(၂၀၂၅-၂၀၂၆) ရာသီ ချန်ပီယံလိဂ် ပွဲစဉ်(၇) ရဲ့ ပွဲကြိုသုံးသပ်ချက်များ

 92

ရဲထက် (NP News) - ဇန်နဝါရီ ၂ဝ

(၂၀၂၅-၂၀၂၆) ဘောလုံးရာသီရဲ့ ချန်ပီယံလိဂ်ညချမ်းတွေကို ပြန်လည်ခံစားရဖို့ရှိနေတာ ကြောင့် ပွဲစဉ်တိုင်းက ပိုကြည့်ကောင်းလာမှာဖြစ်သလို အသင်းကြီးတွေရဲ့ပြိုင်ဆိုင်မှုတွေကလည်း ပိုပြီး မြိုင်ဆိုင်လာဖို့ရှိနေပါတယ်။ လက်ရှိချန်ပီယံလိဂ်မှာ ချန်ပီယံဖြစ်ဖို့ ရေပန်းစားနေတဲ့အသင်းတွေကတော့ အာဆင်နယ်၊ ဘိုင်ယန်မြူးနစ်နဲ့ လက်ရှိချန်ပီယံ PSG အသင်းတို့ဖြစ်ပြီး မန်စီးတီးအသင်းနဲ့ ရီးရဲလ်မက် ဒရစ် အသင်းတွေကလည်း ချန်ပီယံဖြစ်ဖို့ရေပန်းစားနေပါတယ်။ ဒါ့ပြင် ချန်ပီယံဖြစ်ဖို့ အလားအလာရှိတဲ့ အသင်းတွေထဲမှာ ပရီးမီးယားလိဂ်က (၄)သင်းအထိ ပါဝင်လာသလို ဘွန်ဒက်လီဂါ၊ လာလီဂါနဲ့ စီးရီးအေ က အသင်း(၂)သင်းစီပါဝင်နေသလို ပြင်သစ်လီဂူးမှာတော့ PSG တစ်သင်းတည်းသာပါဝင်နေပါတယ်။ ဒါ ကြောင့် ဒီတစ်ပတ်မှာတော့ NP News ကနေ ချန်ပီယံလိဂ်ပြိုင်ပွဲမှာ ဗိုလ်စွဲဖို့ ရေပန်းစားနေတဲ့ အသင်း ကြီးတွေရဲ့ အကောင်းဆုံးပွဲစဉ်တွေကို ရွေးချယ်သုံးသပ်ပေးချင်ပါတယ်။

အင်တာမီလန် Vs အာဆင်နယ်
ချန်ပီယံလိဂ် နောက်ဆုံးထိပ်တိုက်တွေ့ဆုံမှု
အင်တာမီလန် ဝ - ၄ အာဆင်နယ်(၇-၁၁-၂၀၂၄)
NP News အကြိုက် ပွဲကြိုသုံးသပ်ချက်
အင်တာမီလန် ၂ - ၂ အာဆင်နယ်
အင်တာမီလန် ၁ - ၂ အာဆင်နယ်

ဒီနှစ်သင်းရဲ့ ထိပ်တိုက်တွေ့ဆုံမှုက ပြိုင်ဆိုင်မှုအနေအထားအရကြည့်ရင် အင်တာမီလန်အသင်း က အီတလီစီးရီးအေမှာ ဒီရာသီရဲ့ အကောင်း ဆုံအသင်းအဖြစ် ရပ်တည်နေသလို ချန်ပီယံဖြစ်ဖို့လည်း ထိပ်ဆုံးက ဦးဆောင်နေတဲ့အသင်းဖြစ်ပါတယ်။ အလားတူ အာဆင်နယ်အသင်းကလည်း ဒီရာသီမှာ ပရီး မီးယားလိဂ်ရဲ့ အကောင်းဆုံးအသင်းအဖြစ် ထိပ်ဆုံးမှာရပ်တည်နေသလို ချန်ပီယံလိဂ်မှာ ရှုံးပွဲမရှိသေးတဲ့ အသင်းဖြစ်တာကြောင့် ဒီနှစ်သင်းရဲ့ထိပ်တိုက်တွေ့ဆုံမှုက တကယ်ကို ကြည့်ကောင်းတဲ့ပွဲစဉ် တစ်ပွဲဖြစ် လာဖို့ရှိနေပါတယ်။ အထူးသဖြင့် နောက်တန်းခံစစ်ကောင်းတဲ့အပြင် ကွင်းလယ်ပိုင်းမှာလည်း လုပ်အား နှုန်းကောင်းတဲ့ ကစားသမားတွေရှိနေတာကြောင့် အင်တာမီလန်အသင်းကို ဒီရာသီမှာလည်း ချန်ပီယံ လောင်းစာရင်းထဲကိုထည့်ထားဖို့ လိုအပ်မှာလည်းဖြစ်ပါတယ်။ အာဆင်နယ်အသင်းကတော့ ချန်ပီယံ လိဂ်မှာရော ပရီးမီးယားလိဂ်မှာပါ ဗိုလ်စွဲဖို့ ရေပန်းစားနေတဲ့အသင်းဖြစ်တဲ့အပြင် အမှတ်ပေးဇယားရဲ့ ထိပ်ဆုံးနေရာမှာ ရပ်တည်နေတဲ့အသင်းဖြစ်ပါတယ်။ နည်းပြ အာတီတာလက်ထက်မှာ အမြင့်ဆုံးစွမ်း ဆောင်ရည်တွေကို ပြသနေတဲ့ အာဆင်နယ်အသင်း ဒီရာသီမှာ မျှော်လင့်ချင်စရာကောင်းတဲ့ ချန်ပီယံ လိဂ်အိမ်မက်ကို မက်ခွင့်ရှိနေသလို ပရီးမီးယားလိဂ်ကိုလည်း မျှော်လင့်ချင်စရာခြေစွမ်းတွေ ပြသထား နိုင်ခဲ့တာပါ။ အာဆင်နယ်အသင်းရဲ့ ခံစစ်ပိုင်းက ကမ္ဘာပေါ်က အသင်းတွေအားလုံးအတွက် အိမ်မက်ဆိုး တစ်ခုဖြစ်ပြီး လူစာရင်းသာစုံခဲ့ရင် အာဆင်နယ်အသင်းဘက်ကို ဂိုးသွင်းနိုင်ဖို့ လွယ်ကူမှာမဟုတ်တာ သေချာနေပါတယ်။ ဒါ့ပြင် တိုက်စစ်ပိုင်းနဲ့ ကွင်းလယ်ပိုင်းလည်း ကမ္ဘာ့အဆင့် ကစားသမားအများစုကို ပိုင်ဆိုင်ထားတဲ့အာဆင်နယ် အသင်းဟာ တဖြည့်းဖြည်းနဲ့ တိုးတက်လာခဲ့တဲ့ အသီးအပွင့်တွေကို ကစား သမားတွေရော ပရိသတ်တွေပါ ခံစားလာရပြီလို့ဆိုနိုင်ပါတယ်။ ဒါပေမဲ့ အင်တာမီလန်အသင်းကို တစ် ကြိမ်တွေ့ဆုံထားပြီး အာဆင်နယ်အသင်းက (၁)ဂိုးနဲ့ ရှုံးနိမ့်ထားတာကြောင့် ဒီပွဲစဉ်မှာ အာဆင်နယ် အသင်းအနေနဲ့ ပြန်လည်ချေပနိုင်မလားဆိုတာကို စောင့်ကြည့်ရဖို့ရှိနေပါတယ်။ ဒါကြောင့် ဒီပွဲစဉ်ကို ခန့်မှန်းရရင် အင်တာမီလန် အသင်းက အိမ်ကွင်းမှာ ကစားရမှာဆိုပေမယ့် အာဆင်နယ်အသင်းရဲ့ မနှစ်ကနဲ့မတူတဲ့ ခြေစွမ်းနဲ့ကစားပုံကြောင့် အင်တာမီလန်အသင်းအနေနဲ့ အိမ်ကွင်းမှာ နိုင်ပွဲရဖို့ ခက်ခဲ နိုင်ပါတယ်။ အပြန်အလှန် သွင်းဂိုးတော့ မြင်တွေ့ရဖို့ရှိပေမယ့် တစ်ဖက်နဲ့ တစ်ဖက် ဂိုးများများသွင်းဖို့ လွယ်ကူနေမှာမဟုတ်တာကြောင့် ဒီပွဲစဉ်က သရေလည်း ကျသွားနိုင်သလို နိုင်ပွဲအနေနဲ့ကတော့ အာဆင် နယ်အသင်းဘက်က အခွင့်အရေးပိုများပါတယ်။

