တရုတ်နိုင်ငံမှာ ကလေးမွေးဖွားမှုနှုန်း လေးနှစ်ဆက်တိုက် ကျဆင်း

 154

ရောင်နီ (NP News) - ဇန်နဝါရီ ၂ဝ

၂၀၂၅ ခုနှစ်ဟာ တရုတ်နိုင်ငံရဲ့လူဦးရေလေးနှစ်ဆက်တိုက် ကျဆင်းတဲ့နှစ်ဖြစ်ခဲ့ပြီး မွေးဖွားနှုန်း စံချိန်တင် နိမ့်ကျခဲ့တယ်လို့ တရားဝင်အချက်အလက်တွေအရ ဇန်နဝါရီ ၁၉ ရက်မှာ သိရပါတယ်။ ကျွမ်းကျင်သူတွေကတော့ နောက်နှစ်တွေမှာလည်း ဒီလိုကျဆင်းမှုတွေ ဖြစ်လာနိုင်တယ်လို့ သတိပေးခဲ့ပါတယ်။
လူဦးရေဟာ ၁.၄၀၅ ဘီလီယံရှိတဲ့ နိုင်ငံမှာ ၂ဝ၂၄ ခုနှစ်ထက် လျင်မြန်စွာ ကျဆင်းခဲ့တယ်လို့ ဆိုပါတယ်။ ၂ဝ၂၄ ခုနှစ်ရဲ့မွေးဖွားမှု စုစုပေါင်းဟာ ၇.၉၂ သန်းအထိ ကျဆင်းခဲ့ပြီး ၂ဝ၂၅ ခုနှစ်မှာတော့ ၉.၅၄ သန်းထိ ၁၇ ရာခိုင်နှုန်း ကျဆင်းခဲ့တယ်လို့ ဆိုပါတယ်။ ၂၀၂၄ ခုနှစ်ရဲ့သေဆုံးသူအရေအတွက်ကတော့ ၁၀.၉၃ သန်းမှ ၁၁.၃၁ သန်းအထိ မြင့်တက်ခဲ့တယ်လို့ တရုတ်နိုင်ငံ အမျိုးသားစာရင်းအင်းဗျူရို (NBS) မှ ထုတ်ပြန်တဲ့ စာရင်းဇယားတွေ အရ သိရပါတယ်။ မွေးဖွားနှုန်းဟာ လူ ၁၀၀၀ ကို ၅.၆၃ ဦးအထိ ကျဆင်းသွားခဲ့တာဖြစ်ပြီး သေဆုံးနှုန်းကတော့ ၂၀၂၅ ခုနှစ်မှာ လူ ၁၀၀၀ ကို ၈.၀၄ ဦးနှုန်း တိုးတက်လာတာဖြစ်ပါတယ်။ ဒါဟာ ၁၉၆၈ ခုနှစ်နောက်ပိုင်း အမြင့်ဆုံးနှုန်းထားဖြစ်ပါတယ်။
တရုတ်နိုင်ငံဟာ ၂၀၂၂ ခုနှစ်မှစ နိုင်ငံရဲ့လူဦးရေ ကျုံ့လာခဲ့တာဖြစ်ပြီး လျင်မြန်စွာ အိုမင်းရင့်ရော်လာနေတာ ကြောင့် ပြည်တွင်း သုံးစွဲမှု တိုးမြှင့်ဖို့နဲ့အကြွေးတွေကို ထိန်းချုပ်ဖို့ နိုင်ငံရဲ့အစီအစဉ်ကို ရှုပ်ထွေးစေခဲ့ပါတယ်။

Zawgyi Version;
တ႐ုတ္ႏိုင္ငံမွာ ကေလးေမြးဖြားမႈႏႈန္း ေလးႏွစ္ဆက္တိုက္ က်ဆင္း
ေရာင္နီ (NP News) - ဇန္နဝါရီ ၂ဝ
၂၀၂၅ ခုႏွစ္ဟာ တ႐ုတ္ႏိုင္ငံရဲ႕လူဦးေရေလးႏွစ္ဆက္တိုက္ က်ဆင္းတဲ့ႏွစ္ျဖစ္ခဲ့ၿပီး ေမြးဖြားႏႈန္း စံခ်ိန္တင္ နိမ့္က်ခဲ့တယ္လို႔ တရားဝင္အခ်က္အလက္ေတြအရ ဇန္နဝါရီ ၁၉ ရက္မွာ သိရပါတယ္။ ကြၽမ္းက်င္သူေတြကေတာ့ ေနာက္ႏွစ္ေတြမွာလည္း ဒီလိုက်ဆင္းမႈေတြ ျဖစ္လာႏိုင္တယ္လို႔ သတိေပးခဲ့ပါတယ္။
လူဦးေရဟာ ၁.၄၀၅ ဘီလီယံရွိတဲ့ ႏိုင္ငံမွာ ၂ဝ၂၄ ခုႏွစ္ထက္ လ်င္ျမန္စြာ က်ဆင္းခဲ့တယ္လို႔ ဆိုပါတယ္။ ၂ဝ၂၄ ခုႏွစ္ရဲ႕ေမြးဖြားမႈ စုစုေပါင္းဟာ ၇.၉၂ သန္းအထိ က်ဆင္းခဲ့ၿပီး ၂ဝ၂၅ ခုႏွစ္မွာေတာ့ ၉.၅၄ သန္းထိ ၁၇ ရာခိုင္ႏႈန္း က်ဆင္းခဲ့တယ္လို႔ ဆိုပါတယ္။ ၂၀၂၄ ခုႏွစ္ရဲ႕ေသဆုံးသူအေရအတြက္ကေတာ့ ၁၀.၉၃ သန္းမွ ၁၁.၃၁ သန္းအထိ ျမင့္တက္ခဲ့တယ္လို႔ တ႐ုတ္ႏိုင္ငံ အမ်ိဳးသားစာရင္းအင္းဗ်ဴ႐ို (NBS) မွ ထုတ္ျပန္တဲ့ စာရင္းဇယားေတြ အရ သိရပါတယ္။ ေမြးဖြားႏႈန္းဟာ လူ ၁၀၀၀ ကို ၅.၆၃ ဦးအထိ က်ဆင္းသြားခဲ့တာျဖစ္ၿပီး ေသဆုံးႏႈန္းကေတာ့ ၂၀၂၅ ခုႏွစ္မွာ လူ ၁၀၀၀ ကို ၈.၀၄ ဦးႏႈန္း တိုးတက္လာတာျဖစ္ပါတယ္။ ဒါဟာ ၁၉၆၈ ခုႏွစ္ေနာက္ပိုင္း အျမင့္ဆုံးႏႈန္းထားျဖစ္ပါတယ္။
တ႐ုတ္ႏိုင္ငံဟာ ၂၀၂၂ ခုႏွစ္မွစ ႏိုင္ငံရဲ႕လူဦးေရ က်ဳံ႕လာခဲ့တာျဖစ္ၿပီး လ်င္ျမန္စြာ အိုမင္းရင့္ေရာ္လာေနတာ ေၾကာင့္ ျပည္တြင္း သုံးစြဲမႈ တိုးျမႇင့္ဖို႔နဲ႔အေႂကြးေတြကို ထိန္းခ်ဳပ္ဖို႔ ႏိုင္ငံရဲ႕အစီအစဥ္ကို ရႈပ္ေထြးေစခဲ့ပါတယ္။

Related news

© 2021. All rights reserved.