ကျောက်စိမ်းထွက်ရှိရာ ဖားကန့်ဒေသတွင် KIA တပ်ဖွဲ့ဝင်အချို့မှာ Date Girl ကို လချီ ငှားရမ်း ပျော်ပါးနိုင်သည်အထိ ချမ်းသာနေ

 568

သန့်ဇင် (NP News) - ဇန်နဝါရီ ၂ဝ

ကျောက်စိမ်းထွက်ရှိရာ ဖားကန့်ဒေသတွင် KIA တပ်ဖွဲ့ဝင်အချို့မှာ Date Girl ကို လချီငှားရမ်း ပျော်ပါးနိုင်သည်အထိ ချမ်းသာနေကြောင်း ဒေသခံများက NP News သို့ပြောသည်။
“ဖားကန့်မှာ Date Girl လပြတ် ငှားတာလောက်က ဘာမှမထူးဆန်းဘူး။ ရန်ကုန်တို့ မန္တလေးက နေပြီးတော့ တကယ့်မော်ဒယ်တွေကို တောင်ခေါ်နေတာ တစ်ပုံကြီး” ဟု ဒေသခံအမျိုးသားတစ်ဦးက ပြောသည်။
ထို့ပြင် ဖားကန့်ဒေသရှိ KTV များနှင့် ဟိုတယ်များတွင် KIA အဖွဲ့၏ အလွှာအသီးသီးမှ အဖွဲ့ဝင် များက ပတ်ဝန်းကျင်ပင်ဂရုမစိုက်ဘဲ ပြည့်တန်ဆာများ ခေါ်ယူပျော်ပါးခြင်းများလည်းရှိနေကြောင်း သိရ သည်။
“ဘယ်ရာထူးထူးဖြစ်ဖြစ်လုပ်နေတာ။ KIA ကတောက်တိုမည်ရကောင်တွေတောင်လုပ်တယ်။ NGO တောင်လုပ်နေတာ။ အဲဒါတွေက။ နောက်ပြီး KIA အရပ်ဘက် အုပ်ချုပ်ရေးအဖွဲ့အစည်းက ကောင် တွေလည်း အဲဒီလိုလုပ်နိုင်တယ်လေ။ စဉ်းစားကြည့်ပေါ့။ နောက်ပြီးအဲဒီကောင်က နောက်ဆုံးပေါ်ကား တဝီဝီနဲ့နော် သွားလာနေတာတွေက”ဟု ဒေသခံအမျိုးသားတစ်ဦးက ပြောသည်။
အလားတူ ဒေသခံပြည်သူများထံမှ ဆက်ကြေးတောင်းခြင်းနှင့် ကျောက်တွင်းများမှ ငွေကြေး အကျိုးအမြတ်များလည်း များစွာရရှိနေရာ ဖားကန့်ရှိဟိုတယ်များတွင် Date Girl ကိုပင်လျှင် သိန်းရာချီ ပေးကာ လပြတ်ငှားထားပေးခြင်းများလုပ်ဆောင်နိုင်ကြောင်း ဒေသခံတစ်ဦးက လူမှုကွန်ရက် ဖေ့ဘွတ်စ် စာမျက်နှာတွင်မှတ်ချက်ပြုရေးသားထားသည်။
“ပြည့်တန်ဆာခန်းကကောင်မလေးကို သောင်းတန်အထပ်လိုက်အမ်းတာ ဘယ်ကောင်တွေ ထင် လို့လဲ။ အောက်ပိုင်းက Date Girl တွေကို တစ်လ ရာချီပေးပြီးခေါ်အိပ်တာတို့။ ဟိုတယ် လပြတ် ငှားပေး ထားတာတို့ ရှိသေးတယ်။ သေနတ်ပြပြီး ငွေရှာရတဲ့အလုပ်တော့ အားကျပါတယ်ကွာ”ဟု ၎င်းက မှတ် ချက်ပြုရေးသားထားသည်။
ဖားကန့်ဒေသတွင် ကျောက်တူးရာသီစတင်ပြီး (၇)လအတွင်းမှာပင် လောင်စာဆီနှင့် ယန္တရား ချောဆီခေါင်းစဉ်အောက်မှကောက်ခံသော အခွန်နှစ်မျိုးစာ ကောက်ခံရရှိငွေပင်လျှင် ငွေကျပ် သိန်း ပေါင်း(၁၀)သိန်းခန့်ရှိနေကြောင်း သိရသည်။
KIA ခွင့်ပြုချက်ဖြင့် ကျောက်တူးဖော်ခြင်းများသည်လည်း ဖားကန့်ဒေသရှိ ပြည်သူပိုင် ဆေးရုံ၊ သုသာန်၊ စာသင်ကျောင်းနှင့် သာသနိကမြေများပါမကျန် မြေလှန်ကျောက်တူးဖော်ခြင်းများလည်း များစွာ ဖြစ်ပွားနေကြောင်း သိရသည်။

Zawgyi Version;
ေက်ာက္စိမ္းထြက္ရွိရာ ဖားကန႔္ေဒသတြင္ KIA တပ္ဖြဲ႕ဝင္အခ်ိဳ႕မွာ Date Girl ကို လခ်ီ ငွားရမ္း ေပ်ာ္ပါးႏိုင္ သည္အထိ ခ်မ္းသာေန
သန႔္ဇင္ (NP News) - ဇန္နဝါရီ ၂ဝ