ရီးရဲလ်မက်ဒရစ် Vs မိုနာကို

NP News အကြိုက် ပွဲကြိုသုံးသပ်ချက်
ရီးရဲလ်မက်ဒရစ် ၂ - ဝ မိုနာကို
ရီးရဲလ်မက်ဒရစ် ၂ - ၁ မိုနာကို

ရီးရဲလ်မက်ဒရစ်အသင်းဟာ ဒီရာသီနည်းပြသစ်အဖြစ်တာဝန်ယူခဲ့တဲ့ ဇာဗီအလွန်ဆိုရဲ့ ရာထူး ကနေ နုတ်ထွက်သွားမှုကြောင့် လာမယ့်ပွဲစဉ်တွေမှာအသင်းအတွက် နိုင်ပွဲတွေရယူနိုင်ဖို့ ခက်ခဲနေမှာ ဖြစ်သလို လက်ရှိလူစာရင်းအရလည်း လိုအပ်ချက်တွေရှိနေတဲ့အသင်းဖြစ်ပါတယ်။ ပြီးခဲ့တဲ့ လာလီဂါ စူပါဖလားဖိုင်နယ်ပွဲစဉ်မှာ ဘာစီလိုနာအသင်းကို ရှုံးနိမ့်ခဲ့မှုက နည်းပြအလွန်ဆိုနဲ့ ဥက္ကဋ္ဌဖြစ်တဲ့ ပီရက်ဇ် တို့ကြားမှာ မပြေလည်မှုတွေရှိလာခဲ့ပြီး နုတ်ထွက်မှုတွေနဲ့ နှစ်ဦးကြားမှာ လမ်းခွဲသွားခဲ့ရတာဖြစ်ပါတယ်။ ရီးရဲလ်မက်ဒရစ်ရဲ့အဓိကပြဿနာကတော့ ကစားသမားကောင်းတွေရှိလျက်နဲ့ နည်းပြအလွန်ဆိုရဲ့ လူ ငယ်တွေအပေါ် နေရာပေးလွန်ကဲမှုတွေကြောင့်ဖြစ်သလို တိုက်စစ်ပိုင်းမှာ သေချာရေရာ လူစာရင်းတစ်ခု ကို ကောင်းကောင်းအသုံးမချနိုင်တာကလည်း နိုင်ပွဲတွေအတွက် အဓိက လိုအပ်ချက်တစ်ခုဖြစ်ပါတယ်။ ဒါ့ပြင် အမ်ဘတ်ပီနဲ့ ဗင်နီးဇီယက်တို့ကြားက လိုအပ်ချက်တွေအပြင် အမ်ဘတ်ပီထက် လူငယ် တိုက်စစ် ကစားသမား ဂါစီရာကို နေရာပေးလွန်းတာကြောင့်လည်း ပရိသတ်တွေရဲ့မကျေနပ်မှုတွေနဲ့ ရင်ဆိုင်ခဲ့ရ တာဖြစ်ပါတယ်။ ရမိုနာကိုအသင်းကတော့ ပြီးခဲ့တဲ့ရာသီက ပြင်သစ်လီဂူးမှာ ခြေစွမ်းပိုင်း ကောင်းမွန် တဲ့အသင်းဖြစ်ပြီး PSG ၊မာဆေးလ်အသင်းတို့နဲ့အပြိုင် လီဂူးချန်ပီယံဆုကို စိန်ခေါ်နေတဲ့အသင်း ဖြစ်ပါ တယ်။ ဒါပေမဲ့ ဒီရာသီမှာ‌တော့ ခြေစွမ်းပိုင်းအနည်းငယ်ကျဆင်းနေသလို ချန်ပီယံလိဂ်မှာရော လီဂူးမှာ ပါ ရလဒ်ပိုင်းဆိုးရွားနေတဲ့အသင်းလို့ ဆိုနိုင်ပါတယ်။ ဒါကြောင့် ဒီပွဲစဉ်က နှစ်သင်းလုံးအတွက် ခက်ခဲ နေတဲ့ကာလမှာ ထိပ်တိုက်တွေ့ဆုံနေတာကြောင့် သရေကျဖို့များနိုင်ပြီး နိုင်ပွဲအနေနဲ့ကတော့ ချန်ပီယံ လိဂ်ပြိုင်ပွဲတွေမှာ ခြေစွမ်းကောင်းတတ်တဲ့ ရီးရဲလ် မက်ဒရစ်အသင်းက နိုင်ပွဲရဖို့များပါတယ်။ ဂိုးတော့ မပြတ်ပါဘူး။

