အပူချိန်နိမ့်လှိုင်းကြောင့် တရုတ်ပြည်၊ ရှန်ဟိုင်းမှာ ရှားရှားပါးပါး နှင်းကျမှုဖြစ်

211

ရောင်နီ (NP News) - ဇန်နဝါရီ ၂၁
တရုတ်နိုင်ငံတောင်ပိုင်းမှာ အပူချိန်နိမ့်လှိုင်းတစ်ခု တိုက်ခတ်မှုကြောင့် အင်္ဂါနေ့ (ဇန်နဝါရီ ၂၀ ရက်) က ရှားရှားပါးပါး ဆီးနှင်းပွင့်တွေ ကျဆင်းမှု ဖြစ်ပေါ်ခဲ့ပါတယ်။ အာဏာပိုင်တွေကတော့ ဒီအအေးဒဏ်ဟာ အနည်းဆုံး သုံးရက်ကြာရှည်နိုင်တယ်လို့ ခန့်မှန်းထားကြပါတယ်။
တရုတ်နိုင်ငံရဲ့အရှေ့ဘက်ကမ်းရိုးတန်း မြို့တော်ဖြစ်တဲ့ ရှန်ဟိုင်းဟာ ၂၀၁၈ ခုနှစ် ဇန်နဝါရီလက ဆီးနှင်းပွင့် ကျဆင်းမှု နောက်ဆုံးအကြိမ်အဖြစ် တွေ့ခဲ့ရတာ ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ သီတင်းပတ်ကမှ တရုတ်ပြည်၊ ရှန်ဟိုင်းမှာ ၂၀ ဒီဂရီစင်တီဂရိတ် (၆၈ ဒီဂရီဖာရင်ဟိုက်) ထိ ရှိတဲ့ ပုံမှန်မဟုတ် မြင့်မားတဲ့ အပူချိန်ကို စတင်ခံစားခဲ့ရတာဖြစ်ပြီး ဒေသခံမီဒီယာတွေရဲ့ ဖော်ပြချက်အရ အအေးဓာတ်ကြောင့် အော့စ်မန်သပ်စ်ပင်အချို့ ပြန်လည်ပွင့်လန်းလာတာ မြင်တွေ့ရတယ်လို့ ဆိုပါတယ်။ တရုတ်နိုင်ငံ၊ ယန်ဇီနဲ့ ဟွေမြစ် တောင်ဘက်မှာ တည်ရှိတဲ့ ကျန်းရှီးနဲ့ ဂွေ့ကျိုး ပြည်နယ်တွေ အပါအဝင် အခြားဒေသတွေမှာလည်း အပူချိန်သိသိသာသာ ကျဆင်းမှုနဲ့ ကြုံတွေ့ခဲ့ရတယ်လို့ ဆိုပါ တယ်။ ကွေကျိုးပြည်နယ်မှာတော့ အပူချိန် ၁၄ မှ ၁၀ ဒီဂရီစင်တီဂရိတ်အထိ ကျဆင်းမယ်လို့ ခန့်မှန်းထားပါတယ်။
ဒါအပြင် ထူးကဲအအေးလှိုင်းနဲ့အတူ တရုတ်နိုင်ငံတစ်ဝှမ်းမှာ ဆီးနှင်းကျခြင်းနဲ့ ရေခဲလမ်းတွေကြောင့် ရှန်ရှီး၊ အတွင်းမွန်ဂိုးလီးယား၊ ဟေးလောင်ကျန်းအပါအဝင် ပြည်နယ် ၁၂ ခုရှိ အဓိကလမ်းမကြီး ၂၄၁ ခုကိုလည်း အာဏာပိုင်တွေက ပိတ်ထားခဲ့ရတယ်လို့ နိုင်ငံပိုင်ရုပ်သံ CCTV မှ ဖော်ပြချက်အရ သိရပါတယ်။

