မူဝါဒပြောင်းလဲကာ ဂျပန်နိုင်ငံသို့ ဦးတည်၍ လုပ်သားစနစ်တကျ စေလွှတ်မည်ဆိုပါက ပြည်တွင်း လုပ်သားရှားပါးမှု ပြေလည်နိုင်မည်ဟု အကြံပြု

 151

စော (NP News) - ဇန်နဝါရီ ၂ဝ

မူဝါဒပြောင်းလဲကာ ဂျပန်နိုင်ငံသို့ ဦးတည်၍ လုပ်သား စနစ်တကျစေလွှတ်မည်ဆိုပါက ပြည် တွင်းလုပ်သားရှားပါးမှု ပြေလည်နိုင်မည်ဖြစ်ကြောင်း ဂျပန်လုပ်သားစေလွှတ်ခြင်းနှင့် ပတ်သက်၍ သိရှိ သူ သတင်းရင်းမြစ်တစ်ဦးက NP News ကတစ်ဆင့် အကြံပြုပြောကြားသည်။
ဂျပန်နိုင်ငံ၏ လုပ်သားလိုအပ်ချက်အရ လာမည့်(၂)နှစ်အတွင်း ပြည်ပအလုပ်သမား (၁၂) သိန်း ကျော်ခန့် ခေါ်ယူရန် အစီအစဉ်ရှိနေရာ ဂျပန်ကုမ္ပဏီအများစုသည် မြန်မာလုပ်သားများကို ခေါ်ယူလိုနေ ကြကြောင်းလည်း ၎င်းဆိုသည်။
လက်ရှိတွင် မြန်မာနိုင်ငံက လုပ်သားစေလွှတ်ခြင်းနှင့်ပတ်သက်၍ ကန့်သတ်ချက်များရှိနေပြီး ဂျပန်နိုင်ငံသို့လည်း ထိုင်းနိုင်ငံကတစ်ဆင့် သွားရောက်ခြင်းများ ရှိနေသည့်အပြင် လိမ်လည်ခံရသော ဖြစ်စဉ်များလည်း ဖြစ်ပွားနေသည်။
“သူတို့ကလည်း စိုးရိမ်တာက ဒီစစ်မှု မထမ်းမနေရမဟုတ်ဘဲနဲ့ ပြည်တွင်းမှာအလုပ်သမား ရှားပါး တယ်ဆိုတဲ့ ပြဿနာတစ်ခုလည်းရှိနေတယ်။ ရှိနေတဲ့အတွက်ကြောင့်မို့လို့ စစ်မှုမထမ်းမနေရ ဆိုတာကို ခေါ်ရင် အသက် (၁၈)နှစ်ကနေ (၃၅)နှစ် အထိ ခေါ်တာမလား။ ဥပမာ အသက် (၁၈)နှစ်ကနေပြီးတော့ (၂၁) နှစ်လောက်ဆိုလည်း (၂)နှစ်လောက် ထမ်းဆောင်ပြီး ပြီးတယ်။ အဲဒီနောက်ပိုင်းဟာကို ခေါ်ရင် လည်းရတယ်။ ဒါတွေက သူ့ရပ်ကွက်အလိုက် လျာထားလိုက်ရင်ရတယ်။ အဲဒါမှမဟုတ်ရင်လည်း အ သက် (၂၆)နှစ်လောက်ကနေစပြီး (၂၇ ၊ ၂၈)အသက်ပြည့်နေတဲ့လူတွေ (၂)နှစ်ပဲ ထမ်းရမှာကို အသက် (၃၀) လောက်က စပြီးတော့ပဲဖြစ်ဖြစ် အဲဒီလိုမျိုး လူဦးရေလောက်ကို တစ်နှစ်အတွက်ကို သူတို့ လျာ ထားလိုက်ရင်မရဘူးလား။ တစ်နှစ်ကို တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ သွားတဲ့အတွက် မြို့နယ် တစ်ခုဆို ဘယ်လောက်မှမရှိဘူးလေ”ဟု ၎င်းကပြောသည်။