မာဆေးလ် Vs လီဗာပူးလ်
NP News အကြိုက် ပွဲကြိုသုံးသပ်ချက်
မာဆေးလ် ၁ -၂ လီဗာပူးလ်
မာဆေးလ် ၂ - ၃ လီဗာပူးလ်
ဒီနှစ်ရဲ့ ထိပ်တိုက်တွေ့ဆုံမှုက ကလပ်အသင်းနှစ်ကြားက ပြိုင်ဆိုင်မှုတွေအပြင် ခြေစွမ်းပိုင်းအရ မကွာဟတဲ့ ခြေစွမ်းမျိုးတန်းတူအနေအထားမှာရှိနေတာကြောင့် ဒီပွဲစဉ်က ကြည့်ကောင်းမယ့် ပွဲစဉ်ဖြစ် ပါတယ်။ အောင်မြင်မှုအနေအထားအရပြန်ကြည့်ရင်တော့ လီဗာပူးလ်အသင်းက ချန်ပီယံဆုကို (၆)ကြိမ် ရထားဖူးတာကြောင့် မာဆေးလ်အသင်းထက် အောင်မြင်မှုပိုများတယ်လို့ ဆိုနိုင်ပါတယ်။ မာဆေးလ် အသင်းကတော့ ချန်ပီယံလိဂ်ဆုဖလားကို တစ်ကြိမ်သာ ရယူထားနိုင်တဲ့အသင်းဖြစ်ပေမယ့် ပြင်သစ် လီဂူးမှာ အစဉ်အလာအရ ကြီးမာတဲ့အောင်မြင်မှုတစ်ခု ရယူထားနိုင်တဲ့အသင်းကောင်းတစ်သင်းဖြစ်ပါ တယ်။ ပိုစိတ်ဝင်စားစရာကကောင်းတဲ့အချက်က ဒီနှစ်သင်းဟာ ထိပ်တိုက်တွေ့ဆုံမှု တစ်ကြိမ်တစ်ခါမှာ မရှိထားတဲ့အပြင် ချန်ပီယံလိဂ်ဝင်ခွင့်တစ်နေရာရဖို့နဲ့ ထိပ်ဆုံး အသင်း(၄)သင်းမှာရှိနေတဲ့အသင်းတွေ ဖြစ်ပါတယ်။ ပြည်တွင်းလိဂ်ပြိုင်ပွဲတွေမှာ လီဗာပူးလ် အသင်းရဲ့စွမ်းဆောင်ရည်က ချန်ပီယံဖြစ်ဖို့ မဖြစ် နိုင်တော့ဘူးဆိုပေမယ့် မာဆေးလ်အသင်းကတော့ ချန်ပီယံမျှော်လင့်ချက်ရှိနေသေးတဲ့ အသင်းဖြစ်ပါ တယ်။ ဒါပေမဲ့ လီဗာပူးလ်အသင်းဟာ နောက်ပိုင်းပွဲစဉ်တွေမှာ ခြေစွမ်းပိုင်းပြန်ကောင်းလာတဲ့အပြင် နိုင်ပွဲတွေလည်း ပြန်လည်ရှာဖွေထားနိုင်တာကြောင့် မာဆေးလ်အသင်းကို အကောင်းဆုံး ရင်ဆိုင်သွာဖို့ ရှိနေပါတယ်။ ဒါကြောင့် မာဆေးလ်အသင်းရဲ့အိမ်ကွင်းမှာ အပြန်အလှန်သွင်းဂိုးတွေနဲ့ သရေကျသွားနိုင် သလို လီဗာပူးလ်အသင်းက တစ်ဂိုးလောက်အကွာနဲ့သာ ကပ်နိုင်ပါမယ်။

ဂျူဗင်တပ် Vs ဘင်ဖီကာ
ချန်ပီယံလိဂ် နောက်ဆုံးထိပ်တိုက်တွေ့ဆုံမှု
ဂျူဗင်တပ် ဝ - ၂ ဘင်ဖီကာ (၃၀-၁-၂၀၂၄)
ဘင်ဖီကာ ၄ - ၃ ဂျူဗင်တပ် (၂၆-၁၀-၂၀၂၄)
NP News အကြိုက် ပွဲကြိုသုံးသပ်ချက်
ဂျူဗင်တပ် ၁ - ၁ ဘင်ဖီကာ
ဂျူဗင်တပ် ၂ - ၂ ဘင်ဖီကာ

ဒီနှစ်သင်းရဲ့ ထိပ်တိုက်တွေ့ဆုံမှုကလည်း တကယ်ကို ကြည့်ကောင်းမယ့်ပွဲကောင်းတစ်ပွဲ ဖြစ်ပြီး ခြေစွမ်းပိုင်ညီမျှတဲ့ အသင်းနှစ်သင်းဖြစ်ပါတယ်။ တကယ်တော့ ဂျူဗင်တပ်အသင်းနဲ့ ဘင်ဖီကာ အသင်း ဟာ ချန်ပီယံလိဂ်သမိုင်းမှာ ချန်ထားလို့မရတဲ့အသင်းကောင်းတွေဖြစ်ပြီး ချန်ပီယံဆုကိုလည်း (၂)ကြိမ်စီ ရယူထားနိုင်တဲ့အသင်းကောင်းတွေဖြစ်ပါတယ်။ ဒါ့ပြင် သက်ဆိုင်ရာလိဂ်တွေမှာလည်း ချန်ပီယံ ဆုတွေ ကို အကြိမ်ကြိမ်ရယူထားနိုင်ခဲ့ကြတဲ့အထိ သမိုင်းအစဉ်အလာ ကြီးမားတဲ့အသင်းကြီးတွေဖြစ်ပါတယ်။ ဒါပေမဲ့ ဂျူဗင်တပ်အသင်းဟာ ရော်နယ်ဒို ထွက်ခွာသွားပြီးနောက်ပိုင်းကတည်းက ချန်ပီယံလိဂ်မှာ သာမန်ခြေစွမ်းလောက်သာရှိတဲ့ အဆိပ်မရှိတဲ့အသင်းဖြစ်သွားခဲ့တဲ့အပြင် အုပ်စုအဆင့်ကနေ တက်ဖို့ တောင် ခက်ခဲနေရတဲ့အသင်းဖြစ်သွားခဲ့ပါတယ်။ ဘင်ဖီကာအသင်းကလည်း ပြီးခဲ့တဲ့ ပြည်တွင်း လိဂ် ပြိုင်ပွဲတွေမှာ ခြေစွမ်းကောင်းပေမယ့် ချန်ပီယံဆုနဲ့ လွဲချော်ခဲ့ရပြီး(၃)နှစ်အတွင်း ခြေစွမ်းပိုင်းကျဆင်းမှု က ဆိုးရွားနေခဲ့ပြီပဲဖြစ်ပါတယ်။ ဒီနှစ်သင်းကြားက တူညီတဲ့ ခြေစွမ်းပိုင်းတွေအပြင် ချန်ပီယံလိဂ်မှာ မကြာခဏတွေ့ဆုံတတ်တဲ့ အသင်းနှစ်သင်းကြားက ခြေစွမ်းပိုင်းတွေကိုလည်း စောင့်ကြည့်သွားရဖို့ ရှိ နေပါတယ်။ ဒါကြောင့် ဒီပွဲစဉ်က အိမ်ကွင်းအားသာချက်ရှိတဲ့ ဂျူဗင်တပ်အသင်းက အသာစီးရယူနိုင်ဖို့ရှိ နေပေမယ့် ဘင်ဖီကာအသင်းကလည်း ချေပနိုင်တဲ့ခြေစွမ်းမျိုးတွေရှိတာကြောင့် ဒီပွဲစဉ်က အပြန်အလှန် သွင်းဂိုးတွေကို မြင်တွေ့ရမှာဖြစ်ပြီး သရေကျဖို့များတဲ့ ပွဲစဉ်တစ်ပွဲဖြစ်ပါတယ်။

