မန္တလေးငလျင်ကြီးလှုပ်ခတ်ပြီးနောက်ပိုင်း ငလျင် အာမခံထားသူ များလာ

 189

စော (NP News) - ဇန်နဝါရီ ၂ဝ

မန္တလေးအင်အားပြင်းငလျင်ကြီး လှုပ်ခတ်ပြီးနောက်ပိုင်းတွင် ငလျင်အာမခံထားရှိရန် စိတ်ဝင်စား မှုများပြားလာကြကြောင်း သိရသည်။ မြန်မာနိုင်ငံတွင် အသက်အာမခံကုမ္ပဏီ (၁၇)ခုနှင့် အထွေထွေ အာမခံကုမ္ပဏီ (၉)ခုရှိပြီး အသက်အာမခံ (၄၈)မျိုး၊ အထွေထွေအာမခံ (၂၂) မျိုးနှင့် အသက်နှင့်အထွေ ထွေ (Common) (၆) မျိုးရှိကြောင်း သိရသည်။
“လတ်တလော စိတ်ဝင်စားဆုံးပြောရရင် ငလျင်လှုပ်တယ်မလား။ ငလျင်လှုပ်တော့ အာမခံ ထားတဲ့လူတွေ တော်တော်များများ လျော်ကြေးရတယ်လေ။ အဲဒီတော့ အရင်တုန်းက ငလျင်အကာအကွယ်မယူတော့ အခုယူကြတာပေါ့။ အဲဒါလေးက ပိုပြီးလူတွေက စိုးရိမ်ကြောင့်ကြပြီး ထားကြတာပေါ့။ နောက် မော်တော်ကားတွေ ထားကြတာပေါ့။ မော်တော်ကားကျတော့လည်း သူများက လာတိုက်တာတို့ အန္တရာယ်အမျိုးမျိုးရှိတာကို မော်တော်ကားနဲ့ပတ်သက်တာစိတ်ဝင်စားကြတယ်” ဟု Myanmar Insurance Association မှ ဒုဥက္ကဋ္ဌ ဒေါ်မာလာညွန့်က NP News ကိုပြောသည်။
မီးနှင့် အပိုအန္တရာယ်အကာအကွယ်များအာမခံတွင် စစ်‌ဘေးအန္တရာယ်အပြင် လေပြင်းမုန်တိုင်း၊ ရေကြီးရေလျှံ၊ မြေငလျင်၊ မီးအပါအဝင် ငလျင်ကြောင့် ပြိုအက်ပျက်စီးမှုစသည့် သဘာဝအန္တရာယ် (၁၁) မျိုး ပါဝင်ကြောင်း သိရသည်။ “အရင်တုန်းကကျတော့ မီးအာမခံဆို မီး အာမခံပဲထားမယ်။ လေမုန်တိုင်း က ခဏခဏတိုက်တော့ တချို့လေမုန်တိုင်းကို ထားကြတယ်။ အမိုးတွေလန်ရင် လျော်ကြေးရအောင်။ အရင်က ငလျင်ကို သိပ်စိတ်မဝင်စားကြဘူး။ ငလျင်လှုပ်တာက နှစ်တစ်ရာနေမှ တစ်ခါလောက်လှုပ်တာ ဆိုတော့ ငလျင်ဘေးကိုသိပ်မကြောက်ဘူး။ အခုက အကြီးအကျယ်ဆုံးရှုံးကြတာဆိုတော့ ငလျင် အကာ အကွယ် ထပ်ယူတာပေါ့”ဟု ၎င်းကပြောသည်။
ဒီဇင်ဘာ (၈)ရက် ည (၉)နာရီ (၂၆) မိနစ်အချိန်က မန္တလေးမြို့၏အရှေ့မြောက်ဘက် (၂) မိုင်ခန့် အကွာကို ဗဟိုပြု၍ အနက် (၁၂) ကီလို မီတာမှ အင်အား (၄ ဒသမ ၃) ရစ်ချ်တာစကေးဖြင့် လှုပ်ခတ်ခဲ့ ခြင်းဖြစ်ပြီး နောက်ဆက်တွဲ ငလျင် အကြိမ်ရေ (၂၆၀) အထိရှိလာပြီဖြစ်ကြောင်း မိုးလေဝသနှင့် ဇလဗေဒ ညွှန်ကြားမှုဦးစီးဌာန၏ ဒီဇင်ဘာ (၉)ရက်အချက်အလက်များအရ သိရသည်။

Zawgyi Version;
မႏၲေလးငလ်င္ႀကီးလႈပ္ခတ္ၿပီးေနာက္ပိုင္း ငလ်င္ အာမခံထားသူ မ်ားလာ
ေစာ (NP News) - ဇန္နဝါရီ ၂ဝ