ထိုသို့ အသက်ကန့်သတ်ရာတွင်လည်း အရန်လူဦးရေအနေဖြင့် (၁၀)ရာခိုင်နှုန်းမှ (၂၀)ရာခိုင်နှုန်း အထိ ကြိုတင်လျာထားနိုင်သည့် အတွက် စစ်မှုထမ်းမပါသူများကို ပြည်ပနိုင်ငံသို့ အလုပ်လုပ်ရန် ထွက် ခွင့်ပေးသင့်ကြောင်း ၎င်းက ဆိုသည်။
“အဲဒီအသက်အရွယ်နဲ့ညီတဲ့ ကျန်တဲ့လူတွေက တခြားနိုင်ငံတွေမှာရောက်နေတယ်။ ဂျပန် လို နိုင်ငံမျိုးကိုထွက်လို့ရမယ်ဆိုရင် ပြန်လာကြမှာပဲ အများစုက။ ဟိုနိုင်ငံမှာ မစို့မပို့လစာနဲ့ ဒုက္ခရောက် နေကြမယ့်အတူတူ နိုင်ငံအတွက်လည်း အကျိုး မရှိဘူး။ အဲဒီဟာမျိုးကို အကျိုးရှိအောင် ဒီလူတွေကို ပြန်ခေါ်လိုက်။ ဒီနိုင်ငံခြားတွေမှာ ရောက်နေတဲ့ လူတွေက တကယ်သာ ဂျပန်ကို တရားဝင် သင်တန်း ကျောင်း (၆)လလောက်တက်ပြီး သွားလို့ရတယ်ဆိုရင် ပြန်လာကြမှာ အကုန်လုံး သူ့ဘာသာပြန်လာမှာ။ ဒါတွေကလည်း လုံးဝငြင်းလို့ရတဲ့ပုစ္ဆာမဟုတ်ဘူး။ စစ်မှုမထမ်းမနေရမှာ ဘယ်ဟာစာရင်းအတိအကျ ပေါ့။ လူတွေကို အရင်လုပ်မယ်။ ဥပမာ ငယ်တဲ့လူတွေ ကကွာ ပြန်လာလည်း လုပ်လို့ရတယ်။ ဥပမာ ဂျပန်ဆိုရင် (၅)နှစ်ပဲ။ တချို့ဟာတွေမှာ (၃)နှစ်ပဲပေးမှာ။ ပြီးရင် အရင်လို နိုင်ငံရေးလျှောက်ပြီး နေဖို့ ဆိုတာ မလွယ်တော့ဘူး။ ဂျပန်အစိုးရရဲ့ ပေါ်လစီတွေက ပြောင်းလာတယ်”ဟု ၎င်းကဆက်လက် ပြောသည်။ ထိုသို့ ဂျပန်ဘက်မှ ပေါ်လစီပြောင်းလဲနေသည့်အတွက် မြန်မာနိုင်ငံဘက်မှလည်း မူဝါဒ ပြောင်းသင့်ကြောင်းနှင့် ဂျပန်လုပ်သားလိုအပ်ချက်သည် ဈေးကွက်စီးပွားရေးစနစ်ဖြစ်သည့်အတွက် မြန်မာနိုင်ငံမှ လုပ်သားခေါ်မရပါက အခြားနိုင်ငံမှ လုပ်သားဈေးကွက် အစားထိုးသွားနိုင်ကြောင်း ၎င်းကဆိုသည်။
“ဝန်ကြီးတွေက အသစ်တွေ ချိန်းပြီးတော့ အဲဒီလောက်မဟုတ်ဘူး။ ဒါပေမဲ့ အလုပ်သမား ဝန်ကြီး ဌာနရဲ့ ဒီမိုကရေစီယန္တရားကြီးက ပြုပြင်ရမယ့်အဆင့်ကိုဖြစ်နေတယ်။ အခုအခက်အခဲတွေနေမှာလည်း အဂတိတွေရှိနေလို့ ကြားနေရတယ်။ ဟုတ်မဟုတ်တော့ မသိဘူး။ ဒါက နိုင်ငံတော်က ဖော်ထုတ်မှ ရမယ့်ဟာတွေ ။ ဥပမာ ဒီလိုတန်းစီနေရတယ် ထွက်လို့မရဘူး ဂျပန်ဆို သိန်း (၁၀ဝ) ပေးရတယ်ဆိုပြီး အပြင်မှာ သတင်းတွေထွက်နေတော့ အစိုးရအနေနဲ့ အမြန်စိစစ်သင့်တယ်”ဟု ၎င်းက ပြောသည်။

