အမြင့်ဆုံးအနေဖြင့် ပါတီဖျက်သိမ်းခံရသည်အထိ ပြည်သူ့ရှေ့ဆောင်ပါတီ အရေးယူခံရဖွယ်ရှိနေသော်လည်း အမှုအတိမ်အနက်ကို ဆက်လက်စောင့်ကြည့်ရမည်

 122

ပုလဲ (NP News) - ဇန်နဝါရီ ၂ဝ

အမြင့်ဆုံးအနေဖြင့် ပါတီဖျက်သိမ်းခံရ သည်အထိ ပြည်သူ့ရှေ့ဆောင်ပါတီ အရေးယူခံရဖွယ် ရှိနေသော်လည်း အမှုအတိမ်အနက်ကို ဆက်လက်စောင့်ကြည့်ရမည်ဖြစ်ကြောင်း နိုင်ငံရေးပါတီများနှင့် နီးစပ်သူများထံမေးမြန်းထားချက် များအရ သိရသည်။
ပြည်သူ့ရှေ့ဆောင်ပါတီဥက္ကဋ္ဌ ဒေါက်တာ သက်သက်ခိုင်နှင့် ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင် ဒေါ်ထက် ထက် လှိုင်တို့သည့် UEC သို့ ခွင့်ပြုချက် တင်ပြခြင်းမရှိဘဲ ပြည်ပသံရုံးတစ်ရုံးမှပုဂ္ဂိုလ်အချို့နှင့် တွေ့ဆုံခဲ့သည်မှာမှန်ကန် ကြောင်း ဝန်ခံထွက်ဆို ထားပြီး ၎င်းတို့ကို ဥပဒေနှင့်အညီအရေးယူမည်ဖြစ် ကြောင်း UEC က အသိပေးထားသည်။
နိုင်ငံရေးပါတီများအနေဖြင့် ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ (၄၀၇) (ဂ)၊ ပုဒ်မ (၄၀၈) နှင့် နိုင်ငံ ရေးပါတီများမှတ်ပုံ တင်ခြင်းဥပဒေ ပုဒ်မ(၆)(စ)ပါ ပြဋ္ဌာန်းချက်များအရ “နိုင်ငံခြားတိုင်းပြည်တစ်ခုခု၏အစိုးရ သို့မဟုတ် ဘာသာရေးအဖွဲ့ အစည်း သို့မဟုတ် အခြားအဖွဲ့အစည်းတစ်ခုခု သို့မဟုတ် ပုဂ္ဂိုလ်တစ်ဦး ဦးထံမှ ငွေကြေး၊ ပစ္စည်း၊ အခြား အထောက် အပံ့ကို တိုက်ရိုက်ဖြစ်စေ၊ သွယ်ဝိုက်၍ဖြစ်စေ ရယူသုံးစွဲခြင်း သို့မဟုတ် ယင်းတို့၏ဩဇာခံယူခြင်းမပြုရေး”ကို စောင့်ထိန်းလိုက်နာရန် တာဝန်ရှိပြီး လိုက်နာရန်ပျက် ကွက်ပါက နိုင်ငံရေးပါတီအဖြစ် မှတ်ပုံတင်ထားခြင်း ကို ပယ်ဖျက် ရမည်ဖြစ်ကြောင်းနှင့် ယင်းအချက်ကို နိုင်ငံရေးပါတီအားလုံးသို့အကြောင်းကြားခဲ့ပြီးဖြစ်ကြောင်း ပြည်ထောင်စု ရွေး ကောက်ပွဲကော်မရှင်၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