မႏၲေလးအင္အားျပင္းငလ်င္ႀကီး လႈပ္ခတ္ၿပီးေနာက္ပိုင္းတြင္ ငလ်င္အာမခံထားရွိရန္ စိတ္ဝင္စား မႈမ်ားျပားလာၾကေၾကာင္း သိရသည္။ ျမန္မာႏိုင္ငံတြင္ အသက္အာမခံကုမၸဏီ (၁၇)ခုႏွင့္ အေထြေထြ အာမခံကုမၸဏီ (၉)ခုရွိၿပီး အသက္အာမခံ (၄၈)မ်ိဳး၊ အေထြေထြအာမခံ (၂၂) မ်ိဳးႏွင့္ အသက္ႏွင့္အေထြ ေထြ (Common) (၆) မ်ိဳးရွိေၾကာင္း သိရသည္။
“လတ္တေလာ စိတ္ဝင္စားဆုံးေျပာရရင္ ငလ်င္လႈပ္တယ္မလား။ ငလ်င္လႈပ္ေတာ့ အာမခံ ထားတဲ့လူေတြ ေတာ္ေတာ္မ်ားမ်ား ေလ်ာ္ေၾကးရတယ္ေလ။ အဲဒီေတာ့ အရင္တုန္းက ငလ်င္အကာအကြယ္မယူေတာ့ အခုယူၾကတာေပါ့။ အဲဒါေလးက ပိုၿပီးလူေတြက စိုးရိမ္ေၾကာင့္ၾကၿပီး ထားၾကတာေပါ့။ ေနာက္ ေမာ္ေတာ္ကားေတြ ထားၾကတာေပါ့။ ေမာ္ေတာ္ကားက်ေတာ့လည္း သူမ်ားက လာတိုက္တာတို႔ အႏၲရာယ္အမ်ိဳးမ်ိဳးရွိတာကို ေမာ္ေတာ္ကားနဲ႔ပတ္သက္တာစိတ္ဝင္စားၾကတယ္” ဟု Myanmar Insurance Association မွ ဒုဥကၠ႒ ေဒၚမာလာၫြန႔္က NP News ကိုေျပာသည္။
မီးႏွင့္ အပိုအႏၲရာယ္အကာအကြယ္မ်ားအာမခံတြင္ စစ္‌ေဘးအႏၲရာယ္အျပင္ ေလျပင္းမုန္တိုင္း၊ ေရႀကီးေရလွ်ံ၊ ေျမငလ်င္၊ မီးအပါအဝင္ ငလ်င္ေၾကာင့္ ၿပိဳအက္ပ်က္စီးမႈစသည့္ သဘာဝအႏၲရာယ္ (၁၁) မ်ိဳး ပါဝင္ေၾကာင္း သိရသည္။ “အရင္တုန္းကက်ေတာ့ မီးအာမခံဆို မီး အာမခံပဲထားမယ္။ ေလမုန္တိုင္း က ခဏခဏတိုက္ေတာ့ တခ်ိဳ႕ေလမုန္တိုင္းကို ထားၾကတယ္။ အမိုးေတြလန္ရင္ ေလ်ာ္ေၾကးရေအာင္။ အရင္က ငလ်င္ကို သိပ္စိတ္မဝင္စားၾကဘူး။ ငလ်င္လႈပ္တာက ႏွစ္တစ္ရာေနမွ တစ္ခါေလာက္လႈပ္တာ ဆိုေတာ့ ငလ်င္ေဘးကိုသိပ္မေၾကာက္ဘူး။ အခုက အႀကီးအက်ယ္ဆုံးရႈံးၾကတာဆိုေတာ့ ငလ်င္ အကာ အကြယ္ ထပ္ယူတာေပါ့”ဟု ၎ကေျပာသည္။
ဒီဇင္ဘာ (၈)ရက္ ည (၉)နာရီ (၂၆) မိနစ္အခ်ိန္က မႏၲေလးၿမိဳ႕၏အေရွ႕ေျမာက္ဘက္ (၂) မိုင္ခန႔္ အကြာကို ဗဟိုျပဳ၍ အနက္ (၁၂) ကီလို မီတာမွ အင္အား (၄ ဒသမ ၃) ရစ္ခ်္တာစေကးျဖင့္ လႈပ္ခတ္ခဲ့ ျခင္းျဖစ္ၿပီး ေနာက္ဆက္တြဲ ငလ်င္ အႀကိမ္ေရ (၂၆၀) အထိရွိလာၿပီျဖစ္ေၾကာင္း မိုးေလဝသႏွင့္ ဇလေဗဒ ၫႊန္ၾကားမႈဦးစီးဌာန၏ ဒီဇင္ဘာ (၉)ရက္အခ်က္အလက္မ်ားအရ သိရသည္။

Related news

© 2021. All rights reserved.