ဘိုင်ယန်မြူးနစ် Vs USG
NP News အကြိုက် ပွဲကြိုသုံးသပ်ချက်
ဘိုင်ယန်မြူးနစ် ၄ - ဝ USG
ဘိုင်ယန်မြူးနစ် ၃ - ဝ USG
ဘိုင်ယန်မြူးနစ်အသင်းက ဒီရာသီ ဘွန်ဒက်လီဂါမှာ ခြေစွမ်းပိုင်အရရော ရလဒ်ပိုင်းအရပါ အပြတ်အသတ် ဦးဆောင်ထားတဲ့အသင်းဖြစ်ပြီး ရာသီဝက်ကျော်လာချိန်အထိ ရမှတ် (၁၁)မှတ် ဖြတ် ထားနိုင်တဲ့အသင်းဖြစ်ပါတယ်။ ဒါ့ပြင် ချန်ပီယံလိဂ်မှာလည်း အာဆင်နယ်အသင်းနဲ့အပြိုင် အမှတ်ပေး ဇယားရဲ့ အဆင့်(၂)နေရာမှာ ရပ်တည်နေပြီး ချန်ပီယံဖြစ်ဖို့လည်း ရေပန်းစားနေတဲ့အသင်းလို့ ဆိုနိုင်ပါ တယ်။ ဒါပေမဲ့ ပြီးခဲ့တဲ့ (၅)နှစ်အတွင်းမှာ ချန်ပီယံလိဂ်ရလဒ်မကောင်းခဲ့တဲ့ ဘိုင်ယန်မြူးနစ် အသင်း အတွက် ဒီရာသီမှာ ပြန်လည်ရယူသွားနိုင်မလားဆိုတာကို စောင့်ကြည့်ရဖို့ရှိနေပြီး ခြေစွမ်းပိုင်း အရ လည်း မျှော်လင့်ချင်စရာကောင်းနေပါတယ်။ အဓိကအားသာချက်ကတော့ လူးဝစ်ဒီယက်ဇ်နဲ့ ဟယ်ရီ ကိန်းတို့ ရောက်ရှိသွားမှုက တိုက်စစ်ပိုင်းက သွင်းဂိုးတွေအတွက် စိတ်ချသွားရသလို ပိုပြီးတော့လည်း အားကောင်းလာတာကိုတွေ့ရပါတယ်။ ဒီပွဲစဉ်ကိုသာနိုင်ခဲ့ရင် ဘိုင်ယန်မြူးနစ်အသင်းအနေနဲ့ ချန်ပီယံ လိဂ် အမှတ်ပေးဇယားကို ဦးဆောင်နိုင်ဖို့မျှော်လင့်နိုင်ပြီး ဒီပွဲစဉ်ကလည်း ဘယ်လ်ဂျီယံက ကလပ် အသင်းလေးကို ရင်ဆိုင်ရမှာဖြစ်တာကြောင့် ဂိုးပြတ် နိုင်ပွဲရဖို့များပါတယ်။
၂၁ - ၁ -၂၀၂၆ (ဗုဒ္ဓဟူးနေ့)
နံနက်(၂း၃၀) အင်တာမီလန် Vs အာဆင်နယ်
နံနက်(၂း၃၀) ရီးရဲလ်မက်ဒရစ် Vs မိုနာကို
နံနက် (၂း၃၀) ကိုဗင်ဟေဂင် Vs နာပိုလီ
၂၂-၁-၂၀၂၆ (ကြသပတေးနေ့နံနက်ပိုင်း)
နံနက်(၂း၃၀) မာဆေးလ် Vs လီဗာပူးလ်
နံနက်(၂း၃၀) ဂျူဗင်တပ် Vs ဘင်ဖီကာ