‘ပါတီဖျက်သိမ်းနိုင်တဲ့အနေအထားရှိတယ်။ ဒါပေမဲ့ ထုတ်ပြန်ချက်မှာကိုက ဒေါ်သက်သက် ခိုင်နဲ့ဒေါ်ထက်ထက် လှိုင်ကို အမှုဖွင့်အရေးယူထား တယ်လို့ပဲပါတယ်။ ပါတီနဲ့ပတ်သက်လို့မပါသေးဘူး။ ဥပဒေအရတော့ ပါတီက တကယ်ပဲ အလိုတူအလိုပါ လား။ ဒါမှမဟုတ် ပုဂ္ဂိုလ်ရေးအရသွားတာလား။ ဒါတွေက စစ်မေးမှပေါ်လာမယ့်အရာတွေ။ ပါတီအရ သွားတွေ့တာ၊ နိုင်ငံရေးအရ ဘယ်လိုသဘောတူညီမှု တွေလုပ်ခဲ့ပါ။ အလှူငွေတွေလက်ခံရင်တော့ ဖျက်သိမ်းခံရ နိုင်တယ်ပါတီက။ ဗဟို CEC တွေလည်း မသိဘူး၊ သဘောတူညီမှုလည်းမပါဘူး။ ပါတီဘက်က ပါဝင်ပတ်သက်မရှိရင် ပုဂ္ဂိုလ်ရေးအရပဲ အရေးယူလို့ရ မှာပေါ့နော်’ဟု ပြည်သူ့ရှေ့ဆောင်ပါတီနှင့်နီးစပ်သူ တစ်ဦးကပြောသည်။
ယင်းနှင့်ပတ်သက်၍ မည်သို့အရေးယူ ဆောင်ရွက်မည်ဆိုသောအချက်မှာ ဒေါက်တာ သက်သက်ခိုင်နှင့် ဗဟို အလုပ်အမှုဆောင်အဖွဲ့ဝင်ဒေါ်ထက် ထက်လှိုင်တို့ထံမရောက်သေးဟုသိရကြောင်းလည်း ၎င်းကဆိုသည်။
ပြည်သူ့ပါတီဥက္ကဋ္ဌ ဦးကိုကိုကြီးက ဒေါက်တာသက်သက်ခိုင်နှင့်ပတ်သက်၍ မှတ်ချက်မပေးလို ကြောင်းနှင့် UEC ၏ထုတ်ပြန်ချက်ကို စောင့်ကြည့် ရမည်ဖြစ်ကြောင်းပြောသည်။
‘အဲဒီကိစ္စကိုတော့ ဘာမှ ဝင်မပြောတာ ကောင်းတယ်။ ဘာကြောင့်လဲဆိုတော့ UEC က တရားဝင်ထွက်လာမှပဲ ပြောတာကောင်းပါတယ်။ ဒေါ်သက်သက်ခိုင်ကိစ္စကိုတော့ ဘာမှ Comment မပေးလိုပါဘူး’ဟု ပြည်သူ့ပါတီဥက္ကဋ္ဌ ဦးကိုကိုကြီး က NP News သို့ပြောသည်။
နိုင်ငံရေးပါတီအချို့အနေဖြင့် ယခင်ကာ လများကပင် ပုဂ္ဂိုလ်ရေးအရ တွေ့ဆုံမှုများရှိခဲ့ကြောင်း၊ ထိုသို့ ပုဂ္ဂိုလ်ရေးအရမဟုတ်ဘဲ လျှို့ဝှက်တွေ့ဆုံကာ အကူအညီများလက်ခံနေပါက အရေးယူသင့်ကြောင်း ဝါရင့် နိုင်ငံရေး သမားတစ်ဦးကပြောသည်။
“UEC ဆုံးဖြတ်ချက်ကိုပဲ စောင့်ကြည့်ရ မှာပေါ့။ တကယ်တော့ နိုင်ငံရေးပါတီတွေက ခိုးကြောင်ခိုးဝှက်တွေ့ပြီး အကူအညီတွေလက်ခံနေ တယ်ဆိုရင်တော့ ငြိစွန်းတာပေါ့။ အဲဒီလိုမဟုတ်ဘဲ ပုံမှန်တွေ့ဆုံမှုမျိုးကတော့ အရင့်အရင်က လည်းလုပ် ခဲ့ကြတာပဲလေ။ အဲဒါကိုတော့ သိပ်သဘာဝမကျဘူး လို့ထင်တယ်။ ဘာဖြစ်လို့လဲဆိုတော့ ပြင်ပငွေကြေးအ ထောက်အပံ့ကိုယူတယ်ဆိုရင်တော့ ဒါက မဖြစ်သင့်ဘူး။ ကိုယ်ရဲ့ အမျိုးသားအကျိုးစီးပွား၊ အမျိုးသားရေး ကိစ္စ၊ ပြည်တွင်းရေးကိစ္စမှာ ပြည်ပက ဝင်ရောက်စွက် ဖက်တာမျိုးကို တားရမှာပေါ့။ သို့သော် တွေ့တဲ့ကိစ္စ တွေကတော့ ပုံမှန်ကိစ္စတွေလို့ပဲမြင်ပါတယ်”ဟု ၎င်း ကဆိုသည်။