Zawgyi Version;
မူဝါဒေျပာင္းလဲကာ ဂ်ပန္ႏိုင္ငံသို႔ ဦးတည္၍ လုပ္သားစနစ္တက် ေစလႊတ္မည္ဆိုပါက ျပည္တြင္း လုပ္သားရွားပါးမႈ ေျပလည္ႏိုင္မည္ဟု အႀကံျပဳ
ေစာ (NP News) - ဇန္နဝါရီ ၂ဝ
မူဝါဒေျပာင္းလဲကာ ဂ်ပန္ႏိုင္ငံသို႔ ဦးတည္၍ လုပ္သား စနစ္တက်ေစလႊတ္မည္ဆိုပါက ျပည္ တြင္းလုပ္သားရွားပါးမႈ ေျပလည္ႏိုင္မည္ျဖစ္ေၾကာင္း ဂ်ပန္လုပ္သားေစလႊတ္ျခင္းႏွင့္ ပတ္သက္၍ သိရွိ သူ သတင္းရင္းျမစ္တစ္ဦးက NP News ကတစ္ဆင့္ အႀကံျပဳေျပာၾကားသည္။
ဂ်ပန္ႏိုင္ငံ၏ လုပ္သားလိုအပ္ခ်က္အရ လာမည့္(၂)ႏွစ္အတြင္း ျပည္ပအလုပ္သမား (၁၂) သိန္း ေက်ာ္ခန႔္ ေခၚယူရန္ အစီအစဥ္ရွိေနရာ ဂ်ပန္ကုမၸဏီအမ်ားစုသည္ ျမန္မာလုပ္သားမ်ားကို ေခၚယူလိုေန ၾကေၾကာင္းလည္း ၎ဆိုသည္။
လက္ရွိတြင္ ျမန္မာႏိုင္ငံက လုပ္သားေစလႊတ္ျခင္းႏွင့္ပတ္သက္၍ ကန႔္သတ္ခ်က္မ်ားရွိေနၿပီး ဂ်ပန္ႏိုင္ငံသို႔လည္း ထိုင္းႏိုင္ငံကတစ္ဆင့္ သြားေရာက္ျခင္းမ်ား ရွိေနသည့္အျပင္ လိမ္လည္ခံရေသာ ျဖစ္စဥ္မ်ားလည္း ျဖစ္ပြားေနသည္။
“သူတို႔ကလည္း စိုးရိမ္တာက ဒီစစ္မႈ မထမ္းမေနရမဟုတ္ဘဲနဲ႔ ျပည္တြင္းမွာအလုပ္သမား ရွားပါး တယ္ဆိုတဲ့ ျပႆနာတစ္ခုလည္းရွိေနတယ္။ ရွိေနတဲ့အတြက္ေၾကာင့္မို႔လို႔ စစ္မႈမထမ္းမေနရ ဆိုတာကို ေခၚရင္ အသက္ (၁၈)ႏွစ္ကေန (၃၅)ႏွစ္ အထိ ေခၚတာမလား။ ဥပမာ အသက္ (၁၈)ႏွစ္ကေနၿပီးေတာ့ (၂၁) ႏွစ္ေလာက္ဆိုလည္း (၂)ႏွစ္ေလာက္ ထမ္းေဆာင္ၿပီး ၿပီးတယ္။ အဲဒီေနာက္ပိုင္းဟာကို ေခၚရင္ လည္းရတယ္။ ဒါေတြက သူ႔ရပ္ကြက္အလိုက္ လ်ာထားလိုက္ရင္ရတယ္။ အဲဒါမွမဟုတ္ရင္လည္း အ သက္ (၂၆)ႏွစ္ေလာက္ကေနစၿပီး (၂၇ ၊ ၂၈)အသက္ျပည့္ေနတဲ့လူေတြ (၂)ႏွစ္ပဲ ထမ္းရမွာကို အသက္ (၃၀) ေလာက္က စၿပီးေတာ့ပဲျဖစ္ျဖစ္ အဲဒီလိုမ်ိဳး လူဦးေရေလာက္ကို တစ္ႏွစ္အတြက္ကို သူတို႔ လ်ာ ထားလိုက္ရင္မရဘူးလား။ တစ္ႏွစ္ကို တစ္ႏိုင္ငံလုံးအတိုင္းအတာနဲ႔ သြားတဲ့အတြက္ ၿမိဳ႕နယ္ တစ္ခုဆို ဘယ္ေလာက္မွမရွိဘူးေလ”ဟု ၎ကေျပာသည္။