Zawgyi Version;
(၂၀၂၅-၂၀၂၆) ရာသီ ခ်န္ပီယံလိဂ္ ပြဲစဥ္(၇) ရဲ႕ ပြဲႀကိဳသုံးသပ္ခ်က္မ်ား
ရဲထက္ (NP News) - ဇန္နဝါရီ ၂ဝ
(၂၀၂၅-၂၀၂၆) ေဘာလုံးရာသီရဲ႕ ခ်န္ပီယံလိဂ္ညခ်မ္းေတြကို ျပန္လည္ခံစားရဖို႔ရွိေနတာ ေၾကာင့္ ပြဲစဥ္တိုင္းက ပိုၾကည့္ေကာင္းလာမွာျဖစ္သလို အသင္းႀကီးေတြရဲ႕ၿပိဳင္ဆိုင္မႈေတြကလည္း ပိုၿပီး ၿမိဳင္ဆိုင္လာဖို႔ရွိေနပါတယ္။ လက္ရွိခ်န္ပီယံလိဂ္မွာ ခ်န္ပီယံျဖစ္ဖို႔ ေရပန္းစားေနတဲ့အသင္းေတြကေတာ့ အာဆင္နယ္၊ ဘိုင္ယန္ျမဴးနစ္နဲ႔ လက္ရွိခ်န္ပီယံ PSG အသင္းတို႔ျဖစ္ၿပီး မန္စီးတီးအသင္းနဲ႔ ရီးရဲလ္မက္ ဒရစ္ အသင္းေတြကလည္း ခ်န္ပီယံျဖစ္ဖို႔ေရပန္းစားေနပါတယ္။ ဒါ့ျပင္ ခ်န္ပီယံျဖစ္ဖို႔ အလားအလာရွိတဲ့ အသင္းေတြထဲမွာ ပရီးမီးယားလိဂ္က (၄)သင္းအထိ ပါဝင္လာသလို ဘြန္ဒက္လီဂါ၊ လာလီဂါနဲ႔ စီးရီးေအ က အသင္း(၂)သင္းစီပါဝင္ေနသလို ျပင္သစ္လီဂူးမွာေတာ့ PSG တစ္သင္းတည္းသာပါဝင္ေနပါတယ္။ ဒါ ေၾကာင့္ ဒီတစ္ပတ္မွာေတာ့ NP News ကေန ခ်န္ပီယံလိဂ္ၿပိဳင္ပြဲမွာ ဗိုလ္စြဲဖို႔ ေရပန္းစားေနတဲ့ အသင္း ႀကီးေတြရဲ႕ အေကာင္းဆုံးပြဲစဥ္ေတြကို ေ႐ြးခ်ယ္သုံးသပ္ေပးခ်င္ပါတယ္။

အင္တာမီလန္ Vs အာဆင္နယ္
ခ်န္ပီယံလိဂ္ ေနာက္ဆုံးထိပ္တိုက္ေတြ႕ဆုံမႈ
အင္တာမီလန္ ဝ - ၄ အာဆင္နယ္(၇-၁၁-၂၀၂၄)
NP News အႀကိဳက္ ပြဲႀကိဳသုံးသပ္ခ်က္
အင္တာမီလန္ ၂ - ၂ အာဆင္နယ္
အင္တာမီလန္ ၁ - ၂ အာဆင္နယ္

ဒီႏွစ္သင္းရဲ႕ ထိပ္တိုက္ေတြ႕ဆုံမႈက ၿပိဳင္ဆိုင္မႈအေနအထားအရၾကည့္ရင္ အင္တာမီလန္အသင္း က အီတလီစီးရီးေအမွာ ဒီရာသီရဲ႕ အေကာင္း ဆုံအသင္းအျဖစ္ ရပ္တည္ေနသလို ခ်န္ပီယံျဖစ္ဖို႔လည္း ထိပ္ဆုံးက ဦးေဆာင္ေနတဲ့အသင္းျဖစ္ပါတယ္။ အလားတူ အာဆင္နယ္အသင္းကလည္း ဒီရာသီမွာ ပရီး မီးယားလိဂ္ရဲ႕ အေကာင္းဆုံးအသင္းအျဖစ္ ထိပ္ဆုံးမွာရပ္တည္ေနသလို ခ်န္ပီယံလိဂ္မွာ ရႈံးပြဲမရွိေသးတဲ့ အသင္းျဖစ္တာေၾကာင့္ ဒီႏွစ္သင္းရဲ႕ထိပ္တိုက္ေတြ႕ဆုံမႈက တကယ္ကို ၾကည့္ေကာင္းတဲ့ပြဲစဥ္ တစ္ပြဲျဖစ္ လာဖို႔ရွိေနပါတယ္။ အထူးသျဖင့္ ေနာက္တန္းခံစစ္ေကာင္းတဲ့အျပင္ ကြင္းလယ္ပိုင္းမွာလည္း လုပ္အား ႏႈန္းေကာင္းတဲ့ ကစားသမားေတြရွိေနတာေၾကာင့္ အင္တာမီလန္အသင္းကို ဒီရာသီမွာလည္း ခ်န္ပီယံ ေလာင္းစာရင္းထဲကိုထည့္ထားဖို႔ လိုအပ္မွာလည္းျဖစ္ပါတယ္။ အာဆင္နယ္အသင္းကေတာ့ ခ်န္ပီယံ လိဂ္မွာေရာ ပရီးမီးယားလိဂ္မွာပါ ဗိုလ္စြဲဖို႔ ေရပန္းစားေနတဲ့အသင္းျဖစ္တဲ့အျပင္ အမွတ္ေပးဇယားရဲ႕ ထိပ္ဆုံးေနရာမွာ ရပ္တည္ေနတဲ့အသင္းျဖစ္ပါတယ္။ နည္းျပ အာတီတာလက္ထက္မွာ အျမင့္ဆုံးစြမ္း ေဆာင္ရည္ေတြကို ျပသေနတဲ့ အာဆင္နယ္အသင္း ဒီရာသီမွာ ေမွ်ာ္လင့္ခ်င္စရာေကာင္းတဲ့ ခ်န္ပီယံ လိဂ္အိမ္မက္ကို မက္ခြင့္ရွိေနသလို ပရီးမီးယားလိဂ္ကိုလည္း ေမွ်ာ္လင့္ခ်င္စရာေျခစြမ္းေတြ ျပသထား ႏိုင္ခဲ့တာပါ။ အာဆင္နယ္အသင္းရဲ႕ ခံစစ္ပိုင္းက ကမာၻေပၚက အသင္းေတြအားလုံးအတြက္ အိမ္မက္ဆိုး တစ္ခုျဖစ္ၿပီး လူစာရင္းသာစုံခဲ့ရင္ အာဆင္နယ္အသင္းဘက္ကို ဂိုးသြင္းႏိုင္ဖို႔ လြယ္ကူမွာမဟုတ္တာ ေသခ်ာေနပါတယ္။ ဒါ့ျပင္ တိုက္စစ္ပိုင္းနဲ႔ ကြင္းလယ္ပိုင္းလည္း ကမာၻ႔အဆင့္ ကစားသမားအမ်ားစုကို ပိုင္ဆိုင္ထားတဲ့အာဆင္နယ္ အသင္းဟာ တျဖည့္းျဖည္းနဲ႔ တိုးတက္လာခဲ့တဲ့ အသီးအပြင့္ေတြကို ကစား သမားေတြေရာ ပရိသတ္ေတြပါ ခံစားလာရၿပီလို႔ဆိုႏိုင္ပါတယ္။ ဒါေပမဲ့ အင္တာမီလန္အသင္းကို တစ္ ႀကိမ္ေတြ႕ဆုံထားၿပီး အာဆင္နယ္အသင္းက (၁)ဂိုးနဲ႔ ရႈံးနိမ့္ထားတာေၾကာင့္ ဒီပြဲစဥ္မွာ အာဆင္နယ္ အသင္းအေနနဲ႔ ျပန္လည္ေခ်ပႏိုင္မလားဆိုတာကို ေစာင့္ၾကည့္ရဖို႔ရွိေနပါတယ္။ ဒါေၾကာင့္ ဒီပြဲစဥ္ကို ခန႔္မွန္းရရင္ အင္တာမီလန္ အသင္းက အိမ္ကြင္းမွာ ကစားရမွာဆိုေပမယ့္ အာဆင္နယ္အသင္းရဲ႕ မႏွစ္ကနဲ႔မတူတဲ့ ေျခစြမ္းနဲ႔ကစားပုံေၾကာင့္ အင္တာမီလန္အသင္းအေနနဲ႔ အိမ္ကြင္းမွာ ႏိုင္ပြဲရဖို႔ ခက္ခဲ ႏိုင္ပါတယ္။ အျပန္အလွန္ သြင္းဂိုးေတာ့ ျမင္ေတြ႕ရဖို႔ရွိေပမယ့္ တစ္ဖက္နဲ႔ တစ္ဖက္ ဂိုးမ်ားမ်ားသြင္းဖို႔ လြယ္ကူေနမွာမဟုတ္တာေၾကာင့္ ဒီပြဲစဥ္က သေရလည္း က်သြားႏိုင္သလို ႏိုင္ပြဲအေနနဲ႔ကေတာ့ အာဆင္ နယ္အသင္းဘက္က အခြင့္အေရးပိုမ်ားပါတယ္။