နိုင်ငံရေးပါတီများအနေဖြင့် နိုင်ငံခြားတိုင်း ပြည်တစ်ခုခု၏ အဖွဲ့အစည်း သို့မဟုတ် လူပုဂ္ဂိုလ်များ နှင့်တွေ့ဆုံ ရန်ရှိပါက UEC သို့ ကြိုတင် တင်ပြ၍ ခွင့်ပြုချက်ရရှိမှသာတွေ့ဆုံရန်နှင့် သင့်လျော်သည့် အစီအမံဖြင့် စိစစ်ခွင့်ပြုပေး မည်ဖြစ်ကြောင်းကိုလည်း့နဃ အနေဖြင့် အကြောင်းကြားထားပြီးဖြစ်ကြောင်း လည်းသိရသည်။
‘ပါတီဖျက်တာမျိုးတော့မဖြစ်စေချင်ဘူး ပေါ့နော်။ ဒါပေမဲ့ သူတို့ဘယ်လောက်ပြောပြီးတော့ သံရုံးက ဘယ် လောက်တာဝန်ရှိတယ်၊ ဘယ်လောက် အတိုင်းအတာနဲ့ effective ဖြစ်နိုင်တဲ့ သံတမန်လဲ ဆိုတာကိုတော့ ကျွန်တော်တို့ မသိနိုင်ဘူးပေါ့’ဟု နိုင် ငံရေးနယ်ပယ်မှပုဂ္ဂိုလ်တစ်ဦးကဆိုသည်။
ပြည်သူ့ရှေ့ဆောင်ပါတီ ဥက္ကဋ္ဌ ဒေါက်တာ သက်သက်ခိုင်နှင့် ဒုတိယ ဥက္ကဋ္ဌလည်း ဖြစ်၊ ပြောရေး ဆိုခွင့်လည်း ရှိသူ ဖြစ်သည့် ဦးစောဟန်အေးကို ယခု ကိစ္စနှင့်ပတ်သက်၍ NP News က ဆက်သွယ်မေးမြန်းခဲ့ သော်လည်း ဆက်သွယ် ၍မရသေးပါ။

Zawgyi Version;
အျမင့္ဆုံးအေနျဖင့္ ပါတီဖ်က္သိမ္းခံရသည္အထိ ျပည္သူ႔ေရွ႕ေဆာင္ပါတီ အေရးယူခံရဖြယ္ ရွိေနေသာ္လည္း အမႈ အတိမ္အနက္ကို ဆက္လက္ေစာင့္ၾကည့္ရမည္
ပုလဲ (NP News) - ဇန္နဝါရီ ၂ဝ

အျမင့္ဆုံးအေနျဖင့္ ပါတီဖ်က္သိမ္းခံရ သည္အထိ ျပည္သူ႔ေရွ႕ေဆာင္ပါတီ အေရးယူခံရဖြယ္ ရွိေနေသာ္လည္း အမႈအတိမ္အနက္ကို ဆက္လက္ေစာင့္ၾကည့္ရမည္ျဖစ္ေၾကာင္း ႏိုင္ငံေရးပါတီမ်ားႏွင့္ နီးစပ္သူမ်ားထံေမးျမန္းထားခ်က္ မ်ားအရ သိရသည္။
ျပည္သူ႔ေရွ႕ေဆာင္ပါတီဥကၠ႒ ေဒါက္တာ သက္သက္ခိုင္ႏွင့္ ဗဟိုအလုပ္အမႈေဆာင္အဖြဲ႕ဝင္ ေဒၚထက္ ထက္ လႈိင္တို႔သည့္ UEC သို႔ ခြင့္ျပဳခ်က္ တင္ျပျခင္းမရွိဘဲ ျပည္ပသံ႐ုံးတစ္႐ုံးမွပုဂၢိဳလ္အခ်ိဳ႕ႏွင့္ ေတြ႕ဆုံခဲ့သည္မွာမွန္ကန္ ေၾကာင္း ဝန္ခံထြက္ဆို ထားၿပီး ၎တို႔ကို ဥပေဒႏွင့္အညီအေရးယူမည္ျဖစ္ ေၾကာင္း UEC က အသိေပးထားသည္။
