အီရန်ဘီလျံနာသူဌေးကြီး မိုဟာမက်ဆာအီဒီနီယာ အဖမ်းခံရပြီး ပိုင်ဆိုင်မှုများ အသိမ်းခံရ

 78

ဂျန်ဇက် (NP News) - ဇန်နဝါရီ ၂ဝ

အီရန်နိုင်ငံ၏ နာမည်ကြီး ‘Saedinia’ ကော်ဖီဆိုင်များနှင့် ‘Sohan’(အီရန်ရိုးရာမုန့်) လုပ်ငန်းစုပိုင်ရှင်သူဌေးကြီး မိုဟာမက် ဆာအီဒီနီကို အီရန်အစိုးရကဖမ်းဆီးလိုက်ပြီဖြစ်ကြောင်း သိရှိရပါသည်။ နိုင်ငံတော်က သူ့ကို အကြမ်းဖက် သမားများကို ငွေကြေးထောက်ပံ့သည်ဟူသောစွပ်စွဲချက်ဖြင့် ဖမ်းဆီးခဲ့ပြီး၊ သူ၏ပိုင်ဆိုင်မှုများနှင့် ဘဏ်စာရင်းများကို ပါ ‘ဆူပူအုံကြွမှုကြောင့်ဖြစ်ပေါ်လာသော ပျက်စီးဆုံးရှုံးမှုများ’အတွက်လျော်ကြေးအဖြစ်အသုံးပြုရန် သိမ်းဆည်းလိုက် သည်။
အီရန်အာဏာပိုင်များက ဆာအီဒီနီအား ‘‘ပြည်သူများကို ဆူပူအုံကြွအောင်လှုံ့ဆော်မှု”နှင့် “အကြမ်းဖက် လှုပ်ရှားမှုများကို ငွေကြေးထောက်ပံ့မှု”တို့ဖြင့်စွပ်စွဲထားသည်။ အစိုးရသတင်းရင်းမြစ်များ၏အဆိုအရ ၎င်း၏ငွေကြေး များကို အစိုးရဆန့်ကျင် ရေးဆန္ဒပြပွဲများတွင်အသုံးပြုခဲ့သည်ဟုဆိုသည်။ သို့သော် လွတ်လပ်သောသတင်းရင်းမြစ်များ (ဥပမာ CBS News)၏ဖော်ပြချက်အရ ဆာအီဒီနီ၏ အဓိက ‘ပြစ်မှု’မှာ ဆန္ဒပြပွဲများစတင်ချိန်တွင် သူ၏ကော်ဖီဆိုင် များကိုပိတ်သိမ်း၍ ဆန္ဒပြပြည်သူများနှင့် တစ်သားတည်းရှိကြောင်း လူမှုကွန်ရက်တွင် ထုတ်ဖော်ပြသခဲ့ခြင်းသာ ဖြစ် ကြောင်းသိရသည်။
၎င်းသည် အီရန်နိုင်ငံ၏မြို့တော် တီဟီရန် (Tehran)နှင့် Qom မြို့တို့တွင် လူကြိုက်များသော ကော်ဖီဆိုင် ဆိုင်ခွဲများ၊ မုန့်တိုက်များနှင့် ကုန်တိုက်ကြီး (Shopping Mall)တစ်ခုကို ပိုင်ဆိုင်ထားသူဖြစ်သည်။ ယခုအခါ အီရန် အစိုးရက သူ၏လုပ်ငန်း လိုင်စင်များအားလုံးကို ရုပ်သိမ်းလိုက်ပြီဖြစ်သည်။ ၎င်း၏ဘဏ်စာရင်းများနှင့် ပိုင်ဆိုင်မှုများကို သိမ်းလိုက်ပြီး ဆန္ဒပြပွဲများကြောင့် ဖြစ်ပေါ်ခဲ့သော “သန်းပေါင်းများစွာသော ပျက်စီးဆုံးရှုံးမှုများ” (millions in damages) ကိုကာမိစေရန် နိုင်ငံတော်ဘဏ္ဍာ အဖြစ်သိမ်းယူမည်ဟု အစိုးရရှေ့နေချုပ်ကကြေ ညာခဲ့သည်။
လေ့လာသုံးသပ်သူများကမူ အဆိုပါလုပ် ရပ်သည် အီရန်အစိုးရ၏ “စီးပွားရေး လက်တုံ့ပြန်မှု” (Economic Revenge) တစ်ခုသာဖြစ်ကြောင်း သုံးသပ်ကြသည်။ ဆန္ဒပြပွဲများကိုထောက်ခံသော စီးပွားရေးလုပ်ငန်းရှင်များကို “သင်ခန်းစာပေး”ရန်နှင့် ၎င်း တို့၏ပိုင်ဆိုင်မှုများကိုသိမ်းယူရန် ရည်ရွယ်ချက်ရှိရှိ လုပ်ဆောင်ခြင်းဖြစ်သည်ဟုဆိုသည်။

Zawgyi Version;
အီရန္ဘီလ်ံနာသူေဌးႀကီး မိုဟာမက္ဆာအီဒီနီယာ အဖမ္းခံရၿပီး ပိုင္ဆိုင္မႈမ်ား အသိမ္းခံရ
ဂ်န္ဇက္ (NP News) - ဇန္နဝါရီ ၂ဝ