ထိုသို႔ အသက္ကန႔္သတ္ရာတြင္လည္း အရန္လူဦးေရအေနျဖင့္ (၁၀)ရာခိုင္ႏႈန္းမွ (၂၀)ရာခိုင္ႏႈန္း အထိ ႀကိဳတင္လ်ာထားႏိုင္သည့္ အတြက္ စစ္မႈထမ္းမပါသူမ်ားကို ျပည္ပႏိုင္ငံသို႔ အလုပ္လုပ္ရန္ ထြက္ ခြင့္ေပးသင့္ေၾကာင္း ၎က ဆိုသည္။
“အဲဒီအသက္အ႐ြယ္နဲ႔ညီတဲ့ က်န္တဲ့လူေတြက တျခားႏိုင္ငံေတြမွာေရာက္ေနတယ္။ ဂ်ပန္ လို ႏိုင္ငံမ်ိဳးကိုထြက္လို႔ရမယ္ဆိုရင္ ျပန္လာၾကမွာပဲ အမ်ားစုက။ ဟိုႏိုင္ငံမွာ မစို႔မပို႔လစာနဲ႔ ဒုကၡေရာက္ ေနၾကမယ့္အတူတူ ႏိုင္ငံအတြက္လည္း အက်ိဳး မရွိဘူး။ အဲဒီဟာမ်ိဳးကို အက်ိဳးရွိေအာင္ ဒီလူေတြကို ျပန္ေခၚလိုက္။ ဒီႏိုင္ငံျခားေတြမွာ ေရာက္ေနတဲ့ လူေတြက တကယ္သာ ဂ်ပန္ကို တရားဝင္ သင္တန္း ေက်ာင္း (၆)လေလာက္တက္ၿပီး သြားလို႔ရတယ္ဆိုရင္ ျပန္လာၾကမွာ အကုန္လုံး သူ႔ဘာသာျပန္လာမွာ။ ဒါေတြကလည္း လုံးဝျငင္းလို႔ရတဲ့ပုစာၦမဟုတ္ဘူး။ စစ္မႈမထမ္းမေနရမွာ ဘယ္ဟာစာရင္းအတိအက် ေပါ့။ လူေတြကို အရင္လုပ္မယ္။ ဥပမာ ငယ္တဲ့လူေတြ ကကြာ ျပန္လာလည္း လုပ္လို႔ရတယ္။ ဥပမာ ဂ်ပန္ဆိုရင္ (၅)ႏွစ္ပဲ။ တခ်ိဳ႕ဟာေတြမွာ (၃)ႏွစ္ပဲေပးမွာ။ ၿပီးရင္ အရင္လို ႏိုင္ငံေရးေလွ်ာက္ၿပီး ေနဖို႔ ဆိုတာ မလြယ္ေတာ့ဘူး။ ဂ်ပန္အစိုးရရဲ႕ ေပၚလစီေတြက ေျပာင္းလာတယ္”ဟု ၎ကဆက္လက္ ေျပာသည္။ ထိုသို႔ ဂ်ပန္ဘက္မွ ေပၚလစီေျပာင္းလဲေနသည့္အတြက္ ျမန္မာႏိုင္ငံဘက္မွလည္း မူဝါဒ ေျပာင္းသင့္ေၾကာင္းႏွင့္ ဂ်ပန္လုပ္သားလိုအပ္ခ်က္သည္ ေဈးကြက္စီးပြားေရးစနစ္ျဖစ္သည့္အတြက္ ျမန္မာႏိုင္ငံမွ လုပ္သားေခၚမရပါက အျခားႏိုင္ငံမွ လုပ္သားေဈးကြက္ အစားထိုးသြားႏိုင္ေၾကာင္း ၎ကဆိုသည္။
“ဝန္ႀကီးေတြက အသစ္ေတြ ခ်ိန္းၿပီးေတာ့ အဲဒီေလာက္မဟုတ္ဘူး။ ဒါေပမဲ့ အလုပ္သမား ဝန္ႀကီး ဌာနရဲ႕ ဒီမိုကေရစီယႏၲရားႀကီးက ျပဳျပင္ရမယ့္အဆင့္ကိုျဖစ္ေနတယ္။ အခုအခက္အခဲေတြေနမွာလည္း အဂတိေတြရွိေနလို႔ ၾကားေနရတယ္။ ဟုတ္မဟုတ္ေတာ့ မသိဘူး။ ဒါက ႏိုင္ငံေတာ္က ေဖာ္ထုတ္မွ ရမယ့္ဟာေတြ ။ ဥပမာ ဒီလိုတန္းစီေနရတယ္ ထြက္လို႔မရဘူး ဂ်ပန္ဆို သိန္း (၁၀ဝ) ေပးရတယ္ဆိုၿပီး အျပင္မွာ သတင္းေတြထြက္ေနေတာ့ အစိုးရအေနနဲ႔ အျမန္စိစစ္သင့္တယ္”ဟု ၎က ေျပာသည္။

Related news

© 2021. All rights reserved.