ေက်ာက္စိမ္းထြက္ရွိရာ ဖားကန႔္ေဒသတြင္ KIA တပ္ဖြဲ႕ဝင္အခ်ိဳ႕မွာ Date Girl ကို လခ်ီငွားရမ္း ေပ်ာ္ပါးႏိုင္သည္အထိ ခ်မ္းသာေနေၾကာင္း ေဒသခံမ်ားက NP News သို႔ေျပာသည္။

“ဖားကန႔္မွာ Date Girl လျပတ္ ငွားတာေလာက္က ဘာမွမထူးဆန္းဘူး။ ရန္ကုန္တို႔ မႏၲေလးက ေနၿပီးေတာ့ တကယ့္ေမာ္ဒယ္ေတြကို ေတာင္ေခၚေနတာ တစ္ပုံႀကီး” ဟု ေဒသခံအမ်ိဳးသားတစ္ဦးက ေျပာသည္။

ထို႔ျပင္ ဖားကန႔္ေဒသရွိ KTV မ်ားႏွင့္ ဟိုတယ္မ်ားတြင္ KIA အဖြဲ႕၏ အလႊာအသီးသီးမွ အဖြဲ႕ဝင္ မ်ားက ပတ္ဝန္းက်င္ပင္ဂ႐ုမစိုက္ဘဲ ျပည့္တန္ဆာမ်ား ေခၚယူေပ်ာ္ပါးျခင္းမ်ားလည္းရွိေနေၾကာင္း သိရ သည္။

“ဘယ္ရာထူးထူးျဖစ္ျဖစ္လုပ္ေနတာ။ KIA ကေတာက္တိုမည္ရေကာင္ေတြေတာင္လုပ္တယ္။ NGO ေတာင္လုပ္ေနတာ။ အဲဒါေတြက။ ေနာက္ၿပီး KIA အရပ္ဘက္ အုပ္ခ်ဳပ္ေရးအဖြဲ႕အစည္းက ေကာင္ ေတြလည္း အဲဒီလိုလုပ္ႏိုင္တယ္ေလ။ စဥ္းစားၾကည့္ေပါ့။ ေနာက္ၿပီးအဲဒီေကာင္က ေနာက္ဆုံးေပၚကား တဝီဝီနဲ႔ေနာ္ သြားလာေနတာေတြက”ဟု ေဒသခံအမ်ိဳးသားတစ္ဦးက ေျပာသည္။

အလားတူ ေဒသခံျပည္သူမ်ားထံမွ ဆက္ေၾကးေတာင္းျခင္းႏွင့္ ေက်ာက္တြင္းမ်ားမွ ေငြေၾကး အက်ိဳးအျမတ္မ်ားလည္း မ်ားစြာရရွိေနရာ ဖားကန႔္ရွိဟိုတယ္မ်ားတြင္ Date Girl ကိုပင္လွ်င္ သိန္းရာခ်ီ ေပးကာ လျပတ္ငွားထားေပးျခင္းမ်ားလုပ္ေဆာင္ႏိုင္ေၾကာင္း ေဒသခံတစ္ဦးက လူမႈကြန္ရက္ ေဖ့ဘြတ္စ္ စာမ်က္ႏွာတြင္မွတ္ခ်က္ျပဳေရးသားထားသည္။

“ျပည့္တန္ဆာခန္းကေကာင္မေလးကို ေသာင္းတန္အထပ္လိုက္အမ္းတာ ဘယ္ေကာင္ေတြ ထင္ လို႔လဲ။ ေအာက္ပိုင္းက Date Girl ေတြကို တစ္လ ရာခ်ီေပးၿပီးေခၚအိပ္တာတို႔။ ဟိုတယ္ လျပတ္ ငွားေပး ထားတာတို႔ ရွိေသးတယ္။ ေသနတ္ျပၿပီး ေငြရွာရတဲ့အလုပ္ေတာ့ အားက်ပါတယ္ကြာ”ဟု ၎က မွတ္ ခ်က္ျပဳေရးသားထားသည္။
ဖားကန႔္ေဒသတြင္ ေက်ာက္တူးရာသီစတင္ၿပီး (၇)လအတြင္းမွာပင္ ေလာင္စာဆီႏွင့္ ယႏၲရား ေခ်ာဆီေခါင္းစဥ္ေအာက္မွေကာက္ခံေသာ အခြန္ႏွစ္မ်ိဳးစာ ေကာက္ခံရရွိေငြပင္လွ်င္ ေငြက်ပ္ သိန္း ေပါင္း(၁၀)သိန္းခန႔္ရွိေနေၾကာင္း သိရသည္။

KIA ခြင့္ျပဳခ်က္ျဖင့္ ေက်ာက္တူးေဖာ္ျခင္းမ်ားသည္လည္း ဖားကန႔္ေဒသရွိ ျပည္သူပိုင္ ေဆး႐ုံ၊ သုသာန္၊ စာသင္ေက်ာင္းႏွင့္ သာသနိကေျမမ်ားပါမက်န္ ေျမလွန္ေက်ာက္တူးေဖာ္ျခင္းမ်ားလည္း မ်ားစြာ ျဖစ္ပြားေနေၾကာင္း သိရသည္။

Related news

© 2021. All rights reserved.