အီရန္ႏိုင္ငံ၏ နာမည္ႀကီး ‘Saedinia’ ေကာ္ဖီဆိုင္မ်ားႏွင့္ ‘Sohan’(အီရန္႐ိုးရာမုန႔္) လုပ္ငန္းစုပိုင္ရွင္သူေဌးႀကီး မိုဟာမက္ ဆာအီဒီနီကို အီရန္အစိုးရကဖမ္းဆီးလိုက္ၿပီျဖစ္ေၾကာင္း သိရွိရပါသည္။ ႏိုင္ငံေတာ္က သူ႔ကို အၾကမ္းဖက္ သမားမ်ားကို ေငြေၾကးေထာက္ပံ့သည္ဟူေသာစြပ္စြဲခ်က္ျဖင့္ ဖမ္းဆီးခဲ့ၿပီး၊ သူ၏ပိုင္ဆိုင္မႈမ်ားႏွင့္ ဘဏ္စာရင္းမ်ားကို ပါ ‘ဆူပူအုံႂကြမႈေၾကာင့္ျဖစ္ေပၚလာေသာ ပ်က္စီးဆုံးရႈံးမႈမ်ား’အတြက္ေလ်ာ္ေၾကးအျဖစ္အသုံးျပဳရန္ သိမ္းဆည္းလိုက္ သည္။
အီရန္အာဏာပိုင္မ်ားက ဆာအီဒီနီအား ‘‘ျပည္သူမ်ားကို ဆူပူအုံႂကြေအာင္လႈံ႕ေဆာ္မႈ”ႏွင့္ “အၾကမ္းဖက္ လႈပ္ရွားမႈမ်ားကို ေငြေၾကးေထာက္ပံ့မႈ”တို႔ျဖင့္စြပ္စြဲထားသည္။ အစိုးရသတင္းရင္းျမစ္မ်ား၏အဆိုအရ ၎၏ေငြေၾကး မ်ားကို အစိုးရဆန႔္က်င္ ေရးဆႏၵျပပြဲမ်ားတြင္အသုံးျပဳခဲ့သည္ဟုဆိုသည္။ သို႔ေသာ္ လြတ္လပ္ေသာသတင္းရင္းျမစ္မ်ား (ဥပမာ CBS News)၏ေဖာ္ျပခ်က္အရ ဆာအီဒီနီ၏ အဓိက ‘ျပစ္မႈ’မွာ ဆႏၵျပပြဲမ်ားစတင္ခ်ိန္တြင္ သူ၏ေကာ္ဖီဆိုင္ မ်ားကိုပိတ္သိမ္း၍ ဆႏၵျပျပည္သူမ်ားႏွင့္ တစ္သားတည္းရွိေၾကာင္း လူမႈကြန္ရက္တြင္ ထုတ္ေဖာ္ျပသခဲ့ျခင္းသာ ျဖစ္ ေၾကာင္းသိရသည္။
၎သည္ အီရန္ႏိုင္ငံ၏ၿမိဳ႕ေတာ္ တီဟီရန္ (Tehran)ႏွင့္ Qom ၿမိဳ႕တို႔တြင္ လူႀကိဳက္မ်ားေသာ ေကာ္ဖီဆိုင္ ဆိုင္ခြဲမ်ား၊ မုန႔္တိုက္မ်ားႏွင့္ ကုန္တိုက္ႀကီး (Shopping Mall)တစ္ခုကို ပိုင္ဆိုင္ထားသူျဖစ္သည္။ ယခုအခါ အီရန္ အစိုးရက သူ၏လုပ္ငန္း လိုင္စင္မ်ားအားလုံးကို ႐ုပ္သိမ္းလိုက္ၿပီျဖစ္သည္။ ၎၏ဘဏ္စာရင္းမ်ားႏွင့္ ပိုင္ဆိုင္မႈမ်ားကို သိမ္းလိုက္ၿပီး ဆႏၵျပပြဲမ်ားေၾကာင့္ ျဖစ္ေပၚခဲ့ေသာ “သန္းေပါင္းမ်ားစြာေသာ ပ်က္စီးဆုံးရႈံးမႈမ်ား” (millions in damages) ကိုကာမိေစရန္ ႏိုင္ငံေတာ္ဘ႑ာ အျဖစ္သိမ္းယူမည္ဟု အစိုးရေရွ႕ေနခ်ဳပ္ကေၾက ညာခဲ့သည္။
ေလ့လာသုံးသပ္သူမ်ားကမူ အဆိုပါလုပ္ ရပ္သည္ အီရန္အစိုးရ၏ “စီးပြားေရး လက္တုံ႔ျပန္မႈ” (Economic Revenge) တစ္ခုသာျဖစ္ေၾကာင္း သုံးသပ္ၾကသည္။ ဆႏၵျပပြဲမ်ားကိုေထာက္ခံေသာ စီးပြားေရးလုပ္ငန္းရွင္မ်ားကို “သင္ခန္းစာေပး”ရန္ႏွင့္ ၎ တို႔၏ပိုင္ဆိုင္မႈမ်ားကိုသိမ္းယူရန္ ရည္႐ြယ္ခ်က္ရွိရွိ လုပ္ေဆာင္ျခင္းျဖစ္သည္ဟုဆိုသည္။

Related news

© 2021. All rights reserved.