ရီးရဲလ္မက္ဒရစ္ Vs မိုနာကို

NP News အႀကိဳက္ ပြဲႀကိဳသုံးသပ္ခ်က္
ရီးရဲလ္မက္ဒရစ္ ၂ - ဝ မိုနာကို
ရီးရဲလ္မက္ဒရစ္ ၂ - ၁ မိုနာကို

ရီးရဲလ္မက္ဒရစ္အသင္းဟာ ဒီရာသီနည္းျပသစ္အျဖစ္တာဝန္ယူခဲ့တဲ့ ဇာဗီအလြန္ဆိုရဲ႕ ရာထူး ကေန ႏုတ္ထြက္သြားမႈေၾကာင့္ လာမယ့္ပြဲစဥ္ေတြမွာအသင္းအတြက္ ႏိုင္ပြဲေတြရယူႏိုင္ဖို႔ ခက္ခဲေနမွာ ျဖစ္သလို လက္ရွိလူစာရင္းအရလည္း လိုအပ္ခ်က္ေတြရွိေနတဲ့အသင္းျဖစ္ပါတယ္။ ၿပီးခဲ့တဲ့ လာလီဂါ စူပါဖလားဖိုင္နယ္ပြဲစဥ္မွာ ဘာစီလိုနာအသင္းကို ရႈံးနိမ့္ခဲ့မႈက နည္းျပအလြန္ဆိုနဲ႔ ဥကၠ႒ျဖစ္တဲ့ ပီရက္ဇ္ တို႔ၾကားမွာ မေျပလည္မႈေတြရွိလာခဲ့ၿပီး ႏုတ္ထြက္မႈေတြနဲ႔ ႏွစ္ဦးၾကားမွာ လမ္းခြဲသြားခဲ့ရတာျဖစ္ပါတယ္။ ရီးရဲလ္မက္ဒရစ္ရဲ႕အဓိကျပႆနာကေတာ့ ကစားသမားေကာင္းေတြရွိလ်က္နဲ႔ နည္းျပအလြန္ဆိုရဲ႕ လူ ငယ္ေတြအေပၚ ေနရာေပးလြန္ကဲမႈေတြေၾကာင့္ျဖစ္သလို တိုက္စစ္ပိုင္းမွာ ေသခ်ာေရရာ လူစာရင္းတစ္ခု ကို ေကာင္းေကာင္းအသုံးမခ်ႏိုင္တာကလည္း ႏိုင္ပြဲေတြအတြက္ အဓိက လိုအပ္ခ်က္တစ္ခုျဖစ္ပါတယ္။ ဒါ့ျပင္ အမ္ဘတ္ပီနဲ႔ ဗင္နီးဇီယက္တို႔ၾကားက လိုအပ္ခ်က္ေတြအျပင္ အမ္ဘတ္ပီထက္ လူငယ္ တိုက္စစ္ ကစားသမား ဂါစီရာကို ေနရာေပးလြန္းတာေၾကာင့္လည္း ပရိသတ္ေတြရဲ႕မေက်နပ္မႈေတြနဲ႔ ရင္ဆိုင္ခဲ့ရ တာျဖစ္ပါတယ္။ ရမိုနာကိုအသင္းကေတာ့ ၿပီးခဲ့တဲ့ရာသီက ျပင္သစ္လီဂူးမွာ ေျခစြမ္းပိုင္း ေကာင္းမြန္ တဲ့အသင္းျဖစ္ၿပီး PSG ၊မာေဆးလ္အသင္းတို႔နဲ႔အၿပိဳင္ လီဂူးခ်န္ပီယံဆုကို စိန္ေခၚေနတဲ့အသင္း ျဖစ္ပါ တယ္။ ဒါေပမဲ့ ဒီရာသီမွာ‌ေတာ့ ေျခစြမ္းပိုင္းအနည္းငယ္က်ဆင္းေနသလို ခ်န္ပီယံလိဂ္မွာေရာ လီဂူးမွာ ပါ ရလဒ္ပိုင္းဆိုး႐ြားေနတဲ့အသင္းလို႔ ဆိုႏိုင္ပါတယ္။ ဒါေၾကာင့္ ဒီပြဲစဥ္က ႏွစ္သင္းလုံးအတြက္ ခက္ခဲ ေနတဲ့ကာလမွာ ထိပ္တိုက္ေတြ႕ဆုံေနတာေၾကာင့္ သေရက်ဖို႔မ်ားႏိုင္ၿပီး ႏိုင္ပြဲအေနနဲ႔ကေတာ့ ခ်န္ပီယံ လိဂ္ၿပိဳင္ပြဲေတြမွာ ေျခစြမ္းေကာင္းတတ္တဲ့ ရီးရဲလ္ မက္ဒရစ္အသင္းက ႏိုင္ပြဲရဖို႔မ်ားပါတယ္။ ဂိုးေတာ့ မျပတ္ပါဘူး။

