တစ်နှစ်အတွင်း တရားမဝင် ဝင်ရောက်လာသည့် ပြည်ပနိုင်ငံသား(၁၄၀၀၀) ကျော် ထိန်းသိမ်းနိုင်ခဲ့ပြီး (၁၂၀၀၀)ကျော်ကို သက်ဆိုင်ရာနိုင်ငံသို့ ပြည်နှင်လွှဲပြောင်းပေးခဲ့

117

စိမ့် (NP News) - ဇန်နဝါရီ ၂၀
တစ်နှစ်အတွင်း မြဝတီမြို့နယ်အတွင်းသို့ တရားမဝင် ဝင်ရောက်လာသည့် ပြည်ပနိုင်ငံသား(၁၄၀၀၀) ကျော် ထိန်းသိမ်းနိုင်ခဲ့ပြီး (၁၂၀၀၀)ကျော် ကို သက်ဆိုင်ရာနိုင်ငံများသို့ ပြည်နှင်လွှဲပြောင်းပေးခဲ့ကြောင်း သိရသည်။
နိုင်ငံတော်အနေဖြင့် Online Scam Center လုပ်ငန်းများတွင် ပါဝင်ပတ်သက်နေသူများ နှင့် နောက်ကွယ်မှကြိုးကိုင်သော နိုင်ငံခြားသားများ ကို ဖော်ထုတ်ဖမ်းဆီးပြီး ထိရောက်စွာ အရေးယူနိုင်ရေးအတွက် နိုင်ငံတကာအဖွဲ့အစည်းများနှင့် တက်ကြွစွာ ပူးပေါင်းဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ထိုသို့ဆောင်ရွက်လျက်ရှိရာ ထိုင်းနိုင်ငံ အပါအဝင် အိမ်နီးချင်းနိုင်ငံအချို့ကို တစ်ဆင့်ခံဖြတ်သန်း၍ မြန်မာနိုင်ငံအတွင်းသို့ နယ်စပ်လမ်းကြောင်းများမှ တရားမဝင် ဝင်ရောက်လာသည့် အီသီယိုးပီးယားနိုင်ငံသား (၁၇) ဦး၊ ယူဂန်ဒါနိုင်ငံသား (၁၆) ဦး၊ ဖိလစ်ပိုင်နိုင်ငံသား (၁၁) ဦးနှင့် မာဒါဂတ်စကာနိုင်ငံသား(၁)ဦး ၊ စုစုပေါင်း ပြည်ပနိုင်ငံသား (၄၅)ဦးမှာတို့ကို မြန်မာ-ထိုင်း အမှတ်(၂)ချစ်ကြည်ရေးတံတားမှတစ်ဆင့် သက်ဆိုင်ရာနိုင်ငံများသို့ လူသားချင်းစာနာထောက်ထားမှု နှင့် နိုင်ငံအချင်းချင်း ချစ်ကြည်ရင်းနှီးမှုတို့ကို ရှေးရှု၍ ဥပဒေလုပ်ထုံးလုပ်နည်းများနှင့်အညီ ယမန်နေ့ (ဇန်နဝါရီလ ၁၉ရက်)က ထပ်မံလွှဲပြောင်းပေးအပ်ခဲ့ကြောင်း သိရသည်။
ထို့ကြောင့် ပြီးခဲ့သည့် ၂၀၂၅ ခုနှစ် ဇန်နဝါရီ (၃၀)ရက်မှ ၂၀၂၆ ခုနှစ် ဇန်နဝါရီ (၃၀)ရက်အထိ မြဝတီမြို့နယ်အတွင်းသို့ တရားမဝင် ဝင်ရောက်လာသည့် ပြည်ပနိုင်ငံသားစုစုပေါင်း (၁၄၁၅၁) ဦး ထိန်းသိမ်းနိုင်ခဲ့ပြီး ၎င်းတို့အနက်မှ (၁၂၁၅၂) ဦးကို ထိုင်းနိုင်ငံမှတစ်ဆင့် သက်ဆိုင်ရာနိုင်ငံများသို့ ဥပဒေလုပ်ထုံးလုပ်နည်းများနှင့်အညီစနစ်တကျ ပြည်နှင်လွှဲပြောင်းပေးခဲ့ပြီးဖြစ်ကြောင််း သိရသည်။
ကျန်ရှိသည့် ပြည်ပနိုင်ငံသား (၁၉၉၉) ဦးကို သက်ဆိုင်ရာနိုင်ငံများသို့လွှဲပြောင်းပေးရန် အသင့်ဖြစ်နေပြီဖြစ်ကြောင်း သိရသည်။