Zawgyi Version;
Zawgyi Version;
အပူခ်ိန္နိမ့္လႈိင္းေၾကာင့္ တ႐ုတ္ျပည္၊ ရွန္ဟိုင္းမွာ ရွားရွားပါးပါး ႏွင္းက်မႈျဖစ္
ေရာင္နီ (NP News) - ဇန္နဝါရီ ၂၁
တ႐ုတ္ႏိုင္ငံေတာင္ပိုင္းမွာ အပူခ်ိန္နိမ့္လႈိင္းတစ္ခု တိုက္ခတ္မႈေၾကာင့္ အဂၤါေန႔ (ဇန္နဝါရီ ၂၀ ရက္) က ရွားရွားပါးပါး ဆီးႏွင္းပြင့္ေတြ က်ဆင္းမႈ ျဖစ္ေပၚခဲ့ပါတယ္။ အာဏာပိုင္ေတြကေတာ့ ဒီအေအးဒဏ္ဟာ အနည္းဆုံး သုံးရက္ၾကာရွည္ႏိုင္တယ္လို႔ ခန႔္မွန္းထားၾကပါတယ္။
တ႐ုတ္ႏိုင္ငံရဲ႕အေရွ႕ဘက္ကမ္း႐ိုးတန္း ၿမိဳ႕ေတာ္ျဖစ္တဲ့ ရွန္ဟိုင္းဟာ ၂၀၁၈ ခုႏွစ္ ဇန္နဝါရီလက ဆီးႏွင္းပြင့္ က်ဆင္းမႈ ေနာက္ဆုံးအႀကိမ္အျဖစ္ ေတြ႕ခဲ့ရတာ ျဖစ္ပါတယ္။ ၿပီးခဲ့တဲ့ သီတင္းပတ္ကမွ တ႐ုတ္ျပည္၊ ရွန္ဟိုင္းမွာ ၂၀ ဒီဂရီစင္တီဂရိတ္ (၆၈ ဒီဂရီဖာရင္ဟိုက္) ထိ ရွိတဲ့ ပုံမွန္မဟုတ္ ျမင့္မားတဲ့ အပူခ်ိန္ကို စတင္ခံစားခဲ့ရတာျဖစ္ၿပီး ေဒသခံမီဒီယာေတြရဲ႕ ေဖာ္ျပခ်က္အရ အေအးဓာတ္ေၾကာင့္ ေအာ့စ္မန္သပ္စ္ပင္အခ်ိဳ႕ ျပန္လည္ပြင့္လန္းလာတာ ျမင္ေတြ႕ရတယ္လို႔ ဆိုပါတယ္။ တ႐ုတ္ႏိုင္ငံ၊ ယန္ဇီနဲ႔ ေဟြျမစ္ ေတာင္ဘက္မွာ တည္ရွိတဲ့ က်န္းရွီးနဲ႔ ေဂြ႕က်ိဳး ျပည္နယ္ေတြ အပါအဝင္ အျခားေဒသေတြမွာလည္း အပူခ်ိန္သိသိသာသာ က်ဆင္းမႈနဲ႔ ႀကဳံေတြ႕ခဲ့ရတယ္လို႔ ဆိုပါ တယ္။ ေကြက်ိဳးျပည္နယ္မွာေတာ့ အပူခ်ိန္ ၁၄ မွ ၁၀ ဒီဂရီစင္တီဂရိတ္အထိ က်ဆင္းမယ္လို႔ ခန႔္မွန္းထားပါတယ္။
ဒါအျပင္ ထူးကဲအေအးလႈိင္းနဲ႔အတူ တ႐ုတ္ႏိုင္ငံတစ္ဝွမ္းမွာ ဆီးႏွင္းက်ျခင္းနဲ႔ ေရခဲလမ္းေတြေၾကာင့္ ရွန္ရွီး၊ အတြင္းမြန္ဂိုးလီးယား၊ ေဟးေလာင္က်န္းအပါအဝင္ ျပည္နယ္ ၁၂ ခုရွိ အဓိကလမ္းမႀကီး ၂၄၁ ခုကိုလည္း အာဏာပိုင္ေတြက ပိတ္ထားခဲ့ရတယ္လို႔ ႏိုင္ငံပိုင္႐ုပ္သံ CCTV မွ ေဖာ္ျပခ်က္အရ သိရပါတယ္။