မာေဆးလ္ Vs လီဗာပူးလ္
NP News အႀကိဳက္ ပြဲႀကိဳသုံးသပ္ခ်က္
မာေဆးလ္ ၁ -၂ လီဗာပူးလ္
မာေဆးလ္ ၂ - ၃ လီဗာပူးလ္
ဒီႏွစ္ရဲ႕ ထိပ္တိုက္ေတြ႕ဆုံမႈက ကလပ္အသင္းႏွစ္ၾကားက ၿပိဳင္ဆိုင္မႈေတြအျပင္ ေျခစြမ္းပိုင္းအရ မကြာဟတဲ့ ေျခစြမ္းမ်ိဳးတန္းတူအေနအထားမွာရွိေနတာေၾကာင့္ ဒီပြဲစဥ္က ၾကည့္ေကာင္းမယ့္ ပြဲစဥ္ျဖစ္ ပါတယ္။ ေအာင္ျမင္မႈအေနအထားအရျပန္ၾကည့္ရင္ေတာ့ လီဗာပူးလ္အသင္းက ခ်န္ပီယံဆုကို (၆)ႀကိမ္ ရထားဖူးတာေၾကာင့္ မာေဆးလ္အသင္းထက္ ေအာင္ျမင္မႈပိုမ်ားတယ္လို႔ ဆိုႏိုင္ပါတယ္။ မာေဆးလ္ အသင္းကေတာ့ ခ်န္ပီယံလိဂ္ဆုဖလားကို တစ္ႀကိမ္သာ ရယူထားႏိုင္တဲ့အသင္းျဖစ္ေပမယ့္ ျပင္သစ္ လီဂူးမွာ အစဥ္အလာအရ ႀကီးမာတဲ့ေအာင္ျမင္မႈတစ္ခု ရယူထားႏိုင္တဲ့အသင္းေကာင္းတစ္သင္းျဖစ္ပါ တယ္။ ပိုစိတ္ဝင္စားစရာကေကာင္းတဲ့အခ်က္က ဒီႏွစ္သင္းဟာ ထိပ္တိုက္ေတြ႕ဆုံမႈ တစ္ႀကိမ္တစ္ခါမွာ မရွိထားတဲ့အျပင္ ခ်န္ပီယံလိဂ္ဝင္ခြင့္တစ္ေနရာရဖို႔နဲ႔ ထိပ္ဆုံး အသင္း(၄)သင္းမွာရွိေနတဲ့အသင္းေတြ ျဖစ္ပါတယ္။ ျပည္တြင္းလိဂ္ၿပိဳင္ပြဲေတြမွာ လီဗာပူးလ္ အသင္းရဲ႕စြမ္းေဆာင္ရည္က ခ်န္ပီယံျဖစ္ဖို႔ မျဖစ္ ႏိုင္ေတာ့ဘူးဆိုေပမယ့္ မာေဆးလ္အသင္းကေတာ့ ခ်န္ပီယံေမွ်ာ္လင့္ခ်က္ရွိေနေသးတဲ့ အသင္းျဖစ္ပါ တယ္။ ဒါေပမဲ့ လီဗာပူးလ္အသင္းဟာ ေနာက္ပိုင္းပြဲစဥ္ေတြမွာ ေျခစြမ္းပိုင္းျပန္ေကာင္းလာတဲ့အျပင္ ႏိုင္ပြဲေတြလည္း ျပန္လည္ရွာေဖြထားႏိုင္တာေၾကာင့္ မာေဆးလ္အသင္းကို အေကာင္းဆုံး ရင္ဆိုင္သြာဖို႔ ရွိေနပါတယ္။ ဒါေၾကာင့္ မာေဆးလ္အသင္းရဲ႕အိမ္ကြင္းမွာ အျပန္အလွန္သြင္းဂိုးေတြနဲ႔ သေရက်သြားႏိုင္ သလို လီဗာပူးလ္အသင္းက တစ္ဂိုးေလာက္အကြာနဲ႔သာ ကပ္ႏိုင္ပါမယ္။

ဂ်ဴဗင္တပ္ Vs ဘင္ဖီကာ
ခ်န္ပီယံလိဂ္ ေနာက္ဆုံးထိပ္တိုက္ေတြ႕ဆုံမႈ
ဂ်ဴဗင္တပ္ ဝ - ၂ ဘင္ဖီကာ (၃၀-၁-၂၀၂၄)
ဘင္ဖီကာ ၄ - ၃ ဂ်ဴဗင္တပ္ (၂၆-၁၀-၂၀၂၄)
NP News အႀကိဳက္ ပြဲႀကိဳသုံးသပ္ခ်က္
ဂ်ဴဗင္တပ္ ၁ - ၁ ဘင္ဖီကာ
ဂ်ဴဗင္တပ္ ၂ - ၂ ဘင္ဖီကာ