Zawgyi Version;
တစ္ႏွစ္အတြင္း တရားမဝင္ ဝင္ေရာက္လာသည့္ ျပည္ပႏိုင္ငံသား(၁၄၀၀၀) ေက်ာ္ ထိန္းသိမ္းႏိုင္ခဲ့ၿပီး (၁၂၀၀၀)ေက်ာ္ကို သက္ဆိုင္ရာႏိုင္ငံသို႔ ျပည္ႏွင္လႊဲေျပာင္းေပးခဲ့
စိမ့္ (NP News) - ဇန္နဝါရီ ၂၀
တစ္ႏွစ္အတြင္း ျမဝတီၿမိဳ႕နယ္အတြင္းသို႔ တရားမဝင္ ဝင္ေရာက္လာသည့္ ျပည္ပႏိုင္ငံသား(၁၄၀၀၀) ေက်ာ္ ထိန္းသိမ္းႏိုင္ခဲ့ၿပီး (၁၂၀၀၀)ေက်ာ္ ကို သက္ဆိုင္ရာႏိုင္ငံမ်ားသို႔ ျပည္ႏွင္လႊဲေျပာင္းေပးခဲ့ေၾကာင္း သိရသည္။
ႏိုင္ငံေတာ္အေနျဖင့္ Online Scam Center လုပ္ငန္းမ်ားတြင္ ပါဝင္ပတ္သက္ေနသူမ်ား ႏွင့္ ေနာက္ကြယ္မွႀကိဳးကိုင္ေသာ ႏိုင္ငံျခားသားမ်ား ကို ေဖာ္ထုတ္ဖမ္းဆီးၿပီး ထိေရာက္စြာ အေရးယူႏိုင္ေရးအတြက္ ႏိုင္ငံတကာအဖြဲ႕အစည္းမ်ားႏွင့္ တက္ႂကြစြာ ပူးေပါင္းေဆာင္႐ြက္လ်က္ရွိေၾကာင္း သိရသည္။
ထိုသို႔ေဆာင္႐ြက္လ်က္ရွိရာ ထိုင္းႏိုင္ငံ အပါအဝင္ အိမ္နီးခ်င္းႏိုင္ငံအခ်ိဳ႕ကို တစ္ဆင့္ခံျဖတ္သန္း၍ ျမန္မာႏိုင္ငံအတြင္းသို႔ နယ္စပ္လမ္းေၾကာင္းမ်ားမွ တရားမဝင္ ဝင္ေရာက္လာသည့္ အီသီယိုးပီးယားႏိုင္ငံသား (၁၇) ဦး၊ ယူဂန္ဒါႏိုင္ငံသား (၁၆) ဦး၊ ဖိလစ္ပိုင္ႏိုင္ငံသား (၁၁) ဦးႏွင့္ မာဒါဂတ္စကာႏိုင္ငံသား(၁)ဦး ၊ စုစုေပါင္း ျပည္ပႏိုင္ငံသား (၄၅)ဦးမွာတို႔ကို ျမန္မာ-ထိုင္း အမွတ္(၂)ခ်စ္ၾကည္ေရးတံတားမွတစ္ဆင့္ သက္ဆိုင္ရာႏိုင္ငံမ်ားသို႔ လူသားခ်င္းစာနာေထာက္ထားမႈ ႏွင့္ ႏိုင္ငံအခ်င္းခ်င္း ခ်စ္ၾကည္ရင္းႏွီးမႈတို႔ကို ေရွးရႈ၍ ဥပေဒလုပ္ထုံးလုပ္နည္းမ်ားႏွင့္အညီ ယမန္ေန႔ (ဇန္နဝါရီလ ၁၉ရက္)က ထပ္မံလႊဲေျပာင္းေပးအပ္ခဲ့ေၾကာင္း သိရသည္။
ထို႔ေၾကာင့္ ၿပီးခဲ့သည့္ ၂၀၂၅ ခုႏွစ္ ဇန္နဝါရီ (၃၀)ရက္မွ ၂၀၂၆ ခုႏွစ္ ဇန္နဝါရီ (၃၀)ရက္အထိ ျမဝတီၿမိဳ႕နယ္အတြင္းသို႔ တရားမဝင္ ဝင္ေရာက္လာသည့္ ျပည္ပႏိုင္ငံသားစုစုေပါင္း (၁၄၁၅၁) ဦး ထိန္းသိမ္းႏိုင္ခဲ့ၿပီး ၎တို႔အနက္မွ (၁၂၁၅၂) ဦးကို ထိုင္းႏိုင္ငံမွတစ္ဆင့္ သက္ဆိုင္ရာႏိုင္ငံမ်ားသို႔ ဥပေဒလုပ္ထုံးလုပ္နည္းမ်ားႏွင့္အညီစနစ္တက် ျပည္ႏွင္လႊဲေျပာင္းေပးခဲ့ၿပီးျဖစ္ေၾကာင္္း သိရသည္။
က်န္ရွိသည့္ ျပည္ပႏိုင္ငံသား (၁၉၉၉) ဦးကို သက္ဆိုင္ရာႏိုင္ငံမ်ားသို႔လႊဲေျပာင္းေပးရန္ အသင့္ျဖစ္ေနၿပီျဖစ္ေၾကာင္း သိရသည္။