ႏိုင္ငံေရးပါတီမ်ားအေနျဖင့္ ဖြဲ႕စည္းပုံအေျခခံဥပေဒပုဒ္မ (၄၀၇) (ဂ)၊ ပုဒ္မ (၄၀၈) ႏွင့္ ႏိုင္ငံ ေရးပါတီမ်ားမွတ္ပုံ တင္ျခင္းဥပေဒ ပုဒ္မ(၆)(စ)ပါ ျပ႒ာန္းခ်က္မ်ားအရ “ႏိုင္ငံျခားတိုင္းျပည္တစ္ခုခု၏အစိုးရ သို႔မဟုတ္ ဘာသာေရးအဖြဲ႕ အစည္း သို႔မဟုတ္ အျခားအဖြဲ႕အစည္းတစ္ခုခု သို႔မဟုတ္ ပုဂၢိဳလ္တစ္ဦး ဦးထံမွ ေငြေၾကး၊ ပစၥည္း၊ အျခား အေထာက္ အပံ့ကို တိုက္႐ိုက္ျဖစ္ေစ၊ သြယ္ဝိုက္၍ျဖစ္ေစ ရယူသုံးစြဲျခင္း သို႔မဟုတ္ ယင္းတို႔၏ဩဇာခံယူျခင္းမျပဳေရး”ကို ေစာင့္ထိန္းလိုက္နာရန္ တာဝန္ရွိၿပီး လိုက္နာရန္ပ်က္ ကြက္ပါက ႏိုင္ငံေရးပါတီအျဖစ္ မွတ္ပုံတင္ထားျခင္း ကို ပယ္ဖ်က္ ရမည္ျဖစ္ေၾကာင္းႏွင့္ ယင္းအခ်က္ကို ႏိုင္ငံေရးပါတီအားလုံးသို႔အေၾကာင္းၾကားခဲ့ၿပီးျဖစ္ေၾကာင္း ျပည္ေထာင္စု ေ႐ြး ေကာက္ပြဲေကာ္မရွင္၏ ထုတ္ျပန္ခ်က္တြင္ ေဖာ္ျပထားသည္။
‘ပါတီဖ်က္သိမ္းႏိုင္တဲ့အေနအထားရွိတယ္။ ဒါေပမဲ့ ထုတ္ျပန္ခ်က္မွာကိုက ေဒၚသက္သက္ ခိုင္နဲ႔ေဒၚထက္ထက္ လႈိင္ကို အမႈဖြင့္အေရးယူထား တယ္လို႔ပဲပါတယ္။ ပါတီနဲ႔ပတ္သက္လို႔မပါေသးဘူး။ ဥပေဒအရေတာ့ ပါတီက တကယ္ပဲ အလိုတူအလိုပါ လား။ ဒါမွမဟုတ္ ပုဂၢိဳလ္ေရးအရသြားတာလား။ ဒါေတြက စစ္ေမးမွေပၚလာမယ့္အရာေတြ။ ပါတီအရ သြားေတြ႕တာ၊ ႏိုင္ငံေရးအရ ဘယ္လိုသေဘာတူညီမႈ ေတြလုပ္ခဲ့ပါ။ အလႉေငြေတြလက္ခံရင္ေတာ့ ဖ်က္သိမ္းခံရ ႏိုင္တယ္ပါတီက။ ဗဟို CEC ေတြလည္း မသိဘူး၊ သေဘာတူညီမႈလည္းမပါဘူး။ ပါတီဘက္က ပါဝင္ပတ္သက္မရွိရင္ ပုဂၢိဳလ္ေရးအရပဲ အေရးယူလို႔ရ မွာေပါ့ေနာ္’ဟု ျပည္သူ႔ေရွ႕ေဆာင္ပါတီႏွင့္နီးစပ္သူ တစ္ဦးကေျပာသည္။
ယင္းႏွင့္ပတ္သက္၍ မည္သို႔အေရးယူ ေဆာင္႐ြက္မည္ဆိုေသာအခ်က္မွာ ေဒါက္တာ သက္သက္ခိုင္ႏွင့္ ဗဟို အလုပ္အမႈေဆာင္အဖြဲ႕ဝင္ေဒၚထက္ ထက္လႈိင္တို႔ထံမေရာက္ေသးဟုသိရေၾကာင္းလည္း ၎ကဆိုသည္။
ျပည္သူ႔ပါတီဥကၠ႒ ဦးကိုကိုႀကီးက ေဒါက္တာသက္သက္ခိုင္ႏွင့္ပတ္သက္၍ မွတ္ခ်က္မေပးလို ေၾကာင္းႏွင့္ UEC ၏ထုတ္ျပန္ခ်က္ကို ေစာင့္ၾကည့္ ရမည္ျဖစ္ေၾကာင္းေျပာသည္။
‘အဲဒီကိစၥကိုေတာ့ ဘာမွ ဝင္မေျပာတာ ေကာင္းတယ္။ ဘာေၾကာင့္လဲဆိုေတာ့ UEC က တရားဝင္ထြက္လာမွပဲ ေျပာတာေကာင္းပါတယ္။ ေဒၚသက္သက္ခိုင္ကိစၥကိုေတာ့ ဘာမွ Comment မေပးလိုပါဘူး’ဟု ျပည္သူ႔ပါတီဥကၠ႒ ဦးကိုကိုႀကီး က NP News သို႔ေျပာသည္။
