ဩစတြေးလျမှာ အမျိုးသမီးတစ်ဦးအိပ်နေရင်း ၂.၈ မီတာရှည်လျားတဲ့ မြွေကြီးတစ်ကောင်က ရင်ဘတ်ထိ ရောက်လာမှုဖြစ်

 105

ရောင်နီ (NP News) - ဇန်နဝါရီ ၂ဝ
ဩစတြေးလျမှာ အမျိုးသမီးတစ်ဦးဟာ ညသန်းခေါင်ယံ အိပ်ပျော်နေချိန်မှာ ရင်ဘက်ပေါ် လေးလံတဲ့အရာ တခု ရောက်ရှိလာတာကြောင့် လန့်နိုးခဲ့ပါတယ်။
ပထမ အိမ်မွေးခွေးတွေထဲက တစ်ကောင်က ရင်ဘက်ပေါ်တက်လာတယ်လို့ ထင်မှတ်မိခဲ့ပေမယ့် အဲဒီအရာ ဟာ ၂.၅ မီတာ အရှည်ရှိတဲ့ စပါးကြီးမြွေတစ်ကောင် ဖြစ်နေခဲ့ပါတယ်။ ဩစတြေးလျနိုင်ငံ၊ ဘရစ်စဘိန်းမှာ နေထိုင်သူဖြစ်တဲ့ ရေချယ် ဘလူးဟာ ဇန်နဝါရီ ၁၂ ရက်ညက ဒီဖြစ်ရပ်နဲ့ ထိပ်တိုက်တွေ့ခဲ့တာဖြစ်ပြီး အဲဒီအရာကို လက်နဲ့ စမ်းကြည့်လိုက်ချိန်မှာတော့ ခွေးရဲ့နူးညံ့တဲ့အမွှေးကို မခံစားဘဲ ချောမွေ့ပြီးပြောင်ချောတဲ့ အရာဝတ္ထုတစ်ခု ကို ထိလိုက်မိတယ်လို့ ဆိုပါတယ်။ အဲဒီမြွေကြီးကို နောက်ပိုင်း ပြတင်းပေါက်မှ အပြင်ပြန်ထုတ်ပစ် နိုင်ခဲ့တယ်လို့ သိရပြီး မြွေဟာလည်း ပြတင်းပေါက်ကတဆင့် အိပ်ရာထဲ ဝင်ရောက်လာတယ်လို့ ၎င်းတို့ဇနီးမောင်နှံက ယူဆ ထားကြပါတယ်။
မစ္စရေချယ်ဘလူးကတော့ မဖိတ်ခေါ်ဘဲ ရောက်လာတဲ့ ဧည့်သည်ဟာ ဖားမဟုတ်ဘဲ မြွေတစ်ကောင် ဖြစ်နေတာ ကောင်းတဲ့အရာဖြစ်ပြီး သူမက မြွေထက် ဖားကို ပိုကြောက်တယ်လို့ ဆိုပါတယ်။ ဩစတြေးလျနိုင်ငံဟာ သဘာဝတောရိုင်းတရိစ္ဆာန်များစွာတို့ရဲ့ နေအိမ်ဖြစ်ပြီး ရံဖန်ရံခါဆိုသလို မြွေတွေက လူတွေနေထိုင်ရာအိမ်တွေထဲ ဝင်ရောက်ခိုအောင်းမှုကြောင့် နေထိုင်သူတွေ အထိပ်တလန့်ဖြစ်ရတဲ့ဖြစ်ရပ်များစွာ ရှိပါတယ်။

Zawgyi Version;
ဩစေၾတးလ်မွာ အမ်ိဳးသမီးတစ္ဦး အိပ္ေနရင္း ၂.၈ မီတာရွည္လ်ားတဲ့ ေႁမြႀကီးတစ္ေကာင္က ရင္ဘတ္ထိ ေရာက္လာမႈျဖစ္
ေရာင္နီ (NP News) - ဇန္နဝါရီ ၂ဝ
ဩစေၾတးလ်မွာ အမ်ိဳးသမီးတစ္ဦးဟာ ညသန္းေခါင္ယံ အိပ္ေပ်ာ္ေနခ်ိန္မွာ ရင္ဘက္ေပၚ ေလးလံတဲ့အရာ တခု ေရာက္ရွိလာတာေၾကာင့္ လန႔္ႏိုးခဲ့ပါတယ္။
ပထမ အိမ္ေမြးေခြးေတြထဲက တစ္ေကာင္က ရင္ဘက္ေပၚတက္လာတယ္လို႔ ထင္မွတ္မိခဲ့ေပမယ့္ အဲဒီအရာ ဟာ ၂.၅ မီတာ အရွည္ရွိတဲ့ စပါးႀကီးေႁမြတစ္ေကာင္ ျဖစ္ေနခဲ့ပါတယ္။ ဩစေၾတးလ်ႏိုင္ငံ၊ ဘရစ္စဘိန္းမွာ ေနထိုင္သူျဖစ္တဲ့ ေရခ်ယ္ ဘလူးဟာ ဇန္နဝါရီ ၁၂ ရက္ညက ဒီျဖစ္ရပ္နဲ႔ ထိပ္တိုက္ေတြ႕ခဲ့တာျဖစ္ၿပီး အဲဒီအရာကို လက္နဲ႔ စမ္းၾကည့္လိုက္ခ်ိန္မွာေတာ့ ေခြးရဲ႕ႏူးညံ့တဲ့အေမႊးကို မခံစားဘဲ ေခ်ာေမြ႕ၿပီးေျပာင္ေခ်ာတဲ့ အရာဝတၳဳတစ္ခု ကို ထိလိုက္မိတယ္လို႔ ဆိုပါတယ္။ အဲဒီေႁမြႀကီးကို ေနာက္ပိုင္း ျပတင္းေပါက္မွ အျပင္ျပန္ထုတ္ပစ္ ႏိုင္ခဲ့တယ္လို႔ သိရၿပီး ေႁမြဟာလည္း ျပတင္းေပါက္ကတဆင့္ အိပ္ရာထဲ ဝင္ေရာက္လာတယ္လို႔ ၎တို႔ဇနီးေမာင္ႏွံက ယူဆ ထားၾကပါတယ္။
မစၥေရခ်ယ္ဘလူးကေတာ့ မဖိတ္ေခၚဘဲ ေရာက္လာတဲ့ ဧည့္သည္ဟာ ဖားမဟုတ္ဘဲ ေႁမြတစ္ေကာင္ ျဖစ္ေနတာ ေကာင္းတဲ့အရာျဖစ္ၿပီး သူမက ေႁမြထက္ ဖားကို ပိုေၾကာက္တယ္လို႔ ဆိုပါတယ္။ ဩစေၾတးလ်ႏိုင္ငံဟာ သဘာဝေတာ႐ိုင္းတရိစာၦန္မ်ားစြာတို႔ရဲ႕ ေနအိမ္ျဖစ္ၿပီး ရံဖန္ရံခါဆိုသလို ေႁမြေတြက လူေတြေနထိုင္ရာအိမ္ေတြထဲ ဝင္ေရာက္ခိုေအာင္းမႈေၾကာင့္ ေနထိုင္သူေတြ အထိပ္တလန႔္ျဖစ္ရတဲ့ျဖစ္ရပ္မ်ားစြာ ရွိပါတယ္။

Related news

© 2021. All rights reserved.