ဒီႏွစ္သင္းရဲ႕ ထိပ္တိုက္ေတြ႕ဆုံမႈကလည္း တကယ္ကို ၾကည့္ေကာင္းမယ့္ပြဲေကာင္းတစ္ပြဲ ျဖစ္ၿပီး ေျခစြမ္းပိုင္ညီမွ်တဲ့ အသင္းႏွစ္သင္းျဖစ္ပါတယ္။ တကယ္ေတာ့ ဂ်ဴဗင္တပ္အသင္းနဲ႔ ဘင္ဖီကာ အသင္း ဟာ ခ်န္ပီယံလိဂ္သမိုင္းမွာ ခ်န္ထားလို႔မရတဲ့အသင္းေကာင္းေတြျဖစ္ၿပီး ခ်န္ပီယံဆုကိုလည္း (၂)ႀကိမ္စီ ရယူထားႏိုင္တဲ့အသင္းေကာင္းေတြျဖစ္ပါတယ္။ ဒါ့ျပင္ သက္ဆိုင္ရာလိဂ္ေတြမွာလည္း ခ်န္ပီယံ ဆုေတြ ကို အႀကိမ္ႀကိမ္ရယူထားႏိုင္ခဲ့ၾကတဲ့အထိ သမိုင္းအစဥ္အလာ ႀကီးမားတဲ့အသင္းႀကီးေတြျဖစ္ပါတယ္။ ဒါေပမဲ့ ဂ်ဴဗင္တပ္အသင္းဟာ ေရာ္နယ္ဒို ထြက္ခြာသြားၿပီးေနာက္ပိုင္းကတည္းက ခ်န္ပီယံလိဂ္မွာ သာမန္ေျခစြမ္းေလာက္သာရွိတဲ့ အဆိပ္မရွိတဲ့အသင္းျဖစ္သြားခဲ့တဲ့အျပင္ အုပ္စုအဆင့္ကေန တက္ဖို႔ ေတာင္ ခက္ခဲေနရတဲ့အသင္းျဖစ္သြားခဲ့ပါတယ္။ ဘင္ဖီကာအသင္းကလည္း ၿပီးခဲ့တဲ့ ျပည္တြင္း လိဂ္ ၿပိဳင္ပြဲေတြမွာ ေျခစြမ္းေကာင္းေပမယ့္ ခ်န္ပီယံဆုနဲ႔ လြဲေခ်ာ္ခဲ့ရၿပီး(၃)ႏွစ္အတြင္း ေျခစြမ္းပိုင္းက်ဆင္းမႈ က ဆိုး႐ြားေနခဲ့ၿပီပဲျဖစ္ပါတယ္။ ဒီႏွစ္သင္းၾကားက တူညီတဲ့ ေျခစြမ္းပိုင္းေတြအျပင္ ခ်န္ပီယံလိဂ္မွာ မၾကာခဏေတြ႕ဆုံတတ္တဲ့ အသင္းႏွစ္သင္းၾကားက ေျခစြမ္းပိုင္းေတြကိုလည္း ေစာင့္ၾကည့္သြားရဖို႔ ရွိ ေနပါတယ္။ ဒါေၾကာင့္ ဒီပြဲစဥ္က အိမ္ကြင္းအားသာခ်က္ရွိတဲ့ ဂ်ဴဗင္တပ္အသင္းက အသာစီးရယူႏိုင္ဖို႔ရွိ ေနေပမယ့္ ဘင္ဖီကာအသင္းကလည္း ေခ်ပႏိုင္တဲ့ေျခစြမ္းမ်ိဳးေတြရွိတာေၾကာင့္ ဒီပြဲစဥ္က အျပန္အလွန္ သြင္းဂိုးေတြကို ျမင္ေတြ႕ရမွာျဖစ္ၿပီး သေရက်ဖို႔မ်ားတဲ့ ပြဲစဥ္တစ္ပြဲျဖစ္ပါတယ္။

ဘိုင္ယန္ျမဴးနစ္ Vs USG
NP News အႀကိဳက္ ပြဲႀကိဳသုံးသပ္ခ်က္
ဘိုင္ယန္ျမဴးနစ္ ၄ - ဝ USG
ဘိုင္ယန္ျမဴးနစ္ ၃ - ဝ USG
ဘိုင္ယန္ျမဴးနစ္အသင္းက ဒီရာသီ ဘြန္ဒက္လီဂါမွာ ေျခစြမ္းပိုင္အရေရာ ရလဒ္ပိုင္းအရပါ အျပတ္အသတ္ ဦးေဆာင္ထားတဲ့အသင္းျဖစ္ၿပီး ရာသီဝက္ေက်ာ္လာခ်ိန္အထိ ရမွတ္ (၁၁)မွတ္ ျဖတ္ ထားႏိုင္တဲ့အသင္းျဖစ္ပါတယ္။ ဒါ့ျပင္ ခ်န္ပီယံလိဂ္မွာလည္း အာဆင္နယ္အသင္းနဲ႔အၿပိဳင္ အမွတ္ေပး ဇယားရဲ႕ အဆင့္(၂)ေနရာမွာ ရပ္တည္ေနၿပီး ခ်န္ပီယံျဖစ္ဖို႔လည္း ေရပန္းစားေနတဲ့အသင္းလို႔ ဆိုႏိုင္ပါ တယ္။ ဒါေပမဲ့ ၿပီးခဲ့တဲ့ (၅)ႏွစ္အတြင္းမွာ ခ်န္ပီယံလိဂ္ရလဒ္မေကာင္းခဲ့တဲ့ ဘိုင္ယန္ျမဴးနစ္ အသင္း အတြက္ ဒီရာသီမွာ ျပန္လည္ရယူသြားႏိုင္မလားဆိုတာကို ေစာင့္ၾကည့္ရဖို႔ရွိေနၿပီး ေျခစြမ္းပိုင္း အရ လည္း ေမွ်ာ္လင့္ခ်င္စရာေကာင္းေနပါတယ္။ အဓိကအားသာခ်က္ကေတာ့ လူးဝစ္ဒီယက္ဇ္နဲ႔ ဟယ္ရီ ကိန္းတို႔ ေရာက္ရွိသြားမႈက တိုက္စစ္ပိုင္းက သြင္းဂိုးေတြအတြက္ စိတ္ခ်သြားရသလို ပိုၿပီးေတာ့လည္း အားေကာင္းလာတာကိုေတြ႕ရပါတယ္။ ဒီပြဲစဥ္ကိုသာႏိုင္ခဲ့ရင္ ဘိုင္ယန္ျမဴးနစ္အသင္းအေနနဲ႔ ခ်န္ပီယံ လိဂ္ အမွတ္ေပးဇယားကို ဦးေဆာင္ႏိုင္ဖို႔ေမွ်ာ္လင့္ႏိုင္ၿပီး ဒီပြဲစဥ္ကလည္း ဘယ္လ္ဂ်ီယံက ကလပ္ အသင္းေလးကို ရင္ဆိုင္ရမွာျဖစ္တာေၾကာင့္ ဂိုးျပတ္ ႏိုင္ပြဲရဖို႔မ်ားပါတယ္။
၂၁ - ၁ -၂၀၂၆ (ဗုဒၶဟူးေန႔)
နံနက္(၂း၃၀) အင္တာမီလန္ Vs အာဆင္နယ္
နံနက္(၂း၃၀) ရီးရဲလ္မက္ဒရစ္ Vs မိုနာကို
နံနက္ (၂း၃၀) ကိုဗင္ေဟဂင္ Vs နာပိုလီ
၂၂-၁-၂၀၂၆ (ၾကသပေတးေန႔နံနက္ပိုင္း)
နံနက္(၂း၃၀) မာေဆးလ္ Vs လီဗာပူးလ္
နံနက္(၂း၃၀) ဂ်ဴဗင္တပ္ Vs ဘင္ဖီကာ

Related news

© 2021. All rights reserved.