ႏိုင္ငံေရးပါတီအခ်ိဳ႕အေနျဖင့္ ယခင္ကာ လမ်ားကပင္ ပုဂၢိဳလ္ေရးအရ ေတြ႕ဆုံမႈမ်ားရွိခဲ့ေၾကာင္း၊ ထိုသို႔ ပုဂၢိဳလ္ေရးအရမဟုတ္ဘဲ လွ်ိဳ႕ဝွက္ေတြ႕ဆုံကာ အကူအညီမ်ားလက္ခံေနပါက အေရးယူသင့္ေၾကာင္း ဝါရင့္ ႏိုင္ငံေရး သမားတစ္ဦးကေျပာသည္။
“UEC ဆုံးျဖတ္ခ်က္ကိုပဲ ေစာင့္ၾကည့္ရ မွာေပါ့။ တကယ္ေတာ့ ႏိုင္ငံေရးပါတီေတြက ခိုးေၾကာင္ခိုးဝွက္ေတြ႕ၿပီး အကူအညီေတြလက္ခံေန တယ္ဆိုရင္ေတာ့ ၿငိစြန္းတာေပါ့။ အဲဒီလိုမဟုတ္ဘဲ ပုံမွန္ေတြ႕ဆုံမႈမ်ိဳးကေတာ့ အရင့္အရင္က လည္းလုပ္ ခဲ့ၾကတာပဲေလ။ အဲဒါကိုေတာ့ သိပ္သဘာဝမက်ဘူး လို႔ထင္တယ္။ ဘာျဖစ္လို႔လဲဆိုေတာ့ ျပင္ပေငြေၾကးအ ေထာက္အပံ့ကိုယူတယ္ဆိုရင္ေတာ့ ဒါက မျဖစ္သင့္ဘူး။ ကိုယ္ရဲ႕ အမ်ိဳးသားအက်ိဳးစီးပြား၊ အမ်ိဳးသားေရး ကိစၥ၊ ျပည္တြင္းေရးကိစၥမွာ ျပည္ပက ဝင္ေရာက္စြက္ ဖက္တာမ်ိဳးကို တားရမွာေပါ့။ သို႔ေသာ္ ေတြ႕တဲ့ကိစၥ ေတြကေတာ့ ပုံမွန္ကိစၥေတြလို႔ပဲျမင္ပါတယ္”ဟု ၎ ကဆိုသည္။
ႏိုင္ငံေရးပါတီမ်ားအေနျဖင့္ ႏိုင္ငံျခားတိုင္း ျပည္တစ္ခုခု၏ အဖြဲ႕အစည္း သို႔မဟုတ္ လူပုဂၢိဳလ္မ်ား ႏွင့္ေတြ႕ဆုံ ရန္ရွိပါက UEC သို႔ ႀကိဳတင္ တင္ျပ၍ ခြင့္ျပဳခ်က္ရရွိမွသာေတြ႕ဆုံရန္ႏွင့္ သင့္ေလ်ာ္သည့္ အစီအမံျဖင့္ စိစစ္ခြင့္ျပဳေပး မည္ျဖစ္ေၾကာင္းကိုလည္း့နဃ အေနျဖင့္ အေၾကာင္းၾကားထားၿပီးျဖစ္ေၾကာင္း လည္းသိရသည္။
‘ပါတီဖ်က္တာမ်ိဳးေတာ့မျဖစ္ေစခ်င္ဘူး ေပါ့ေနာ္။ ဒါေပမဲ့ သူတို႔ဘယ္ေလာက္ေျပာၿပီးေတာ့ သံ႐ုံးက ဘယ္ ေလာက္တာဝန္ရွိတယ္၊ ဘယ္ေလာက္ အတိုင္းအတာနဲ႔ effective ျဖစ္ႏိုင္တဲ့ သံတမန္လဲ ဆိုတာကိုေတာ့ ကြၽန္ေတာ္တို႔ မသိႏိုင္ဘူးေပါ့’ဟု ႏိုင္ ငံေရးနယ္ပယ္မွပုဂၢိဳလ္တစ္ဦးကဆိုသည္။
ျပည္သူ႔ေရွ႕ေဆာင္ပါတီ ဥကၠ႒ ေဒါက္တာ သက္သက္ခိုင္ႏွင့္ ဒုတိယ ဥကၠ႒လည္း ျဖစ္၊ ေျပာေရး ဆိုခြင့္လည္း ရွိသူ ျဖစ္သည့္ ဦးေစာဟန္ေအးကို ယခု ကိစၥႏွင့္ပတ္သက္၍ NP News က ဆက္သြယ္ေမးျမန္းခဲ့ ေသာ္လည္း ဆက္သြယ္ ၍မရေသးပါ။

Related news

© 2021. All rights reserved.