News) - ဇန္နဝါရီ ၂ဝ
ဩစႀတီးယားႏိုင္ငံတစ္ဝွမ္းမွာ ႏွင္းေတာင္ၿပိဳက်မႈ(၃)ခုေၾကာင့္ ႏွင္းေလွ်ာစီးသူ(၈)ဦးေသဆုံးခဲ့တယ္လို႔ အာဏာပိုင္ေတြက ထုတ္ျပန္ေျပာၾကားခဲ့ပါတယ္။ ဩစႀတီးယားအေနာက္ပိုင္းက အျမင့္(၂၂ဝဝ)မီတာေလာက္ရွိတဲ့ Bad Hofgastein ဧရိယာမွာ ႏွင္းေတာင္ၿပိဳက်မႈနဲ႔အတူ ႏွင္းေလွ်ာစီးအမ်ိဳးသမီးတစ္ဦး ေသဆုံးခဲ့တယ္လို႔ အာဏာပိုင္‌ ေတြက ေျပာၾကားခဲ့ပါတယ္။
အဲဒီျဖစ္ရပ္အၿပီး မိနစ္(၉၀)ခန႔္အၾကာမွာ Salzburg ၿမိဳ႕ေတာင္ဘက္မွာရွိတဲ့ Gastein Valley အနီးမွာ ႏွင္းေတာင္ ၿပိဳက်မႈတစ္ခုျဖစ္ပြားခဲ့ၿပီး ႏွင္းေလွ်ာစီးသမား(၄)ဦးေသဆုံးကာ အျခားလူ(၂)ဦး ထိခိုက္ဒဏ္ရာရရွိခဲ့တယ္လို႔ သိရပါတယ္။
အဲဒီေန႔မွာပဲ Pusterwald ၿမိဳ႕မွာ ႏွင္းေတာင္ၿပိဳက်မႈနဲ႔အတူ ေနာက္ထပ္ႏွင္းေလွ်ာစီးသူ(၃)ဦးေသဆုံးခဲ့တယ္လို႔ ရဲတပ္ဖြဲ႕က ေျပာၾကားခဲ့ပါတယ္။ ကယ္ဆယ္ေရးဌာနအႀကီးအကဲ ဂါမတ္ခရမ္ဆာက “ဒီေၾကကြဲစရာေကာင္းတဲ့ျဖစ္ရပ္ေတြက လက္ရွိမွာ ႏွင္းေတာင္ၿပိဳက်မႈအေျခအေနေတြက ဘယ္ေလာက္ေတာင္ ဆိုး႐ြားေနလဲဆိုတာကို ျပသေနတာပဲျဖစ္ပါတယ္” လို႔ ေျပာခဲ့ပါတယ္။

Related news

© 2021. All rights reserved.